ေျခဥျပင္ေရး ေဟာေျပာသူ သံုးဦးကုိ တပ္က တရားစြဲ

ဗိုလ္ႀကီးေဟာင္းေနမ်ဳိးဇင္ကို ရန္ကုန္တုိင္း တုိက္ႀကီးၿမိဳ႕နယ္တရား႐ုံးေရွ႕မွာ ၂၀၁၉ စက္တင္ဘာ ၂၀ ရက္ေန႔ကေတြ႕ရစဥ္
(Zawgyi)⤵⤵⤵

ေကာ့ေသာင္းၿမိဳ႕မွာ ဧၿပီလ ၃ ရက္ေန႔က ျပဳလုပ္တဲ့ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ေဟာေျပာပြဲမွာ ပါဝင္ေဟာေျပာခဲ့ၾကတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္၊ ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္၊ ကဗ်ာဆရာ ေစာေဝ တို႔ကို တပ္မေတာ္က ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က) နဲ႔ တရားစဲြလိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕က တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္၊ ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္၊ ကဗ်ာဆရာ ေစာေဝ တို႔ကို ဧၿပီ ၃ ရက္ေန႔က တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းၿမိဳ႕မွာ ျပဳလုပ္တဲ့ အေျခခံဥပေဒ ျပင္ဆင္ေရး ေဟာေျပာပြဲမွာ ေျပာဆိုခဲ့တာနဲ႔ ပတ္သက္ၿပီး တပ္မေတာ္က ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က)နဲ႔ တရားစြဲထားတာကုိ တရားရုံးက လက္ခံလုိက္ပါတယ္။

ေကာ့ေသာင္းၿမိဳ႕နယ္ တရား႐ုံးက တပ္မေတာ္ရဲ႕ တုိင္ၾကားမႈကုိ မေန႔က လက္ခံလိုက္တယ္လို႔ သိရေၾကာင္း၊ အမႈဖြင့္ခံထားရသူေတြကိုေတာ့ တရားဝင္ အေၾကာင္းၾကားလာတာ မရွိေသးေၾကာင္း ဦးႀကီးျမင့္က RFA ကို ေျပာပါတယ္။

တပ္မေတာ္ကို ထိခိုက္ေအာင္ ေဟာေျပာခဲ့တာ မရွိေၾကာင္း၊  ၂၀၀၈ အေျခခံဥပေဒနဲ႔ ပတ္သက္တဲ့ ေျပာဆိုခ်က္ကို ေနာက္ေၾကာင္းျပန္ၿပီး အေရးယူတာဟာ လြတ္လပ္စြာ ေျပာဆိုခြင့္ကို ပိတ္ပင္တာျဖစ္ေၾကာင္း ဦးႀကီးျမင့္က ေျပာပါတယ္။

"မေန႔တုန္းက ညေန သံုးနာရီခြဲမွာ တရား႐ုံးက လက္ခံတယ္ဆိုေတာ့ ကၽြန္ေတာ္တို႔ေတာ့ သူမ်ားေျပာလို႔ သိတာပါဗ်ာ ဘာမွမသိေသးပါဘူး။ တပ္မေတာ္လည္း ဘာမွထိခိုက္ေျပာတာလဲ မဟုတ္ဘူး။ အေျခခံဥပေဒနဲ႔ ပတ္သက္လို႔ ေျပာတဲ့အေပၚမွာ အခုေနာက္ေၾကာင္းျပန္ၿပီးေတာ့ အေရးယူတာဟာ ကၽြန္ေတာ္အေပၚမွာ လြတ္လပ္စြာ ေျပာဆိုခြင့္ကို ပိတ္ပင္တယ္၊ ဒါဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတယ္"

ကဗ်ာဆရာ ေစာေဝ ကလည္း သူက ဘယ္ပုဂၢိဳလ္၊ ဘယ္အဖြဲ႔အစည္းကိုမွ ထိခိုက္ေအာင္ မေျပာခဲ့သလို ဥပေဒစိုးမိုးေရးနဲ႔ ဒီမိုကေရစီတည္တံ့ခိုင္ျမဲဖို႔ပဲ တစိုက္မတ္မတ္ တိုက္တြန္းတာပဲရွိတယ္လို႔ ေျပာပါတယ္။

လူတိုင္းရႏိုင္တဲ့ အခြင့္အေရးကို ဟန္႔တားတာဟာ ဒီမိုကေရစီကို ဟန္႔တားတာျဖစ္ေၾကာင္း၊ လြတ္လပ္စြာ ေျပာဆိုေရးသားခြင့္ကို ေႏွာင့္ယွက္ဖ်က္ဆီးေနတာျဖစ္ေၾကာင္းလည္း ကဗ်ာဆရာ ေစာေဝက မွတ္ခ်က္ေပးပါတယ္။

"ဒီမိုကေရစီရဲ႕မ႑ိဳင္မွာ အဓိကက်ၿပီးေတာ့ တက္ခ်္္ျဖစ္ေနတဲ့ အခ်က္တစ္ခ်က္ကေတာ့ ကၽြန္ေတာ္ေျပာခ်င္တာက လူတိုင္းေနာ္ လူတိုင္း လြတ္လပ္စြာ ေျပာဆိုေရးသားခြင့္ကို ေပးထားတာ။ ဒါက လူ႔အခြင့္အေရး ေၾကညာစာတမ္းမွာလည္းပါၿပီးသား တစ္ကမၻာလုံးက လိုက္နာဖို႔။ အခုလို လြတ္လပ္စြာ ေျပာဆိုေရးသားထုတ္ေဖာ္ခြင့္ လူတိုင္းရႏိုင္တဲ့ အခြင့္အေရးကို ဟန္႔တားတာက ဒီမိုကေရစီကို ဟန္႔တားတာပဲ။ လြတ္လပ္စြာ ေျပာဆိုေရးသားခြင့္ကို ေႏွာင့္ယွက္ဖ်က္ဆီးေနတာပဲလို႔ ေျပာခ်င္တယ္"

ေနာက္ထပ္ တရားစြဲဆိုခံထားသူတစ္ဦးျဖစ္တဲ့ ဗုိလ္ႀကီးေဟာင္း ေနမ်ိဳးဇင္ကို  ရန္ကုန္တုိင္း တုိက္ႀကီးၿမိဳ႕နယ္နဲ႔ ဧရာဝတီတုိင္း ဝါးခယ္မၿမိဳ႕နယ္တို႔မွာ အေျခခံ ဥပေဒျပင္ဆင္ေရးဆိုင္ရာ  ေျပာဆိုခ်က္တခ်ဳိ႕နဲ႔ ပတ္သက္ၿပီး သက္ဆုိင္ရာၿမိဳ႕နယ္ တရားရုံးေတြက ေထာင္ဒဏ္ တစ္ႏွစ္စီ ခ်မွတ္ထားပါတယ္။

သူတို႔ သံုးဦးကို တရားလိုျပဳလုပ္ အမႈဖြင့္ခဲ့တာကေတာ့ ကမ္း႐ိုးတန္းေဒသ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး သန္႔ဇင္ဦး ျဖစ္ပါတယ္။ ၂၀၁၉ ဧၿပီ ၁၂ ရက္ေန႔က ေကာ့ေသာင္းၿမိဳ႕နယ္ တရား႐ုံးကို ဦးတိုက္ေလွ်ာက္ထားခဲ့ရာမွာ တရားသူႀကီး ပုဒ္မ ၅၀၅ (က) နဲ႔ ေအာက္တိုဘာ ၁၇ ရက္ေန႔မွာ အတည္ျပဳၿပီး တရားစြဲဆိုထားတာျဖစ္တယ္လို႔ ဗိုလ္မွဴးႀကီး သန္႔ဇင္ဦးက RFA ကို ေျပာပါတယ္။

