မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ လူသတ္မႈက်ဴးလြန္သူ ႏွစ္ဦးအား ေဖာ္ထုတ္ဖမ္းဆီးရမိ

(Zawgyi)⤵⤵⤵
ရန္ကုန္ ႏိုဝင္ဘာ ၂၃

မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ သိမ္ျဖဴ မီးရထားရပ္ကြက္ သိမ္ျဖဴခုံးတံတား ေအာက္ ရထားသံလမ္းေဘးတြင္ ဩဂုတ္ ၂၁ ရက္ နံနက္ ၇ နာရီခြဲခန႔္ က ကေလးအေလာင္းတစ္ေလာင္း အား အိတ္ျဖင့္ ထည့္လ်က္ စြန႔္ပစ္ထားသည္ကို ေတြ႕ရွိရေၾကာင္း သတင္းအရ မဂၤလာေတာင္ၫြန႔္ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္ရႈ စစ္ေဆးခဲ့ရာ သိမ္ျဖဴခုံးတံတားေအာက္ ပုဇြန္ ေတာင္ဘူတာႏွင့္ ရန္ကုန္ဘူတာႀကီး အၾကား ရထားသံလမ္း မိုင္တိုင္ (၀၁-၀၂) အမွတ္(၁) ရထားသံလမ္း ေဘးႏွင့္ တံတားေအာက္ေျခ အုတ္ေပါင္ၾကားတြင္ အသက္ရွစ္ႏွစ္ ခန႔္ရွိ မိန္းကေလးအေလာင္းအား အိတ္ႏွင့္ ထုပ္ပိုးလ်က္ ဒဏ္ရာမ်ား ျဖင့္ အဝတ္အစားမ်ား မပါဘဲ ေသဆုံး ေနသည္ကို ေတြ႕ရွိခဲ့သည္။

 ေသဆုံး သူမွာ မ------ ျဖစ္ကာ ဖခင္ ျဖစ္သူႏွင့္အတူ ေအာင္ဆန္း အားကစားကြင္းအနီးတြင္ ေနထိုင္သူ ျဖစ္ေၾကာင္း စုံစမ္းသိရွိရ၍ မ----- အား ေသဆုံးေအာင္ျပဳလုပ္သူကို စုံစမ္းေဖာ္ထုတ္ အေရးယူေပးရန္ တာဝန္မႉး ဒုရဲအုပ္ ထြန္းထြန္းဦးက တရားလိုျပဳလုပ္ တိုင္တန္းသျဖင့္ မဂၤလာေတာင္ၫြန႔္ ၿမိဳ႕မရဲစခန္းက အမႈဖြင့္ အေရးယူခဲ့သည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တိုင္း ေဒသႀကီးရဲတပ္ဖြဲ႕မႉး၏ ၫႊန္ၾကား ခ်က္အရ အေရွ႕ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ၏ ႀကီးၾကပ္မႈျဖင့္ ရန္ကုန္ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံး၊ မႈခင္း အကူဌာနစု၊ အုပ္ခ်ဳပ္မႈဌာနခြဲ၊ အေရွ႕ ပိုင္းခ႐ိုင္ မႈခင္းႏွိမ္နင္းေရးဌာနစု ႏွင့္ မဂၤလာေတာင္ၫြန႔္ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္း အဖြဲ႕က အခင္းျဖစ္ရပ္ ပတ္ဝန္းက်င္ အား အေသးစိတ္စုံစမ္းစစ္ေဆး ခဲ့ရာ ျပစ္မႈက်ဴးလြန္သူသည္ စိုင္းဖုန္းေက်ာ္ (ခ) ျပည့္ၿဖိဳးပိုင္(ခ) သရဲ ျဖစ္ႏိုင္ေၾကာင္း၊ ၎မွာ အခင္းျဖစ္ ေန႔မွစ၍ ေပ်ာက္ေန ေၾကာင္း စုံစမ္းသိရွိရသျဖင့္ အျခား တိုင္းေဒသႀကီး/ျပည္နယ္ ရဲတပ္ဖြဲ႕ မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ ခဲ့ရာ ၎ကို မြန္ျပည္နယ္ ရဲတပ္ဖြဲ႕၊ က်ိဳကၡမီ နယ္ေျမရဲစခန္း မွ တပ္ဖြဲ႕ဝင္မ်ားက က်ိဳကၡမီၿမိဳ႕ ေအာင္သုခရပ္ကြက္ က်ားဆိပ္ ေျမာက္ (၁)လမ္းအတြင္း ဖမ္းဆီးရမိ ခဲ့သည္။

