ျမန္မာအလုုပ္သမား ၈၀ ေက်ာ္ ထိုင္း ျပည္ႏွင္ဒဏ္ေပး

ျပည္ႏွင္ဒဏ္ေပးခံရသည့္ ျမန္မာအလုပ္သမားမ်ား။ (ဓာတ္ပံု - ျမန္မာေရႊ႕ေျပာင္းအလုပ္သမား အရင္းအျမစ္စင္တာ၊ ႏုိဝင္ဘာ ၂၂၊ ၂၀၁၉)

(Zawgyi / Unicode)

ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၈၀ ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြက ျပည္ႏွင္ဒဏ္ေပးခဲ့ပါတယ္။ အဲဒီလူေတြကို ရေနာင္း-ေကာ့ေသာင္း နယ္စပ္ဂိတ္ကေန ေသာၾကာေန႔က ျပန္ပို႔ခဲ့တာျဖစ္ၿပီး သူတို႔အမ်ားစုဟာ ျမန္မာျပည္မျပန္ခ်င္ဘဲ ထုိင္္းႏုိင္ငံမွာပဲ လုပ္ကိုင္ခ်င္ၾကတယ္လုိ႔ ေရႊ႕ေျပာင္းအလုပ္သမားအေရး လုပ္ေဆာင္ေနသူတဦးက ဗီြအိုေအကို ေျပာပါတယ္။ အျပည့္အစံုကုိ ဗီြအိုေအ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံထဲကို တရားမ၀င္ ၀င္ေရာက္မႈ၊ တရားဝင္ အေထာက္အထားေတြ အျပည့္အစံု မရွိမႈေတြေၾကာင့္ ျမန္မာအလုပ္သမား ၈၀ ေက်ာ္ကို ျပည္ႏွင္ဒဏ္ေပးတာျဖစ္တယ္လိုု႔ ေကာ့ေသာင္းၿမိဳ႕ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား အရင္းအျမစ္စင္တာ တာ၀န္ခံ ဦးမုိးေ၀က အခုလိုေျပာပါတယ္။

“အားလံုး ၈၁ ေယာက္၊ မိန္းကေလးက ၁၂ ေယာက္၊ ေယာက္်ားေလးက ၆၉ ေယာက္၊ ဒီထဲမွာ စိ္တ္မႏွံ႔တဲ့ မိန္းကေလးတေယာက္ ပါတယ္။ တခ်ဳိ႕က ၄၅ ရက္ေနရတယ္၊ မေကြးတုိင္းဘက္က ၂ ေယာက္နဲ႔ က်န္တဲ့ ၃ ေယာက္ အားလံုးေပါင္း ၅ ေယာက္၊ တခ်ဳိ႕က ၄ လ ေနရတယ္၊ တခ်ဳိ႕က ၃ လေနရတယ္။ နယ္ေတြမွာဆို နည္းနည္းၾကာၾကာေနရတယ္။ လူကုန္ကူးမႈနဲ႔ ဆက္စပ္လားဆိုတာ သူတို႔ စစ္ေဆးေနတာေတြ ရွိတယ္။”

အခုလို ျပည္ႏွင္ဒဏ္ေပးခံရတဲ့ အလုပ္သမားေတြထဲက ႏိုင္ငံကူးစာအုပ္ရွိတဲ့သူေတြဟာ ထုိင္းႏိုင္ငံထဲကို ေနာက္ထပ္ အနည္းဆံုး ၆ လကေန ၂ ႏွစ္ထိ ျပန္၀င္ခြင့္မရၾကဘူးလို႔ ဆုိပါတယ္။

“စာအုပ္ရွိတဲ့သူေတြ၊ အလုပ္ရွင္မတူတဲ့သူေတြဆို ဒီလူေတြ သြားလို႔မရဘူး၊ အနည္းဆံုး ၆ လကေန ၂ ႏွစ္ထိ ျပန္သြားလို႔မရဘူး။ စာရြက္စာတမ္းမရွိတဲ့ သူေတြကေတာ့ လက္ေဗြရာ တခုတည္းနဲ႔ဆိုရင္ေတာ့ သူတို႔က တရား၀င္လုပ္ၿပီး ျပန္သြားလို႔ရတယ္။ ျမန္မာျပည္ျပန္ စာရြက္စာတမ္း ေသခ်ာလုပ္ၿပီး ျပန္သြားလို႔ရတယ္။ အခု ဖမ္းၿပီး ျပန္ပုိ႔ခံရတဲ့သူေတြက အမ်ားစုက မျပန္ခ်င္ၾကဘူး။ တခ်ဳိ႕က အိမ္ေပါင္ ၿခံေပါင္ၿပီး လာၾကတာ၊ သူတုိ႔က ထိုင္းမွာ လုပ္စားခ်င္ေသးတယ္။”

အခုလို ဖမ္းဆီးၿပီး ျပန္ပို႔ခံရတာေတြ ရွိေနတဲ့ၾကားမွာပဲ အလုပ္အကိုင္ အခြင့္အလမ္း ရွာေနၾကတဲ့ ျမန္မာအလုပ္သမားေတြကေတာ့ ထုိင္းႏိုင္ငံထဲကို ေန႔စဥ္ သြားေရာက္ေနဆဲပါ။