"ေျပာတာေတြ အကုန္လုံးကေတာ့ သြားၿငိေနတာေပါ့။ တပ္ထဲမွာ ေျပာေနတာေတြရွိတယ္ေပါ့ ဗိုလ္ခ်ဳပ္တိုက္ေဆာင္ တပ္သားဂ်ိဳင္းေထာက္ ပုံစံေတြပဲျဖစ္ေနတယ္ေပါ့။ ဒါ ေနမ်ိဳးဇင္ေျပာတဲ့ ဟာေတြပါ။ ဦးေစာေဝေျပာတာဆိုရင္ အေျခခံဥပေဒမွာပါတဲ့ နိဒါန္းက နိဂုံးအထိ ၿမိစၦာဥပေဒေတြ ျဖစ္တယ္ေပါ့။ တိုင္းျပည္ရဲ႕ အေသြးအသားအာဏာေတြ ယစ္မူးၿပီးေတာ့မွ စစ္ဘီလူးေတြက ႏွစ္ေပါင္းမ်ားစြာ ေရးဆြဲၿပီးေတာ့မွ အာဏာ႐ူးႀကီးအႀကိဳက္ကို ေဆာင္ရြက္တာျဖစ္တယ္ေပါ့။ ေနာက္ ဦးႀကီးျမင့္ေျပာတဲ့ အခ်က္ေတြဆိုရင္လည္း စစ္အာဏာရွင္ဆိုတာ ၂၀၀၈ အေျခခံဥပေဒထဲမွာ ရွိေနတယ္ေပါ့။ အဲဒီေတာ့ ဒီဥပေဒ ျပင္ဆင္႐ုံနဲ႔ မရဘဲ အသစ္ေတြ ျပန္လည္ေရးဆြဲရမွာ ျဖစ္တယ္ေပါ့ေနာ္။ အဲလိုမ်ိဳးေတြ ေဟာေျပာခဲ့တာေတြေၾကာင့္ ဦးတိုက္ၿပီး ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္"

ေရွ႕ေန ဦးႀကီးျမင့္ကေတာ့ သူတို႔ဟာ အမ်ားျပည္သူအက်ိဳး ေဆာင္ရြက္ေနသူေတြျဖစ္သလို ကိုယ့္အလုပ္ကိုယ္လုပ္ၿပီး ေစတနာ့ဝန္ထမ္း လုပ္ေနသူေတြျဖစ္တာေၾကာင့္ တပ္မေတာ္က တရးမစဲြသင့့္ဘူးလို႔ ေျပာပါတယ္။

"အခု ထစ္ခနဲ႔ဆို တရားစြဲ ကၽြန္ေတာ္တို႔က အမ်ားျပည္သူအက်ိဳးေဆာင္ရြက္ေနတဲ့ ပုဂၢိဳလ္ေတြ၊ ဘယ္ပါတီဝင္မွလည္း မဟုတ္ဘူး၊ ဘယ္ႏိုင္ငံက ေထာက္ပံ့ေၾကးကိုယူၿပီး လုပ္ေနတဲ့သူေတြလည္း မဟုတ္ဘူး။ ကိုယ့္အလုပ္ကိုယ္လုပ္ရင္း ထမင္းစားၿပီးေတာ့ ေစတနာ့ဝန္ထမ္းလုပ္ေနတဲ့ သူေတြပါ၊ ဒီလိုလုပ္တာေတာ့ စိတ္မေကာင္းဘူး။ မျဖစ္သင့္ဘူးလို႔ ကၽြန္ေတာ္က ေျပာခ်င္ပါတယ္"

အာမခံ မရႏိုင္တဲ့ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က) ဟာ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားရင္ ၂ ႏွစ္ထက္ မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ႏိုင္္ပါတယ္။

တပ္က  တရားစဲြထားတဲ့ထဲမွာ လတ္တေလာ ႏိုင္ငံတကာအထိ လူေျပာမ်ားေနတဲ့အမႈကေတာ့ သံခ်ပ္ရြတ္ဆိုတဲ့လူငယ္မ်ားအမႈပဲ ျဖစ္ပါတယ္။

မရမ္းကုန္းၿမိဳ႕နယ္ တရားရုံးက ေဒါင္းတုိ႔မိ်ဳးဆက္ သံခ်ပ္အဖြဲ႔ဝင္ ငါးဦးကုိ ပုဒ္မ ၅၀၅ (က) နဲ႔   ေအာက္တိုဘာ ၃၀ ရက္ေန႔က ေထာင္ဒဏ္ တစ္ႏွစ္စီ ခ်မွတ္ခဲ့ပါတယ္။ အဲဒီစီရင္ခ်က္ကုိ အျမန္ဆုံးျပန္လည္ ရုပ္သိမ္းသင့္ေၾကာင္း အေမရိကန္အေျခစုိက္ လူ႔အခြင့္ေရးေစာင့္ၾကည့္ေရးအဖြဲ႔ HRW က မေန႔က  ေတာင္းဆုိလုိက္ပါတယ္။

တက္ၾကြလႈပ္ရွားသူေတြကုိ တရားစြဲဆုိေထာင္ခ်ေနတာဟာ တပ္မေတာ္အေနနဲ႔ ေဝဖန္ေျပာဆုိမႈေတြကုိ လက္မခံေၾကာင္း ျပသရာေရာက္ေနတယ္လို႔ HRW အဖြဲ႔ရဲ႕ အာရွေရးရာ ညႊန္ၾကားေရးမွဴး ဖီလ္ေရာဘတ္ဆန္ (Phil Robertson) က ေျပာပါတယ္။

အလားတူ အေမရိကန္အေျခစုိက္ ေနာက္ထပ္အဖြဲ႔တစ္ခုျဖစ္တဲ့ Pen America အဖြဲ႔ကလည္း ဒီလို ေထာင္ဒဏ္ခ်မွတ္တာဟာ လြတ္လပ္စြာ ဖန္တီးေျပာဆုိခြင့္ကုိ ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း မေန႔က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ေဒါင္းတုိ႔မ်ိဳးဆက္သံခ်ပ္အဖြဲ႔က ေထာင္ဒဏ္ခ်မွတ္ခံထားရတဲ့ ကုိပုိင္ရဲသူက ဒီမုိကေရစီ အသြင္ကူးေျပာင္းေရးမွာ အစုိးရဌာနဆုိင္ရာတခ်ိဳ႕ ေျပာင္းလဲသြားတာရွိေပမယ့္ တရားစီရင္ေရးက႑မွာေတာ့ ေျပာင္းလဲမႈမရွိေၾကာင္း၊ တပ္မေတာ္က တရားစြဲဆုိမႈေတြမွာ ေထာင္ဒဏ္ခ်မွတ္မႈေတြဟာ အျမဲလုိလုိျဖစ္ေနေၾကာင္း ေဝဖန္ပါတယ္။

ဒါေၾကာင့္ တရားစီရင္ေရးက႑မွာ ဥပေဒအရ မွန္မွန္ကန္ကန္ ျဖစ္ေစခ်င္ေၾကာင္း ကုိပုိင္ရဲသူက ေျပာပါတယ္။

"အထူးသျဖင့္ ဒီတရားစီရင္ေရးဟာ လုံးဝမေျပာင္းလဲတဲ့ အေနအထားကို ကၽြန္ေတာ္တို႔ ေတြ႔ရတယ္။ တရားစီရင္ေရးမွာ လိုက္ေျပာင္းလိမ့္မယ္လို႔ ထင္ျမင္ယူဆခ်က္နဲ႔ ကၽြန္ေတာ္တို႔ တရားရင္ဆိုင္တယ္။ တရား႐ုံးမွာ တရားခြင္ကို ေလးေလးစားစားနဲ႔ တက္ေရာက္တယ္။ ၿပီးေတာ့ ေကာင္းေကာင္းမြန္မြန္ ခုခံတယ္၊ ေခ်ပတယ္။ ဒါေပမဲ့လည္း ကၽြန္ေတာ္တို႔ ခုခံေခ်ပမႈဟာ ကၽြန္ေတာ္တို႔ ႀကိဳတင္မွန္းဆထားသလိုပဲ အရာမေရာက္ခဲ့ပါဘူး။ စစ္တပ္တရားလိုလုပ္တဲ့ အမႈတိုင္းက ေထာင္က်ကို က်မယ္ဆိုတဲ့ က်ိမ္းေသက ကၽြန္ေတာ္တို႔ ႏိုင္ငံအတြက္ အမွန္တရားတစ္ခုလိုျဖစ္ေနယ္။ တရားဥပေဒကို အသံုးခ်ၿပီး ကၽြန္ေတာ္တို႔ကို ေထာင္ထဲထည့္ထားတယ္။ တရားဥပေဒအရ ကၽြန္ေတာ္တို႔ အမွန္အကန္အတိုင္းပဲ ျဖစ္ေစခ်င္ပါတယ္၊ ျဖစ္ခ်င္ပါတယ္"

ဒီကေန႔ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ တရား႐ုံး ႐ုံးထုတ္မွာ ကိုပိုင္ရဲသူ ေျပာသြားခဲ့တာပါ။

