ရခိုင္မွာ ေဒသခံေတြကို စစ္တပ္ကေခၚယူစစ္ေဆးေန

ရခိုင္မွာ ေဒသခံေတြကို စစ္တပ္ကေခၚယူစစ္ေဆးေန
(Zawgyi/Unicode)

ရခိုင္ျပည္နယ္၊ ေျမပံုၿမိဳ႕နယ္ထဲက ရြာသာယာေက်းရြာမွာ ေဒသခံေတြကုိ ျမန္မာစစ္တပ္က ေခၚယူူစစ္ေဆးေနတာေတြေၾကာင့္ေဒသခံေတြအၾကား စုိးရိမ္ထိတ္လန္႔ေနၾကပါတယ္။ စစ္တပ္ဘက္ေတာ့ ဒါဟာစစ္ဆင္ေရးအေျခအေနမွာ ေဆာင္ရြက္တာျဖစ္ၿပီး ေခၚယူ စစ္ေဆးၿပီးတဲ့သူေတြကို ျပန္လႊတ္ေပးလိုက္တယ္လို႔ ဆုိပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကိုေတာ့ ဗီြအုိေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္၊ ေျမပံုၿမိဳ႕နယ္မွာရွိတဲ့ ရြာသာယာေဒသခံ ၅ဦးကို မေန႔က မနက္ပိုင္းမွာ တပ္မေတာ္က ေခၚယူစစ္ေဆးတာေတြလုပ္ခဲ့ၿပီး၊ ဒီကေန႔မွာ ၃ဦးကို ျပန္လႊတ္ေပးခဲ့ပါတယ္။ အဲဒီေနာက္မွာပဲ ေနာက္ထပ္ ၃ဦးကို ထပ္မံေခၚယူသြားတာေၾကာင့္ ေဒသခံေတြ အေနနဲ႔ စုိးရိမ္ေၾကာက္လန္႔ေနတာပါ။

စစ္သားအင္အား ၂၀၀ နီးပါးေလာက္ ရြာထဲကိုေရာက္ေနၿပီး၊ ေဒသခံေတြကုိ ေခၚယူစစ္ေဆးတာေတြ လုပ္ေနတယ္လုိ႔ ရြာသာယာ ရြာခံတဦးက ေျပာပါတယ္။

“မေန႔က မနက္ကတည္းက သူတို႔ဝင္ၿပီးေတာ့ ရြာသားေတြ ဘယ္သူမွ မဝင္ရ၊ မထြက္ရ။ ပိတ္လိုက္တာ အခုခ်ိန္ထိေပါ့။ အခုခ်ိန္ထိ ဘယ္မွမသြားရဘူး။ က်ေတာ္တို႔ရြာက အိမ္ေျခလည္း ၃၇၀ ေလာက္ရွိတယ္။ ရြာသားအမ်ားအျပားက တေန႔လုပ္မွ တေန႔စားရတဲ့လူေတြ ျဖစ္တဲ့အတြက္ အခုလိုပဲစစ္တပ္က မဝင္ရ၊ မထြက္ရ လုပ္ထားတယ္ဆုိလို႔ရွိရင္ က်ေတာ္တုိ႔ရြာသားေတြရဲ႕ စားဝတ္ေနေရးေတြ ေနာက္ပိုင္းဆုိလုိ႔ရွိရင္ ေတာ္ေတာ္ႀကီးအခက္အခဲ ျဖစ္လာႏုိင္တယ္။”

စစ္တပ္ဘက္ကေတာ့ ရထားတဲ့သတင္းေတြေၾကာင့္ ရြာထဲမွာလုိအပ္တဲ့ စစ္ေဆးမႈေတြလုပ္ေနၿပီး ေဒသခံေတြကုိဖမ္းဆီးေခၚေဆာင္ သြားတာမဟုတ္ဘဲ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးမွာပဲ ေခၚယူစစ္ေဆးမႈေတြ လုပ္ေနတာလို႔ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။

