ကိုလံဘီယာႏိုင္ငံ ဆႏၵျပမႈတြင္ အနည္းဆုံးလူ၃ဦးေသဆုံး

ကိုလံဘီယာႏိုင္ငံ ဆႏၵျပမႈအားေတြ႕ရစဥ္ (ဓာတ္ပုံ--အင္တာနက္)
(Zawgyi)⤵⤵⤵
ဘိုဂိုတာ၊ ႏိုဝင္ဘာ ၂၃ ရက္(ဆင္ဟြာ)

 ကိုလံဘီယာႏိုင္ငံ၏ အေနာက္ပိုင္း Valle del Cauca ျပည္နယ္ တြင္ ႏိုဝင္ဘာ ၂၁ ရက္တြင္ျဖစ္ပြားခဲ့သည့္ ႏိုင္ငံလုံးဆိုင္ရာဆႏၵျပမႈတစ္ခုတြင္ အနည္းဆုံးလူ ၃ ဦး ေသဆုံးခဲ့ေၾကာင္း ကိုလံဘီယာႏိုင္ငံ ကာကြယ္ေရးဝန္ႀကီး Carlos Holmes Trujillo က ႏိုဝင္ဘာ ၂၂ ရက္တြင္ေျပာသည္။

ဆူပူမႈျဖစ္ပြားၿပီး နာရီအနည္းငယ္အတြင္းတြင္ Buenaventura dueမွ ေသဆုံးသူ ၂ ဦး၊ Candelaria ေသဆုံးသူ၁ဦးရွိၿပီး ၿမိဳ႕၂ ၿမိဳ႕လုံးသည္ Valle (del Cauca) ျပည္နယ္တြင္ရွိေသာ ၿမိဳ႕မ်ားျဖစ္ေၾကာင္း Holmes Trujillo က သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ေျပာၾကားခဲ့သည္။

ႏိုဝင္ဘာလ ၂၁ ရက္တြင္ညတြင္ လူတစ္စုက Buenaventura ရွိ ေဈးဝယ္စင္တာ တစ္ခုကို တိုက္ခိုက္လုယက္ရန္ ႀကိဳးပမ္းမႈျဖစ္ပြားၿပီးေနာက္ လူ ၂ ဦးေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ႀကီး ၏ ေျပာၾကားခ်က္အရ သိရသည္။

ကိုလံဘီယာႏိုင္ငံတြင္ တစ္ႏိုင္ငံလုံးဆိုင္ရာ ဆႏၵျပမႈႀကီးတြင္ လူေပါင္း ၂၅၃,၀၀၀ ဝန္းက်င္ခန႔္ ပါဝင္ခဲ့ေၾကာင္း သိရသည္။ ဆႏၵျပမႈတြင္ပါဝင္ခဲ့သည့္ အခ်ိဳ႕ေသာေသာသူမ်ားကိုဖမ္းဆီးခဲ့ရၿပီး ၿမိဳ႕ႀကီးမ်ားရွိ အေဆာက္အဦးအမ်ားအျပား ပ်က္ဆီးခဲ့ေၾကာင္း၊ တိုင္းျပည္အတြင္းအပ်က္အစီးမ်ားအားျပန္လည္ျပဳျပင္ရန္ အမိန႔္ထုတ္ခဲ့ေၾကာင္း ဝန္ႀကီးကရွင္းလင္းေျပာၾကားခဲ့သည္။
(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
ကိုလံဘီယာနိုင်ငံ ဆန္ဒပြမှုတွင် အနည်းဆုံးလူ၃ဦးသေဆုံး

ကိုလံဘီယာနိုင်ငံ ဆန္ဒပြမှုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်) Latin America

 ဘိုဂိုတာ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

 ကိုလံဘီယာနိုင်ငံ၏ အနောက်ပိုင်း Valle del Cauca ပြည်နယ် တွင် နိုဝင်ဘာ ၂၁ ရက်တွင်ဖြစ်ပွားခဲ့သည့် နိုင်ငံလုံးဆိုင်ရာဆန္ဒပြမှုတစ်ခုတွင် အနည်းဆုံးလူ ၃ ဦး သေဆုံးခဲ့ကြောင်း ကိုလံဘီယာနိုင်ငံ ကာကွယ်ရေးဝန်ကြီး Carlos Holmes Trujillo က နိုဝင်ဘာ ၂၂ ရက်တွင်ပြောသည်။

ဆူပူမှုဖြစ်ပွားပြီး နာရီအနည်းငယ်အတွင်းတွင် Buenaventura dueမှ သေဆုံးသူ ၂ ဦး၊ Candelaria သေဆုံးသူ၁ဦးရှိပြီး မြို့၂ မြို့လုံးသည် Valle (del Cauca) ပြည်နယ်တွင်ရှိသော မြို့များဖြစ်ကြောင်း Holmes Trujillo က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက်တွင်ညတွင် လူတစ်စုက Buenaventura ရှိ ဈေးဝယ်စင်တာ တစ်ခုကို တိုက်ခိုက်လုယက်ရန် ကြိုးပမ်းမှုဖြစ်ပွားပြီးနောက် လူ ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး ၏ ပြောကြားချက်အရ သိရသည်။

ကိုလံဘီယာနိုင်ငံတွင် တစ်နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြမှုကြီးတွင် လူပေါင်း ၂၅၃,၀၀၀ ဝန်းကျင်ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။ ဆန္ဒပြမှုတွင်ပါဝင်ခဲ့သည့် အချို့သောသောသူများကိုဖမ်းဆီးခဲ့ရပြီး မြို့ကြီးများရှိ အဆောက်အဦးအများအပြား ပျက်ဆီးခဲ့ကြောင်း၊ တိုင်းပြည်အတွင်းအပျက်အစီးများအားပြန်လည်ပြုပြင်ရန် အမိန့်ထုတ်ခဲ့ကြောင်း ဝန်ကြီးကရှင်းလင်းပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ကိုလံဘီယာႏိုင္ငံ ဆႏၵျပမႈတြင္ အနည္းဆုံးလူ၃ဦးေသဆုံး ကိုလံဘီယာႏိုင္ငံ ဆႏၵျပမႈတြင္ အနည္းဆုံးလူ၃ဦးေသဆုံး Reviewed by THITHTOOLWIN on 04:56 Rating: 5
Powered by Blogger.