မ်က္စိအားေဆး ေသာက္ဖို႔မလိုေအာင္ အားျဖည့္ေပးမယ့္ အစားအေသာက္ေလးေတြ

(Zawgyi)⤵⤵⤵

မ်က္ခုံးလႈပ္တယ္၊ မ်က္ခြံလႈပ္တယ္၊ မ်က္ခမ္းလႈပ္တယ္ ဆိုတာနဲ႔ ကံမေကာင္းေတာ့ဘူးပဲ ထင္ေနတာလား။ အမွန္က မ်က္စိက ၾကည့္ရတာမေကာင္းဘူး၊ မ်က္လုံးေတြက်ိန္းစပ္တယ္၊ မ်က္လုံးေျခာက္တယ္၊ မ်က္႐ိုးကိုက္တယ္၊ မ်က္လုံးတဝိုက္ ႂကြက္သားေလးေတြလႈပ္တယ္၊ မ်က္လုံးေအာင့္တယ္ ဆိုတာေတြက မ်က္စိအားနည္းေနတဲ့လကၡဏာေတြပါ။

မ်က္စိအားနည္းရင္ အားေဆးေတြေသာက္လို႔ရတယ္ဆိုေပမယ့္ ေဆးကိုအရင္အားမကိုးဘဲ ကိုယ့္ရဲ႕ေန႔စဥ္အာဟာရထဲမွာ အစားအေသာက္တခ်ိဳ႕ကို ဦးစားေပးလိုက္႐ုံနဲ႔ ဒီဓာတ္ေတြကို သဘာဝအတိုင္းရႏိုင္ေနတာပဲေလ။ ဒီေတာ့ မ်က္စိအားေဆးမေသာက္ခင္ ဒီအစားအစာေလးေတြနဲ႔ အရင္ကုစားၾကည့္ရေအာင္လား …

(၁) ငါး

ငါးေတြမွာ မ်က္လုံးအတြက္ ေကာင္းတဲ့ အက်ိဳးျပဳအဆီဓာတ္ Omega-3 fatty acid ေတြ ပါဝင္တဲ့အတြက္ မ်က္စိအားေကာင္းေစဖို႔ စားေပးသင့္ပါတယ္။ တူနာငါး၊ ေဆာ္လ္မြန္ငါး၊ ဆာဒင္းငါး အစရွိတဲ့ ငါးေတြမွာ Omega-3 fatty acid ေတြ ေပါႂကြယ္ဝလို႔ အျမင္အာ႐ုံေကာင္းေစၿပီး မ်က္လုံးေျခာက္ေသြ႕တာကိုပါ သက္သာေစပါတယ္။

(၂) ပဲ နဲ႔ အခြံမာသီးအမ်ိဳးမ်ိဳး

အခြံမာသီးနဲ႔ ပဲေတြမွာ မ်က္လုံးကို အားေကာင္းေစတဲ့ Omega-3 fatty acid ေတြအျပင္ ဗီတာမင္ E ေပါႂကြယ္ဝတဲ့အတြက္ ခႏၶာကိုယ္နဲ႔ မ်က္စိအတြက္လည္း ေကာင္းက်ိဳးမ်ားစြာ ျဖစ္ေစပါတယ္။ သစ္ၾကားသီး၊ သီဟိုဠ္ေစ့၊ ပဲနီေလးတို႔ကို စားေပးရင္ မ်က္စိအားေကာင္းေစတဲ့အျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မ်က္စိထိခိုက္မႈေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

(၃) အေစ့အဆန္

ေနၾကာေစ့၊ ဖ႐ုံေစ့၊ ပင္ပြားေစ့၊ ပီစတာခ်ီ႐ိုေစ့၊ ဗာဒံေစ့ တို႔လို အေစ့အဆန္ေတြမွာ ႂကြယ္ဝတဲ့ဗီတာမင္ E ေၾကာင့္ မ်က္စိအားေကာင္းေစၿပီး အျမင္အာ႐ုံၾကည္လင္ေစပါတယ္။ ဒါေတြပုံမွန္စားေပးရင္ အသက္ႀကီးရင္ေတာင္ မ်က္စိေတာ္ေတာ္နဲ႔မမႈန္ပါဘူးတဲ့။

(၄) အခ်ဥ္ဓာတ္ရွိတဲ့ သစ္သီးေတြ

သံပုရာသီး၊ လိေမၼာ္သီး၊ စေတာ္ဘယ္ရီသီး အစရွိတဲ့ အခ်ဥ္ဓာတ္ပါတဲ့ အသီးေတြမွာ မ်က္လုံးအတြက္ အေထာက္အကူျဖစ္ေစတဲ့ ဗီတာမင္ C ၊ ဗီတာမင္ E အမ်ားအျပားပါဝင္တဲ့အျပင္ ကိုယ္ခံအားကိုလည္း ေကာင္းေစပါတယ္။

