ICJ မွာ အတိုင္ပင္ခံပုဂၢိဳလ္ သြားေရာက္ရင္ဆိုင္မယ့္ ကိစၥအေပၚ အျမင္တခ်ိဳ႕

(Zawgyi)⤵⤵⤵
ICJ ႏိုင္ငံတကာတရား႐ုံးမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ သြားေရာက္ၿပီး ခုခံေခ်ပမယ့္ ကိစၥဟာ ႏိုင္ငံအတြက္ အက်ိဴးရွိၿပီး ျမန္မာႏိုင္ငံအေနနဲ႔ အမႈကို ဘယ္ေလာက္ အေလးထား သလဲဆိုတာ ျပသတာျဖစ္ေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ဗြီအိုေအကို တုန႔္ျပန္ေျပာၾကားခဲ့ပါတယ္။ ႏိုင္ငံတကာ တရားစီရင္ေရးဆိုင္ရာ ကြၽမ္းက်င္သူေတြဘက္ကေရာ သုံးသပ္ခ်က္ေတြ ဘယ္လိုရွိေနသလဲဆိုတာ မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ အေျခစိုက္ ကုလသမဂၢအျမင့္ဆုံး တရား႐ုံးျဖစ္တဲ့ ICJ ႏိုင္ငံတကာတရား႐ုံးမွာ ဂမ္ဘီယာႏိုင္ငံရဲ႕ တရားစြဲမႈကို ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သြားေရာက္ၿပီး ခုခံေခ်ပတာဟာ ျမန္မာႏိုင္ငံအေနနဲ႔ ဘယ္ေလာက္ အေလးထားသလဲဆိုတာ ျပသတာျဖစ္ေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက သူ႔ရဲ႕အျမင္ကို ဗြီအိုေအကို အခုလိုေျပာပါတယ္။
" က်ေနာ္ ျမင္တာကေတာ့ ဘာလဲ ဆိုလို႔ ရွိရင္ အခု ICJ ကိစၥက ဘာျဖစ္ႏုိင္လဲ ဆိုလို႔ ရွိရင္ က်ေနာ္တို႔ တိုင္းျပည္နဲ႔ ဆိုင္တဲ႔ ကိစၥ ျဖစ္တာေပါ့။ တိုင္းျပည္နဲ႔ ဆိုင္တယ္ဆိုတာ UN အဖြဲ႔၀င္ အေနနဲ႔ က်ေန္ာတို႔က ဥေပဒေၾကာင္း အရ ဒီစြပ္စြဲခ်က္ေတြကို တရား၀င္ ေျဖၾကားဖို႔ အတြက္ က်ေန္ာတို႔မွာ တာ၀န္ရွိတယ္။ ရွိလာတဲ႔ အခါက်ေတာ့ ဒီဟာက က်ေနာ္တို႔ရဲ႕ ႏုိင္ငံရဲ႕ Image (ပံုရိပ္) ေပါ့ေနာ္ က်ေနာ္တို႔ ႏုိင္ငံရဲ႕ ဂုဏ္သိကၡာ၊ တိုင္းျပည္ရဲ႕ ဂုဏ္သိကၡာ ဒီဟာနဲ႔ လာၿပီး ဆက္စပ္လာတဲ႔ ကိစၥေတြ ျဖစ္တဲ႔ အခါက်ေတာ့ ႏိုင္ငံေတာ္ အတြက္ အေရးႀကီးတဲ႔ ကိစၥ ျဖစ္လာတယ္။

တိုင္းျပည္နဲ႔ ႏိုင္ငံေတာ္နဲ႔ ပတ္သက္တဲ႔ အေရးႀကီးတဲ႔ အခ်ိန္၊ ကမၻာ့မ်က္ႏွာစာမွာ က်ေနာ္တို႔ ဒီလို အေရးယူ ေဆာင္ရြက္မႈေတြ ျဖစ္လာတဲ႔ အခါက်ေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ဘယ္ေလာက္ အေလးထားတယ္၊ ႏုိင္ငံေတာ္ အေနနဲ႔ အစိုးရ အေနနဲ႔ ဘယ္ေလာက္ အေလးအနက္ထားတယ္ဆိုတဲ႔ ဟာကို ျပသဖို႔ အတြက္ ဒါ အခြင့္အေရးလို႔ က်ေနာ္ အဲလို ျမင္တယ္ေလ။ သူကိုယ္တိုင္ သြားၿပီးေတာ့ ဒီဟာကို ရင္ဆိုင္ၿပီးေတာ့မွ ရွင္းျပမယ္ဆိုတဲ႔ ကိစၥ၊ သူကိုယ္တိုင္ ၀င္ၿပီးေတာ့ ေျပာဆိုမယ္ ဆိုတဲ႔ ကိစၥက ဒါ က်ေန္ာတို႔ အတြက္ အဆင့္အျမင့္ဆံုး ႏုိင္ငံေတာ္ အႀကီးအကဲ တေယာက္ ကိုယ္တိုင္က သြားတယ္ ဆိုတာက အင္မတန္မွဘဲ ႏုိင္ငံေတာ္ အတြက္လည္း အားလည္း ရွိတာေပါ့ေနာ္။ "

ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပးရသူေတြ အေရးနဲ႔ ပတ္သက္ရင္ ျမန္မာဘက္က ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံပါဘူး။ ဒါေပမယ့္ ႏုိင္ငံတြင္းကေန ထြက္ေျပးရသူေတြ ဟုတ္မဟုတ္ စိစစ္ၿပီး ျပန္လည္ လက္ခံမယ္လို႔ ေျပာဆိုထားပါတယ္။

နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႕ႀကီးရဲ႕ ႏိုင္ငံတကာ တရားစီရင္ေရးဆိုင္ရာ လက္ေထာက္ၫြန္ၾကားေရးမႉး Parampreet Singh ကေတာ့ ကုလသမဂၢအဖြဲ႕ဝင္ျဖစ္တဲ့ ျမန္မာႏိုင္ငံအေနနဲ႔ ICJ တရား႐ုံးရဲ႕ ျပဌာန္းခ်က္ေတြကို လိုက္နာရမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ဘက္က အသိအမွတ္ျ ျပဳလိုက္တာလို႔ျမင္ေၾကာင္း ဗြီအိုေအကို အခုလိုေျပာပါတယ္။

" သည္ဟိဂ္ တရား႐ုံးမွာ သူကိုယ္တိုင္ ဘာလို႔ ခုခံေခ်ပ ခ်င္ရသလဲဆိုတဲ့ သူ႔ရဲ႕ရည္႐ြယ္ခ်က္ကို က်မမွန္းဆေျပာလို႔ မရပါဘူး။ ဒါေပမဲ့ စိတ္ဝင္စားဖို႔ေကာင္းတာက ျမန္မာကိုယ္စားလွယ္အဖြဲ႕ကို ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္လိမ့္မယ္ဆိုတဲ့ ေၾကညာခ်က္အရဆိုရင္ ျမန္မာအပါအဝင္ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံ အားလုံးဟာ ICJ ႏိုင္ငံတကာတရား႐ုံးရဲ႕ ျပဌာန္းခ်က္ကို လိုက္နာရမယ္ဆိုတဲ့ အခ်က္ကို သူက အသိအမွတ္ျပဳတာ၊ ဒါမွမဟုတ္ ျမန္မာႏိုင္ငံအေနနဲ႔ အသိအမွတ္ျပဳတာ ဆိုတဲ့ အခ်က္ပဲျဖစ္ပါတယ္။

ကိုယ္စားလွယ္အဖြဲ႕ကို ဘာေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ရသလဲဆိုတဲ့ ေမးခြန္းကို ျပန္ေကာက္ရမယ္ဆိုရင္ ဒီအမႈကို သူက ႏိုင္ငံျခားေရးဝန္ႀကီးအေနနဲ႔ ဦးေဆာင္ၿပီး ရင္ဆိုင္ေျဖရွင္းမွာျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ ျမန္မာစစ္တပ္ရဲ႕ ရက္စက္လွတဲ့ နယ္ေျမရွင္းလင္းေရး လုပ္ရပ္နဲ႔ ပတ္သက္ရင္ အားလုံးသိၾကၿပီး ျဖစ္တဲ့အတိုင္း အမ်ားျပည္သူ ေရွ႕မွာလည္း ေဒၚေအာင္ဆန္းစုၾကည္က ကာကြယ္ရပ္တည္ ေျပာဆိုထားၿပီသာျဖစ္ပါတယ္။"

ျပစ္မႈက်ဴးလြန္သူေတြဟာ စစ္ေခါင္းေဆာင္ေတြပဲျဖစ္တဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ သူတို႔ကို ကိုယ္စားျပဳၿပီး ခုခံေခ်ပ သလိုျဖစ္ေနတယ္လို႔ ျမင္ေၾကာင္း ႏိုင္ငံတကာ ကခ်င္ကြန္ယက္ ရဲ႕ ေျပာခြင့္ရ Gum San NSang က ဗြီအိုေအကိုေျပာပါတယ္။