အြန္လုိင္း ဆိုရွယ္မီဒီယာကေန တပ္မေတာ္ကို ေဝဖန္ခဲ့သူ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးလည္း ပုဒ္မ ၅၀၅ (က) နဲ႔ ေထာင္ဒဏ္ခ်မွတ္ခံထားရပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ခြေဥပြင်ရေး ဟောပြောသူ သုံးဦးကို တပ်က တရားစွဲ

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တရားရုံးရှေ့မှာ ၂၀၁၉ စက်တင်ဘာ ၂၀ ရက်နေ့ကတွေ့ရစဉ်
Photo: Aung Thain Kha/RFA

ကော့သောင်းမြို့မှာ ဧပြီလ ၃ ရက်နေ့က ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှာ ပါဝင်ဟောပြောခဲ့ကြတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကဗျာဆရာ စောဝေ တို့ကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲလိုက်ပါတယ်။

ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ကဗျာဆရာ စောဝေ တို့ကို ဧပြီ ၃ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ပြုလုပ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲမှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထားတာကို တရားရုံးက လက်ခံလိုက်ပါတယ်။

ကော့သောင်းမြို့နယ် တရားရုံးက တပ်မတော်ရဲ့ တိုင်ကြားမှုကို မနေ့က လက်ခံလိုက်တယ်လို့ သိရကြောင်း၊ အမှုဖွင့်ခံထားရသူတွေကိုတော့ တရားဝင် အကြောင်းကြားလာတာ မရှိသေးကြောင်း ဦးကြီးမြင့်က RFA ကို ပြောပါတယ်။

တပ်မတော်ကို ထိခိုက်အောင် ဟောပြောခဲ့တာ မရှိကြောင်း၊  ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ပြောဆိုချက်ကို နောက်ကြောင်းပြန်ပြီး အရေးယူတာဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်တာဖြစ်ကြောင်း ဦးကြီးမြင့်က ပြောပါတယ်။

"မနေ့တုန်းက ညနေ သုံးနာရီခွဲမှာ တရားရုံးက လက်ခံတယ်ဆိုတော့ ကျွန်တော်တို့တော့ သူများပြောလို့ သိတာပါဗျာ ဘာမှမသိသေးပါဘူး။ တပ်မတော်လည်း ဘာမှထိခိုက်ပြောတာလဲ မဟုတ်ဘူး။ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြောတဲ့အပေါ်မှာ အခုနောက်ကြောင်းပြန်ပြီးတော့ အရေးယူတာဟာ ကျွန်တော်အပေါ်မှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်တယ်၊ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်"

ကဗျာဆရာ စောဝေ ကလည်း သူက ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကိုမှ ထိခိုက်အောင် မပြောခဲ့သလို ဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီတည်တံ့ခိုင်မြဲဖို့ပဲ တစိုက်မတ်မတ် တိုက်တွန်းတာပဲရှိတယ်လို့ ပြောပါတယ်။

လူတိုင်းရနိုင်တဲ့ အခွင့်အရေးကို ဟန့်တားတာဟာ ဒီမိုကရေစီကို ဟန့်တားတာဖြစ်ကြောင်း၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို နှောင့်ယှက်ဖျက်ဆီးနေတာဖြစ်ကြောင်းလည်း ကဗျာဆရာ စောဝေက မှတ်ချက်ပေးပါတယ်။

"ဒီမိုကရေစီရဲ့မဏ္ဍိုင်မှာ အဓိကကျပြီးတော့ တက်ချ်ဖြစ်နေတဲ့ အချက်တစ်ချက်ကတော့ ကျွန်တော်ပြောချင်တာက လူတိုင်းနော် လူတိုင်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ပေးထားတာ။ ဒါက လူ့အခွင့်အရေး ကြေညာစာတမ်းမှာလည်းပါပြီးသား တစ်ကမ္ဘာလုံးက လိုက်နာဖို့။ အခုလို လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခွင့် လူတိုင်းရနိုင်တဲ့ အခွင့်အရေးကို ဟန့်တားတာက ဒီမိုကရေစီကို ဟန့်တားတာပဲ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို နှောင့်ယှက်ဖျက်ဆီးနေတာပဲလို့ ပြောချင်တယ်"

