ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ပြဲ႐ုံအပါအဝင္ က်ဴေက်ာ္ေနအိမ္(၂၄၀)မီးေလာင္ဆုံးရႈံး

(Zawgyi)⤵⤵⤵
ရန္ကုန္ ႏိုဝင္ဘာ ၂၁-၂၀၁၉

ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၁၈)ရပ္ကြက္၊ ဆိပ္ကမ္းသာလမ္း၊ အမွတ္-၆၂ (မသင္းကြင္း) မွာ ဒီေန႔ေန႔လယ္ ၁၂နာရီ ခြဲအခ်ိန္ခန႔္က မီးေလာင္မႈျဖစ္ပြားခဲ့ရာ က်ဴးေက်ာ္ ေနအိမ္(၂၄၀)ေက်ာ္အပါအဝင္ ဝါးဓနိပြဲ႐ုံ (၅)႐ုံမီးလာင္ဆုံးရႈံး ခဲ့တယ္လို႔ ရပ္ကြက္အုက္ခ်ဳပ္ေရးမႉး႐ုံးကသိရပါတယ္။

" မိသားစုအေနနဲ႔ေျပာရင္ ၂၄၂စု ၊ လူဦးေရ ၉၆၄ဦးရွိတယ္၊ အိမ္ေျခကေတာ့ ၂၄၀ ေက်ာ္ေလာက္ရွိတယ္၊ မီးေလာင္ခ်ိန္မွာ ေလကလည္း အရမ္းတိုက္ေနေတာ့ ေလာင္တာျမန္တယ္၊ အိမ္ေတြကလည္း ေသးေသးေလးေတြ ပူးကပ္ေနၾကတယ္၊ လမ္းေက်ာ္ၿပီးေတာ့ ဝါးဓနိပြဲ႐ုံတန္းဘက္ဆက္ေလာင္တယ္၊ ဝါးဓနိ ပြဲ႐ုံကေတာ့ ေလးငါး႐ုံေလာက္ပါသြားတယ္၊ အေသးစိတ္စာရင္းကေတာ့ မရေသးဘူး လို႔" အမွတ္(၁၈)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေဌးကေျပာပါတယ္။

မီးေလာင္မႈျဖစ္ပြားရာကို ရန္ကုန္တိုင္းမီးသတ္တပ္ဖြဲ႕က မီးေလာင္မႈအဆင့္ Level 2 နဲ႔ ဆိပ္ကမ္းသာလမ္းကို ၂ဘက္ညႇပ္ ၿငိမ္းသတ္ရာ မြန္းလြဲ၁ နာရီ ၁၃ အခ်ိန္မွာမီးထိန္းႏိုင္ခဲ့ၿပီး ၁နာရီခြဲအခ်ိန္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့တယ္လို႔ ရန္ကုန္တိုင္းမီးသတ္ဦးစီးဌာနကသိရပါတယ္။

မီးေလာင္ရတဲ့အေၾကာင္းရင္းနဲ႔ ဆုံးရႈံးမႈတန္ဖိုးေတြကို တာဝန္ရွိသူေတြက စီစစ္ေနဆဲျဖစ္ၿပီး မီးေဘးသင့္ျပည္သူေတြအတြက္ လတ္တေလာထမင္းထုပ္မ်ားေပးေဝဖို႔အနီး ရပ္ကြက္မ်ားမွစုေဆာင္းေနၾကတယ္လို႔သိရပါတယ္။

မိုးယံ(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ရွှေပြည်သာမြို့နယ်တွင် ပွဲရုံအပါအဝင် ကျူကျော်နေအိမ်(၂၄၀)မီးလောင်ဆုံးရှုံး

ရန်ကုန် နိုဝင်ဘာ ၂၁-၂၀၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ်-၆၂ (မသင်းကွင်း) မှာ ဒီနေ့နေ့လယ် ၁၂နာရီ ခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျူးကျော် နေအိမ်(၂၄၀)ကျော်အပါအဝင် ဝါးဓနိပွဲရုံ (၅)ရုံမီးလာင်ဆုံးရှုံး ခဲ့တယ်လို့ ရပ်ကွက်အုက်ချုပ်ရေးမှူးရုံးကသိရပါတယ်။

" မိသားစုအနေနဲ့ပြောရင် ၂၄၂စု ၊ လူဦးရေ ၉၆၄ဦးရှိတယ်၊ အိမ်ခြေကတော့ ၂၄၀ ကျော်လောက်ရှိတယ်၊ မီးလောင်ချိန်မှာ လေကလည်း အရမ်းတိုက်နေတော့ လောင်တာမြန်တယ်၊ အိမ်တွေကလည်း သေးသေးလေးတွေ ပူးကပ်နေကြတယ်၊ လမ်းကျော်ပြီးတော့ ဝါးဓနိပွဲရုံတန်းဘက်ဆက်လောင်တယ်၊ ဝါးဓနိ ပွဲရုံကတော့ လေးငါးရုံလောက်ပါသွားတယ်၊ အသေးစိတ်စာရင်းကတော့ မရသေးဘူး လို့" အမှတ်(၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေးကပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့က မီးလောင်မှုအဆင့် Level 2 နဲ့ ဆိပ်ကမ်းသာလမ်းကို ၂ဘက်ညှပ် ငြိမ်းသတ်ရာ မွန်းလွဲ၁ နာရီ ၁၃ အချိန်မှာမီးထိန်းနိုင်ခဲ့ပြီး ၁နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနကသိရပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို တာဝန်ရှိသူတွေက စီစစ်နေဆဲဖြစ်ပြီး မီးဘေးသင့်ပြည်သူတွေအတွက် လတ်တလောထမင်းထုပ်များပေးဝေဖို့အနီး ရပ်ကွက်များမှစုဆောင်းနေကြတယ်လို့သိရပါတယ်။

မိုးယံ(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား