ဝန္ႀကီးဌာန ႏွစ္ခုကို ေပါင္းမယ္

အစိုးရ ဝန္ႀကီးဌာန ႏွစ္ခု ေပါင္းဖို႔ လႊတ္ေတာ္ အတည္ျပဳခ်က္ယူမယ္
(Zawgyi)⤵⤵⤵
စက္မႈဝန္ႀကီးဌာနနဲ႔ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနတို႔ကို ပူးေပါင္း ၿပီး ဝန္ႀကီးဌာနတစ္ခုတည္းအျဖစ္ ဖြဲ႕စည္းဖို႔ လာမယ့္ ႏိုဝင္ဘာ ၁၅ ရက္ေန႔ လႊတ္ေတာ္မွာ အစိုးရဘက္က လာရွင္းဖို႔ရွိတယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းသီဟေက်ာ္က ဘီဘီစီ ကိုေျပာပါတယ္ ။

ဒီလိုဖြဲ႕စည္းမယ့္အေၾကာင္းကို ႏိုဝင္ဘာ ၁၅ ရက္ေန႔မွာ ျပည္ေထာင္စုလႊတ္ေတာ္ကို သမၼတ က တာဝန္ေပးထားခဲ့တဲ့ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းဝင္က လာေရာက္ရွင္းလင္းတင္ျပမယ္ လို႔လည္း ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕ လ်ာထားအစီအစဥ္မွာ ေဖာ္ျပထားပါတယ္။

စက္မႈဝန္ႀကီးဌာနနဲ႔ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာန ကိုပူးေပါင္းၿပီး စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈ ဝန္ႀကီး ဌာနဆိုၿပီး ျပင္ဆင္ဖြဲ႕စည္းမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လအတြင္းကေတာ့ စက္မႈဝန္ႀကီး ဦးခင္ေမာင္ခ်ိဳဟာ ရာထူးကေနႏုတ္ထြက္ခဲ့ၿပီးသူ႔ေနရာကို လက္ရွိ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဦးစိုးဝင္းက တြဲၿပီးတာဝန္ ယူထားပါတယ္။

 အာဆီယံ အဆင့္ အစည္းအေဝးမွာ ေတြ႕ရတဲ့ ဦးခင္ေမာင္ခ်ိဳ

႐ုံးလုပ္ငန္းပိုင္းဆိုင္ရာ လုပ္ထုံးလုပ္နည္း လြဲမွားခဲ့တဲ့ အတြက္ စက္မႈဝန္ႀကီး ဦးခင္ေမာင္ခ်ိဳ ႏုတ္ထြက္စာ တင္ခဲ့ရတာ ျဖစ္တယ္လို႔ သမၼတ ႐ုံးက ၾသဂုတ္လတုန္းက သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္ဆီကို ဦးခင္ေမာင္ခ်ိဳနဲ႔ ပတ္သက္တဲ့ တိုင္စာတစ္ေစာင္ ေရာက္ရွိခဲ့တဲ့ေနာက္ ဝန္ႀကီး အဆင့္ ၃ ဦးပါ အဖြဲ႕ဖြဲ႕ၿပီး အခ်ိန္ယူ စုံစမ္းခဲ့တယ္လို႔ ဦးေဇာ္ေဌးက ေျပာခဲ့ပါတယ္။

ဦးခင္ေမာင္ခ်ိဳ အေနနဲ႔ ႐ုံးပိုင္း လုပ္ထုံးလုပ္နည္း လြဲမွား ေဆာင္႐ြက္ခဲ့တယ္ ဆိုၿပီး အဲဒီ စုံစမ္းေရး အဖြဲ႕ရဲ႕ ေတြ႕ရွိခ်က္ ထြက္လာခဲ့ၿပီး ႏုတ္ထြက္စာတင္ရတဲ့ အထိ ျဖစ္လာခဲ့ပါတယ္။

စက္မႈဝန္ႀကီးဌာနဟာ လုပ္ငန္းအေတာ္မ်ားမ်ား အရႈံးေပၚ ေနတာေတြ ရွိတယ္လို႔ ေဝဖန္ေထာက္ျပမႈေတြ ရွိခဲ့ပါတယ္။

စက္မႈဝန္ႀကီးဌာနဟာလုပ္ငန္းအေတာ္မ်ားမ်ား အရႈံးေပၚ ေန
ေနျပည္ေတာ္ သတင္းရင္းျမစ္ေတြရဲ႕ အဆိုအရ BPI ေဆးဝါးစက္႐ုံနဲ႔ ေမာ္ေတာ္ယာဥ္ တပ္ဆင္ ထုတ္လုပ္တဲ့ လုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီး ဦးခင္ေမာင္ခ်ိဳ တိုင္ၾကား ခံခဲ့ရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အခုအခါ စက္မႈဝန္ႀကီးဌာနက စက္႐ုံနဲ႔ စက္ပစၥည္းေတြကို စီမံဘ႑ာဝန္ႀကီး ဌာနက ထိန္းသိမ္းကိုင္တြယ္ေနၿပီးေတာ့ စက္႐ုံနဲ႔ စက္ပစၥည္းေတြ ပုဂၢလိကပိုင္ လုပ္ၿပီးထုခြဲေရာင္းခ်ဖို႔ အတြက္ ပုဂၢလိနဲ႔ ဖက္စပ္လုပ္ေနတဲ့ လုပ္ငန္းေတြကို လည္း ျပန္လည္စိစစ္လုပ္ကိုင္ဖို႔ အခုလို ပူးေပါင္းလိုက္တာ ျဖစ္ႏိုင္တယ္လို႔လည္း စိုင္းသီဟေက်ာ္က ေျပာပါတယ္ ။

