ရွမ္းျပည္ နမ့္ဆန္နဲ႔ကြတ္ခိုင္တဝိုက္ တေနကုန္ တိုက္ပြဲျဖစ္

တေအာန္းလက္နက္ကိုင္အဖြဲ႔ TNLA တပ္ဖြဲ႔၀င္မ်ား
(Zawgyi/Unicode)

ရွမ္းျပည္နယ္ ၊ နမ့္ဆန္ၿမိဳ႕နယ္နဲ႔ ေက်ာက္မဲအနားတဝိုက္မွာ တပ္မေတာ္နဲ႔ တေအာန္းလက္နက္ကိုင္အဖြဲ႔ TNLA တပ္ေတြ ဒီေန႔တေန႔လံုးနီးပါး ႏွစ္ဘက္အျပန္အလွန္ ပစ္ခတ္မႈေတြေၾကာင့္ ေနအိမ္တခ်ိဳ႕ ပ်က္စီးခဲ့ပါတယ္။ ဒီတုိက္ခုိက္မႈ အတြင္း တပ္မေတာ္ဘက္က လက္နက္ႀကီးေတြ အသုံးျပဳခဲ့တယ္လုိ႔ TNLA က ေျပာပါတယ္။ အျပည့္အစုံကုိေတာ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္းေပးပို႔ထားပါတယ္။

တပ္မေတာ္နဲ႔ တေအာန္းလက္နက္ကိုင္အဖြဲ႔ TNLA တို႔ နမ့္ဆန္ျမိဳ႕နယ္နဲ႔ ကြတ္ခိုင္အနီးတဝိုက္မွာ ဒီေန႔တေန႔လံုးနီးပါး အျပန္အလွန္ ပစ္ခတ္မႈေတြရွိခဲ႔ၿပီး တပ္မေတာ္ဘက္က လက္နက္ႀကီးေတြ အသုံးျပဳခဲ့တယ္လို႔ TNLA ဘက္ကအတည္ျပဳ ေျပာပါတယ္။

နမ့္ဆန္ျမိဳ႕နယ္၊ ျမိဳ႕သစ္ေက်းရြာအုပ္စု၊ လြယ္ပိန္းေက်းရြာထဲကို လက္နက္ၾကီး တခ်ိဳ႕က်ခဲ႔ျပီး ေနအိမ္တခ်ိဳ႕ ပ်က္စီးခဲ႔ပါတယ္။ လက္နက္ၾကီး က်ေရာက္ခဲ႔တယ္ ဆိုတဲ႔ လြယ္ပိန္းေက်းရြာဟာ ဆက္သြယ္ေရးမေကာင္းတာေၾကာင့္ ဒီကိစၥကိုအတည္ျပဳဖို႔ စံုစမ္းေနဆဲျဖစ္ျပီး တပ္မေတာ္နဲ႔ ႏွစ္ဘက္ပစ္ခတ္မႈေတြကေတာ႔ မနက္ပိုင္းကေန ညေနပိုင္းအထိ ရွိေနေနေၾကာင္း တေအာန္းလက္နက္ကိုင္အဖြဲ႔ TNLA ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႈးတာ႔အိုက္ေက်ာ္က ဗြီအိုေအကိုေျပာပါတယ္။

“ ျဖစ္တာကေတာ႔ နမ့္ဆန္နဲ႔ ေက်ာက္မဲအစပ္၊ ေက်ာက္မဲ ျမိဳ႕နယ္ထဲမွာ ပါတယ္ေပါ႔ေနာ္။ ျဖစ္တာကေတာ႔ မနက္ကတည္းက ျဖစ္တယ္ေပါ႔ေနာ္။ တိုက္ပြဲကေတာ႔ ျဖစ္လိုက္ နားလိုက္နဲ႔ တေနကုန္ေလာက္။ တပ္ရင္း ၇၆၅ ေပါ႔ေနာ္၊ အဲဒီမွာ ရွိတဲ႔ေနရာကို တပ္မ (၈၈) ခလရ (၇၇) က မနက္ကတည္းက လာေရာက္ တိုက္ခိုက္တာ။ သူကထိုးတက္လာတယ္၊ သူကထိုးလိုက္၊ ျပန္နားလိုက္၊ သူကထိုးတက္လာရင္ တိုက္ပြဲျပန္ျဖစ္တယ္။ အဲလိုမ်ိဳး အခုထိရင္ဆိုင္ေနတုန္း ရွိေသးတယ္။ လက္နက္ၾကီးကေတာ႔ ေတာက္ေလ်ွာက္ပစ္တယ္၊ ပတ္ဝန္းက်င္မွာ။ ဘယ္မွက်လဲ၊ ဘယ္မွာထိလဲ မသိရေသးဘူး။”

