ျမန္မာျပည္တြင္း ပဋိပကၡ အရပ္သားလုံၿခဳံေရး ကုလေတာင္းဆို

မွတ္တမ္းဓာတ္ပံု- ျမစ္ႀကီးနား Trinity Baptist ခရစ္ယာန္ ဘုရားေက်ာင္းမွာ ခိုလံႈေနၾကတဲ႔ စစ္ေရွာင္အမ်ိဳးသမီးနဲ႔ ကေလးငယ္။ ေမ ၆ ၂၀၁၈
(Zawgyi)⤵⤵⤵
ရခိုင္နဲ႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ စစ္တပ္နဲ႔ လူမ်ိဳးစု လက္နက္ကိုင္ အဖြဲ႕ေတြၾကား တိုက္ပြဲေတြေၾကာင့္ အရပ္သားေတြ ေဘးဒဏ္ သင့္ရတာဟာ သိပ္ကို စိုးရိမ္စရာေကာင္းတဲ့ အေျခအေနမွာေရာက္ေနၿပီး အရပ္သားေတြကို အကာအကြယ္ေပးဖို႔ ကုလသမဂၢက ထပ္ၿပီးေတာင္းဆိုလိုက္ပါတယ္။

“ပဋိပကၡမွာ ပါဝင္ေနသူအားလုံး အၾကမ္းဖက္လုပ္ရပ္ေတြကို ေရွာင္ရွားၾကဖို႔၊ ႏိုင္ငံတကာ လူသားစာနာမႈဆိုင္ရာ ဥပေဒကို လိုက္နာၾကဖို႔၊ အရပ္သားေတြကို အကာအကြယ္ေပးဖို႔နဲ႔ လိုအပ္ေနသူေတြကို အကူအညီေပးႏိုင္ေရး လမ္းဖြင့္ေပးၾကဖို႔ က်ေနာ္တို႔ ဆက္ၿပီး ေတာင္းဆိုပါတယ္” လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ေျပာခြင့္ရ Stephane Dujarric က ဗုဒၶဟူးေန႔ ကုလသမဂၢ ပုံမွန္ သတင္းစာရွင္းလင္းပြဲ အတြင္း ေျပာသြားပါတယ္။

ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ လက္ရွိ အိုးအိမ္စြန႔္ ထြက္ေျပးေနရသူေပါင္း ၄၀,၀၀၀ ေက်ာ္ရွိျ့ပီး ဒီအေရအတြက္ဟာ ေအာက္တိုဘာ လကုန္ပိုင္း ကတည္းကဆိုရင္ ၈,၀၀၀ ထက္မနည္း တိုးလာတယ္လို႔ ကုလသမဂၢကေျပာပါတယ္။ ဒီေဒသခံေတြ အျပင္ ရခိုင္ျပည္ နယ္မွာ ႐ိုဟင္ဂ်ာ အမ်ားစုပါဝင္တဲ့ လူေပါင္း ၁၂၈,၀၀၀ ဟာလည္း စခန္းေတြမွာ ေနထိုင္ေနၾကရၿပီး သူတို႔ထဲက အေတာ္မ်ားမ်ား ဟာ စခန္းေတြထဲမွာ ေနေနရတာ ၇ ႏွစ္ေက်ာ္သြားၿပီလို႔လည္း ေျပာပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာလို႔ ေခၚဆိုသုံးႏႈန္း တာကို လက္မခံပါဘူး။

လိုအပ္ေနသူေတြကို ကုလသမဂၢနဲ႔ တျခား လက္တြဲလုပ္ေဆာင္ေနတဲ့ လူသားစာနာမႈ အကူအညီေပး အဖြဲ႕ေတြ သြားေရာက္ ကူညီ ႏိုင္ေရးဟာ လုံၿခဳံမႈမရွိတာနဲ႔ ရခိုင္ျပည္နယ္မွာ ကန႔္သတ္ထားတာေတြေၾကာင့္ အခက္အခဲ ေတြ႕ေနရတယ္လို႔လည္း ေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္းမွာ ဒီႏွစ္အတြင္း ပဋိပကၡေတြေၾကာင့္ လူေပါင္း ၂၅,၀၀၀ နီးပါး ယာယီ အိုးအိမ္စြန႔္ ထြက္ေျပးခဲ့ရၿပီး အရင္ႏွစ္ က ၂၂,၀၀၀ နီးပါး အိုးအိမ္စြန႔္ ထြက္ေျပးခဲ့ရတာနဲ႔စာရင္ ပိုမ်ားလာတယ္လို႔လည္း ကုလသမဂၢကေျပာပါတယ္။


