ပန္းသစ္ေတာ္သီးေလး စားေပးပါ

(Zawgyi)⤵⤵⤵

ပန္းသစ္ေတာ္သီးက အရည္႐ႊမ္းသလို စားလိုက္ရင္လည္း ခ်ိဳခ်ိဳေလးနဲ႔အရသာရွိပါတယ္။ ဒီလိုအရသာရွိတဲ့ ပန္းသစ္ေတာ္သီးက ဘယ္လိုက်န္းမာေရးအက်ိဳးေက်းဇူးေတြရရွိေစႏိုင္လဲဆိုတာကို ဒီေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္လိုက္ပါေနာ္။

ပန္းသစ္ေတာ္သီး ဆိုတာ
ပန္းသစ္ေတာ္သီးက အေပၚခြံအဝါေရာင္ သန္းသန္းေလးရွိၿပီး အသားခပ္ပြပြ အရည္႐ႊမ္း႐ႊမ္းေလးနဲ႔ ဝါးလိုက္တိုင္း တဂြၽတ္ဂြၽတ္နဲ႔ စားေကာင္းပါတယ္။ ရင္ထဲေအးသလို ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ ျပည့္ဝစြာပါဝင္ေနပါတယ္။ ခႏၶာကိုယ္မွာ အားျပည့္ေစသလို ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုခ်င္းစီကိုလည္း အားျပည့္ေအာင္ အားျဖည့္ေပးပါတယ္။
ဘယ္လိုအာဟာရဓာတ္ေတြပါဝင္ေနလဲ………….
အရသာရွိလွတဲ့ ပန္းသစ္ေတာ္သီးမွာ
• ကယ္လ္လိုရီ
• ပ႐ိုတင္း
• ကာဗိုဟိုက္ဒရိတ္
• အမွ်င္ဓာတ္
• ဗီတာမင္ C
• ဗီတာမင္ K
• ပိုတက္ဆီယမ္
• ေကာ့ပါး
• အမွ်င္ဓာတ္
• ဓာတ္တိုးဆန႔္က်င္ အာနိသင္တို႔ ပါဝင္ေနပါတယ္။

ဘယ္လိုက်န္းမာေရးအက်ိဳးေက်းဇူးေတြရႏိုင္လဲ……………..
အရသာရွိတဲ့ ပန္းသစ္ေတာ္သီးက ကိုယ္အေလးခ်ိန္မတက္ေစဘဲ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ကယ္လ္လိုရီ အျပည့္အဝရရွိေစတယ္

ဝိတ္တက္မွာကို ေၾကာက္တတ္သူေတြအေနနဲ႔ ပန္းသစ္ေတာ္သီးကို စားေပးလို႔ရပါတယ္။ အေၾကာင္းကေတာ့ ပန္းသစ္ေတာ္သီးက အမွ်င္ဓာတ္ႂကြယ္ဝေစသလို ကိုယ္အေလးခ်ိန္မတက္ေစဘဲ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ကယ္လ္လိုရီေတြကို အျပည့္အဝ ေပးစြမ္းႏိုင္ပါတယ္။ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ ကယ္လ္လိုရီေတြကို အျပည့္အဝျဖည့္ေပးႏိုင္ၿပီး ခႏၶာကိုယ္ကို အင္အားျပည့္လို႔ က်န္းမာေနေစမွာပါ။

အမွ်င္ဓာတ္ႂကြယ္ဝတာေၾကာင့္ အစာေျခစနစ္က်န္းမာေစႏိုင္တယ္
ပန္းသစ္ေတာ္သီးမ်ာ ေပ်ာ္ဝင္လြယ္တဲ့ အမွ်င္ဓာတ္ေရာ မေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓာတ္ပါ ႂကြယ္ဝစြာပါဝင္ေနပါတယ္။ ထမင္းစားၿပီးခ်ိန္မွာ ပန္းသစ္ေတာ္သီးကို စားေပးမယ္ဆိုရင္ ဗိုက္ျပည့္တယ္လို႔ ခံစားရေစၿပီး စိတ္ေက်နပ္မႈကို ရရွိေစႏိုင္မွာျဖစ္သလို အဆာခံႏိုင္ေစမွာပါ။ အမွ်င္ဓာတ္ေၾကာင့္ အူမႀကီးကို က်န္းမာေစႏိုင္သလို ဝမ္းမွန္ေစဖို႔လည္း အေကာင္းဆုံး အေထာက္အပံ့ေပးႏိုင္မွာပါ။ ေပ်ာ္ဝင္လြယ္တဲ့အမွ်င္ဓာတ္က ေသြးတြင္းကိုလက္စထေရာကို က်ဆင္းေစႏိုင္ၿပီး ႏွလုံးက်န္းမာေစႏိုင္သလို ေသြးတြင္းသၾကားဓာတ္ကိုလည္း အေကာင္းဆုံး ထိန္းညႇိေပးႏိုင္ပါတယ္။ အစားစားၿပီးခ်ိန္မွာ ေသြးခ်ိဳျမင့္တက္သြားတာမ်ိဳး မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ ေလပြတာ၊ ဗိုက္ေအာင့္တာ၊ ဝမ္းပ်က္ဝမ္းေလွ်ာတာေတြကို သက္သာေစႏိုင္ပါတယ္။

ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတယ္
ပန္းသစ္ေတာ္သီးမွာ အမွ်င္ဓာတ္ပါဝင္ေနမႈက ကိုယ္တြင္းအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္သလို အူမႀကီးကို က်န္းမာေစၿပီး အူနံရံေတြကိုလည္း က်န္းမာေစႏိုင္ပါတယ္။ ဝမ္းမွန္ေစၿပီး အူမႀကီးေရာင္ရမ္းတာ အူလမ္းေၾကာင္းတေလွ်ာက္မွာ ေရေတြစုပုံေနတာမ်ိဳးမျဖစ္ေအာင္ အေကာင္းဆုံး လုပ္ေဆာင္ေပးႏိုင္ပါတယ္။ ကိုယ္တြင္းက အဆိပ္အေတာက္ေတြကိုလည္း အထိေရာက္ဆုံး ဖယ္ရွားေပးႏိုင္ပါတယ္။

ဗီတာမင္ C ပါဝင္ေနတာေၾကာင့္ ကိုယ္ခံအားေကာင္းေစႏိုင္ပါတယ္
ပန္းသစ္ေတာ္မွာ ဗီတာမင္ C ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ ခႏၶာကိုယ္ကို ဓာတ္တိုး ဆန႔္က်င္ပစၥည္းေတြ အႏၲရာယ္ကေန အထိေရာက္ဆုံး ကာကြယ္ေပးႏိုင္ပါတယ္။ အေရျပားကို က်န္းမာေစသလို အ႐ြယ္တင္ႏုပ်ိဳေစၿပီး သံဓာတ္စုပ္ယူမႈကိုလည္း ေကာင္းေစႏိုင္ပါတယ္။ ေသြးအားနည္းေရာဂါ၊ ႏွလုံးေရာဂါ၊ အဆုတ္ေရာဂါေတြကိုလည္း အထိေရာက္ဆုံး တားဆီးေပးႏိုင္ပါတယ္။ အ႐ြယ္တင္ႏုပ်ိဳေစႏိုင္ပါတယ္။

နာက်င္ေရာင္ရမ္းမႈကို သက္သာေစႏိုင္ပါတယ္
ပန္းသစ္ေတာ္သီးမွာ ဓာတ္တိုးဆန႔္က်င္အာနိသင္၊ ေရာင္ရမ္းမႈကို သက္သာေစတဲ့အာနိသင္၊ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ အာနိသင္၊ ကင္ဆာတိုက္ဖ်က္ေပးႏိုင္တဲ့ အာနိသင္၊ ဓာတ္မတည့္မႈကို တိုက္ဖ်က္ေပးႏိုင္တဲ့ အာနိသင္ေတြကို ပါဝင္ေနပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္မ်ာျဖစ္ေနတဲ့ နာက်င္ေရာင္ရမ္းမႈေတြ၊ အေရျပားအနာေတြကို သက္သာေစဖို႔အတြက္ ပန္းသစ္ေတာ္သီးကို စားေပးလို႔ရပါတယ္။ ကင္ဆာကာကြယ္တဲ့ အေနနဲ႔လည္း ပန္းသစ္ေတာ္သီးကို စားေပးလို႔ရပါတယ္။