နောက်ထပ် တရားစွဲဆိုခံထားသူတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို  ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်နဲ့ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်တို့မှာ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ  ပြောဆိုချက်တချို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် တရားရုံးတွေက ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ထားပါတယ်။

သူတို့ သုံးဦးကို တရားလိုပြုလုပ် အမှုဖွင့်ခဲ့တာကတော့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦး ဖြစ်ပါတယ်။ ၂၀၁၉ ဧပြီ ၁၂ ရက်နေ့က ကော့သောင်းမြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ရာမှာ တရားသူကြီး ပုဒ်မ ၅၀၅ (က) နဲ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ အတည်ပြုပြီး တရားစွဲဆိုထားတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး သန့်ဇင်ဦးက RFA ကို ပြောပါတယ်။

"ပြောတာတွေ အကုန်လုံးကတော့ သွားငြိနေတာပေါ့။ တပ်ထဲမှာ ပြောနေတာတွေရှိတယ်ပေါ့ ဗိုလ်ချုပ်တိုက်ဆောင် တပ်သားဂျိုင်းထောက် ပုံစံတွေပဲဖြစ်နေတယ်ပေါ့။ ဒါ နေမျိုးဇင်ပြောတဲ့ ဟာတွေပါ။ ဦးစောဝေပြောတာဆိုရင် အခြေခံဥပဒေမှာပါတဲ့ နိဒါန်းက နိဂုံးအထိ မြိစ္ဆာဥပဒေတွေ ဖြစ်တယ်ပေါ့။ တိုင်းပြည်ရဲ့ အသွေးအသားအာဏာတွေ ယစ်မူးပြီးတော့မှ စစ်ဘီလူးတွေက နှစ်ပေါင်းများစွာ ရေးဆွဲပြီးတော့မှ အာဏာရူးကြီးအကြိုက်ကို ဆောင်ရွက်တာဖြစ်တယ်ပေါ့။ နောက် ဦးကြီးမြင့်ပြောတဲ့ အချက်တွေဆိုရင်လည်း စစ်အာဏာရှင်ဆိုတာ ၂၀၀၈ အခြေခံဥပဒေထဲမှာ ရှိနေတယ်ပေါ့။ အဲဒီတော့ ဒီဥပဒေ ပြင်ဆင်ရုံနဲ့ မရဘဲ အသစ်တွေ ပြန်လည်ရေးဆွဲရမှာ ဖြစ်တယ်ပေါ့နော်။ အဲလိုမျိုးတွေ ဟောပြောခဲ့တာတွေကြောင့် ဦးတိုက်ပြီး လျှောက်ထားခဲ့တာဖြစ်ပါတယ်"

ရှေ့နေ ဦးကြီးမြင့်ကတော့ သူတို့ဟာ အများပြည်သူအကျိုး ဆောင်ရွက်နေသူတွေဖြစ်သလို ကိုယ့်အလုပ်ကိုယ်လုပ်ပြီး စေတနာ့ဝန်ထမ်း လုပ်နေသူတွေဖြစ်တာကြောင့် တပ်မတော်က တရးမစွဲသင့်ဘူးလို့ ပြောပါတယ်။

"အခု ထစ်ခနဲ့ဆို တရားစွဲ ကျွန်တော်တို့က အများပြည်သူအကျိုးဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ဘယ်ပါတီဝင်မှလည်း မဟုတ်ဘူး၊ ဘယ်နိုင်ငံက ထောက်ပံ့ကြေးကိုယူပြီး လုပ်နေတဲ့သူတွေလည်း မဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ထမင်းစားပြီးတော့ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ သူတွေပါ၊ ဒီလိုလုပ်တာတော့ စိတ်မကောင်းဘူး။ မဖြစ်သင့်ဘူးလို့ ကျွန်တော်က ပြောချင်ပါတယ်"

အာမခံ မရနိုင်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ၂ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်ပါတယ်။

တပ်က  တရားစွဲထားတဲ့ထဲမှာ လတ်တလော နိုင်ငံတကာအထိ လူပြောများနေတဲ့အမှုကတော့ သံချပ်ရွတ်ဆိုတဲ့လူငယ်များအမှုပဲ ဖြစ်ပါတယ်။