(၅) အစိမ္းေရာင္ရွိတဲ့ ဟင္းသီးဟင္း႐ြက္ေတြ

ဟင္းသီးဟင္း႐ြက္ေတြမွာ ခႏၶာကိုယ္အတြက္ အာဟာရျဖစ္ေစတဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ အမ်ားအျပားပါဝင္ၿပီး မ်က္လုံးကိုလည္း အားျဖစ္ေစတဲ့ ဗီတာမင္ C ဓာတ္ ပါဝင္တာေၾကာင့္ အဓိကစားေပးသင့္တဲ့ အစားအစာေတြထဲမွာ ပါဝင္ပါတယ္။ ကန္စြန္း႐ြက္၊ ကိုက္လန္႐ြက္၊ ပန္းေဂၚဖီထုပ္ အျပင္ တျခားေသာ အစိမ္းေရာင္ရွိတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို စားသုံးေပးႏိုင္ပါတယ္။

(၆) မုန္လာဥနီ

လူေတာ္ေတာ္မ်ားမ်ား သိထားၾကတဲ့ မ်က္စိအားေဆး အစားအစာေတြထဲမွာမုန္လာဥနီဟာ တစ္ခုအပါအဝင္ပါပဲ။ မုန္လာဥနီမွာ ဗီတာမင္ A ပါဝင္လို႔ အျမင္အာ႐ုံကို ၾကည္လင္ေကာင္းမြန္ေစတယ္။ မ်က္လုံးကိုလည္း အာဟာရျဖစ္ေစတယ္။ ခႏၶာကိုယ္တြင္း အစိတ္အပိုင္းေတြကိုလည္း ေကာင္းက်ိဳးမ်ားစြာ ျဖစ္ေစပါတယ္။

(၇) ကန္စြန္းဥ

ဘီတာကယ္႐ိုတင္းႂကြယ္ဝၿပီး ဗီတာမင္ E ဓာတ္အျပင္ တျခားေသာ အာဟာရဓာတ္ေတြ ပါဝင္တဲ့ ကန္စြန္းဥကို မ်ားမ်ားစားေပးျခင္းျဖင့္ မ်က္စိမႈန္တဲ့ ေဝဒနာကို သက္သာေစႏိုင္ပါတယ္။

(၈) ၾကက္ဥ

ၾကက္ဥမွာ အျမင္အာ႐ုံ ေကာင္းေစၿပီး က်န္းမာေရးကိုလည္း အေထာက္အကူျဖစ္ေစတဲ့ ဗီတာမင္ C ၊ ဗီတာမင္ E နဲ႔ ဇင့္ဓာတ္ေတြအျပင္ တျခားေသာ အာဟာရဓာတ္ေတြ ပါဝင္ပါတယ္။

(၉) ေရ

ေရဟာ မ်က္စိက်န္းမာေရးအတြက္သာမက လူသားတိုင္းရဲ႕ က်န္းမာေရးအတြက္ မရွိမျဖစ္ အက်ိဳးျဖစ္ေစတဲ့ ဓါတ္ေတြ ပါဝင္ပါတယ္။ ေရမ်ားမ်ားေသာက္ေပးမွ ခႏၶာကိုယ္တြင္း ေရဓာတ္ခမ္းေျခာက္တာ၊ မ်က္စိအျမင္အာ႐ုံခ်ိဳ႕ယြင္းတာကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။

(၁၀) ျဖည့္စြက္အားေဆး

မ်က္လုံးအတြက္လိုအပ္တဲ့ ဗီတာမင္ေတြကို အစားအစာကေနအလုံအေလာက္မရတဲ့သူေတြ၊ မ်က္စိအားနည္းေနၿပီး အျမန္သက္သာဖို႔လိုအပ္ေနသူေတြအတြက္က မ်က္စိအားေဆးေသာက္ဖို႔ လိုပါတယ္။ မ်က္စိအားေဆးေသာက္ၿပီး မ်က္လုံးက်န္းမာေရးကို ဂ႐ုစိုက္ေနထိုင္မယ္ဆို ေဆးခန္းသြားဖို႔၊ မ်က္မွန္သြားလုပ္ဖို႔ေတာင္မလိုဘဲ ေတာ္႐ုံေဝဒနာေလာက္ကို ေအးေဆးသက္သာေစႏိုင္ပါတယ္။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-----------------
(Unicode)⤵⤵⤵
မျက်စိအားဆေး သောက်ဖို့မလိုအောင် အားဖြည့်ပေးမယ့် အစားအသောက်လေးတွေ

မျက်ခုံးလှုပ်တယ်၊ မျက်ခွံလှုပ်တယ်၊ မျက်ခမ်းလှုပ်တယ် ဆိုတာနဲ့ ကံမကောင်းတော့ဘူးပဲ ထင်နေတာလား။ အမှန်က မျက်စိက ကြည့်ရတာမကောင်းဘူး၊ မျက်လုံးတွေကျိန်းစပ်တယ်၊ မျက်လုံးခြောက်တယ်၊ မျက်ရိုးကိုက်တယ်၊ မျက်လုံးတဝိုက် ကြွက်သားလေးတွေလှုပ်တယ်၊ မျက်လုံးအောင့်တယ် ဆိုတာတွေက မျက်စိအားနည်းနေတဲ့လက္ခဏာတွေပါ။