လြယ္ပိန္းရြာထဲကို လက္နက္ၾကီးက်တာဟာ တပ္မေတာ္ဘက္က TNLA တပ္ေတြရြာထဲမွာ ရွိတယ္ဆိုတဲ႔ သတင္းေၾကာင့္ ပစ္ခတ္တာ ျဖစ္ႏိုင္ေၾကာင္း အမည္မေဖာ္လိုတဲ႔ ေဒသခံတဦးကေျပာပါတယ္။

“ ဒီကေန႔ ေန႔လည္ ၂နာရီေက်ာ္ မိုင္းေငါ႔ကေန ပစ္တာေတာ႔ဟုတ္တယ္၊ ျပီးရင္ အဲဒီဘက္မွာေနတဲ႔ စစ္တပ္ကေတာ႔ တပ္မ ၇၇ပဲရွိတယ္လို႔ ေျပာတာပဲ၊ အဲဒီေတာ႔ သူတို႔ပဲျဖစ္မွာ။ ေတာ္ေသးလို႔ မနက္က သူတို႔ဘုန္းၾကီးေက်ာင္းေတြဘာေတြ သြားေနတဲ႔အခ်ိန္မွာတိုးလို႔ ရြာထဲမွာေတာ႔ လူအဲဒီေလာက္မရွိဘူး။ TNLA ကေတာ႔ ေျပာရမယ္ဆိုရင္ အဲထဲမွာက သူတို႔လည္း ပြဲဆိုေတာ႔ေလ၊ ပြဲဝင္တာလည္း ျဖစ္ႏို္င္တယ္။ သူတို႔ ( စစ္တပ္) ကေတာ႔ ဘယ္လို သတင္းၾကားထားလဲေတာ႔ မသိဘူး။ အိမ္သံုးလံုးအေပၚမွာ ( လက္နက္ၾကီး) က်ခဲ႔တယ္၊ ဘုန္းၾကီးေက်ာင္းနား ေလးမွာလည္း တလံုးက်ေသးတယ္ဆိုတာေတာ႔ ဟုတ္တယ္။”

ဒီကေန႔ ပစ္ခတ္မႈနဲ႔ပတ္သက္လုိ႔ အတည္ျပဳႏုိင္ဖုိ႔ အေရွ႕ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မႈးၾကီး ဝင္းထြဋ္ေလးကို ဗြီအိုေအက ဆက္သြယ္ခဲ႔ေပမဲ႔လည္း ဆက္သြယ္လို႔မရခဲ႔ပါဘူး။

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆမ္၊ နမၼတူ၊ နမ့္ဖက္ကာ၊ မိုင္းေငါ႔နဲ႔ ေက်ာက္မဲ ျမိဳ႕နယ္ေတြမွာ တပ္မေတာ္နဲ႔ TNLA တပ္ေတြ မၾကာခဏဆိုသလို တုိက္ပြဲေတြ ျဖစ္ေနပါတယ္။ ေျမာက္ပိုင္း ညီေနာင္မဟာမိတ္သံုးဖြဲ႔ျဖစ္တဲ႔ တေအာန္းလက္နက္ကိုင္ TNLA, ရခိုင္လက္နက္ကိုင္ AA နဲ႔ ကိုးကန္႔အဖြဲ႔ MNDAA တို႔ဟာ အခုႏွစ္ကုန္ပိုင္းအထိ တဘက္သတ္ အပစ္အခတ္ ရပ္စဲေၾကာင္း ေၾကညာထားသလို တပ္မေတာ္၊ အစိုးရနဲ႔လည္း အပစ္အခတ္ ရပ္စဲေရးလက္မွတ္ထိုးႏိုင္ဖုိ႔ ေဆြးေႏြးေနတာလည္းျဖစ္ပါတယ္။