“က်ေတာ္တို႔က လိုအပ္တဲ့စစ္ေဆးေမးျမန္းမႈေတာ့ စစ္ဆင္ေရးအေျခအေနမွာ လုပ္ရမွာ။ မလုပ္လုိ႔ကေတာ့ က်ေတာ္တုိ႔က မရဘူး။ မလုပ္လုိ႔ရွိရင္ က်ေတာ္တုိ႔တပ္ေတြ ခဏခဏ ဒီရြာအထြက္ေတြမွာပဲ မုိင္းဆြဲခံရတယ္။ က်ေတာ္တုိ႔ကလည္း က်ေတာ္တုိ႔ရတဲ့သတင္းေတြ ရွိတာကိုး။ ဒီအေပၚမွာ မွန္၊ မမွန္ေတာ့ က်ေတာ္တို႔က ရြာေတြထဲမွာေတာ့ ဝင္ၿပီးေတာ့မွ လိုအပ္္တဲ့စစ္ေဆးမႈ လုပ္ရမယ္။ သူတို႔သည္ ဘာမွပါဝင္ပတ္သက္မႈမရွိဘူး၊ Clear ျဖစ္တယ္ဆို က်ေတာ္တို႔က ျပန္လႊတ္ေပးလိုက္မွာပဲ။ အခုကလည္း က်ေတာ္တုိ႔က ဖမ္းသြားတာလည္း မဟုတ္ဘူး။ အဲဒီရြာထဲမွာပဲ က်ေတာ္တုိ႔က စစ္ေနတာ။ ေက်းရြာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုး ရွိတယ္။ အဲဒီရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရံုးမွာ ေခၚစစ္ေနတာပဲ။”

စစ္တပ္ဘက္က အဲဒီလို ေဒသခံေတြကုိ ေခၚယူစစ္ေဆးေနတာမ်ိဳးေတြ လုပ္ေနတာေၾကာင့္ ေဒသခံေတြမွာ ေၾကာက္လန္႔ေနၿပီး၊ အခုလိုအေျခအေနေတြအေပၚ သူတုိ႔အေနနဲ႔လည္း စုိးရိမ္ေၾကာင္း ေျမပံုၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

“ဒီေနရာမွာက ရြာႀကီးဆုိလုိ႔ အဲတရြာပဲရွိတယ္။ သူတို႔ကလုပ္စားတာေတြက ဟုိးမွာေတာင္ေပၚမွာ လုပ္စားရတယ္။ ဆိုေတာ့ ဟုိဘက္နဲ႔လည္း ေတြ႕ေကာင္းေတြ႕မွာေပါ့။ ေၾကာက္ၿပီးေတာ့ ကူညီတာေတြလည္း ရွိမွာေပါ့။ အဲဒါမ်ိဳးေတြကို သူတုိ႔ဘက္က သတင္းေဖာ္ထုတ္တာ ထင္ပါတယ္။ ဆိုေတာ့ ဒီေနရာမွာေတာ့ သူတို႔စစ္တပ္လာရင္လည္း ကူညီေပးရတာပဲ။ ဟိုဘက္က AA လာရင္လည္း ကူညီေပးရတာပဲ။ အဲသေဘာရွိတယ္။ အဲလိုမ်ိဳးျဖစ္ေနတဲ့ အေျခအေနမ်ိဳးမွာ ဒီလိုဆက္သြယ္တယ္၊ ေထာက္ပံ့တယ္ဆုိၿပီးေတာ့ အဲလိုေဖာ္ထုတ္ေနမယ္၊ စစ္ေဆးေနမယ္၊ အဲလိုလုပ္ေနရင္ေတာ့ ရြာသားေတြကလည္း အဲရြာပုိၿပီးေတာ့ ပ်က္သြားဖုိ႔ပဲရွိေတာ့တယ္။ အဲဒါ က်ေတာ္တုိ႔ကလည္း စုိးရိမ္ပါတယ္။”

ရြာသာယာေက်းရြာမွာေတာ့ ဒီကေန႔ညေနအထိ စစ္တပ္က မသကၤာလို႔ ေခၚယူစစ္ေဆးခံရတဲ့ ေဒသခံ ၅ဦးထိရွိေနၿပီး၊ သူတုိ႔ကို ျပန္မလႊတ္ေပးေသးတာေၾကာင့္ မိသားစုဝင္ေတြက စုိးရိမ္ေနၾကပါတယ္။