(Unicode)

မြန်မာပြည်တွင်း ပဋိပက္ခ အရပ်သားလုံခြုံရေး ကုလတောင်းဆို

ရခိုင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်နဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ ဘေးဒဏ် သင့်ရတာဟာ သိပ်ကို စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေမှာရောက်နေပြီး အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂက ထပ်ပြီးတောင်းဆိုလိုက်ပါတယ်။

“ပဋိပက္ခမှာ ပါဝင်နေသူအားလုံး အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားကြဖို့၊ နိုင်ငံတကာ လူသားစာနာမှုဆိုင်ရာ ဥပဒေကို လိုက်နာကြဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ လိုအပ်နေသူတွေကို အကူအညီပေးနိုင်ရေး လမ်းဖွင့်ပေးကြဖို့ ကျနော်တို့ ဆက်ပြီး တောင်းဆိုပါတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ ပုံမှန် သတင်းစာရှင်းလင်းပွဲ အတွင်း ပြောသွားပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ လက်ရှိ အိုးအိမ်စွန့် ထွက်ပြေးနေရသူပေါင်း ၄၀,၀၀၀ ကျော်ရှိြ့ပီး ဒီအရေအတွက်ဟာ အောက်တိုဘာ လကုန်ပိုင်း ကတည်းကဆိုရင် ၈,၀၀၀ ထက်မနည်း တိုးလာတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ ဒီဒေသခံတွေ အပြင် ရခိုင်ပြည် နယ်မှာ ရိုဟင်ဂျာ အများစုပါဝင်တဲ့ လူပေါင်း ၁၂၈,၀၀၀ ဟာလည်း စခန်းတွေမှာ နေထိုင်နေကြရပြီး သူတို့ထဲက အတော်များများ ဟာ စခန်းတွေထဲမှာ နေနေရတာ ၇ နှစ်ကျော်သွားပြီလို့လည်း ပြောပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာလို့ ခေါ်ဆိုသုံးနှုန်း တာကို လက်မခံပါဘူး။

လိုအပ်နေသူတွေကို ကုလသမဂ္ဂနဲ့ တခြား လက်တွဲလုပ်ဆောင်နေတဲ့ လူသားစာနာမှု အကူအညီပေး အဖွဲ့တွေ သွားရောက် ကူညီ နိုင်ရေးဟာ လုံခြုံမှုမရှိတာနဲ့ ရခိုင်ပြည်နယ်မှာ ကန့်သတ်ထားတာတွေကြောင့် အခက်အခဲ တွေ့နေရတယ်လို့လည်း ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဒီနှစ်အတွင်း ပဋိပက္ခတွေကြောင့် လူပေါင်း ၂၅,၀၀၀ နီးပါး ယာယီ အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပြီး အရင်နှစ် က ၂၂,၀၀၀ နီးပါး အိုးအိမ်စွန့် ထွက်ပြေးခဲ့ရတာနဲ့စာရင် ပိုများလာတယ်လို့လည်း ကုလသမဂ္ဂကပြောပါတယ်။

 VOA Burmese
https://burmese.voanews.com
ျမန္မာျပည္တြင္း ပဋိပကၡ အရပ္သားလုံၿခဳံေရး ကုလေတာင္းဆို ျမန္မာျပည္တြင္း ပဋိပကၡ အရပ္သားလုံၿခဳံေရး ကုလေတာင္းဆို Reviewed by THITHTOOLWIN on 01:22 Rating: 5
Powered by Blogger.