ဖမ္းဆီးရမိသူ စိုင္းဖုန္းေက်ာ္ အား စစ္ေဆးခဲ့ရာ ၎သည္ ဩဂုတ္ ၁၉ ရက္ ည ၁၁ နာရီခြဲ ခန႔္က ေအာင္ဆန္းအားကစားကြင္း၊ “ေ႐ႊ” ကားဂိတ္ေရွ႕ရွိ ကြပ္ပ်စ္ေပၚ တြင္ ဖခင္ျဖစ္သူႏွင့္အတူ အိပ္ေန သည့္ ေသဆုံးသူ မ------ အား ေပြ႕ခ်ီကာ သိမ္ျဖဴခုံးတံတား ေအာက္သို႔ သယ္ေဆာင္ၿပီး ထြန္းထြန္းဦး(ခ) ရွမ္းေလးႏွင့္အတူ သားမယားအျဖစ္ ျပဳက်င့္စဥ္ မ------ က ေအာ္ဟစ္ေနသျဖင့္ ထိုးႀကိတ္ထု႐ိုက္ကာ သားမယား အျဖစ္ ဆက္လက္ျပဳက်င့္ ၿပီးေနာက္ ဆာလာအိတ္အတြင္း ထည့္၍ သံလမ္းအနီးတြင္ ခ်ထားခဲ့ ေၾကာင္း ထြက္ဆိုစစ္ေဆးေပၚေပါက္ ခဲ့သျဖင့္ ထြန္းထြန္းဦး (ခ) ရွမ္းေလး ကို လိုက္လံဖမ္းဆီးခဲ့ရာ ႏိုဝင္ဘာ ၂၁ ရက္ မြန္းလြဲ ၁ နာရီခန႔္တြင္ ရန္ကုန္ဘူတာႀကီးေရွ႕ ပန္းဆိုးတန္း ခုံးတံတားေအာက္တြင္ ဖမ္းဆီးရမိ ခဲ့သည္။

စစ္ေဆး ေပၚေပါက္ခ်က္အရ ျပစ္မႈက်ဴးလြန္သူ စိုင္းဖုန္းေက်ာ္ ႏွင့္ ထြန္းထြန္းဦး (ခ)ရွမ္းေလး တို႔ ႏွစ္ဦးအား ဥပေဒႏွင့္ အညီ အျမန္တရားစြဲတင္ပို႔ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရ သည္။