မျက်စိအားနည်းရင် အားဆေးတွေသောက်လို့ရတယ်ဆိုပေမယ့် ဆေးကိုအရင်အားမကိုးဘဲ ကိုယ့်ရဲ့နေ့စဉ်အာဟာရထဲမှာ အစားအသောက်တချို့ကို ဦးစားပေးလိုက်ရုံနဲ့ ဒီဓာတ်တွေကို သဘာဝအတိုင်းရနိုင်နေတာပဲလေ။ ဒီတော့ မျက်စိအားဆေးမသောက်ခင် ဒီအစားအစာလေးတွေနဲ့ အရင်ကုစားကြည့်ရအောင်လား …

(၁) ငါး

ငါးတွေမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓာတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။

(၂) ပဲ နဲ့ အခွံမာသီးအမျိုးမျိုး

အခွံမာသီးနဲ့ ပဲတွေမှာ မျက်လုံးကို အားကောင်းစေတဲ့ Omega-3 fatty acid တွေအပြင် ဗီတာမင် E ပေါကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်နဲ့ မျက်စိအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ပဲနီလေးတို့ကို စားပေးရင် မျက်စိအားကောင်းစေတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မျက်စိထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) အစေ့အဆန်

နေကြာစေ့၊ ဖရုံစေ့၊ ပင်ပွားစေ့၊ ပီစတာချီရိုစေ့၊ ဗာဒံစေ့ တို့လို အစေ့အဆန်တွေမှာ ကြွယ်ဝတဲ့ဗီတာမင် E ကြောင့် မျက်စိအားကောင်းစေပြီး အမြင်အာရုံကြည်လင်စေပါတယ်။ ဒါတွေပုံမှန်စားပေးရင် အသက်ကြီးရင်တောင် မျက်စိတော်တော်နဲ့မမှုန်ပါဘူးတဲ့။

(၄) အချဉ်ဓာတ်ရှိတဲ့ သစ်သီးတွေ

သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ မျက်လုံးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E အများအပြားပါဝင်တဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

(၅) အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ

ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြားပါဝင်ပြီး မျက်လုံးကိုလည်း အားဖြစ်စေတဲ့ ဗီတာမင် C ဓာတ် ပါဝင်တာကြောင့် အဓိကစားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီထုပ် အပြင် တခြားသော အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးနိုင်ပါတယ်။

(၆) မုန်လာဥနီ

လူတော်တော်များများ သိထားကြတဲ့ မျက်စိအားဆေး အစားအစာတွေထဲမှာမုန်လာဥနီဟာ တစ်ခုအပါအဝင်ပါပဲ။ မုန်လာဥနီမှာ ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကို ကြည်လင်ကောင်းမွန်စေတယ်။ မျက်လုံးကိုလည်း အာဟာရဖြစ်စေတယ်။ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကိုလည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။

(၇) ကန်စွန်းဥ

ဘီတာကယ်ရိုတင်းကြွယ်ဝပြီး ဗီတာမင် E ဓာတ်အပြင် တခြားသော အာဟာရဓာတ်တွေ ပါဝင်တဲ့ ကန်စွန်းဥကို များများစားပေးခြင်းဖြင့် မျက်စိမှုန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

(၈) ကြက်ဥ

ကြက်ဥမှာ အမြင်အာရုံ ကောင်းစေပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဇင့်ဓာတ်တွေအပြင် တခြားသော အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

(၉) ရေ

ရေဟာ မျက်စိကျန်းမာရေးအတွက်သာမက လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အကျိုးဖြစ်စေတဲ့ ဓါတ်တွေ ပါဝင်ပါတယ်။ ရေများများသောက်ပေးမှ ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာ၊ မျက်စိအမြင်အာရုံချို့ယွင်းတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

(၁၀) ဖြည့်စွက်အားဆေး

မျက်လုံးအတွက်လိုအပ်တဲ့ ဗီတာမင်တွေကို အစားအစာကနေအလုံအလောက်မရတဲ့သူတွေ၊ မျက်စိအားနည်းနေပြီး အမြန်သက်သာဖို့လိုအပ်နေသူတွေအတွက်က မျက်စိအားဆေးသောက်ဖို့ လိုပါတယ်။ မျက်စိအားဆေးသောက်ပြီး မျက်လုံးကျန်းမာရေးကို ဂရုစိုက်နေထိုင်မယ်ဆို ဆေးခန်းသွားဖို့၊ မျက်မှန်သွားလုပ်ဖို့တောင်မလိုဘဲ တော်ရုံဝေဒနာလောက်ကို အေးဆေးသက်သာစေနိုင်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား