ပလက္ဝ စစ္ေရွာင္ ၁ဝဝ ကို ဒုသမၼတဇာတိ႐ြာကို ေ႐ႊ႕မည္

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ AA တို႔ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးၾကတဲ့ ေက်း႐ြာသားေတြကို ၂ဝ၁၈ ခုႏွစ္ ေမလ ၂၃ ရက္ေန႔က ေတြ႕ရစဥ္
Photo: Kyaw Aungkhumi - facebook
(Zawgyi)⤵⤵⤵
ပလက္ဝၿမိဳ႕နယ္ မီးဇာစစ္ေဘးေရွာင္ ဒုကၡသည္စခန္းမွာရွိတဲ့ ခ်င္းတိုင္းရင္းသား ေဘာမ္မ်ိဳးႏြယ္စုက အိမ္ေထာင္စု ၁၄ စုက မိသားစုဝင္ေတြဟာသူတို႔ရဲ႕ သေဘာဆႏၵအရ ထန္တလန္ၿမိဳ႕နယ္ သီကီးရ္ေက်း႐ြာမွာ ေ႐ႊ႕ေျပာင္းေပးသြားမယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

ေနရာေ႐ႊ႕ေျပာင္းလိုတဲ့ ခ်င္းတိုင္းရင္းသားေတြဟာ ခ်င္းျပည္နယ္အစိုးရအဖြဲ႕၊ ဒုသမၼတတို႔နဲ႔ ေဆြးေႏြးၿပီး အခုလို ေျပာင္းဖို႔ စီစဥ္တာလို႔ မီးဇာေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးလင္းေလာ့က ေျပာပါတယ္။

"သူတို႔က ထန္တလန္ၿမိဳ႕နယ္ သီကီးရ္ေက်း႐ြာကို ေျပာင္းမယ္လို႔ေျပာတာ၊ သူတို႔ကေကာင္းတယ္ဆိုၿပီး ေျပာင္းမယ္ဆိုၿပီး ဟိုးအစိုးရအဖြဲ႕ စည္ပင္ဝန္ႀကီးနဲ႔ ဒုသမၼတနဲ႔ ေဆြးေႏြးၿပီး သူတို႔လိုခ်င္တဲ့ေနရာေပါ့"

မီးဇာစစ္ေဘးေရွာင္စခန္းမွာရွိတဲ့ ဒုကၡသည္ေတြဟာ အဲ့ဒီမွာေနထိုင္ရတာ လုံၿခဳံမႈမရွိတာ၊ စားဝတ္ေနေရးအတြက္ အခက္အခဲရွိတာေတြေၾကာင့္ သူတို႔နဲ႔မ်ိဳးႏြယ္စုတူတဲ့သူေတြရွိတဲ့ သီကီးရ္ေက်း႐ြာကို ေျပာင္းေ႐ႊ႕ေပးဖို႔ အစိုးရအဖြဲ႕ကို ေတာင္းဆိုတာေၾကာင့္ အစိုးရကေန ကူညီေဆာင္႐ြက္ေပးတာလို႔ ဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

သီကီးရ္႐ြာကို ေ႐ြ႕ေျပာင္းမယ့္သူေတြ ေနထိုင္ဖို႔ေနအိမ္ေတြ ေဆာက္လုပ္ေပးထားၿပီး စားဝတ္ေနေရးနဲ႔ လုပ္ကိုင္စားေသာက္ဖို႔ အစိုးရက ကူညီေဆာင္႐ြက္ေပးသြားမယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

"သီကီးရ္မွာ တန္ဖိုးနည္းအိမ္ယာက အဆင့္သင့္ရွိတယ္ဗ်၊ သူတို႔လာရင္ ေနရာခ်ထားေပးဖို႔ နည္းဖိုးနည္းအိမ္ယာ အဆင့္သင့္ရွိတယ္ ၊ မိသားစု ၁၄စုအဖြဲ႕အတြက္ လုံေလာက္ပါတယ္၊ လက္ရွိသူတို႔အတြက္ ေရတို႔မီးတို႔အဆင္ေျပေအာင္ အဆင့္သင့္လုပ္ထားပါတယ္၊ ေနာက္သူတို႔ေရာက္လို႔ရွိရင္လည္း လုပ္ကိုင္စားေသာက္ဖို႔အတြက္ ကုန္းျမင့္လယ္ယာတို႔ ေတာင္ယာလုပ္ကြက္တို႔အဲဒါမ်ိဳးေတြလည္း ေဒသခံေတြက စဥ္းစားေပးတာမ်ိဳးေတြရွိပါတယ္"

