မိုး/ဇလပညာရွင္ ဦးထြန္းလြင္ကြယ္လြန္

မိုး/ဇလပညာရွင္ ဦးထြန္းလြင္ (သတင္းဓာတ္ပံု - ဦးထြန္းလြင္ေဖ့ဘြတ္)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံရဲ႕ ထင္ရွားတဲ့ မိုးေလ၀သ ပညာရွင္ ဦးထြန္းလြင္ ဒီကေန႔ ညေနပိုင္း ၆ နာရီ ၅၇ မိနစ္မွာ ရန္ကုန္ၿမိဳ႕ ပုဂၢလိက ေဆးရံုတခုမွာ ကြယ္လြန္သြားၿပီလို႔ သိရပါတယ္။

ဦးထြန္းလြင္ဟာ ျမန္မာႏိုင္ငံ မိုးေလ၀သနဲ႔ ဇလေဗဒဦးစီးဌာနမွာ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ရာထူးအထိ ႏွစ္ေပါင္း ၄၀ ေက်ာ္ တာ၀န္ထမ္းေဆာင္ခဲ့ၿပီး ၂၀၀၉ ခုႏွစ္မွာ အစိုးရ၀န္ထမ္းဘ၀ကေန အၿငိမ္းစားယူခဲ့ပါတယ္။

မိုးဇလ ဦးစီးဌာနမွာ တာ၀န္ထမ္းေနစဥ္ ျမန္မာ႐ုပ္သံမွာ အပတ္စဥ္ မိုးေလ၀သ သတင္းေတြကို ေၾကညာေပးသူအျဖစ္ လူသိထင္ရွားလာခဲ့တာပါ။ အၿငိမ္းစား ယူၿပီးတဲ့ေနာက္မွာလည္း မိုးေလ၀သပညာရွင္ တဦးအေနနဲ႔ ရာသီဥတု သံုးသပ္ခ်က္ေတြ သုေတသနနဲ႔ ဘာသာရပ္ဆိုင္ရာ စာတမ္းေတြကို ေရးသားျပဳစုခဲ့သလို မိုးဇလနဲ႔ ပတ္သက္လို႔ အပတ္စဥ္ ႐ုပ္သံ ေရဒီယို အင္တာဗ်ဴးေတြမွာ ပါ၀င္ေဆြးေႏြးခဲ့လို႔ လူႀကိဳက္မ်ားခဲ့ပါတယ္။

ေဒါက္တာထြန္းလြင္ဟာ အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါတကၠသိုလ္ကေန သိပံၸဘဲြ႔ မဟာသိပံ (မိုးေလ၀သ) ဘဲြဲ႔ေတြကို ရခဲ့ၿပီး မိုးေလ၀သဆိုင္ရာ ႏိုင္ငံတကာ အဖဲြ႔အစည္းႀကီးေတြရဲ႕ ဂုဏ္ျပဳ အသိအမွတ္ျပဳတာကိုလည္း ခံခဲ့ရသူပါ။ ကြယ္လြန္ခ်ိန္မွာ အသက္ ၇၁ ႏွစ္ ရွိၿပီျဖစ္ၿပီး ရန္ကုန္ သု၀ဏၰမွာ ဇနီးျဖစ္သူနဲ႔ သားသမီး သံုးဦး၊ ေျမးႏွစ္ဦးတို႔ က်န္ရစ္ခဲ့ပါတယ္။

[Unicode Version]

မိုး/ဇလပညာရှင် ဦးထွန်းလွင်ကွယ်လွန်

မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ မိုးလေဝသ ပညာရှင် ဦးထွန်းလွင် ဒီကနေ့ ညနေပိုင်း ၆ နာရီ ၅၇ မိနစ်မှာ ရန်ကုန်မြို့ ပုဂ္ဂလိက ဆေးရုံတခုမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ဦးထွန်းလွင်ဟာ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ် ရာထူးအထိ နှစ်ပေါင်း ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အစိုးရဝန်ထမ်းဘဝကနေ အငြိမ်းစားယူခဲ့ပါတယ်။

မိုးဇလ ဦးစီးဌာနမှာ တာဝန်ထမ်းနေစဉ် မြန်မာရုပ်သံမှာ အပတ်စဉ် မိုးလေဝသ သတင်းတွေကို ကြေညာပေးသူအဖြစ် လူသိထင်ရှားလာခဲ့တာပါ။ အငြိမ်းစားယူပြီးတဲ့နောက်မှာလည်း မိုးလေဝသပညာရှင် တဦးအနေနဲ့ ရာသီဥတု သုံးသပ်ချက်တွေ သုတေသနနဲ့ ဘာသာရပ်ဆိုင်ရာ စာတမ်းတွေကို ရေးသားပြုစုခဲ့သလို မိုးဇလနဲ့ ပတ်သက်လို့ အပတ်စဉ် ရုပ်သံ ရေဒီယို အင်တာဗျူးတွေမှာ ပါဝင်ဆွေးနွေးခဲ့လို့ လူကြိုက်များခဲ့ပါတယ်။

ဒေါက်တာထွန်းလွင်ဟာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတက္ကသိုလ်ကနေ သိပ္ပံဘွဲ့ မဟာသိပံ (မိုးလေဝသ) ဘွဲ့တွေကို ရခဲ့ပြီး မိုးလေဝသဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေရဲ့ ဂုဏ်ပြု အသိအမှတ်ပြုတာကိုလည်း ခံခဲ့ရသူပါ။ ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ်ရှိပြီဖြစ်ပြီး ရန်ကုန် သုဝဏ္ဏမှာ ဇနီးဖြစ်သူနဲ့ သားသမီး သုံးဦး၊ မြေးနှစ်ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
မိုး/ဇလပညာရွင္ ဦးထြန္းလြင္ကြယ္လြန္ မိုး/ဇလပညာရွင္ ဦးထြန္းလြင္ကြယ္လြန္ Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.