ရခိုင္ျပည္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ AA တုိ႔ၾကား ၁၀ လေက်ာ္ၾကာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအတြင္း ေသဆံုးသူဦးေရ ၉၀နီးပါးနဲ႔ ထိခိုက္ဒဏ္ရာရရွိသူ ၁၂၀ေက်ာ္ထိ ရွိလာၿပီး၊ AA နဲ႔ဆက္စပ္ၿပီး ဖမ္းဆီးခံထားရသူလည္း ၂၀၀ ေက်ာ္ထိရွိေနၿပီလို႔ ရခိုင္အရပ္ဘက္ အဖြဲ႕ေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ျဖစ္ပြားေနတဲ့ စစ္ေရးတင္းမာမႈအေျခအေနေတြၾကား ျမန္မာစစ္တပ္ကေရာ AA အဖြဲ႕ကပါ အရပ္သားျပည္သူေတြနဲ႔ တဘက္အဖြဲ႕နဲ႔ ဆက္စပ္သူေတြလို႔ ယူဆၿပီး ဖမ္းဆီးေနတာေတြဟာ တေန႔ထက္တေန႔ မ်ားျပားလာပါတယ္။

...................

ရခိုင်မှာ ဒေသခံတွေကို စစ်တပ်ကခေါ်ယူစစ်ဆေးနေ

(Unicode)

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ထဲက ရွာသာယာကျေးရွာမှာ ဒေသခံတွေကို မြန်မာစစ်တပ်က ခေါ်ယူူစစ်ဆေးနေတာတွေကြောင့်ဒေသခံတွေအကြား စိုးရိမ်ထိတ်လန့်နေကြပါတယ်။ စစ်တပ်ဘက်တော့ ဒါဟာစစ်ဆင်ရေးအခြေအနေမှာ ဆောင်ရွက်တာဖြစ်ပြီး ခေါ်ယူ စစ်ဆေးပြီးတဲ့သူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာရှိတဲ့ ရွာသာယာဒေသခံ ၅ဦးကို မနေ့က မနက်ပိုင်းမှာ တပ်မတော်က ခေါ်ယူစစ်ဆေးတာတွေလုပ်ခဲ့ပြီး၊ ဒီကနေ့မှာ ၃ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာပဲ နောက်ထပ် ၃ဦးကို ထပ်မံခေါ်ယူသွားတာကြောင့် ဒေသခံတွေ အနေနဲ့ စိုးရိမ်ကြောက်လန့်နေတာပါ။

စစ်သားအင်အား ၂၀၀ နီးပါးလောက် ရွာထဲကိုရောက်နေပြီး၊ ဒေသခံတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်နေတယ်လို့ ရွာသာယာ ရွာခံတဦးက ပြောပါတယ်။

“မနေ့က မနက်ကတည်းက သူတို့ဝင်ပြီးတော့ ရွာသားတွေ ဘယ်သူမှ မဝင်ရ၊ မထွက်ရ။ ပိတ်လိုက်တာ အခုချိန်ထိပေါ့။ အခုချိန်ထိ ဘယ်မှမသွားရဘူး။ ကျတော်တို့ရွာက အိမ်ခြေလည်း ၃၇၀ လောက်ရှိတယ်။ ရွာသားအများအပြားက တနေ့လုပ်မှ တနေ့စားရတဲ့လူတွေ ဖြစ်တဲ့အတွက် အခုလိုပဲစစ်တပ်က မဝင်ရ၊ မထွက်ရ လုပ်ထားတယ်ဆိုလို့ရှိရင် ကျတော်တို့ရွာသားတွေရဲ့ စားဝတ်နေရေးတွေ နောက်ပိုင်းဆိုလို့ရှိရင် တော်တော်ကြီးအခက်အခဲ ဖြစ်လာနိုင်တယ်။”

