ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔ကို ျခြင္းခ်က္မရွိ ျပန္လႊတ္ဖို႔ အေမရိကန္ကေလာင္ရွင္မ်ားအသင္း ေတာင္းဆို

ေဒါင္းတို႔မ်ဳိးဆက္ သံခ်ပ္အဖဲြ႔ဝင္ ကိုပိုင္ၿဖိဳးမင္း(ေခၚ)ဒီေရ ကို ဗိုလ္တေထာင္တရားရံုးမွာ ၂၀၁၉ ဇြန္ ၃ ရက္ေန႔က ရံုးထုတ္ခဲ့စဥ္
(Zawgyi)⤵⤵⤵

ျမန္မာ့တပ္မေတာ္ကို သံခ်ပ္နဲ႔သေရာ္တဲ့ ေဒါင္းတို႔မ်ိဳးဆက္အဖြဲ႔ကို တရားရံုးက အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ခ်မွတ္လိုက္တာဟာ လူေတြရဲ႕ဥာဏ္ကြန္႔ျမဴးထုတ္ေဖာ္ျပသခြင့္ကို ေျဗာင္ခ်ိဳးေဖာက္လိုက္တာျဖစ္တယ္လို႔ Pen America ဆိုတဲ့ အေမရိကန္ကေလာင္ရွင္မ်ားအသင္းက မေန႔က ေျပာလိုက္ပါတယ္။ ဒါေၾကာင့္ အဲဒီတရားရံုးအမိန္႔ကို ျပန္လည္ရုပ္သိမ္းၿပီး သူတို႔ကို လႊတ္ေပးသင့္တယ္လို႔ေျပာပါတယ္။

သံခ်ပ္ဆိုတဲ့ အနုပညာဖန္တီးတဲ့ လူငယ္ငါးေယာက္ကို အခုလိုအျပစ္ေပးတာဟာ စစ္အစိုးရေခတ္က လုပ္ရပ္ေတြနဲ႔ တူေနတယ္လို႔လည္း အေမရိကန္ကေလာင္ရွင္မ်ားအသင္းရဲ႕လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ဆိုင္ရာ ညႊန္ၾကားေရးမွဴး Karin Deutsch Karlekar ကေထာက္ျပပါတယ္။

သေရာ္တယ္ဆိုတာ ျမန္မာႏိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာ ရွိေနၿပီးသားျဖစ္သလို၊ လူေတြရဲ႕ခံစားခ်က္ေတြကို ပံုစံတမ်ိဳးနဲ႔ ေျပာျပတာျဖစ္တဲ့အေၾကာင္းနဲ႔ အစိုးရနဲ႔တပ္မေတာ္ဟာ ဒီလိုသေရာ္တာကို အေရမထူၾကဘူး။ ဒီလိုသရုပ္ေဖာ္တာဟာ ရာဇဝတ္မႈက်ဴးလြန္တာလည္း မဟုတ္ဘူးလို႔ သူကေျပာပါတယ္။

ဒါေၾကာင့္ ဖိႏွိပ္တဲ့ဥပေဒေတြကို ျမန္မာျပည္မွာျပဳျပင္ေျပာင္းလဲေနၿပီဆိုတာ ေပၚလြင္ဖို႔အတြက္ တရားရံုးအမိန္႔ကို ျပန္ရုပ္သိမ္းဖို႔နဲ႔ အဲဒီလူငယ္ေတြကို ျခြင္းခ်က္မရွိလႊတ္ေပးသင့္တယ္လို႔ Pen America အသင္းက ေတာင္းဆိုလိုက္ပါတယ္။

ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔ကို ဦးေဆာင္တဲ့ ကိုေဇယ်ာလြင္၊ ကိုပိုင္ရဲသူ၊ ကုိပိုင္ၿဖိဳးမင္း၊ ကိုဖုိးသားနဲ႔ မေကခုိင္ထြန္းတုိ႔ ငါးေယာက္ကုိ တပ္မေတာ္ရဲ႕ ဂုဏ္သိကၡာထိခုိက္ေစတယ္ဆုိၿပီး ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္က ဒုတိယဗိုလ္မွဴးႀကီး သန္းထြန္းျမင့္က တရားစြဲတဲ့အတြက္၊ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ တႏွစ္စီက်ခံဖို႔ မရမ္းကုန္းၿမိဳ႕နယ္တရားရုံးက ေအာက္တုိဘာလ ၃ဝ ရက္ေန႔မွာ အမိန္႔ခ်လိုက္ပါတယ္။ သူတို႔ကို ရန္ကုန္တိုင္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္နဲ႔ ဧရာဝတီတိုင္း ပုသိမ္နဲ႔ ဖ်ာပံုၿမိဳ႕နယ္ေတြမွာလဲ အလားတူတရားစြဲထားပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ခြွင်းချက်မရှိ ပြန်လွှတ်ဖို့ အမေရိကန်ကလောင်ရှင်များအသင်း တောင်းဆို