ဩဂုတ္လတုန္းကေတာ့ လူငယ္ပညာရွင္တစ္ဦးျဖစ္တဲ့ ေဒါက္တာ မင္းရဲပိုင္ဟိန္းကို စက္မႈဝန္ႀကီးဌာန ဒုဝန္ႀကီးအျဖစ္ ခန႔္အပ္ခဲ့ပါေသးတယ္။

အစိုးရ သက္တမ္း ကတစ္ႏွစ္ေလာက္ ပဲက်န္ေတာ့တဲ့ အခ်ိန္မွာ ဝန္ႀကီးဌာန ႏွစ္ခု အခုလို ပူးေပါင္းတာ ဟာ ရည္႐ြယ္ခ်က္ ေကာင္းေပမယ့္ အခ်ိန္က သိပ္မရွိေတာ့ဘူးလို႔လည္း စိုင္းသီဟေက်ာ္က ေျပာပါတယ္ ။

 စက္မႈဝန္ႀကီးဌာန ဝန္ႀကီးေနရာကို စီမံ ကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီး ဦးစိုးဝင္းက တြဲၿပီး တာဝန္ယူထား
အေျခခံဥပေဒအရ ႏိုင္ငံေတာ္ သမၼတအေနနဲ႔ အစိုးရ ဖြဲ႕တဲ့ အခါ အစိုးရအဖြဲ႕ဝင္ေတြေရာ ဝန္ႀကီးဌာနေတြကို ေရာ ဖြဲ႕ စည္းၿပီးရင္ လႊတ္ေတာ္ကို လာရွင္းျပၿပီး သေဘာထား ယူရပါတယ္ ။

အခုလို ဝန္ႀကီးဌာန ႏွစ္ခုေပါင္းရင္လည္း သမၼတက တာဝန္ေပးတဲ့သူက လႊတ္ေတာ္ကို ရွင္းလင္းတင္ျပဖို႔ ရွိေနတာ ျဖစ္ပါတယ္။

ဒီအဆိုကို လႊတ္ေတာ္မွာ ေဆြးေႏြးဖို႔လိုရင္ ေဆြးေႏြးရမွာ ျဖစ္ ၿပီး သေဘာမတူတာရွိရင္ မဲခြဲရမွာ ျဖစ္ပါတယ္။

အခု ဒီအဆိုကေတာ့ သိပ္ၿပီး ထူးထူးျခားျခားေဆြးေႏြးဖို႔ရာ အေၾကာင္းမရွိႏိုင္ဘူးလို႔လည္း စိုင္းသီဟေက်ာ္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
----------
(Unicode)⤵⤵⤵
ဝန္ႀကီးဌာန ႏွစ္ခုကို ေပါင္းမယ္

ဓာတ်ပုံ မူပိုင် Getty Images
Image caption အစိုးရ ဝန်ကြီးဌာန နှစ်ခု ပေါင်းဖို့ လွှတ်တော် အတည်ပြုချက်ယူမယ်

စက်မှုဝန်ကြီးဌာနနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ပူးပေါင်း ပြီး ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ဖွဲ့စည်းဖို့ လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့ လွှတ်တော်မှာ အစိုးရဘက်က လာရှင်းဖို့ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်က ဘီဘီစီ ကိုပြောပါတယ် ။

ဒီလိုဖွဲ့စည်းမယ့်အကြောင်းကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို သမ္မတ က တာဝန်ပေးထားခဲ့တဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လာရောက်ရှင်းလင်းတင်ပြမယ် လို့လည်း ပြည်ထောင်စုလွှတ်တော်ရဲ့ လျာထားအစီအစဉ်မှာ ဖော်ပြထားပါတယ်။

စက်မှုဝန်ကြီးဌာနနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ကိုပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှု ဝန်ကြီး ဌာနဆိုပြီး ပြင်ဆင်ဖွဲ့စည်းမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကတော့ စက်မှုဝန်ကြီး ဦးခင်မောင်ချိုဟာ ရာထူးကနေနုတ်ထွက်ခဲ့ပြီးသူ့နေရာကို လက်ရှိ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးစိုးဝင်းက တွဲပြီးတာဝန် ယူထားပါတယ်။
ဓာတ်ပုံ မူပိုင် ASEAN-INDIA Meeting Youtube
Image caption အာဆီယံ အဆင့် အစည်းအဝေးမှာ တွေ့ရတဲ့ ဦးခင်မောင်ချို

ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း လွဲမှားခဲ့တဲ့ အတွက် စက်မှုဝန်ကြီး ဦးခင်မောင်ချို နုတ်ထွက်စာ တင်ခဲ့ရတာ ဖြစ်တယ်လို့ သမ္မတ ရုံးက သြဂုတ်လတုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဆီကို ဦးခင်မောင်ချိုနဲ့ ပတ်သက်တဲ့ တိုင်စာတစ်စောင် ရောက်ရှိခဲ့တဲ့နောက် ဝန်ကြီး အဆင့် ၃ ဦးပါ အဖွဲ့ဖွဲ့ပြီး အချိန်ယူ စုံစမ်းခဲ့တယ်လို့ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

ဦးခင်မောင်ချို အနေနဲ့ ရုံးပိုင်း လုပ်ထုံးလုပ်နည်း လွဲမှား ဆောင်ရွက်ခဲ့တယ် ဆိုပြီး အဲဒီ စုံစမ်းရေး အဖွဲ့ရဲ့ တွေ့ရှိချက် ထွက်လာခဲ့ပြီး နုတ်ထွက်စာတင်ရတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။

စက်မှုဝန်ကြီးဌာနဟာ လုပ်ငန်းအတော်များများ အရှုံးပေါ် နေတာတွေ ရှိတယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် စက်မှုဝန်ကြီးဌာန FB
Image caption စက်မှုဝန်ကြီးဌာနဟာလုပ်ငန်းအတော်များများ အရှုံးပေါ် နေ

နေပြည်တော် သတင်းရင်းမြစ်တွေရဲ့ အဆိုအရ BPI ဆေးဝါးစက်ရုံနဲ့ မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဦးခင်မောင်ချို တိုင်ကြား ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါ စက်မှုဝန်ကြီးဌာနက စက်ရုံနဲ့ စက်ပစ္စည်းတွေကို စီမံဘဏ္ဍာဝန်ကြီး ဌာနက ထိန်းသိမ်းကိုင်တွယ်နေပြီးတော့ စက်ရုံနဲ့ စက်ပစ္စည်းတွေ ပုဂ္ဂလိကပိုင် လုပ်ပြီးထုခွဲရောင်းချဖို့ အတွက် ပုဂ္ဂလိနဲ့ ဖက်စပ်လုပ်နေတဲ့ လုပ်ငန်းတွေကို လည်း ပြန်လည်စိစစ်လုပ်ကိုင်ဖို့ အခုလို ပူးပေါင်းလိုက်တာ ဖြစ်နိုင်တယ်လို့လည်း စိုင်းသီဟကျော်က ပြောပါတယ် ။

ဩဂုတ်လတုန်းကတော့ လူငယ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မင်းရဲပိုင်ဟိန်းကို စက်မှုဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။

အစိုးရ သက်တမ်း ကတစ်နှစ်လောက် ပဲကျန်တော့တဲ့ အချိန်မှာ ဝန်ကြီးဌာန နှစ်ခု အခုလို ပူးပေါင်းတာ ဟာ ရည်ရွယ်ချက် ကောင်းပေမယ့် အချိန်က သိပ်မရှိတော့ဘူးလို့လည်း စိုင်းသီဟကျော်က ပြောပါတယ် ။
ဓာတ်ပုံ မူပိုင် စက်မှုဝန်ကြီးဌာန FB
Image caption စက်မှုဝန်ကြီးဌာန ဝန်ကြီးနေရာကို စီမံ ကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက တွဲပြီး တာဝန်ယူထား

အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတအနေနဲ့ အစိုးရ ဖွဲ့တဲ့ အခါ အစိုးရအဖွဲ့ဝင်တွေရော ဝန်ကြီးဌာနတွေကို ရော ဖွဲ့ စည်းပြီးရင် လွှတ်တော်ကို လာရှင်းပြပြီး သဘောထား ယူရပါတယ် ။

အခုလို ဝန်ကြီးဌာန နှစ်ခုပေါင်းရင်လည်း သမ္မတက တာဝန်ပေးတဲ့သူက လွှတ်တော်ကို ရှင်းလင်းတင်ပြဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒီအဆိုကို လွှတ်တော်မှာ ဆွေးနွေးဖို့လိုရင် ဆွေးနွေးရမှာ ဖြစ် ပြီး သဘောမတူတာရှိရင် မဲခွဲရမှာ ဖြစ်ပါတယ်။

အခု ဒီအဆိုကတော့ သိပ်ပြီး ထူးထူးခြားခြားဆွေးနွေးဖို့ရာ အကြောင်းမရှိနိုင်ဘူးလို့လည်း စိုင်းသီဟကျော်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ဝန္ႀကီးဌာန ႏွစ္ခုကို ေပါင္းမယ္ ဝန္ႀကီးဌာန ႏွစ္ခုကို ေပါင္းမယ္ Reviewed by THITHTOOLWIN on 09:46 Rating: 5
Powered by Blogger.