ဦးေႏွာက္က်န္းမာေစတယ္
ပန္းသစ္ေတာ္သီးမွာ ပိုတက္ဆီယမ္ ပါဝင္ေနတာေၾကာင့္ ႏွလုံးက်န္းမာေစႏိုင္သလို အာ႐ုံေၾကာနဲ႔ႂကြက္သားေတြကို က်န္းမာေစႏိုင္ပါတယ္။ ပိုတက္ဆီယမ္က ဦးေႏွာက္ကို အာဟာရဓာတ္ေတြ အေကာင္းဆုံးျဖည့္တင္းေပးႏိုင္ၿပီး အာ႐ုံေၾကာေတြကို အေကာင္းဆုံး လႈပ္ရွားႏိုင္ေအာင္ လႈံ႕ေဆာ္ေပးပါတယ္။ ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးၿပီး ဦးေႏွာက္ဆီ ေသြးစီးဆင္းေရာက္ရွိမႈကိုလည္း ေကာင္းမြန္ေစႏိုင္ပါတယ္။

အ႐ိုးေတြ ႀကံ့ခိုင္သန္စြမ္းေစႏိုင္တယ္
ပိုတက္ဆီယမ္ႂကြယ္ဝမႈက အာ႐ုံေၾကာေတြနဲ႔ ေသြးေပါင္ခ်ိန္ကိုတင္ ေကာင္းမြန္ေစတာမဟုတ္ပါဘူး။ ကယ္လ္ဆီယမ္ စုပ္ယူႏိုင္စြမ္းကို ျမင့္မားေစၿပီး ႐ိုးတြင္းျခင္ဆီေတြကို အေကာင္းဆုံးျဖစ္ေပၚေစပါတယ္။ အ႐ိုးသိပ္သည္းဆကို ေကာင္းေစၿပီး အ႐ိုးေတြကို ႀကံ့ခိုင္သန္စြမ္းေစဖို႔ အေကာင္းဆုံး အားျဖည့္ေပးပါတယ္။
အရည္႐ႊမ္းတဲ့ ပန္းသစ္ေတာ္သီးကိုစားရင္း ခႏၶာကိုယ္က်န္းမာေရးကို အေကာင္းဆုံး ေစာင့္ေရွာက္လိုက္ပါ…………..

ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
(Unicode)⤵⤵⤵

ပန်းသစ်တော်သီးလေး စားပေးပါ


ပန်းသစ်တော်သီးက အရည်ရွှမ်းသလို စားလိုက်ရင်လည်း ချိုချိုလေးနဲ့အရသာရှိပါတယ်။ ဒီလိုအရသာရှိတဲ့ ပန်းသစ်တော်သီးက ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။
ပန်းသစ်တော်သီး ဆိုတာ
ပန်းသစ်တော်သီးက အပေါ်ခွံအဝါရောင် သန်းသန်းလေးရှိပြီး အသားခပ်ပွပွ အရည်ရွှမ်းရွှမ်းလေးနဲ့ ဝါးလိုက်တိုင်း တဂျွတ်ဂျွတ်နဲ့ စားကောင်းပါတယ်။ ရင်ထဲအေးသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာပါဝင်နေပါတယ်။ ခန္ဓာကိုယ်မှာ အားပြည့်စေသလို ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီကိုလည်း အားပြည့်အောင် အားဖြည့်ပေးပါတယ်။
ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ………….
အရသာရှိလှတဲ့ ပန်းသစ်တော်သီးမှာ
• ကယ်လ်လိုရီ
• ပရိုတင်း
• ကာဗိုဟိုက်ဒရိတ်
• အမျှင်ဓာတ်
• ဗီတာမင် C
• ဗီတာမင် K
• ပိုတက်ဆီယမ်
• ကော့ပါး
• အမျှင်ဓာတ်
• ဓာတ်တိုးဆန့်ကျင် အာနိသင်တို့ ပါဝင်နေပါတယ်။
ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ……………..
အရသာရှိတဲ့ ပန်းသစ်တော်သီးက ကိုယ်အလေးချိန်မတက်စေဘဲ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လ်လိုရီ အပြည့်အဝရရှိစေတယ်
ဝိတ်တက်မှာကို ကြောက်တတ်သူတွေအနေနဲ့ ပန်းသစ်တော်သီးကို စားပေးလို့ရပါတယ်။ အကြောင်းကတော့ ပန်းသစ်တော်သီးက အမျှင်ဓာတ်ကြွယ်ဝစေသလို ကိုယ်အလေးချိန်မတက်စေဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်လိုရီတွေကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကယ်လ်လိုရီတွေကို အပြည့်အဝဖြည့်ပေးနိုင်ပြီး ခန္ဓာကိုယ်ကို အင်အားပြည့်လို့ ကျန်းမာနေစေမှာပါ။
အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကျန်းမာစေနိုင်တယ်
ပန်းသစ်တော်သီးမျာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါ ကြွယ်ဝစွာပါဝင်နေပါတယ်။ ထမင်းစားပြီးချိန်မှာ ပန်းသစ်တော်သီးကို စားပေးမယ်ဆိုရင် ဗိုက်ပြည့်တယ်လို့ ခံစားရစေပြီး စိတ်ကျေနပ်မှုကို ရရှိစေနိုင်မှာဖြစ်သလို အဆာခံနိုင်စေမှာပါ။ အမျှင်ဓာတ်ကြောင့် အူမကြီးကို ကျန်းမာစေနိုင်သလို ဝမ်းမှန်စေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ အစားစားပြီးချိန်မှာ သွေးချိုမြင့်တက်သွားတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ လေပွတာ၊ ဗိုက်အောင့်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေကို သက်သာစေနိုင်ပါတယ်။
ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်
ပန်းသစ်တော်သီးမှာ အမျှင်ဓာတ်ပါဝင်နေမှုက ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အူမကြီးကို ကျန်းမာစေပြီး အူနံရံတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဝမ်းမှန်စေပြီး အူမကြီးရောင်ရမ်းတာ အူလမ်းကြောင်းတလျှောက်မှာ ရေတွေစုပုံနေတာမျိုးမဖြစ်အောင် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေနိုင်ပါတယ်
ပန်းသစ်တော်မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကို ကျန်းမာစေသလို အရွယ်တင်နုပျိုစေပြီး သံဓာတ်စုပ်ယူမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ သွေးအားနည်းရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါတွေကိုလည်း အထိရောက်ဆုံး တားဆီးပေးနိုင်ပါတယ်။ အရွယ်တင်နုပျိုစေနိုင်ပါတယ်။
နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်
ပန်းသစ်တော်သီးမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်၊ ရောင်ရမ်းမှုကို သက်သာစေတဲ့အာနိသင်၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်၊ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်၊ ဓာတ်မတည့်မှုကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်တွေကို ပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မျာဖြစ်နေတဲ့ နာကျင်ရောင်ရမ်းမှုတွေ၊ အရေပြားအနာတွေကို သက်သာစေဖို့အတွက် ပန်းသစ်တော်သီးကို စားပေးလို့ရပါတယ်။ ကင်ဆာကာကွယ်တဲ့ အနေနဲ့လည်း ပန်းသစ်တော်သီးကို စားပေးလို့ရပါတယ်။
ဦးနှောက်ကျန်းမာစေတယ်
ပန်းသစ်တော်သီးမှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်သလို အာရုံကြောနဲ့ကြွက်သားတွေကို ကျန်းမာစေနိုင်ပါတယ်။ ပိုတက်ဆီယမ်က ဦးနှောက်ကို အာဟာရဓာတ်တွေ အကောင်းဆုံးဖြည့်တင်းပေးနိုင်ပြီး အာရုံကြောတွေကို အကောင်းဆုံး လှုပ်ရှားနိုင်အောင် လှုံ့ဆော်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေနိုင်တယ်
ပိုတက်ဆီယမ်ကြွယ်ဝမှုက အာရုံကြောတွေနဲ့ သွေးပေါင်ချိန်ကိုတင် ကောင်းမွန်စေတာမဟုတ်ပါဘူး။ ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကို မြင့်မားစေပြီး ရိုးတွင်းခြင်ဆီတွေကို အကောင်းဆုံးဖြစ်ပေါ်စေပါတယ်။ အရိုးသိပ်သည်းဆကို ကောင်းစေပြီး အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။
အရည်ရွှမ်းတဲ့ ပန်းသစ်တော်သီးကိုစားရင်း ခန္ဓာကိုယ်ကျန်းမာရေးကို အကောင်းဆုံး စောင့်ရှောက်လိုက်ပါ…………..

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ပန္းသစ္ေတာ္သီးေလး စားေပးပါ ပန္းသစ္ေတာ္သီးေလး စားေပးပါ Reviewed by THITHTOOLWIN on 02:01 Rating: 5
Powered by Blogger.