ဒီလထဲမွာ ကခ်င္လက္နက္ကိုင္ KIA/ KIO ပါဝင္တဲ႔ ေျမာက္ပိုင္းမဟာမိတ္ေလးဖြဲ႔နဲ႔ ေတြ႔ဆံုဖို႔ အစိုးရဘက္က အဆိုျပဳထားသလို သူတို႔ ေနာက္ဆံုးေတြ႔ဆံုခဲ႔တဲ႔ စက္တင္ဘာ ၁၇ရက္ ေတြ႔ဆံုပြဲမွာ သေဘာတူညီခ်က္တခ်ိဳ႕ ရခဲ႔တယ္ဆိုေပမဲ႔ တက်ျပတ္သားတဲ႔ ဆံုးျဖတ္ခ်က္ ခ်ခဲ႔တာမ်ိဳးေတာ႔ မရွိေသးပါဘူး။

.........................

ရှမ်းပြည် နမ့်ဆန်နဲ့ကွတ်ခိုင်တဝိုက် တနေကုန် တိုက်ပွဲဖြစ်

(Unicode)

ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်နဲ့ ကျောက်မဲအနားတဝိုက်မှာ တပ်မတော်နဲ့ တအောန်းလက်နက်ကိုင်အဖွဲ့ TNLA တပ်တွေ ဒီနေ့တနေ့လုံးနီးပါး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု အတွင်း တပ်မတော်ဘက်က လက်နက်ကြီးတွေ အသုံးပြုခဲ့တယ်လို့ TNLA က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က မေးမြန်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ တအောန်းလက်နက်ကိုင်အဖွဲ့ TNLA တို့ နမ့်ဆန်မြို့နယ်နဲ့ ကွတ်ခိုင်အနီးတဝိုက်မှာ ဒီနေ့တနေ့လုံးနီးပါး အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီး တပ်မတော်ဘက်က လက်နက်ကြီးတွေ အသုံးပြုခဲ့တယ်လို့ TNLA ဘက်ကအတည်ပြု ပြောပါတယ်။

နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု၊ လွယ်ပိန်းကျေးရွာထဲကို လက်နက်ကြီး တချို့ကျခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။ လက်နက်ကြီး ကျရောက်ခဲ့တယ် ဆိုတဲ့ လွယ်ပိန်းကျေးရွာဟာ ဆက်သွယ်ရေးမကောင်းတာကြောင့် ဒီကိစ္စကိုအတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်ပြီး တပ်မတော်နဲ့ နှစ်ဘက်ပစ်ခတ်မှုတွေကတော့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ရှိနေနေကြောင်း တအောန်းလက်နက်ကိုင်အဖွဲ့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်က ဗွီအိုအေကိုပြောပါတယ်။

“ ဖြစ်တာကတော့ နမ့်ဆန်နဲ့ ကျောက်မဲအစပ်၊ ကျောက်မဲ မြို့နယ်ထဲမှာ ပါတယ်ပေါ့နော်။ ဖြစ်တာကတော့ မနက်ကတည်းက ဖြစ်တယ်ပေါ့နော်။ တိုက်ပွဲကတော့ ဖြစ်လိုက် နားလိုက်နဲ့ တနေကုန်လောက်။ တပ်ရင်း ၇၆၅ ပေါ့နော်၊ အဲဒီမှာ ရှိတဲ့နေရာကို တပ်မ (၈၈) ခလရ (၇၇) က မနက်ကတည်းက လာရောက် တိုက်ခိုက်တာ။ သူကထိုးတက်လာတယ်၊ သူကထိုးလိုက်၊ ပြန်နားလိုက်၊ သူကထိုးတက်လာရင် တိုက်ပွဲပြန်ဖြစ်တယ်။ အဲလိုမျိုး အခုထိရင်ဆိုင်နေတုန်း ရှိသေးတယ်။ လက်နက်ကြီးကတော့ တောက်လျှောက်ပစ်တယ်၊ ပတ်ဝန်းကျင်မှာ။ ဘယ်မှကျလဲ၊ ဘယ်မှာထိလဲ မသိရသေးဘူး။”