" အဲဒီဟာက အရမ္းကို မလုပ္သင့္တဲ႔ဟာေပါ့ေနာ္။ လုပ္တာက ႏုိင္ငံေတာ္ အတြက္ကေတာ့ မဟုတ္ဘူး။ ဒီကိစၥ အခု အာဏာရရွိေနတဲ႔ ပါတီ အတြက္ ျဖစ္မယ္၊ ေနာက္ စစ္တပ္ အတြက္ ျဖစ္သြားပါလိမ့္မယ္။ တကယ္ကို အျပစ္က်ဴးလြန္ခဲ႔တဲ႔ စစ္တပ္က ေနၿပီးေတာ့ ဒီလိုမ်ိဳးေတြ အခု ျဖစ္လာတဲ႔ အေျခအေနေတြကို လူမ်ိဳးတံုး သတ္ျဖတ္မႈမွာ တကယ့္ကို ပါ၀င္ခဲ႔တဲ႔ စစ္ဗိုလ္ခ်ဳပ္ေတြ အေနနဲ႔ သြားၿပီးမွ သြားေျဖရွင္းတာ ပိုသင့္ေတာ္တယ္လို႔ ထင္ပါတယ္ဗ်။ "

ဂမ္ဘီယာႏိုင္ငံက ျမန္မာကို လူမ်ိဳးတုန္းသတ္ျဖတ္မႈ တာဆီးေရးစာခ်ဳပ္ ခ်ိဳးေဖာက္မႈစြဲခ်က္နဲ႔ ICJ တရား႐ုံးမွာ တရားစြဲထားတာကို ေထာက္ခံေၾကာင္း ႏိုင္ငံတကာ ကခ်င္ကြန္ယက္ က ဗုဒၶဟူးေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ ဂမ္ဘီယာက အေရးေပၚ ေတာင္းဆိုထားတဲ့ ႐ိုဟင္ဂ်ာေတြအေပၚ ေနာက္ထပ္ ျပစ္မႈက်ဴးလြန္မႈေတြ မျဖစ္ေပၚေစေရး ရပ္တန႔္ေအာင္ ICJ တရား႐ုံးအေနနဲ႔ ယာယီ အမိန႔္ထုတ္ျပန္ၿပီး ျမန္မာအစိုးရကို တားျမစ္ဖို႔ ဆိုတာကို အခုလာမယ့္ ဒီဇင္ဘာလမွာ အဖြဲ႕ဝင္ (၁၅)ဦးပါတဲ့ ICJ ႏိုင္ငံတကာတရား႐ုံးက ၾကားနာမွာျဖစ္ပါတယ္။

ဒီဇင္ဘာလ (၁၀)ရက္ေန႔မွာ ဂမ္ဘီယာက အရင္ ေလွ်ာက္လဲရမွာျဖစ္ၿပီး၊ (၁၁) ရက္ေန႔မွာ ျမန္မာက ေလွ်ာက္လွဲၿပီးေနာက္ (၁၂)ရက္ေန႔မွာ ႏွစ္ႏိုင္ငံလုံးက ဒုတိယပိုင္းအေနနဲ႔ ဆက္လက္ေလွ်ာက္လွဲရာမွာ ျဖစ္ပါတယ္။ ၾကားနာပြဲတက္ ေရာက္လိုသူေတြအေနနဲ႔ ႏိုဝင္ဘာလ ၂၈ ရက္ေန႔မတိုင္ခင္ ICJ တရား႐ုံးကို စာရင္းေပးၾကရမွာျဖစ္ပါတယ္။

(Unicode)

ICJ မှာ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ရင်ဆိုင်မယ့် ကိစ္စအပေါ် အမြင်တချို့

ICJ နိုင်ငံတကာတရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ပြီး ခုခံချေပမယ့် ကိစ္စဟာ နိုင်ငံအတွက် အကျိူးရှိပြီး မြန်မာနိုင်ငံအနေနဲ့ အမှုကို ဘယ်လောက် အလေးထား သလဲဆိုတာ ပြသတာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကို တုန့်ပြန်ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေဘက်ကရော သုံးသပ်ချက်တွေ ဘယ်လိုရှိနေသလဲဆိုတာ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