ရဲျပန္ၾကား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
------------
(Unicode)⤵⤵⤵
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူသတ်မှုကျူးလွန်သူ နှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန် နိုဝင်ဘာ ၂၃
မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ မီးရထားရပ်ကွက် သိမ်ဖြူခုံးတံတား အောက် ရထားသံလမ်းဘေးတွင် ဩဂုတ် ၂၁ ရက် နံနက် ၇ နာရီခွဲခန့် က ကလေးအလောင်းတစ်လောင်း အား အိတ်ဖြင့် ထည့်လျက် စွန့်ပစ်ထားသည်ကို တွေ့ရှိရကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ သိမ်ဖြူခုံးတံတားအောက် ပုဇွန် တောင်ဘူတာနှင့် ရန်ကုန်ဘူတာကြီး အကြား ရထားသံလမ်း မိုင်တိုင် (၀၁-၀၂) အမှတ်(၁) ရထားသံလမ်း ဘေးနှင့် တံတားအောက်ခြေ အုတ်ပေါင်ကြားတွင် အသက်ရှစ်နှစ် ခန့်ရှိ မိန်းကလေးအလောင်းအား အိတ်နှင့် ထုပ်ပိုးလျက် ဒဏ်ရာများ ဖြင့် အဝတ်အစားများ မပါဘဲ သေဆုံး နေသည်ကို တွေ့ရှိခဲ့သည်။ သေဆုံး သူမှာ မ------ ဖြစ်ကာ ဖခင် ဖြစ်သူနှင့်အတူ အောင်ဆန်း အားကစားကွင်းအနီးတွင် နေထိုင်သူ ဖြစ်ကြောင်း စုံစမ်းသိရှိရ၍ မ----- အား သေဆုံးအောင်ပြုလုပ်သူကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် တာဝန်မှူး ဒုရဲအုပ် ထွန်းထွန်းဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက အမှုဖွင့် အရေးယူခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြား ချက်အရ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ၏ ကြီးကြပ်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်း အကူဌာနစု၊ အုပ်ချုပ်မှုဌာနခွဲ၊ အရှေ့ ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစု နှင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က အခင်းဖြစ်ရပ် ပတ်ဝန်းကျင် အား အသေးစိတ်စုံစမ်းစစ်ဆေး ခဲ့ရာ ပြစ်မှုကျူးလွန်သူသည် စိုင်းဖုန်းကျော် (ခ) ပြည့်ဖြိုးပိုင်(ခ) သရဲ ဖြစ်နိုင်ကြောင်း၊ ၎င်းမှာ အခင်းဖြစ် နေ့မှစ၍ ပျောက်နေ ကြောင်း စုံစမ်းသိရှိရသဖြင့် အခြား တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့ များနှင့် ချိတ်ဆက်ဆောင်ရွက် ခဲ့ရာ ၎င်းကို မွန်ပြည်နယ် ရဲတပ်ဖွဲ့၊ ကျိုက္ခမီ နယ်မြေရဲစခန်း မှ တပ်ဖွဲ့ဝင်များက ကျိုက္ခမီမြို့ အောင်သုခရပ်ကွက် ကျားဆိပ် မြောက် (၁)လမ်းအတွင်း ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ စိုင်းဖုန်းကျော် အား စစ်ဆေးခဲ့ရာ ၎င်းသည် ဩဂုတ် ၁၉ ရက် ည ၁၁ နာရီခွဲ ခန့်က အောင်ဆန်းအားကစားကွင်း၊ “ရွှေ” ကားဂိတ်ရှေ့ရှိ ကွပ်ပျစ်ပေါ် တွင် ဖခင်ဖြစ်သူနှင့်အတူ အိပ်နေ သည့် သေဆုံးသူ မ------ အား ပွေ့ချီကာ သိမ်ဖြူခုံးတံတား အောက်သို့ သယ်ဆောင်ပြီး ထွန်းထွန်းဦး(ခ) ရှမ်းလေးနှင့်အတူ သားမယားအဖြစ် ပြုကျင့်စဉ် မ------ က အော်ဟစ်နေသဖြင့် ထိုးကြိတ်ထုရိုက်ကာ သားမယား အဖြစ် ဆက်လက်ပြုကျင့် ပြီးနောက် ဆာလာအိတ်အတွင်း ထည့်၍ သံလမ်းအနီးတွင် ချထားခဲ့ ကြောင်း ထွက်ဆိုစစ်ဆေးပေါ်ပေါက် ခဲ့သဖြင့် ထွန်းထွန်းဦး (ခ) ရှမ်းလေး ကို လိုက်လံဖမ်းဆီးခဲ့ရာ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်ဘူတာကြီးရှေ့ ပန်းဆိုးတန်း ခုံးတံတားအောက်တွင် ဖမ်းဆီးရမိ ခဲ့သည်။

စစ်ဆေး ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ စိုင်းဖုန်းကျော် နှင့် ထွန်းထွန်းဦး (ခ)ရှမ်းလေး တို့ နှစ်ဦးအား ဥပဒေနှင့် အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ရဲပြန်ကြား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ လူသတ္မႈက်ဴးလြန္သူ ႏွစ္ဦးအား ေဖာ္ထုတ္ဖမ္းဆီးရမိ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ လူသတ္မႈက်ဴးလြန္သူ ႏွစ္ဦးအား ေဖာ္ထုတ္ဖမ္းဆီးရမိ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.