စစ်တပ်ဘက်ကတော့ ရထားတဲ့သတင်းတွေကြောင့် ရွာထဲမှာလိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်နေပြီး ဒေသခံတွေကိုဖမ်းဆီးခေါ်ဆောင် သွားတာမဟုတ်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာပဲ ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတာလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“ကျတော်တို့က လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတော့ စစ်ဆင်ရေးအခြေအနေမှာ လုပ်ရမှာ။ မလုပ်လို့ကတော့ ကျတော်တို့က မရဘူး။ မလုပ်လို့ရှိရင် ကျတော်တို့တပ်တွေ ခဏခဏ ဒီရွာအထွက်တွေမှာပဲ မိုင်းဆွဲခံရတယ်။ ကျတော်တို့ကလည်း ကျတော်တို့ရတဲ့သတင်းတွေ ရှိတာကိုး။ ဒီအပေါ်မှာ မှန်၊ မမှန်တော့ ကျတော်တို့က ရွာတွေထဲမှာတော့ ဝင်ပြီးတော့မှ လိုအပ်တဲ့စစ်ဆေးမှု လုပ်ရမယ်။ သူတို့သည် ဘာမှပါဝင်ပတ်သက်မှုမရှိဘူး၊ Clear ဖြစ်တယ်ဆို ကျတော်တို့က ပြန်လွှတ်ပေးလိုက်မှာပဲ။ အခုကလည်း ကျတော်တို့က ဖမ်းသွားတာလည်း မဟုတ်ဘူး။ အဲဒီရွာထဲမှာပဲ ကျတော်တို့က စစ်နေတာ။ ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှိတယ်။ အဲဒီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်စစ်နေတာပဲ။”

စစ်တပ်ဘက်က အဲဒီလို ဒေသခံတွေကို ခေါ်ယူစစ်ဆေးနေတာမျိုးတွေ လုပ်နေတာကြောင့် ဒေသခံတွေမှာ ကြောက်လန့်နေပြီး၊ အခုလိုအခြေအနေတွေအပေါ် သူတို့အနေနဲ့လည်း စိုးရိမ်ကြောင်း မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ဒီနေရာမှာက ရွာကြီးဆိုလို့ အဲတရွာပဲရှိတယ်။ သူတို့ကလုပ်စားတာတွေက ဟိုးမှာတောင်ပေါ်မှာ လုပ်စားရတယ်။ ဆိုတော့ ဟိုဘက်နဲ့လည်း တွေ့ကောင်းတွေ့မှာပေါ့။ ကြောက်ပြီးတော့ ကူညီတာတွေလည်း ရှိမှာပေါ့။ အဲဒါမျိုးတွေကို သူတို့ဘက်က သတင်းဖော်ထုတ်တာ ထင်ပါတယ်။ ဆိုတော့ ဒီနေရာမှာတော့ သူတို့စစ်တပ်လာရင်လည်း ကူညီပေးရတာပဲ။ ဟိုဘက်က AA လာရင်လည်း ကူညီပေးရတာပဲ။ အဲသဘောရှိတယ်။ အဲလိုမျိုးဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဒီလိုဆက်သွယ်တယ်၊ ထောက်ပံ့တယ်ဆိုပြီးတော့ အဲလိုဖော်ထုတ်နေမယ်၊ စစ်ဆေးနေမယ်၊ အဲလိုလုပ်နေရင်တော့ ရွာသားတွေကလည်း အဲရွာပိုပြီးတော့ ပျက်သွားဖို့ပဲရှိတော့တယ်။ အဲဒါ ကျတော်တို့ကလည်း စိုးရိမ်ပါတယ်။”

ရွာသာယာကျေးရွာမှာတော့ ဒီကနေ့ညနေအထိ စစ်တပ်က မသင်္ကာလို့ ခေါ်ယူစစ်ဆေးခံရတဲ့ ဒေသခံ ၅ဦးထိရှိနေပြီး၊ သူတို့ကို ပြန်မလွှတ်ပေးသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA တို့ကြား ၁၀ လကျော်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံးသူဦးရေ ၉၀နီးပါးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ကျော်ထိ ရှိလာပြီး၊ AA နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူလည်း ၂၀၀ ကျော်ထိရှိနေပြီလို့ ရခိုင်အရပ်ဘက် အဖွဲ့တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုအခြေအနေတွေကြား မြန်မာစစ်တပ်ကရော AA အဖွဲ့ကပါ အရပ်သားပြည်သူတွေနဲ့ တဘက်အဖွဲ့နဲ့ ဆက်စပ်သူတွေလို့ ယူဆပြီး ဖမ်းဆီးနေတာတွေဟာ တနေ့ထက်တနေ့ များပြားလာပါတယ်။

စုစု/ VOA Burmese
https://burmese.voanews.com
ရခိုင္မွာ ေဒသခံေတြကို စစ္တပ္ကေခၚယူစစ္ေဆးေန ရခိုင္မွာ ေဒသခံေတြကို စစ္တပ္ကေခၚယူစစ္ေဆးေန Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.