Bawm လူမ်ိဳးစုဟာ ခ်င္းျပည္နယ္ ပလက္ဝနဲ႔ ဘဂၤလားေဒ့ရ္ွနယ္စပ္ေတြမွာ ေနထိုင္ၾကၿပီး လူဦးေရ ငါးေထာင္ေထာင္ေလာက္ရွိၿပီး မီးဇာဒုကၡသည္စခန္းမွာ လူဦးေရ ၂၀၀ ေက်ာ္ေလာက္ ရွိပါတယ္။

ခ်င္းျပည္နယ္အတြင္းက တျခားေနရာေတြမွာ သြားေရာက္ ေနထိုင္သူတခ်ိဳ႕ ရွိတယ္လို႔လည္း သိရပါတယ္။ ေဘာမ္မ်ိဳးႏြယ္စုေတြဟာ လိုင္ဘာသာစကားေျပာတဲ့ မ်ိဳးႏြယ္စုျဖစ္ပါတယ္။

ေဘာမ္လူမ်ိဳးေတြအခုလို ေျပာင္းေ႐ႊ႕တာဟာ လက္ရွိေနရာမွာ ေတာင္ယာလုပ္ငန္းေတြ လြတ္လပ္စြာ လုပ္ကိုင္လို႔ မရတာေၾကာင့္ ျဖစ္တယ္လို႔ ခူးမီးခ်င္းမ်ိဳးႏြယ္ေရးရာ ေပါင္းစပ္ညႇိႏႈိင္းေရး ေကာ္မတီ ဥကၠ႒ ဦးေက်ာ္ၿငိမ္းက ေျပာပါတယ္။

"သူတို႔ေျပာတာကေတာ့ အဲမွာေနလို႔ရွိရင္ AAရဲ႕လႈပ္ရွားမႈေၾကာင့္ သြားေရးလာေရးခက္ခဲတယ္၊ ေနာက္ ကိုယ္ရဲ႕ေတာင္ယာလုပ္ငန္းခြင့္ေတြ လုပ္လို႔မရဘူး၊ ေနာက္ ဒီထက္ပိုဆိုးလာႏိုင္တာေၾကာင့္ ဒီထက္လုံၿခဳံႏိုင္တဲ့ေနရာကို သြားမယ္ဆိုၿပီး ေျပာၾကတယ္ခင္ဗ်ာ"

ရခိုင္ျပည္နယ္နဲ႔ ထိစပ္ေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြျဖစ္ပြားေနတာေၾကာင့္ မီးဇာစစ္ေဘးဒုကၡသည္စခန္းမွာ ဒုကၡသည္ ၆၀၀ ေက်ာ္ ခိုလႈံေနရပါတယ္။

နယ္ေျမ ၿငိမ္းခ်မ္းမယ့္အေနအထား မရွိေသးတဲ့အတြက္ ေနရပ္ရင္းျပန္ၾကဖို႔လည္း မျဖစ္ႏိုင္ေသးပါဘူး။

မီးဇာစခန္းမွာ ခိုလႈံေနသူေတြ စားဝတ္ေနေရးအတြက္ ခ်င္းအရပ္ဖက္အဖြဲ႕ေတြက ေထာက္ပံ့ေပးေနၿပီး ရိကၡာပစၥည္းေတြဟာ ဒီဇင္ဘာလကုန္အထိသာ လုံေလာက္တယ္လို႔ ကူညီေပးသူေတြက ေျပာပါတယ္။

အစိုးရက စစ္ေရွာင္လာသူေတြကို လိုအပ္တဲ့ အကူအညီ  အျပည့္အဝ မေပးႏိုင္တာေၾကာင့္ ထန္တလန္ၿမိဳ႕နယ္ကို ေျပာင္းေ႐ႊ႕လိုတာျဖစ္ႏိုင္ေၾကာင္း ခ်င္းလူ႔အခြင့္ေရးအဖြဲ႕က ဆလိုင္းေတရက ေျပာပါတယ္။

