ရဲတပ္သားလိုက္လာေသာ သုးံေယာက္ပိုးဆိုင္ကယ္ ႏွင့္ ခရီးသည္တင္ကား တိုက္မိ၊ ႏွစ္ဦးေသဆုးံ

(Zawgyi)⤵⤵⤵
မုံ႐ြာ၊ ႏိုဝင္ဘာ ၃၀

မုံ႐ြာၿမိဳ႕ျပည္ေထာင္စု လမ္းေပၚတြင္ ႏိုဝင္ဘာ ၂၉ ရက္ညပိုင္းက ရဲတပ္သားတစ္ဦးလိုက္လာေသာ သုးံေယာက္ပိုးဆိုင္ကယ္ႏွင့္ ခရီးသည္တင္ကားတို႔တိုက္မိခဲ့ေၾကာင္း ၁၁၂ မုံ႐ြာယာဥ္ထိန္းတပ္ဖြဲ႕စု မွသတင္းရရွိသည္။

ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေပၚမွ အမ်ိဳးသား ႏွစ္ဦးေသဆုးံကာ ရဲတပ္သားမွာ ေဆး႐ုံအတြင္းလူနာအျဖစ္ကုသခံေနရသည္။

"ရဲတပ္သားကို မႏၲေလးေဆး႐ုံပို႔ထားတယ္။ ေခါင္းထိထားလို႔ ဒီမနက္ ခြဲခန္းဝင္မယ္လို႔ သိရတယ္" ဟု အမွတ္ ၁၁၂ မုံ႐ြာယာဥ္ထိန္းတပ္ဖြဲ႕စုမွ ဒုရဲအုပ္ ေက်ာ္ဆန္းဝင္းက ေျပာသည္။

ရဲတပ္သားမွာ အမွတ္ ၂၈ လုံၿခဳံေရးတပ္ဖြဲ႕တြင္ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္ၿပီး ေသဆုံးသြားသည့္ အမ်ိဳးသားႏွစ္ဦးမွာ ၎ႏွင့္ ညီအကိုဝမ္းကြဲေတာ္စပ္သူမ်ားျဖစ္ေၾကာင္း အဆိုပါရဲအရာရွိက ဆက္ေျပာ‌သည္။

ယာဥ္တိုက္မႈအား ဒုရဲအုပ္ေက်ာ္ဆန္းဝင္းမွ တရားလိုျပဳလုပ္တိုင္တန္းၿပီး ဆိုင္ကယ္မဆင္မခ်င္ေမာင္းႏွင္သည့္ ေသဆုံးသူအမ်ိဳးသားအား မုံ႐ြာၿမိဳ႕မရဲစခန္းတြင္အမႈေရးဖြင့္ ထားသည္။

ေမာင္ေလးငယ္ငယ္
Monywa Gazette
https://www.facebook.com/monywagazette
-----------------
(Unicode)⤵⤵⤵
ရဲတပ်သားလိုက်လာသော သုးံယောက်ပိုးဆိုင်ကယ် နှင့် ခရီးသည်တင်ကား တိုက်မိ၊ နှစ်ဦးသေဆုးံ

မုံရွာ၊ နိုဝင်ဘာ ၃၀

မုံရွာမြို့ပြည်ထောင်စု လမ်းပေါ်တွင် နိုဝင်ဘာ ၂၉ ရက်ညပိုင်းက ရဲတပ်သားတစ်ဦးလိုက်လာသော သုးံယောက်ပိုးဆိုင်ကယ်နှင့် ခရီးသည်တင်ကားတို့တိုက်မိခဲ့ကြောင်း ၁၁၂ မုံရွာယာဉ်ထိန်းတပ်ဖွဲ့စု မှသတင်းရရှိသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်မှ အမျိုးသား နှစ်ဦးသေဆုးံကာ ရဲတပ်သားမှာ ဆေးရုံအတွင်းလူနာအဖြစ်ကုသခံနေရသည်။

"ရဲတပ်သားကို မန္တလေးဆေးရုံပို့ထားတယ်။ ခေါင်းထိထားလို့ ဒီမနက် ခွဲခန်းဝင်မယ်လို့ သိရတယ်" ဟု အမှတ် ၁၁၂ မုံရွာယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲအုပ် ကျော်ဆန်းဝင်းက ပြောသည်။

ရဲတပ်သားမှာ အမှတ် ၂၈ လုံခြုံရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး သေဆုံးသွားသည့် အမျိုးသားနှစ်ဦးမှာ ၎င်းနှင့် ညီအကိုဝမ်းကွဲတော်စပ်သူများဖြစ်ကြောင်း အဆိုပါရဲအရာရှိက ဆက်ပြော‌သည်။

ယာဉ်တိုက်မှုအား ဒုရဲအုပ်ကျော်ဆန်းဝင်းမှ တရားလိုပြုလုပ်တိုင်တန်းပြီး ဆိုင်ကယ်မဆင်မချင်မောင်းနှင်သည့် သေဆုံးသူအမျိုးသားအား မုံရွာမြို့မရဲစခန်းတွင်အမှုရေးဖွင့် ထားသည်။

မောင်လေးငယ်ငယ်
Monywa Gazette
https://www.facebook.com/monywagazette
ရဲတပ္သားလိုက္လာေသာ သုးံေယာက္ပိုးဆိုင္ကယ္ ႏွင့္ ခရီးသည္တင္ကား တိုက္မိ၊ ႏွစ္ဦးေသဆုးံ ရဲတပ္သားလိုက္လာေသာ သုးံေယာက္ပိုးဆိုင္ကယ္ ႏွင့္ ခရီးသည္တင္ကား တိုက္မိ၊ ႏွစ္ဦးေသဆုးံ Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.