ကေလးၿမိဳ႕တြင္ သူနာျပဳႏွင့္ သားဖြားသင္တန္းေက်ာင္းမွ ပထမႏွစ္ေက်ာင္းသားတစ္ဦး ေရနစ္ေသဆုံး

(Zawgyi)⤵⤵⤵
ကေလး ႏိုဝင္ဘာ ၁

စစ္ကိုင္းတိုင္းေဒသႀကီး ကေလးခ႐ိုင္ သူနာျပဳႏွင့္ သားဖြားသင္တန္းေက်ာင္း (ကေလး)မွ ပထမႏွစ္ သူနာျပဳ သင္တန္းေက်ာင္းသားမ်ားျဖစ္ၾကေသာ ေမာင္သန္းထိုက္ေအာင္၊ ေမာင္ေဇာ္မ်ိဳးေအာင္၊ ေမာင္ဟိန္း မင္းသူ၊ ေမာင္စိုင္းေနာင္ထြန္း၊ ေမာင္ကမ္းမီႏွင့္ ဒုတိယႏွစ္ သူနာျပဳသင္တန္းေက်ာင္းသားမ်ား ျဖစ္ၾကေသာ ေတြာင္ခန႔္ေတြာင္ႏွင့္ ေမာင္ထြန္းေအာင္တို႔ ခုနစ္ဦးသည္ ေအာက္တိုဘာ ၃၁ ရက္ ညေန ၅ နာရီ ခန႔္က ကေလးၿမိဳ႕ ေနရၪၥရာျမစ္(ေဖာင္ကူး)ႏွင့္ ျမစ္သာျမစ္ဆုံတြင္ ေရဆင္းကူးၾကရာ ေမာင္ထြန္းေအာင္ႏွင့္ ေမာင္သန္းထိုက္ေအာင္တို႔ ႏွစ္ဦးသည္ ေရနစ္သြားသျဖင့္ ေမာင္ဟိန္းမင္းသူက ဆယ္ယူကယ္တင္ရာ၌ ေမာင္ထြန္းေအာင္ တစ္ဦးတည္းကိုသာ ကယ္တင္ႏိုင္ခဲ့ၿပီး ေမာင္သန္းထိုက္ေအာင္မွာ ေရနစ္ထဲသို႔ ေမ်ာပါ သြားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ကေလးၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေအာင္ကိုေဌး ဦးေဆာင္ေသာ ရွာေဖြကယ္ဆယ္ေရး တပ္ဖြဲ႕ဝင္ ေျခာက္ဦး၊ သက္ဆိုင္ရာ ရပ္ကြက္သုံးရပ္ကြက္မွ အုပ္ခ်ဳပ္ေရး မႉးမ်ားႏွင့္ ေရငုပ္ကြၽမ္းက်င္သူမ်ားအဖြဲ႕တို႔သည္ ညေန ၅ နာရီ ၃၅ မိနစ္ အခ်ိန္မွစ၍ အခင္းျဖစ္ပြားရာေနရာသို႔ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ၾကရာ ရွာေဖြေတြ႕ရွိျခင္းမရွိဘဲ ႏိုဝင္ဘာ ၁ ရက္ နံနက္ ၇ နာရီမွစတင္၍ ဆက္လက္လိုက္လံရွာေဖြၾကၿပီး နံနက္ ၉ နာရီ အခ်ိန္က ေရနစ္ေသဆုံးသြားေသာ ပထမႏွစ္ သူနာျပဳ သင္တန္းေက်ာင္းသားျဖစ္သည့္ ေမာင္သန္းထိုက္ေအာင္ ၁၉ ႏွစ္ ၏ အေလာင္းကို အခင္းျဖစ္ေနရာႏွင့္ ၁၅ ေပခန႔္အကြာတြင္ ရွာေဖြ ေတြ႕ရွိခဲ့ေၾကာင္းႏွင့္ အဆိုပါအေလာင္း အား ကေလးၿမိဳ႕ ပင္လုံတပ္ဦးေက်ာင္းမွ ပုညကုသလနာေရးကူညီမႈယာဥ္ျဖင့္ ကေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီး သို႔ ဆက္လက္ပို႔ေဆာင္ ေပးခဲ့ေၾကာင္း ကေလးၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ သိရသည္။

ခ်င္းတြင္းသား(ခ႐ိုင္ျပန္/ဆက္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
----------------
(Unicode)⤵⤵⤵
ကလေးမြို့တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ပထမနှစ်ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

ကလေး နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (ကလေး)မှ ပထမနှစ် သူနာပြု သင်တန်းကျောင်းသားများဖြစ်ကြသော မောင်သန်းထိုက်အောင်၊ မောင်ဇော်မျိုးအောင်၊ မောင်ဟိန်း မင်းသူ၊ မောင်စိုင်းနောင်ထွန်း၊ မောင်ကမ်းမီနှင့် ဒုတိယနှစ် သူနာပြုသင်တန်းကျောင်းသားများ ဖြစ်ကြသော တွောင်ခန့်တွောင်နှင့် မောင်ထွန်းအောင်တို့ ခုနစ်ဦးသည် အောက်တိုဘာ ၃၁ ရက် ညနေ ၅ နာရီ ခန့်က ကလေးမြို့ နေရဉ္စရာမြစ်(ဖောင်ကူး)နှင့် မြစ်သာမြစ်ဆုံတွင် ရေဆင်းကူးကြရာ မောင်ထွန်းအောင်နှင့် မောင်သန်းထိုက်အောင်တို့ နှစ်ဦးသည် ရေနစ်သွားသဖြင့် မောင်ဟိန်းမင်းသူက ဆယ်ယူကယ်တင်ရာ၌ မောင်ထွန်းအောင် တစ်ဦးတည်းကိုသာ ကယ်တင်နိုင်ခဲ့ပြီး မောင်သန်းထိုက်အောင်မှာ ရေနစ်ထဲသို့ မျောပါ သွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုဌေး ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ခြောက်ဦး၊ သက်ဆိုင်ရာ ရပ်ကွက်သုံးရပ်ကွက်မှ အုပ်ချုပ်ရေး မှူးများနှင့် ရေငုပ်ကျွမ်းကျင်သူများအဖွဲ့တို့သည် ညနေ ၅ နာရီ ၃၅ မိနစ် အချိန်မှစ၍ အခင်းဖြစ်ပွားရာနေရာသို့ ရှာဖွေကယ်ဆယ်ရေး
လုပ်ငန်းများ ဆောင်ရွက်ကြရာ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ နိုဝင်ဘာ ၁ ရက် နံနက် ၇ နာရီမှစတင်၍ ဆက်လက်လိုက်လံရှာဖွေကြပြီး နံနက် ၉ နာရီ အချိန်က ရေနစ်သေဆုံးသွားသော ပထမနှစ် သူနာပြု သင်တန်းကျောင်းသားဖြစ်သည့် မောင်သန်းထိုက်အောင် ၁၉ နှစ် ၏ အလောင်းကို အခင်းဖြစ်နေရာနှင့် ၁၅ ပေခန့်အကွာတွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါအလောင်း အား ကလေးမြို့ ပင်လုံတပ်ဦးကျောင်းမှ ပုညကုသလနာရေးကူညီမှုယာဉ်ဖြင့် ကလေးမြို့ပြည်သူ့ဆေးရုံကြီး သို့ ဆက်လက်ပို့ဆောင် ပေးခဲ့ကြောင်း ကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ချင်းတွင်းသား(ခရိုင်ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကေလးၿမိဳ႕တြင္ သူနာျပဳႏွင့္ သားဖြားသင္တန္းေက်ာင္းမွ ပထမႏွစ္ေက်ာင္းသားတစ္ဦး ေရနစ္ေသဆုံး ကေလးၿမိဳ႕တြင္ သူနာျပဳႏွင့္ သားဖြားသင္တန္းေက်ာင္းမွ ပထမႏွစ္ေက်ာင္းသားတစ္ဦး ေရနစ္ေသဆုံး Reviewed by THITHTOOLWIN on 00:40 Rating: 5
Powered by Blogger.