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း(ခေါ်)ဒီရေ ကို ဗိုလ်တထောင်တရားရုံးမှာ ၂၀၁၉ ဇွန် ၃ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Zaw Win/ RFA

မြန်မာ့တပ်မတော်ကို သံချပ်နဲ့သရော်တဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ကို တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဟာ လူတွေရဲ့ဉာဏ်ကွန့်မြူးထုတ်ဖော်ပြသခွင့်ကို ဗြောင်ချိုးဖောက်လိုက်တာဖြစ်တယ်လို့ Pen America ဆိုတဲ့ အမေရိကန်ကလောင်ရှင်များအသင်းက မနေ့က ပြောလိုက်ပါတယ်။ ဒါကြောင့် အဲဒီတရားရုံးအမိန့်ကို ပြန်လည်ရုပ်သိမ်းပြီး သူတို့ကို လွှတ်ပေးသင့်တယ်လို့ပြောပါတယ်။

သံချပ်ဆိုတဲ့ အနုပညာဖန်တီးတဲ့ လူငယ်ငါးယောက်ကို အခုလိုအပြစ်ပေးတာဟာ စစ်အစိုးရခေတ်က လုပ်ရပ်တွေနဲ့ တူနေတယ်လို့လည်း အမေရိကန်ကလောင်ရှင်များအသင်းရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ညွှန်ကြားရေးမှူး Karin Deutsch Karlekar ကထောက်ပြပါတယ်။

သရော်တယ်ဆိုတာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ရှိနေပြီးသားဖြစ်သလို၊ လူတွေရဲ့ခံစားချက်တွေကို ပုံစံတမျိုးနဲ့ ပြောပြတာဖြစ်တဲ့အကြောင်းနဲ့ အစိုးရနဲ့တပ်မတော်ဟာ ဒီလိုသရော်တာကို အရေမထူကြဘူး။ ဒီလိုသရုပ်ဖော်တာဟာ ရာဇဝတ်မှုကျူးလွန်တာလည်း မဟုတ်ဘူးလို့ သူကပြောပါတယ်။

ဒါကြောင့် ဖိနှိပ်တဲ့ဥပဒေတွေကို မြန်မာပြည်မှာပြုပြင်ပြောင်းလဲနေပြီဆိုတာ ပေါ်လွင်ဖို့အတွက် တရားရုံးအမိန့်ကို ပြန်ရုပ်သိမ်းဖို့နဲ့ အဲဒီလူငယ်တွေကို ခြွင်းချက်မရှိလွှတ်ပေးသင့်တယ်လို့ Pen America အသင်းက တောင်းဆိုလိုက်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ဦးဆောင်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဖိုးသားနဲ့ မကေခိုင်ထွန်းတို့ ငါးယောက်ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာထိခိုက်စေတယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားစွဲတဲ့အတွက်၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တနှစ်စီကျခံဖို့ မရမ်းကုန်းမြို့နယ်တရားရုံးက အောက်တိုဘာလ ၃ဝ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။ သူတို့ကို ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်နဲ့ ဧရာဝတီတိုင်း ပုသိမ်နဲ့ ဖျာပုံမြို့နယ်တွေမှာလဲ အလားတူတရားစွဲထားပါတယ်။

RFA Burmese
https://www.rfa.org
ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔ကို ျခြင္းခ်က္မရွိ ျပန္လႊတ္ဖို႔ အေမရိကန္ကေလာင္ရွင္မ်ားအသင္း ေတာင္းဆို ေဒါင္းတို႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔ကို ျခြင္းခ်က္မရွိ ျပန္လႊတ္ဖို႔ အေမရိကန္ကေလာင္ရွင္မ်ားအသင္း ေတာင္းဆို Reviewed by THITHTOOLWIN on 00:44 Rating: 5
Powered by Blogger.