မရမ်းကုန်းမြို့နယ် တရားရုံးက ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို ပုဒ်မ ၅၀၅ (က) နဲ့   အောက်တိုဘာ ၃၀ ရက်နေ့က ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။ အဲဒီစီရင်ချက်ကို အမြန်ဆုံးပြန်လည် ရုပ်သိမ်းသင့်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့က  တောင်းဆိုလိုက်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုထောင်ချနေတာဟာ တပ်မတော်အနေနဲ့ ဝေဖန်ပြောဆိုမှုတွေကို လက်မခံကြောင်း ပြသရာရောက်နေတယ်လို့ HRW အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ဖီလ်ရောဘတ်ဆန် (Phil Robertson) က ပြောပါတယ်။

အလားတူ အမေရိကန်အခြေစိုက် နောက်ထပ်အဖွဲ့တစ်ခုဖြစ်တဲ့ Pen America အဖွဲ့ကလည်း ဒီလို ထောင်ဒဏ်ချမှတ်တာဟာ လွတ်လပ်စွာ ဖန်တီးပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကိုပိုင်ရဲသူက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အစိုးရဌာနဆိုင်ရာတချို့ ပြောင်းလဲသွားတာရှိပေမယ့် တရားစီရင်ရေးကဏ္ဍမှာတော့ ပြောင်းလဲမှုမရှိကြောင်း၊ တပ်မတော်က တရားစွဲဆိုမှုတွေမှာ ထောင်ဒဏ်ချမှတ်မှုတွေဟာ အမြဲလိုလိုဖြစ်နေကြောင်း ဝေဖန်ပါတယ်။

ဒါကြောင့် တရားစီရင်ရေးကဏ္ဍမှာ ဥပဒေအရ မှန်မှန်ကန်ကန် ဖြစ်စေချင်ကြောင်း ကိုပိုင်ရဲသူက ပြောပါတယ်။

"အထူးသဖြင့် ဒီတရားစီရင်ရေးဟာ လုံးဝမပြောင်းလဲတဲ့ အနေအထားကို ကျွန်တော်တို့ တွေ့ရတယ်။ တရားစီရင်ရေးမှာ လိုက်ပြောင်းလိမ့်မယ်လို့ ထင်မြင်ယူဆချက်နဲ့ ကျွန်တော်တို့ တရားရင်ဆိုင်တယ်။ တရားရုံးမှာ တရားခွင်ကို လေးလေးစားစားနဲ့ တက်ရောက်တယ်။ ပြီးတော့ ကောင်းကောင်းမွန်မွန် ခုခံတယ်၊ ချေပတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ခုခံချေပမှုဟာ ကျွန်တော်တို့ ကြိုတင်မှန်းဆထားသလိုပဲ အရာမရောက်ခဲ့ပါဘူး။ စစ်တပ်တရားလိုလုပ်တဲ့ အမှုတိုင်းက ထောင်ကျကို ကျမယ်ဆိုတဲ့ ကျိမ်းသေက ကျွန်တော်တို့ နိုင်ငံအတွက် အမှန်တရားတစ်ခုလိုဖြစ်နေယ်။ တရားဥပဒေကို အသုံးချပြီး ကျွန်တော်တို့ကို ထောင်ထဲထည့်ထားတယ်။ တရားဥပဒေအရ ကျွန်တော်တို့ အမှန်အကန်အတိုင်းပဲ ဖြစ်စေချင်ပါတယ်၊ ဖြစ်ချင်ပါတယ်"

ဒီကနေ့ ဗိုလ်တစ်ထောင်မြို့နယ် တရားရုံး ရုံးထုတ်မှာ ကိုပိုင်ရဲသူ ပြောသွားခဲ့တာပါ။

အွန်လိုင်း ဆိုရှယ်မီဒီယာကနေ တပ်မတော်ကို ဝေဖန်ခဲ့သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးလည်း ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

RFA Burmese
https://www.rfa.org
ေျခဥျပင္ေရး ေဟာေျပာသူ သံုးဦးကုိ တပ္က တရားစြဲ ေျခဥျပင္ေရး ေဟာေျပာသူ သံုးဦးကုိ တပ္က တရားစြဲ Reviewed by THITHTOOLWIN on 00:46 Rating: 5
Powered by Blogger.