အခုဆိုရင္ ႏွစ္ႏိုင္ငံ သေဘာတူစာခ်ဳပ္ (MOU) နဲ႔ တရား၀င္ အလုပ္သြားလုပ္ၾကမယ့္ ေရလုပ္သား ၃၉ ဦးကို ဒီရက္ပုိင္းအတြင္းမွာပဲ ေကာ့ေသာင္းခ႐ိုင္၊ ေအးရိပ္ၿငိမ္ရပ္ကြက္မွာ ထိုင္းႏုိင္ငံထဲမွာ လံုၿခံဳစြာသြားလာၿပီး အလုပ္လုပ္ကိုင္ႏိုင္ေရးအတြက္ အသိပညာ ေပးတာေတြကို ေကာ့ေသာင္းခ႐ိုင္၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္း‌ေရး ရဲတပ္ဖြဲ႔နဲ႔ ပူးေပါင္းေဆာင္ရြက္ခဲ့တယ္လို႔လည္း ဦးမိုးေ၀က ေျပာပါတယ္။

---------------------------

(Unicode)

မြန်မာအလုပ်သမား ၈၀ ကျော် ထိုင်း ပြည်နှင်ဒဏ်ပေး

မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ အဲဒီလူတွေကို ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကနေ သောကြာနေ့က ပြန်ပို့ခဲ့တာဖြစ်ပြီး သူတို့အများစုဟာ မြန်မာပြည်မပြန်ချင်ဘဲ ထိုင်းနိုင်ငံမှာပဲ လုပ်ကိုင်ချင်ကြတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှု၊ တရားဝင် အထောက်အထားတွေ အပြည့်အစုံ မရှိမှုတွေကြောင့် မြန်မာအလုပ်သမား ၈၀ ကျော်ကို ပြည်နှင်ဒဏ်ပေးတာဖြစ်တယ်လို့ ကော့သောင်းမြို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ တာဝန်ခံ ဦးမိုးဝေက အခုလိုပြောပါတယ်။

“အားလုံး ၈၁ ယောက်၊ မိန်းကလေးက ၁၂ ယောက်၊ ယောက်ျားလေးက ၆၉ ယောက်၊ ဒီထဲမှာ စိတ်မနှံ့တဲ့ မိန်းကလေးတယောက် ပါတယ်။ တချို့က ၄၅ ရက်နေရတယ်၊ မကွေးတိုင်းဘက်က ၂ ယောက်နဲ့ ကျန်တဲ့ ၃ ယောက် အားလုံးပေါင်း ၅ ယောက်၊ တချို့က ၄ လ နေရတယ်၊ တချို့က ၃ လနေရတယ်။ နယ်တွေမှာဆို နည်းနည်းကြာကြာနေရတယ်။ လူကုန်ကူးမှုနဲ့ ဆက်စပ်လားဆိုတာ သူတို့ စစ်ဆေးနေတာတွေ ရှိတယ်။”

အခုလို ပြည်နှင်ဒဏ်ပေးခံရတဲ့ အလုပ်သမားတွေထဲက နိုင်ငံကူးစာအုပ်ရှိတဲ့သူတွေဟာ ထိုင်းနိုင်ငံထဲကို နောက်ထပ် အနည်းဆုံး ၆ လကနေ ၂ နှစ်ထိ ပြန်ဝင်ခွင့်မရကြဘူးလို့ ဆိုပါတယ်။

“စာအုပ်ရှိတဲ့သူတွေ၊ အလုပ်ရှင်မတူတဲ့သူတွေဆို ဒီလူတွေ သွားလို့မရဘူး၊ အနည်းဆုံး ၆ လကနေ ၂ နှစ်ထိ ပြန်သွားလို့မရဘူး။ စာရွက်စာတမ်းမရှိတဲ့ သူတွေကတော့ လက်ဗွေရာ တခုတည်းနဲ့ဆိုရင်တော့ သူတို့က တရားဝင်လုပ်ပြီး ပြန်သွားလို့ရတယ်။ မြန်မာပြည်ပြန် စာရွက်စာတမ်း သေချာလုပ်ပြီး ပြန်သွားလို့ရတယ်။ အခု ဖမ်းပြီး ပြန်ပို့ခံရတဲ့သူတွေက အများစုက မပြန်ချင်ကြဘူး။ တချို့က အိမ်ပေါင် ခြံပေါင်ပြီး လာကြတာ၊ သူတို့က ထိုင်းမှာ လုပ်စားချင်သေးတယ်။”

အခုလို ဖမ်းဆီးပြီး ပြန်ပို့ခံရတာတွေ ရှိနေတဲ့ကြားမှာပဲ အလုပ်အကိုင် အခွင့်အလမ်း ရှာနေကြတဲ့ မြန်မာအလုပ်သမားတွေကတော့ ထိုင်းနိုင်ငံထဲကို နေ့စဉ် သွားရောက်နေဆဲပါ။

အခုဆိုရင် နှစ်နိုင်ငံ သဘောတူစာချုပ် (MOU) နဲ့ တရားဝင် အလုပ်သွားလုပ်ကြမယ့် ရေလုပ်သား ၃၉ ဦးကို ဒီရက်ပိုင်းအတွင်းမှာပဲ ကော့သောင်းခရိုင်၊ အေးရိပ်ငြိမ်ရပ်ကွက်မှာ ထိုင်းနိုင်ငံထဲမှာ လုံခြုံစွာသွားလာပြီး အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အသိပညာ ပေးတာတွေကို ကော့သောင်းခရိုင်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်း‌ရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း ဦးမိုးဝေက ပြောပါတယ်။

မေအးေအးမာ/ VOA Burmese
https://burmese.voanews.com
ျမန္မာအလုုပ္သမား ၈၀ ေက်ာ္ ထိုင္း ျပည္ႏွင္ဒဏ္ေပး ျမန္မာအလုုပ္သမား ၈၀ ေက်ာ္ ထိုင္း ျပည္ႏွင္ဒဏ္ေပး Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.