"စစ္ေဘးေရွာင္ေတြက စားဝတ္ေနေရးအတြက္ တအား ဒုကၡေရာက္ေနတယ္၊ တျခား NGO ေတြ ပရဟိတအဖြဲ႕ေတြကလည္း ကူညီေထာက္ပံ့ဖို႔က အခက္အခဲေတြရွိေနတယ္၊ အဲဒါကိုအစိုးရကလည္း လုပ္ေပးသင့္တယ္၊ ခုအဲလို သူတို႔လုပ္တာဟာ ေကာင္းတယ္လို႔ျမင္ပါတယ္၊ သူတို႔ရဲ႕ေရွးေရးအတြက္၊ စားဝတ္ေနေရးဖူလုံဖို႔အတြက္ သူတို႔ကေရၾကည္ရာ ေကာင္းတဲ့ေနရာကို သြားရမွာေပါ့"

ေျပာင္းေ႐ႊ႕မယ့္သူေတြဟာ လာမယ့္ႏိုဝင္ဘာလ ၁၂ ရက္ေန႔မွာ မီးဇာစခန္းကေန ပလက္ဝၿမိဳ႕ကို သြားေရာက္မွာျဖစ္ၿပီး အဲဒီကေန သီကီးရ္ေက်း႐ြာကို ဆက္သြားမယ္လို႔ ကူညီေဆာင္႐ြက္ေပးေနသူေတြက ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္ မီးဇာေက်း႐ြာဟာ ခ်င္းျပည္နယ္ ေတာင္ပိုင္းမွာရွိတာျဖစ္ၿပီး ထန္တလန္ၿမိဳ႕နယ္ သီကီးရ္ေက်း႐ြာဟာ ခ်င္းျပည္နယ္ ေျမာက္ပိုင္းမွာရွိတာျဖစ္ပါတယ္။

မီးဇာကေန ပလက္ဝၿမိဳ႕နယ္ကို ေရလမ္းကေန တစ္ရက္နီးပါးသြားရၿပီး ပလက္ဝၿမိဳ႕နယ္နဲ႔  ထန္တလန္ၿမိဳ႕နယ္ဟာ ကီလို႔ ၁၆၀ ေက်ာ္ေဝးေပမယ့္ တစ္ေနရာနဲ႔ တစ္ေနရာ သြားလာရ ခက္ခဲတဲ့ေနရာေတြျဖစ္ပါတယ္။

သီကီးရ္ေက်း႐ြာဇာတိ စစ္မႈထမ္းေဟာင္း ဦးဟင္နရီဗန္ထီးယူဟာ ၂၀၁၆ ခုႏွစ္မွာ ဒုတိယ သမၼတအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသူပါ။ သူဟာ သမိုင္းတေလွ်ာက္ ခ်င္းတိုင္းရင္းသားေတြထဲမွာ အစိုးရအဖြဲ႕ထဲ ရာထူးအျမင့္ဆုံး ေ႐ြးခ်ယ္ခန႔္အပ္ခံရတဲ့ ႏိုင္ငံေရးသမားလည္း ျဖစ္ပါတယ္။ ၂၀၁၈ ေဖေဖာ္ဝါရီလ ခ်င္းျပည္နယ္ ခရီးစဥ္မွာ ဒုတိယ သမၼတဟာ စိုက္ပ်ိဳးေရးလုပ္ငန္း ပိုမိုဖြံ႕ၿဖိဳးေအာင္ လုပ္ေဆာင္ေနတဲ့ ဇာတိ႐ြာကို ဝင္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵

ပလက်ဝ စစ်ရှောင် ၁ဝဝ ကို ဒုသမ္မတဇာတိရွာကို ရွှေ့မည်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးကြတဲ့ ကျေးရွာသားတွေကို ၂ဝ၁၈ ခုနှစ် မေလ ၂၃ ရက်နေ့က တွေ့ရစဉ်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးကြတဲ့ ကျေးရွာသားတွေကို ၂ဝ၁၈ ခုနှစ် မေလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Aungkhumi - facebook

ပလက်ဝမြို့နယ် မီးဇာစစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာရှိတဲ့ ချင်းတိုင်းရင်းသား ဘောမ်မျိုးနွယ်စုက အိမ်ထောင်စု ၁၄ စုက မိသားစုဝင်တွေဟာသူတို့ရဲ့ သဘောဆန္ဒအရ ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာမှာ ရွှေ့ပြောင်းပေးသွားမယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

နေရာရွှေ့ပြောင်းလိုတဲ့ ချင်းတိုင်းရင်းသားတွေဟာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဒုသမ္မတတို့နဲ့ ဆွေးနွေးပြီး အခုလို ပြောင်းဖို့ စီစဉ်တာလို့ မီးဇာကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းလော့က ပြောပါတယ်။

"သူတို့က ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာကို ပြောင်းမယ်လို့ပြောတာ၊ သူတို့ကကောင်းတယ်ဆိုပြီး ပြောင်းမယ်ဆိုပြီး ဟိုးအစိုးရအဖွဲ့ စည်ပင်ဝန်ကြီးနဲ့ ဒုသမ္မတနဲ့ ဆွေးနွေးပြီး သူတို့လိုချင်တဲ့နေရာပေါ့"

မီးဇာစစ်ဘေးရှောင်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေဟာ အဲ့ဒီမှာနေထိုင်ရတာ လုံခြုံမှုမရှိတာ၊ စားဝတ်နေရေးအတွက် အခက်အခဲရှိတာတွေကြောင့် သူတို့နဲ့မျိုးနွယ်စုတူတဲ့သူတွေရှိတဲ့ သီကီးရ်ကျေးရွာကို ပြောင်းရွှေ့ပေးဖို့ အစိုးရအဖွဲ့ကို တောင်းဆိုတာကြောင့် အစိုးရကနေ ကူညီဆောင်ရွက်ပေးတာလို့ ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

သီကီးရ်ရွာကို ရွေ့ပြောင်းမယ့်သူတွေ နေထိုင်ဖို့နေအိမ်တွေ ဆောက်လုပ်ပေးထားပြီး စားဝတ်နေရေးနဲ့ လုပ်ကိုင်စားသောက်ဖို့ အစိုးရက ကူညီဆောင်ရွက်ပေးသွားမယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

"သီကီးရ်မှာ တန်ဖိုးနည်းအိမ်ယာက အဆင့်သင့်ရှိတယ်ဗျ၊ သူတို့လာရင် နေရာချထားပေးဖို့ နည်းဖိုးနည်းအိမ်ယာ အဆင့်သင့်ရှိတယ် ၊ မိသားစု ၁၄စုအဖွဲ့အတွက် လုံလောက်ပါတယ်၊ လက်ရှိသူတို့အတွက် ရေတို့မီးတို့အဆင်ပြေအောင် အဆင့်သင့်လုပ်ထားပါတယ်၊ နောက်သူတို့ရောက်လို့ရှိရင်လည်း လုပ်ကိုင်စားသောက်ဖို့အတွက် ကုန်းမြင့်လယ်ယာတို့ တောင်ယာလုပ်ကွက်တို့အဲဒါမျိုးတွေလည်း ဒေသခံတွေက စဉ်းစားပေးတာမျိုးတွေရှိပါတယ်"

Bawm လူမျိုးစုဟာ ချင်းပြည်နယ် ပလက်ဝနဲ့ ဘင်္ဂလားဒေ့ရ်ှနယ်စပ်တွေမှာ နေထိုင်ကြပြီး လူဦးရေ ငါးထောင်ထောင်လောက်ရှိပြီး မီးဇာဒုက္ခသည်စခန်းမှာ လူဦးရေ ၂၀၀ ကျော်လောက် ရှိပါတယ်။

ချင်းပြည်နယ်အတွင်းက တခြားနေရာတွေမှာ သွားရောက် နေထိုင်သူတချို့ ရှိတယ်လို့လည်း သိရပါတယ်။ ဘောမ်မျိုးနွယ်စုတွေဟာ လိုင်ဘာသာစကားပြောတဲ့ မျိုးနွယ်စုဖြစ်ပါတယ်။

ဘောမ်လူမျိုးတွေအခုလို ပြောင်းရွှေ့တာဟာ လက်ရှိနေရာမှာ တောင်ယာလုပ်ငန်းတွေ လွတ်လပ်စွာ လုပ်ကိုင်လို့ မရတာကြောင့် ဖြစ်တယ်လို့ ခူးမီးချင်းမျိုးနွယ်ရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။

"သူတို့ပြောတာကတော့ အဲမှာနေလို့ရှိရင် AAရဲ့လှုပ်ရှားမှုကြောင့် သွားရေးလာရေးခက်ခဲတယ်၊ နောက် ကိုယ်ရဲ့တောင်ယာလုပ်ငန်းခွင့်တွေ လုပ်လို့မရဘူး၊ နောက် ဒီထက်ပိုဆိုးလာနိုင်တာကြောင့် ဒီထက်လုံခြုံနိုင်တဲ့နေရာကို သွားမယ်ဆိုပြီး ပြောကြတယ်ခင်ဗျာ"

