
(Zawgyi)⤵⤵⤵



ခင်ကို(ကျောက်တံခါး)
Myanmaalinn
-------------
(Unicode)⤵⤵⤵
ကျောက်တံခါးမြို့၌ ၂၂ ဘီးယာဉ်မှ နောက်ဆုတ်စဉ်နောက်မှ အချက်ပြပေးနေသူအား တိုက်မိ၍နေရာတွင်သေဆုံး

ကျောက်တံခါး နိုဝင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့မရဲစခန်းအပိုင်ဟာရီးကျေးရွာအုပ်စုသူဌေးကုန်းကျေးရွာ၌ နိုဝင်ဘာ၂၉ရက်ညနေ၄နာရီခွဲခန့်က စိန်ကမ္ဘာဆန်စက်တွင် ကျောက်ပန်းတောင်းမြို့နယ်နေ ယာဉ်မောင်း ဇေယျာအောင် (၂၃)နှစ် မောင်းနှင်သောYGN-1L/---- ၂၂ ဘီးယာဉ်မှာဆန်စက်မှဆန်များတင်ရန် ဆန်စက်အပေါက်သို့ ကားဖင်ထိုးစဉ် ယာဉ်နောက်မှလက်ပြ၍ ယာဉ်အားနောက်ဆုတ် ခိုင်းနေသော ကျောက်တံခါးမြို့နယ်နေ ကိုဇော်မင်းလတ် (၃၅)နှစ် သူဌေးကုန်းကျေးရွာ သမင်အင်းကုန်းအုပ်စုအား ဝင်ရောက်တိုက်မိရာ ဇော်မင်းလတ်မှာဆန်စက်အုတ်နံရံနှင့်ညှပ်၍ ဦးခေါင်းကွဲကြေ ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တံခါးမြို့မရဲစခန်းက ယာဉ်မောင်း ဇေယျာအောင်အား အမှုဖွင့်ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောက်တံခါးမြို့၌ ၂၂ ဘီးယာဉ်မှ နောက်ဆုတ်စဉ်နောက်မှ အချက်ပြပေးနေသူအား တိုက်မိ၍နေရာတွင်သေဆုံး ကျောက်တံခါးမြို့၌ ၂၂ ဘီးယာဉ်မှ နောက်ဆုတ်စဉ်နောက်မှ အချက်ပြပေးနေသူအား တိုက်မိ၍နေရာတွင်သေဆုံး Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.