ဆႏၵျပမႈေတြ ထြက္ေပၚခဲ့အၿပီး ဘိုလစ္ဗီးယား သမၼတ ရာထူးကေန ႏုတ္ထြက္ခဲ့ရ

သမၼတ မိုရဲလက္စ္ ရာထူးကေန ႏုတ္ထြက္သြားတာကို ဆႏၵျပသူေတြ ေအာင္ပြဲခံေနၾက
(Zawgyi)⤵⤵⤵
ဘိုလစ္ဗီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့လ ေ႐ြးေကာက္ပြဲမွာ သမၼတ ေအဗို မိုရဲလက္စ္ အႏိုင္ရခဲ့တာအေပၚ ကန္႔ကြက္ ဆႏၵျပမႈေတြ ရွိခဲ့အၿပီး သမၼတ မိုရဲလက္စ္ ရာထူးကေန ႏုတ္ထြက္သြားခဲ့ပါတယ္။

ေအာက္တိုဘာလ ၂၀ ရက္ေန႔မွာ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ စည္းကမ္းနဲ႔ မကိုက္ညီတဲ့ မေလ်ာ္မကန္ျပဳမႈေတြ အထင္အရွား ရွိခဲ့တယ္ ဆိုတာကို ေဖာ္ထုတ္ ေတြ႕ခဲ့ရတယ္လို႔ ႏိုင္ငံတကာ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္သူေတြက တနဂၤေႏြေန႔က ေျပာၾကားခဲ့ၿပီး ေ႐ြးေကာက္ပြဲ ရလဒ္ကို ပယ္ဖ်က္ဖို႔ ေျပာခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေရး အဖြဲ႕ရဲ႕ ေတြ႕ရွိမႈကို လက္ခံေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ျပင္ဆင္ ဖြဲ႕စည္းၿပီးရင္ ေ႐ြးေကာက္ပြဲသစ္ က်င္းပေပးဖို႔ သူရည္႐ြယ္ထားေၾကာင္း မစၥတာ မိုရဲလက္စ္က ေျပာခဲ့ပါတယ္။

ဒါေပမဲ့ ႏိုင္ငံေရးသမားေတြ၊ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ အႀကီးအကဲေတြက သူ႔ကို ရာထူးကေန ႏုတ္ထြက္ေပးဖို႔ တိုက္တြန္းခဲ့ၾကပါတယ္။

အခုသီတင္းပတ္ အစပိုင္းက သူ႔ရဲ႕ မိတ္ေဆြ ေရာင္းရင္းတခ်ိဳ႕ အတိုက္ခိုက္ခံခဲ့ၾကရၿပီး အိမ္ေတြ မီးရႈိ႕ ဖ်က္ဆီးခံရတယ္လို႔ ဆိုပါတယ္။

႐ုပ္ျမင္သံၾကားကေန ထုတ္လႊင့္တဲ့ မိန္႔ခြန္းထဲမွာ မစၥတာ မိုရဲလက္စ္က သမၼတ အျဖစ္ကေန သူႏုတ္ထြက္မယ္လို႔ ထုတ္ေဖာ္ေၾကညာခဲ့ၿပီး "ဆႏၵျပသူေတြ အေနနဲ႔ ညီအစ္ကို ေမာင္ႏွစ္မ ျပည္သူေတြကို တိုက္ခိုက္ေနတာေတြ ရပ္ၾကဖို႔၊ မီးရႈိ႕တာေတြ ရပ္ၾကဖို႔၊ တိုက္ခိုက္ေနတာေတြ ရပ္ၾကဖို႔ "တိုက္တြန္းေျပာသြားခဲ့ပါတယ္။

ဒုတိယ သမၼ အယ္လ္ဗာ႐ို ဂါဆီယာ လီနာရာ နဲ႔ ဆီးနိတ္လႊတ္ေတာ္ ဥကၠ႒ အက္ဒီယာနာ ဆယ္လ္ဗာတီယာရာ တို႔လည္း ရာထူးကေန ႏုတ္ထြက္သြားခဲ့ၾကပါတယ္။

သူတို႔ရာထူးကေန ႏုတ္ထြက္သြားခဲ့ၾကတဲ့အတြက္ ဆႏၵျပသူေတြက လမ္းမေတြေပၚထြက္၊ မီးရႉးမီးပန္းေတြ ေဖာက္ၿပီး ေအာင္ပြဲခံေနၾကပါတယ္။