နယ်သာလန်နိုင်ငံ သည်ဟိဂ် အခြေစိုက် ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲမှုကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ပြီး ခုခံချေပတာဟာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လောက် အလေးထားသလဲဆိုတာ ပြသတာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက သူ့ရဲ့အမြင်ကို ဗွီအိုအေကို အခုလိုပြောပါတယ်။
" ကျနော် မြင်တာကတော့ ဘာလဲ ဆိုလို့ ရှိရင် အခု ICJ ကိစ္စက ဘာဖြစ်နိုင်လဲ ဆိုလို့ ရှိရင် ကျနော်တို့ တိုင်းပြည်နဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်တာပေါ့။ တိုင်းပြည်နဲ့ ဆိုင်တယ်ဆိုတာ UN အဖွဲ့ဝင် အနေနဲ့ ကျနေ်ာတို့က ဥပေဒကြောင်း အရ ဒီစွပ်စွဲချက်တွေကို တရားဝင် ဖြေကြားဖို့ အတွက် ကျနေ်ာတို့မှာ တာဝန်ရှိတယ်။ ရှိလာတဲ့ အခါကျတော့ ဒီဟာက ကျနော်တို့ရဲ့ နိုင်ငံရဲ့ Image (ပုံရိပ်) ပေါ့နော် ကျနော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ဒီဟာနဲ့ လာပြီး ဆက်စပ်လာတဲ့ ကိစ္စတွေ ဖြစ်တဲ့ အခါကျတော့ နိုင်ငံတော် အတွက် အရေးကြီးတဲ့ ကိစ္စ ဖြစ်လာတယ်။

တိုင်းပြည်နဲ့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချိန်၊ ကမ္ဘာ့မျက်နှာစာမှာ ကျနော်တို့ ဒီလို အရေးယူ ဆောင်ရွက်မှုတွေ ဖြစ်လာတဲ့ အခါကျတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘယ်လောက် အလေးထားတယ်၊ နိုင်ငံတော် အနေနဲ့ အစိုးရ အနေနဲ့ ဘယ်လောက် အလေးအနက်ထားတယ်ဆိုတဲ့ ဟာကို ပြသဖို့ အတွက် ဒါ အခွင့်အရေးလို့ ကျနော် အဲလို မြင်တယ်လေ။ သူကိုယ်တိုင် သွားပြီးတော့ ဒီဟာကို ရင်ဆိုင်ပြီးတော့မှ ရှင်းပြမယ်ဆိုတဲ့ ကိစ္စ၊ သူကိုယ်တိုင် ဝင်ပြီးတော့ ပြောဆိုမယ် ဆိုတဲ့ ကိစ္စက ဒါ ကျနေ်ာတို့ အတွက် အဆင့်အမြင့်ဆုံး နိုင်ငံတော် အကြီးအကဲ တယောက် ကိုယ်တိုင်က သွားတယ် ဆိုတာက အင်မတန်မှဘဲ နိုင်ငံတော် အတွက်လည်း အားလည်း ရှိတာပေါ့နော်။ "

ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေ အရေးနဲ့ ပတ်သက်ရင် မြန်မာဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒါပေမယ့် နိုင်ငံတွင်းကနေ ထွက်ပြေးရသူတွေ ဟုတ်မဟုတ် စိစစ်ပြီး ပြန်လည် လက်ခံမယ်လို့ ပြောဆိုထားပါတယ်။ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ လက်ထောက်ညွန်ကြားရေးမှူး Parampreet Singh ကတော့ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ICJ တရားရုံးရဲ့ ပြဌာန်းချက်တွေကို လိုက်နာရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အသိအမှတ်ပြုလိုက်တာလို့မြင်ကြောင်း ဗွီအိုအေကို အခုလိုပြောပါတယ်။

" သည်ဟိဂ် တရားရုံးမှာ သူကိုယ်တိုင် ဘာလို့ ခုခံချေပ ချင်ရသလဲဆိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို ကျမမှန်းဆပြောလို့ မရပါဘူး။ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာက မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လိမ့်မယ်ဆိုတဲ့ ကြေညာချက်အရဆိုရင် မြန်မာအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးဟာ ICJ နိုင်ငံတကာတရားရုံးရဲ့ ပြဌာန်းချက်ကို လိုက်နာရမယ်ဆိုတဲ့ အချက်ကို သူက အသိအမှတ်ပြုတာ၊ ဒါမှမဟုတ် မြန်မာနိုင်ငံအနေနဲ့ အသိအမှတ်ပြုတာ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ကို ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရသလဲဆိုတဲ့ မေးခွန်းကို ပြန်ကောက်ရမယ်ဆိုရင် ဒီအမှုကို သူက နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဦးဆောင်ပြီး ရင်ဆိုင်ဖြေရှင်းမှာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်လှတဲ့ နယ်မြေရှင်းလင်းရေး လုပ်ရပ်နဲ့ ပတ်သက်ရင် အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း အများပြည်သူ ရှေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ရပ်တည် ပြောဆိုထားပြီသာဖြစ်ပါတယ်။"

