လူကုန္ကူးခံရတဲ့ အမ်ိဳးသမီး ၇ ႏွစ္ၾကာမွ အိမ္ျပန္ေရာက္

တ႐ုတ္ႏိုင္ငံသို႔ လူကုန္ကူးခံခဲ့ရတဲ့ အမ်ိဳးသမီးကို ႏိုဝင္ဘာလ ၁ ရက္ေန႔က မူဆယ္ၿမိဳ႕တြင္ ျမန္မာဘက္သို႔ လႊဲေျပာင္းေပးစဥ္။ / ဓါတ္ပုံ - က႐ုဏာ လူမႈကူညီေရးအသင္း - မူဆယ္
(Zawgyi)⤵⤵⤵

တ႐ုတ္ႏိုင္ငံကို ေရာင္းစားခံခဲ့ရတဲ့ ျမန္မာအမ်ိဳးသမီးတစ္ဦးကို တ႐ုတ္ရဲနဲ႔ လူဝင္မႈႀကီးၾကပ္ေရး တာဝန္ရွိသူ ေတြက မူဆယ္ၿမိဳ႕ကတဆင့္ ျမန္မာအာဏာပိုင္ေတြလက္ထဲ လႊဲေျပာင္းေပးခဲ့ပါတယ္။

ဒီအမ်ိဳးသမီးဟာ ပဲခူးၿမိဳ႕ကျဖစ္ၿပီး လြန္ခဲ့တဲ့ ၂ဝ၁၂ ခုႏွစ္ေလာက္ကတည္းက မိခင္ျဖစ္သူနဲ႔ ရန္ကုန္ကိုအလာမွာ ညီမဝမ္းကြဲ ေတာ္သူ တစ္ဦးနဲ႔အတူ ေပ်ာက္ဆုံးသြားတာပါ။ အဲဒီေနာက္ ၇ ႏွစ္အၾကာမွာေတာ့ ေျခေထာက္ လိမ္ခ်ိဳးခံထားရတဲ့အျပင္ စိတ္က်န္းမာေရး ခြၽတ္ယြင္းေနတဲ့ အဲဒီအမ်ိဳးသမီးကို တ႐ုတ္ရဲတပ္ဖြဲ႕က ေတြ႕ရွိခဲ့ၿပီး ျမန္မာဘက္ကို လႊဲေျပာင္းေပးခဲ့တာလို႔ မူဆယ္ၿမိဳ႕ က႐ုဏာ လူမႈကူညီေရးအသင္းက ဦးေသာင္းထြန္းက ေျပာပါတယ္။ တ႐ုတ္ျပည္ဘက္ကို လူကုန္ကူးခံရၿပီးေနာက္ ကေလး ေလးေယာက္ ေမြးခဲ့ရတယ္လို႔လည္း ဆိုပါတယ္။

အမ်ိဳးသမီးရဲ႕ ေနရပ္လိပ္စာ မသိတဲ့အတြက္ ဓာတ္ပုံကို လူမႈကြန္ရက္စာမ်က္ႏွာ တင္ခဲ့ရာကေန ပဲခူးၿမိဳ႕က မိသားစုဝင္ေတြ ဆက္သြယ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အတူေပ်ာက္ဆုံးသြားတဲ့ ညီမဝမ္းကြဲ ဆိုသူကိုေတာ့ ဒီေန႔အထိ ျပန္မေတြ႕ရေသးဘူးလို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
လူကုန်ကူးခံရတဲ့ အမျိုးသမီး ၇ နှစ်ကြာမှ အိမ်ပြန်ရောက်

တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရတဲ့ အမျိုးသမီးကို နိုဝင်ဘာလ ၁ ရက်နေ့က မူဆယ်မြို့တွင် မြန်မာဘက်သို့ လွှဲပြောင်းပေးစဉ်။
ဓါတ်ပုံ - ကရုဏာ လူမှုကူညီရေးအသင်း - မူဆယ်

တရုတ်နိုင်ငံကို ရောင်းစားခံခဲ့ရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို တရုတ်ရဲနဲ့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူ တွေက မူဆယ်မြို့ကတဆင့် မြန်မာအာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးခဲ့ပါတယ်။

ဒီအမျိုးသမီးဟာ ပဲခူးမြို့ကဖြစ်ပြီး လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်လောက်ကတည်းက မိခင်ဖြစ်သူနဲ့ ရန်ကုန်ကိုအလာမှာ ညီမဝမ်းကွဲ တော်သူ တစ်ဦးနဲ့အတူ ပျောက်ဆုံးသွားတာပါ။ အဲဒီနောက် ၇ နှစ်အကြာမှာတော့ ခြေထောက် လိမ်ချိုးခံထားရတဲ့အပြင် စိတ်ကျန်းမာရေး ချွတ်ယွင်းနေတဲ့ အဲဒီအမျိုးသမီးကို တရုတ်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး မြန်မာဘက်ကို လွှဲပြောင်းပေးခဲ့တာလို့ မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်းက ဦးသောင်းထွန်းက ပြောပါတယ်။ တရုတ်ပြည်ဘက်ကို လူကုန်ကူးခံရပြီးနောက် ကလေး လေးယောက် မွေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အမျိုးသမီးရဲ့ နေရပ်လိပ်စာ မသိတဲ့အတွက် ဓာတ်ပုံကို လူမှုကွန်ရက်စာမျက်နှာ တင်ခဲ့ရာကနေ ပဲခူးမြို့က မိသားစုဝင်တွေ ဆက်သွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အတူပျောက်ဆုံးသွားတဲ့ ညီမဝမ်းကွဲ ဆိုသူကိုတော့ ဒီနေ့အထိ ပြန်မတွေ့ရသေးဘူးလို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
လူကုန္ကူးခံရတဲ့ အမ်ိဳးသမီး ၇ ႏွစ္ၾကာမွ အိမ္ျပန္ေရာက္ လူကုန္ကူးခံရတဲ့ အမ်ိဳးသမီး ၇ ႏွစ္ၾကာမွ အိမ္ျပန္ေရာက္ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.