သမၼတ ႏုတ္ထြက္ရတဲ့အထိ ဘယ္လို ျဖစ္လာတာလဲ

ဘိုလစ္ဗီးယားႏိုင္ငံမွာ ေ႐ြးေကာက္ပြဲ မဲလိမ္မႈေတြ ရွိခဲ့တယ္ ဆိုတဲ့ သတင္းေတြ ေပၚထြက္ခဲ့အၿပီးမွာ အစိုးရ ဆန္႔က်င္တဲ့ ဆႏၵျပမႈေတြ သီတင္းပတ္ေပါင္းမ်ားစြာ ျဖစ္ေနခဲ့ပါတယ္။

ရာထူးကေန ႏုတ္ထြက္ေၾကာင္း သမၼတ ေအဗို မိုရဲလက္စ္ ႐ုပ္ျမင္သံၾကားေပၚကေန ထုတ္ေဖာ္ ေၾကညာ
သမၼတေ႐ြးေကာက္ပြဲရဲ႕ မဲရလဒ္ေတြ ေရတြက္မႈကို တစုံတရာ ရွင္းျပမႈ မရွိဘဲ ၂၄ နာရီၾကာ ရပ္ဆိုင္းထားခဲ့အၿပီး ေ႐ြးေကာက္ပြဲညမွာပဲ တင္းမာမႈေတြ ပထမဆုံး ျဖစ္ပြားလာခဲ့တာပါ။ အၿပီးသတ္ မဲရလဒ္မွာေတာ့ ေ႐ြးေကာက္ပြဲ ပထမအေက်ာ့မွာ အျပတ္အသတ္ အႏိုင္ရဖို႔ လိုအပ္တဲ့ ေထာက္ခံမဲ ၁၀ ရာခိုင္ႏႈန္း ေက်ာ္ေက်ာ္ကို မစၥတာ မိုရဲလက္စ္ ရခဲ့တယ္ ဆိုၿပီး ထုတ္ေဖာ္ေၾကညာခဲ့ပါတယ္။

အဲဒီေနာက္ ထိပ္တိုက္ရင္ဆိုင္မႈေတြ ျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ ၃ ဦး ေသဆုံးခဲ့ပါတယ္။ ယူနီေဖာင္းဝတ္ ရဲအရာရွိတခ်ိဳ႕လည္း ဆႏၵျပသူေတြနဲ႔ ပူးေပါင္း ပါဝင္လာခဲ့ၾကပါတယ္။

ေ႐ြးေကာက္ပြဲမွာ မဲရလဒ္ေတြကို အႀကီးအက်ယ္ မေလ်ာ္မကန္ လုပ္ခဲ့တယ္ ဆိုတဲ့ အေထာက္အထားေတြ ေဖာ္ထုတ္ေတြ႕ခဲ့တယ္ လို႔ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ခဲ့တဲ့ အေမရိက ႏိုင္ငံမ်ား အဖြဲ႕က တနဂၤေႏြေန႔မွာ ထုတ္ေဖာ္ေျပာလိုက္ၿပီး ေ႐ြးေကာက္ပြဲ ရလဒ္ကို အတည္မျပဳႏိုင္ဘူးလို႔ ဆိုပါတယ္။

အဲဒီေန႔ တစ္ေန႔လုံး မစၥတာ မိုရဲလက္စ္အေပၚ ဖိအားေပး ေျပာဆိုမႈေတြ ဆက္တိုးလာေနခ်ိန္မွာပဲ သူ႔ရဲ႕ ႏိုင္ငံေရး မိတ္ေဆြ အေတာ္မ်ားမ်ား ရာထူးက ႏုတ္ထြက္သြားခဲ့ၾကၿပီး တခ်ိဳ႕က သူတို႔မိသားစုေတြရဲ႕ အသက္အႏၲရာယ္ကို စိုးရိမ္တယ္လို႔ ေျပာခဲ့ၾကပါတယ္။

စစ္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး ဝီလ်ံစ္ ကာလီမန္ ကလည္း တိုင္းျပည္ ဆက္တည္ၿငိမ္ ေအးခ်မ္းေစဖို႔အတြက္ မစၥတာ မိုရဲလက္စ္ ရာထူးကေန ႏုတ္ထြက္ေပးဖို႔ တိုက္တြန္းခဲ့ပါတယ္။

စစ္တပ္ကလည္း ဆႏၵျပသူေတြကို တိုက္ခိုက္တဲ့ ဘယ္လက္နက္ကိုင္အဖြဲ႕ေတြကို မဆို လက္နက္ေတြ ျဖဳတ္သိမ္းဖို႔ ေဆာင္႐ြက္မယ္လို႔ ေျပာခဲ့ပါတယ္။

အဲဒီမွာ ဘယ္လို တုံ႔ျပန္မႈေတြ ရွိခဲ့လဲ

ၿပီးခဲ့တဲ့လ ေ႐ြးေကာက္ပြဲမွာ ဒုတိယ မဲအမ်ားဆုံး ရခဲ့တဲ့ အတိုက္အခံေခါင္းေဆာင္ ကာေလာ့စ္ မီဆာ က ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ၾကတဲ့ သူရဲေကာင္း စိတ္ဓာတ္အတြက္ ဆႏၵျပသူေတြကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။

"အခုျဖစ္ပ်က္ခဲ့တာဟာ အာဏာရွင္ ဆုံးခန္းတိုင္မႈႀကီး ျဖစ္ၿပီး သမိုင္းဝင္ သင္ခန္းစာတစ္ခု ျဖစ္ေၾကာင္းနဲ႔ ဘိုလစ္ဗီးယားႏိုင္ငံႀကီး အဓြန္႔ရွည္ပါေစ"လို႔ မစၥတာ မီဆာက သူ႔ရဲ႕ တြစ္တာ လူမႈကြန္ရက္ေပၚမွာ ေရးထားပါတယ္။

ဒါေပမဲ့လည္း အေစာပိုင္းတုန္းက မစၥတာ မိုရဲလက္စ္ကို ေထာက္ခံေၾကာင္း ထုတ္ေဖာ္ ေျပာခဲ့ၾကတဲ့ က်ဴးဘားအစိုးရနဲ႔ ဗင္နီဇြဲလား အစိုးရ ေခါင္းေဆာင္ေတြကေတာ့ ဒီျဖစ္ရပ္ဟာ အာဏာသိမ္းမႈ တစ္ခု ျဖစ္တယ္ ဆိုၿပီး ရႈတ္ခ်ခဲ့ၾကပါတယ္။

ေအဗို မိုရဲလက္စ္ဟာ ဘယ္သူလဲ

ဘိုလစ္ဗီးယားႏိုင္ငံရဲ႕ ပထမဆုံး ဌာေန တိုင္းရင္းသား သမၼတ ျဖစ္သူ မစၥတာ မိုရဲလက္စ္ဟာ ၂၀၀၆ ခုႏွစ္ကတည္းက တိုင္းျပည္ကို အုပ္ခ်ဳပ္လာခဲ့တာ ျဖစ္ပါတယ္။

သမၼတသက္တမ္း ကန္႔သတ္ထားမႈကို ပယ္ဖ်က္ဖို႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒ တရား႐ုံးက အေခ်အတင္ အျငင္းပြားစရာ ဆုံးျဖတ္ခ်က္ ခ်ခဲ့အၿပီး ေအာက္တိုဘာလ ေ႐ြးေကာက္ပြဲမွာ သမၼတ သက္တမ္း ဆက္တိုက္ စတုတၳေျမာက္အတြက္ မစၥတာ မိုရဲလက္စ္ ဝင္ၿပိဳင္ခဲ့ပါတယ္။

သမၼတ သက္တမ္း ကန္႔သတ္ထားမႈကို ပယ္ဖ်က္သင့္ မသင့္ ၂၀၁၆ ခုႏွစ္က လူထု စစ္တမ္း ေကာက္ခံပြဲ က်င္းပခဲ့ရာမွာ အမ်ားစုက ကန္႔ကြက္မဲ ေပးခဲ့ၾကပါတယ္။

ဒါေပမဲ့ သမၼတ မိုရဲလက္စ္ရဲ႕ ပါတီက ဒီကိစၥကို အေျခခံဥပေဒ တရား႐ုံးအထိ တင္ခဲ့ရာမွာ တရား႐ုံးက သမၼတ သက္တမ္း ကန္႔သတ္ထားမႈကို ပယ္ဖ်က္ေပးခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
ဆန္ဒပြမှုတွေ ထွက်ပေါ်ခဲ့အပြီး ဘိုလစ်ဗီးယား သမ္မတ ရာထူးကနေ နုတ်ထွက်ခဲ့ရ

Image caption သမ္မတ မိုရဲလက်စ် ရာထူးကနေ နုတ်ထွက်သွားတာကို ဆန္ဒပြသူတွေ အောင်ပွဲခံနေကြ

ဘိုလစ်ဗီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ သမ္မတ အေဗို မိုရဲလက်စ် အနိုင်ရခဲ့တာအပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့အပြီး သမ္မတ မိုရဲလက်စ် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စည်းကမ်းနဲ့ မကိုက်ညီတဲ့ မလျော်မကန်ပြုမှုတွေ အထင်အရှား ရှိခဲ့တယ် ဆိုတာကို ဖော်ထုတ် တွေ့ခဲ့ရတယ်လို့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေက တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ဖို့ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ရဲ့ တွေ့ရှိမှုကို လက်ခံကြောင်းနဲ့ ရွေးကောက်ပွဲ ကော်မရှင် ပြင်ဆင် ဖွဲ့စည်းပြီးရင် ရွေးကောက်ပွဲသစ် ကျင်းပပေးဖို့ သူရည်ရွယ်ထားကြောင်း မစ္စတာ မိုရဲလက်စ်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံရေးသမားတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အကြီးအကဲတွေက သူ့ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အခုသီတင်းပတ် အစပိုင်းက သူ့ရဲ့ မိတ်ဆွေ ရောင်းရင်းတချို့ အတိုက်ခိုက်ခံခဲ့ကြရပြီး အိမ်တွေ မီးရှို့ ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ မစ္စတာ မိုရဲလက်စ်က သမ္မတ အဖြစ်ကနေ သူနုတ်ထွက်မယ်လို့ ထုတ်ဖော်ကြေညာခဲ့ပြီး "ဆန္ဒပြသူတွေ အနေနဲ့ ညီအစ်ကို မောင်နှစ်မ ပြည်သူတွေကို တိုက်ခိုက်နေတာတွေ ရပ်ကြဖို့၊ မီးရှို့တာတွေ ရပ်ကြဖို့၊ တိုက်ခိုက်နေတာတွေ ရပ်ကြဖို့ "တိုက်တွန်းပြောသွားခဲ့ပါတယ်။

ဒုတိယ သမ္မ အယ်လ်ဗာရို ဂါဆီယာ လီနာရာ နဲ့ ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ အက်ဒီယာနာ ဆယ်လ်ဗာတီယာရာ တို့လည်း ရာထူးကနေ နုတ်ထွက်သွားခဲ့ကြပါတယ်။

သူတို့ရာထူးကနေ နုတ်ထွက်သွားခဲ့ကြတဲ့အတွက် ဆန္ဒပြသူတွေက လမ်းမတွေပေါ်ထွက်၊ မီးရှူးမီးပန်းတွေ ဖောက်ပြီး အောင်ပွဲခံနေကြပါတယ်။

သမ္မတ နုတ်ထွက်ရတဲ့အထိ ဘယ်လို ဖြစ်လာတာလဲ

ဘိုလစ်ဗီးယားနိုင်ငံမှာ ရွေးကောက်ပွဲ မဲလိမ်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့အပြီးမှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ သီတင်းပတ်ပေါင်းများစွာ ဖြစ်နေခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ရာထူးကနေ နုတ်ထွက်ကြောင်း သမ္မတ အေဗို မိုရဲလက်စ် ရုပ်မြင်သံကြားပေါ်ကနေ ထုတ်ဖော် ကြေညာ

သမ္မတရွေးကောက်ပွဲရဲ့ မဲရလဒ်တွေ ရေတွက်မှုကို တစုံတရာ ရှင်းပြမှု မရှိဘဲ ၂၄ နာရီကြာ ရပ်ဆိုင်းထားခဲ့အပြီး ရွေးကောက်ပွဲညမှာပဲ တင်းမာမှုတွေ ပထမဆုံး ဖြစ်ပွားလာခဲ့တာပါ။ အပြီးသတ် မဲရလဒ်မှာတော့ ရွေးကောက်ပွဲ ပထမအကျော့မှာ အပြတ်အသတ် အနိုင်ရဖို့ လိုအပ်တဲ့ ထောက်ခံမဲ ၁၀ ရာခိုင်နှုန်း ကျော်ကျော်ကို မစ္စတာ မိုရဲလက်စ် ရခဲ့တယ် ဆိုပြီး ထုတ်ဖော်ကြေညာခဲ့ပါတယ်။

အဲဒီနောက် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ ယူနီဖောင်းဝတ် ရဲအရာရှိတချို့လည်း ဆန္ဒပြသူတွေနဲ့ ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ မဲရလဒ်တွေကို အကြီးအကျယ် မလျော်မကန် လုပ်ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ ဖော်ထုတ်တွေ့ခဲ့တယ် လို့ ရွေးကောက်ပွဲ စောင့်ကြည့်ခဲ့တဲ့ အမေရိက နိုင်ငံများ အဖွဲ့က တနင်္ဂနွေနေ့မှာ ထုတ်ဖော်ပြောလိုက်ပြီး ရွေးကောက်ပွဲ ရလဒ်ကို အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

အဲဒီနေ့ တစ်နေ့လုံး မစ္စတာ မိုရဲလက်စ်အပေါ် ဖိအားပေး ပြောဆိုမှုတွေ ဆက်တိုးလာနေချိန်မှာပဲ သူ့ရဲ့ နိုင်ငံရေး မိတ်ဆွေ အတော်များများ ရာထူးက နုတ်ထွက်သွားခဲ့ကြပြီး တချို့က သူတို့မိသားစုတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ ပြောခဲ့ကြပါတယ်။

စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝီလျံစ် ကာလီမန် ကလည်း တိုင်းပြည် ဆက်တည်ငြိမ် အေးချမ်းစေဖို့အတွက် မစ္စတာ မိုရဲလက်စ် ရာထူးကနေ နုတ်ထွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

စစ်တပ်ကလည်း ဆန္ဒပြသူတွေကို တိုက်ခိုက်တဲ့ ဘယ်လက်နက်ကိုင်အဖွဲ့တွေကို မဆို လက်နက်တွေ ဖြုတ်သိမ်းဖို့ ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။

အဲဒီမှာ ဘယ်လို တုံ့ပြန်မှုတွေ ရှိခဲ့လဲ

ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ကာလော့စ် မီဆာ က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ သူရဲကောင်း စိတ်ဓာတ်အတွက် ဆန္ဒပြသူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

"အခုဖြစ်ပျက်ခဲ့တာဟာ အာဏာရှင် ဆုံးခန်းတိုင်မှုကြီး ဖြစ်ပြီး သမိုင်းဝင် သင်ခန်းစာတစ်ခု ဖြစ်ကြောင်းနဲ့ ဘိုလစ်ဗီးယားနိုင်ငံကြီး အဓွန့်ရှည်ပါစေ"လို့ မစ္စတာ မီဆာက သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးထားပါတယ်။

ဒါပေမဲ့လည်း အစောပိုင်းတုန်းက မစ္စတာ မိုရဲလက်စ်ကို ထောက်ခံကြောင်း ထုတ်ဖော် ပြောခဲ့ကြတဲ့ ကျူးဘားအစိုးရနဲ့ ဗင်နီဇွဲလား အစိုးရ ခေါင်းဆောင်တွေကတော့ ဒီဖြစ်ရပ်ဟာ အာဏာသိမ်းမှု တစ်ခု ဖြစ်တယ် ဆိုပြီး ရှုတ်ချခဲ့ကြပါတယ်။

အေဗို မိုရဲလက်စ်ဟာ ဘယ်သူလဲ

ဘိုလစ်ဗီးယားနိုင်ငံရဲ့ ပထမဆုံး ဌာနေ တိုင်းရင်းသား သမ္မတ ဖြစ်သူ မစ္စတာ မိုရဲလက်စ်ဟာ ၂၀၀၆ ခုနှစ်ကတည်းက တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။

သမ္မတသက်တမ်း ကန့်သတ်ထားမှုကို ပယ်ဖျက်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက အချေအတင် အငြင်းပွားစရာ ဆုံးဖြတ်ချက် ချခဲ့အပြီး အောက်တိုဘာလ ရွေးကောက်ပွဲမှာ သမ္မတ သက်တမ်း ဆက်တိုက် စတုတ္ထမြောက်အတွက် မစ္စတာ မိုရဲလက်စ် ဝင်ပြိုင်ခဲ့ပါတယ်။

သမ္မတ သက်တမ်း ကန့်သတ်ထားမှုကို ပယ်ဖျက်သင့် မသင့် ၂၀၁၆ ခုနှစ်က လူထု စစ်တမ်း ကောက်ခံပွဲ ကျင်းပခဲ့ရာမှာ အများစုက ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။

ဒါပေမဲ့ သမ္မတ မိုရဲလက်စ်ရဲ့ ပါတီက ဒီကိစ္စကို အခြေခံဥပဒေ တရားရုံးအထိ တင်ခဲ့ရာမှာ တရားရုံးက သမ္မတ သက်တမ်း ကန့်သတ်ထားမှုကို ပယ်ဖျက်ပေးခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ဆႏၵျပမႈေတြ ထြက္ေပၚခဲ့အၿပီး ဘိုလစ္ဗီးယား သမၼတ ရာထူးကေန ႏုတ္ထြက္ခဲ့ရ ဆႏၵျပမႈေတြ ထြက္ေပၚခဲ့အၿပီး ဘိုလစ္ဗီးယား သမၼတ ရာထူးကေန ႏုတ္ထြက္ခဲ့ရ Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.