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မီးဇာစစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၆၀၀ ကျော် ခိုလှုံနေရပါတယ်။

နယ်မြေ ငြိမ်းချမ်းမယ့်အနေအထား မရှိသေးတဲ့အတွက် နေရပ်ရင်းပြန်ကြဖို့လည်း မဖြစ်နိုင်သေးပါဘူး။

မီးဇာစခန်းမှာ ခိုလှုံနေသူတွေ စားဝတ်နေရေးအတွက် ချင်းအရပ်ဖက်အဖွဲ့တွေက ထောက်ပံ့ပေးနေပြီး ရိက္ခာပစ္စည်းတွေဟာ ဒီဇင်ဘာလကုန်အထိသာ လုံလောက်တယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။

အစိုးရက စစ်ရှောင်လာသူတွေကို လိုအပ်တဲ့ အကူအညီ  အပြည့်အဝ မပေးနိုင်တာကြောင့် ထန်တလန်မြို့နယ်ကို ပြောင်းရွှေ့လိုတာဖြစ်နိုင်ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့က ဆလိုင်းတေရက ပြောပါတယ်။

"စစ်ဘေးရှောင်တွေက စားဝတ်နေရေးအတွက် တအား ဒုက္ခရောက်နေတယ်၊ တခြား NGO တွေ ပရဟိတအဖွဲ့တွေကလည်း ကူညီထောက်ပံ့ဖို့က အခက်အခဲတွေရှိနေတယ်၊ အဲဒါကိုအစိုးရကလည်း လုပ်ပေးသင့်တယ်၊ ခုအဲလို သူတို့လုပ်တာဟာ ကောင်းတယ်လို့မြင်ပါတယ်၊ သူတို့ရဲ့ရှေးရေးအတွက်၊ စားဝတ်နေရေးဖူလုံဖို့အတွက် သူတို့ကရေကြည်ရာ ကောင်းတဲ့နေရာကို သွားရမှာပေါ့"

ပြောင်းရွှေ့မယ့်သူတွေဟာ လာမယ့်နိုဝင်ဘာလ ၁၂ ရက်နေ့မှာ မီးဇာစခန်းကနေ ပလက်ဝမြို့ကို သွားရောက်မှာဖြစ်ပြီး အဲဒီကနေ သီကီးရ်ကျေးရွာကို ဆက်သွားမယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ပလက်ဝမြို့နယ် မီးဇာကျေးရွာဟာ ချင်းပြည်နယ် တောင်ပိုင်းမှာရှိတာဖြစ်ပြီး ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာဟာ ချင်းပြည်နယ် မြောက်ပိုင်းမှာရှိတာဖြစ်ပါတယ်။

မီးဇာကနေ ပလက်ဝမြို့နယ်ကို ရေလမ်းကနေ တစ်ရက်နီးပါးသွားရပြီး ပလက်ဝမြို့နယ်နဲ့  ထန်တလန်မြို့နယ်ဟာ ကီလို့ ၁၆၀ ကျော်ဝေးပေမယ့် တစ်နေရာနဲ့ တစ်နေရာ သွားလာရ ခက်ခဲတဲ့နေရာတွေဖြစ်ပါတယ်။

သီကီးရ်ကျေးရွာဇာတိ စစ်မှုထမ်းဟောင်း ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၆ ခုနှစ်မှာ ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသူပါ။ သူဟာ သမိုင်းတလျှောက် ချင်းတိုင်းရင်းသားတွေထဲမှာ အစိုးရအဖွဲ့ထဲ ရာထူးအမြင့်ဆုံး ရွေးချယ်ခန့်အပ်ခံရတဲ့ နိုင်ငံရေးသမားလည်း ဖြစ်ပါတယ်။ ၂၀၁၈ ဖေဖော်ဝါရီလ ချင်းပြည်နယ် ခရီးစဉ်မှာ ဒုတိယ သမ္မတဟာ စိုက်ပျိုးရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးအောင် လုပ်ဆောင်နေတဲ့ ဇာတိရွာကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
ပလက္ဝ စစ္ေရွာင္ ၁ဝဝ ကို ဒုသမၼတဇာတိ႐ြာကို ေ႐ႊ႕မည္ ပလက္ဝ စစ္ေရွာင္ ၁ဝဝ ကို ဒုသမၼတဇာတိ႐ြာကို ေ႐ႊ႕မည္ Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.