လွယ်ပိန်းရွာထဲကို လက်နက်ကြီးကျတာဟာ တပ်မတော်ဘက်က TNLA တပ်တွေရွာထဲမှာ ရှိတယ်ဆိုတဲ့ သတင်းကြောင့် ပစ်ခတ်တာ ဖြစ်နိုင်ကြောင်း အမည်မဖော်လိုတဲ့ ဒေသခံတဦးကပြောပါတယ်။

“ ဒီကနေ့ နေ့လည် ၂နာရီကျော် မိုင်းငေါ့ကနေ ပစ်တာတော့ဟုတ်တယ်၊ ပြီးရင် အဲဒီဘက်မှာနေတဲ့ စစ်တပ်ကတော့ တပ်မ ၇၇ပဲရှိတယ်လို့ ပြောတာပဲ၊ အဲဒီတော့ သူတို့ပဲဖြစ်မှာ။ တော်သေးလို့ မနက်က သူတို့ဘုန်းကြီးကျောင်းတွေဘာတွေ သွားနေတဲ့အချိန်မှာတိုးလို့ ရွာထဲမှာတော့ လူအဲဒီလောက်မရှိဘူး။ TNLA ကတော့ ပြောရမယ်ဆိုရင် အဲထဲမှာက သူတို့လည်း ပွဲဆိုတော့လေ၊ ပွဲဝင်တာလည်း ဖြစ်နိုင်တယ်။ သူတို့ ( စစ်တပ်) ကတော့ ဘယ်လို သတင်းကြားထားလဲတော့ မသိဘူး။ အိမ်သုံးလုံးအပေါ်မှာ ( လက်နက်ကြီး) ကျခဲ့တယ်၊ ဘုန်းကြီးကျောင်းနား လေးမှာလည်း တလုံးကျသေးတယ်ဆိုတာတော့ ဟုတ်တယ်။”

ဒီကနေ့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှုးကြီး ဝင်းထွဋ်လေးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆမ်၊ နမ္မတူ၊ နမ့်ဖက်ကာ၊ မိုင်းငေါ့နဲ့ ကျောက်မဲ မြို့နယ်တွေမှာ တပ်မတော်နဲ့ TNLA တပ်တွေ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအောန်းလက်နက်ကိုင် TNLA, ရခိုင်လက်နက်ကိုင် AA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ဟာ အခုနှစ်ကုန်ပိုင်းအထိ တဘက်သတ် အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားသလို တပ်မတော်၊ အစိုးရနဲ့လည်း အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးနိုင်ဖို့ ဆွေးနွေးနေတာလည်းဖြစ်ပါတယ်။

ဒီလထဲမှာ ကချင်လက်နက်ကိုင် KIA/ KIO ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ တွေ့ဆုံဖို့ အစိုးရဘက်က အဆိုပြုထားသလို သူတို့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ စက်တင်ဘာ ၁၇ရက် တွေ့ဆုံပွဲမှာ သဘောတူညီချက်တချို့ ရခဲ့တယ်ဆိုပေမဲ့ တကျပြတ်သားတဲ့ ဆုံးဖြတ်ချက် ချခဲ့တာမျိုးတော့ မရှိသေးပါဘူး။

ေဇာ္ထက္/ VOA Burmese
https://burmese.voanews.com
ရွမ္းျပည္ နမ့္ဆန္နဲ႔ကြတ္ခိုင္တဝိုက္ တေနကုန္ တိုက္ပြဲျဖစ္ ရွမ္းျပည္ နမ့္ဆန္နဲ႔ကြတ္ခိုင္တဝိုက္ တေနကုန္ တိုက္ပြဲျဖစ္ Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.