ပြစ်မှုကျူးလွန်သူတွေဟာ စစ်ခေါင်းဆောင်တွေပဲဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့ကို ကိုယ်စားပြုပြီး ခုခံချေပ သလိုဖြစ်နေတယ်လို့ မြင်ကြောင်း နိုင်ငံတကာ ကချင်ကွန်ယက် ရဲ့ ပြောခွင့်ရ Gum San NSang က ဗွီအိုအေကိုပြောပါတယ်။

" အဲဒီဟာက အရမ်းကို မလုပ်သင့်တဲ့ဟာပေါ့နော်။ လုပ်တာက နိုင်ငံတော် အတွက်ကတော့ မဟုတ်ဘူး။ ဒီကိစ္စ အခု အာဏာရရှိနေတဲ့ ပါတီ အတွက် ဖြစ်မယ်၊ နောက် စစ်တပ် အတွက် ဖြစ်သွားပါလိမ့်မယ်။ တကယ်ကို အပြစ်ကျူးလွန်ခဲ့တဲ့ စစ်တပ်က နေပြီးတော့ ဒီလိုမျိုးတွေ အခု ဖြစ်လာတဲ့ အခြေအနေတွေကို လူမျိုးတုံး သတ်ဖြတ်မှုမှာ တကယ့်ကို ပါဝင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေ အနေနဲ့ သွားပြီးမှ သွားဖြေရှင်းတာ ပိုသင့်တော်တယ်လို့ ထင်ပါတယ်ဗျ။ "

ဂမ်ဘီယာနိုင်ငံက မြန်မာကို လူမျိုးတုန်းသတ်ဖြတ်မှု တာဆီးရေးစာချုပ် ချိုးဖောက်မှုစွဲချက်နဲ့ ICJ တရားရုံးမှာ တရားစွဲထားတာကို ထောက်ခံကြောင်း နိုင်ငံတကာ ကချင်ကွန်ယက် က ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဂမ်ဘီယာက အရေးပေါ် တောင်းဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ် နောက်ထပ် ပြစ်မှုကျူးလွန်မှုတွေ မဖြစ်ပေါ်စေရေး ရပ်တန့်အောင် ICJ တရားရုံးအနေနဲ့ ယာယီ အမိန့်ထုတ်ပြန်ပြီး မြန်မာအစိုးရကို တားမြစ်ဖို့ ဆိုတာကို အခုလာမယ့် ဒီဇင်ဘာလမှာ အဖွဲ့ဝင် (၁၅)ဦးပါတဲ့ ICJ နိုင်ငံတကာတရားရုံးက ကြားနာမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ ဂမ်ဘီယာက အရင် လျှောက်လဲရမှာဖြစ်ပြီး၊ (၁၁) ရက်နေ့မှာ မြန်မာက လျှောက်လှဲပြီးနောက် (၁၂)ရက်နေ့မှာ နှစ်နိုင်ငံလုံးက ဒုတိယပိုင်းအနေနဲ့ ဆက်လက်လျှောက်လှဲရာမှာ ဖြစ်ပါတယ်။ ကြားနာပွဲတက် ရောက်လိုသူတွေအနေနဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့မတိုင်ခင် ICJ တရားရုံးကို စာရင်းပေးကြရမှာဖြစ်ပါတယ်။

အင္ၾကင္းႏုုိင္/ VOA Burmese
https://burmese.voanews.com
ICJ မွာ အတိုင္ပင္ခံပုဂၢိဳလ္ သြားေရာက္ရင္ဆိုင္မယ့္ ကိစၥအေပၚ အျမင္တခ်ိဳ႕ ICJ မွာ အတိုင္ပင္ခံပုဂၢိဳလ္ သြားေရာက္ရင္ဆိုင္မယ့္ ကိစၥအေပၚ အျမင္တခ်ိဳ႕ Reviewed by THITHTOOLWIN on 01:24 Rating: 5
Powered by Blogger.