ဟင္းခတ္င႐ုတ္ေကာင္းရဲ႕က်န္းမာေရးအက်ိဳးေက်းဇူး (၁၀) ခု

(Zawgyi)⤵⤵⤵
င႐ုတ္ေကာင္းနံ႔ေမႊးေမႊးေလးနဲ႔ဆို ဟင္းခါးေလးျဖစ္ျဖစ္၊ မုန႔္ဟင္းခါးေလးျဖစ္ျဖစ္ အေတာ္ခံတြင္းၿမိန္ၾကတယ္မလား။ အေရွ႕တိုင္းထမင္းဝိုင္းမွာ ပါေလ့ရွိတဲ့ ဟင္းခတ္အေမႊးအႀကိဳင္ျဖစ္သလို အေနာက္တိုင္းအစားအစာ၊ ဥေရာပအစားအစာေတြမွာလည္း င႐ုတ္ေကာင္းေလးျဖဴးထားတာ ေတြ႕ရမ်ားပါတယ္။

သည္လို အစားတလိုင္းေတြရဲ႕မိတ္ေဆြႀကီး င႐ုတ္ေကာင္းက ခံတြင္းၿမိန္ေစတယ္၊ အခိုးပြင့္ေစတယ္ဆိုတာအျပင္ အသားအေရအတြက္အပါအဝင္ တျခားက်န္းမာေရး အက်ိဳးေက်းဇူးေတြရွိေနေသးတယ္ဆိုတာကို သင္သိပါသလား။ ဘာေတြျဖစ္မလဲ ၾကည့္လိုက္ရေအာင္ –

(၁) စိတ္က်ျခင္းကို သက္သာေစျခင္း
င႐ုတ္ေကာင္းမွာပါတဲ့ piperine ဆိုတဲ့ျဒပ္ေပါင္းက စိတ္က်ေဝဒနာ ခံစားေနရတဲ့သူေတြအတြက္ အရမ္းကို အက်ိဳးျပဳပါတယ္တဲ့။ ဦးေႏွာက္ရဲ႕လုပ္ေဆာင္ခ်က္ေတြကိုေကာင္းမြန္ေစၿပီး မွတ္ဉာဏ္လည္းေကာင္းေစပါတယ္။
သုေတသနေတြအရ င႐ုတ္ေကာင္းနည္းနည္းကို ပုံမွန္စားေပးရင္ စိတ္က်ေရာဂါသက္သာေစၿပီး ဦးေႏွာက္စြမ္းရည္ကို သိသိသာသာ တိုးတက္ေစတယ္လို႔ဆိုပါတယ္။

(၂) အစာေျခစနစ္ကိုေကာင္းေစျခင္း
အစာေျခတဲ့စနစ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ hydrochloric acid ဆိုတဲ့ အက္စစ္ဓာတ္ကို ခႏၶာကိုယ္က ထုတ္ေပးပါတယ္။ င႐ုတ္ေကာင္းက အဲဒီအက္စစ္ဓာတ္ထြက္ရွိမႈကို အားေပးၿပီး အစာေခ်ဖ်က္မႈ ပိုေကာင္းေစပါတယ္။ ေလလည္ေစၿပီး ေခြၽးထြက္ျခင္းနဲ႔ဆီးသြားျခင္းကို ႏႈိးဆြေပးႏိုင္စြမ္းရွိလို႔ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကိုကင္းစင္ေစပါတယ္။

(၃) အာဟာရစုပ္ယူမႈအားေကာင္းေစျခင္း
င႐ုတ္ေကာင္းေလးထည့္စားရင္ တျခားအစားအစာေတြထဲကေန အာဟာရဓာတ္ စုပ္ယူႏိုင္စြမ္း ပိုေကာင္းေစပါတယ္တဲ့။

(၄) ဝိတ္က်ေစျခင္း
ကိုယ္အေလးခ်ိန္က်ဖို႔ဆိုရင္ အဆီဆဲလ္ေတြကို ၿဖိဳခြင္းႏိုင္ဖို႔လိုပါတယ္။ င႐ုတ္ေကာင္းက အဆီဆဲလ္ေတြၿပိဳကြဲမႈကို ျမန္ဆန္ေစၿပီး ခႏၶာကိုယ္ရဲ႕ဇီဝျဖစ္စဥ္ကို ႏႈန္းပိုျမန္ေစပါတယ္။

(၅) ေခ်ာင္းဆိုးနဲ႔ လည္ေခ်ာင္းနာေပ်ာက္ကင္းေစျခင္း
ေခ်ာင္းဆိုးျခင္းနဲ႔ တျခားအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာေတြကို ေလ်ာ့ပါးသက္သာေစတဲ့ အာနိသင္ေတြ င႐ုတ္ေကာင္းမွာ ရွိပါတယ္။ ဥပမာ – ေခ်ာင္းအရမ္းဆိုးေနတဲ့အခ်ိန္ င႐ုတ္ေကာင္းမႈန႔္ လက္ဖက္ရည္ဇြန္း ေလးပုံတစ္ပုံခန႔္ကို ပ်ားရည္တစ္ဇြန္းနဲ႔ေရာၿပီး စားေပးႏိုင္ပါတယ္။

(၆) ႏွလုံးက်န္းမာေစျခင္း
ႏွလုံးေသြးေၾကာနံရံေတြမွာ ေသြးတြင္းအဆီေတြ ကပ္တြယ္ေနတာကိုလည္း င႐ုတ္ေကာင္းကဖယ္ရွားေပးႏိုင္လို႔ atherosclerosis လို႔ေခၚတဲ့ ေရာဂါကို ကာကြယ္ႏိုင္ပါတယ္။ atherosclerosis ဟာ ႏွလုံး႐ုတ္တရက္ရပ္ျခင္းကိုျဖစ္ေစတဲ့ အဓိကအေၾကာင္းရင္းလည္းျဖစ္ပါတယ္။

(၇) သြားကိုက္သက္သာေစျခင္း
င႐ုတ္ေကာင္းက သြားကိုက္ျခင္းနဲ႔ သြားဖုံးေရာဂါေတြကို သက္သာေစတဲ့ အာနိသင္ရွိပါတယ္။ ပိုးမႊားေတြကို ေသေစတဲ့အာနိသင္ေၾကာင့္ ခံတြင္းမွာ ဘက္တီးရီးယားပ်ံ႕ႏွံ႔မႈကို ကာကြယ္ေပးႏိုင္ပါတယ္။

(၈) ဆံပင္ျဖဴျခင္းကိုကာကြယ္ျခင္း
ဆံပင္ျဖဴျခင္းဟာ အသက္ႀကီးသူေတြတင္မက လူငယ္ေလးေတြမွာပါ ရင္ဆိုင္လာရတဲ့ျပႆနာ ျဖစ္ပါတယ္။ အ႐ြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္းကို ကာကြယ္ဖို႔ သို႔မဟုတ္ ဆံပင္ျဖဴေနာက္က်ေစဖို႔ နည္းရွိပါတယ္။ င႐ုတ္ေကာင္းမႈန႔္ လက္ဖက္ရည္ဇြန္း ေလးပုံတစ္ပုံကို ဒိန္ခ်ဥ္ခြက္တစ္ဝက္ထဲမွာ ထည့္ေမႊပါ။ ဦးေရျပားမွာ ႏွိပ္လိမ္းေပးၿပီး နာရီဝက္ေလာက္ထားပါ။ ညင္သာစြာေရေဆးခ်ပါ။ မၾကာခဏ ပုံမွန္လုပ္ေပးရင္ ဆံပင္ျဖဴျခင္းကို ဟန႔္တားႏိုင္ပါလိမ့္မယ္

(၉) အဆစ္နာေဝဒနာသည္ေတြအတြက္ သက္သာေစျခင္း
င႐ုတ္ေကာင္းကို အေရျပားမွာလိမ္းလိုက္တဲ့အခါ ပူေႏြးေႏြးခံစားမႈေလး သတိထားမိမွာပါ။ အဲဒါက ေသြးလည္ပတ္မႈ ေကာင္းေစပါတယ္။ အဆစ္နာေဝဒနာရွင္ေတြကို နာက်င္မႈေဝဒနာ သက္သာေစတဲ့အျပင္ ယူရစ္အက္စစ္ကိုလည္း ေလ်ာ့ပါးေစပါတယ္။

(၁၀) င႐ုတ္ေကာင္းနဲ႔ အသားအေရ
င႐ုတ္ေကာင္းဟာ ခႏၶာကိုယ္အတြက္ အာဟာရဓာတ္ေတြေပးစြမ္းႏိုင္သလို သူ႔ကို ဟင္းခတ္ပဲျဖစ္ျဖစ္ ပုံမွန္စားေပးရင္ ဝင္းလက္ၿပီး ၾကည္လင္တဲ့အသားအေရကို ရရွိေစႏိုင္ပါတယ္။ ပ်ားရည္ သို႔မဟုတ္ ဒိန္ခ်ဥ္တို႔နဲ႔ ေရာစပ္ၿပီး exfoliator အျဖစ္ ဆဲလ္ေသဖယ္ရွားရာမွာသုံးႏိုင္ပါတယ္။

ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
(Unicode)⤵⤵⤵
ဟင်းခတ်ငရုတ်ကောင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ခု

ငရုတ်ကောင်းနံ့မွှေးမွှေးလေးနဲ့ဆို ဟင်းခါးလေးဖြစ်ဖြစ်၊ မုန့်ဟင်းခါးလေးဖြစ်ဖြစ် အတော်ခံတွင်းမြိန်ကြတယ်မလား။ အရှေ့တိုင်းထမင်းဝိုင်းမှာ ပါလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်သလို အနောက်တိုင်းအစားအစာ၊ ဥရောပအစားအစာတွေမှာလည်း ငရုတ်ကောင်းလေးဖြူးထားတာ တွေ့ရများပါတယ်။

သည်လို အစားတလိုင်းတွေရဲ့မိတ်ဆွေကြီး ငရုတ်ကောင်းက ခံတွင်းမြိန်စေတယ်၊ အခိုးပွင့်စေတယ်ဆိုတာအပြင် အသားအရေအတွက်အပါအဝင် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေရှိနေသေးတယ်ဆိုတာကို သင်သိပါသလား။ ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင် –
(၁) စိတ်ကျခြင်းကို သက်သာစေခြင်း
ငရုတ်ကောင်းမှာပါတဲ့ piperine ဆိုတဲ့ဒြပ်ပေါင်းက စိတ်ကျဝေဒနာ ခံစားနေရတဲ့သူတွေအတွက် အရမ်းကို အကျိုးပြုပါတယ်တဲ့။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပြီး မှတ်ဉာဏ်လည်းကောင်းစေပါတယ်။
သုတေသနတွေအရ ငရုတ်ကောင်းနည်းနည်းကို ပုံမှန်စားပေးရင် စိတ်ကျရောဂါသက်သာစေပြီး ဦးနှောက်စွမ်းရည်ကို သိသိသာသာ တိုးတက်စေတယ်လို့ဆိုပါတယ်။
(၂) အစာခြေစနစ်ကိုကောင်းစေခြင်း
အစာခြေတဲ့စနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ hydrochloric acid ဆိုတဲ့ အက်စစ်ဓာတ်ကို ခန္ဓာကိုယ်က ထုတ်ပေးပါတယ်။ ငရုတ်ကောင်းက အဲဒီအက်စစ်ဓာတ်ထွက်ရှိမှုကို အားပေးပြီး အစာချေဖျက်မှု ပိုကောင်းစေပါတယ်။ လေလည်စေပြီး ချွေးထွက်ခြင်းနဲ့ဆီးသွားခြင်းကို နှိုးဆွပေးနိုင်စွမ်းရှိလို့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုကင်းစင်စေပါတယ်။
(၃) အာဟာရစုပ်ယူမှုအားကောင်းစေခြင်း
ငရုတ်ကောင်းလေးထည့်စားရင် တခြားအစားအစာတွေထဲကနေ အာဟာရဓာတ် စုပ်ယူနိုင်စွမ်း ပိုကောင်းစေပါတယ်တဲ့။
(၄) ဝိတ်ကျစေခြင်း
ကိုယ်အလေးချိန်ကျဖို့ဆိုရင် အဆီဆဲလ်တွေကို ဖြိုခွင်းနိုင်ဖို့လိုပါတယ်။ ငရုတ်ကောင်းက အဆီဆဲလ်တွေပြိုကွဲမှုကို မြန်ဆန်စေပြီး ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို နှုန်းပိုမြန်စေပါတယ်။
(၅) ချောင်းဆိုးနဲ့ လည်ချောင်းနာပျောက်ကင်းစေခြင်း
ချောင်းဆိုးခြင်းနဲ့ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာစေတဲ့ အာနိသင်တွေ ငရုတ်ကောင်းမှာ ရှိပါတယ်။ ဥပမာ – ချောင်းအရမ်းဆိုးနေတဲ့အချိန် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး စားပေးနိုင်ပါတယ်။
(၆) နှလုံးကျန်းမာစေခြင်း
နှလုံးသွေးကြောနံရံတွေမှာ သွေးတွင်းအဆီတွေ ကပ်တွယ်နေတာကိုလည်း ငရုတ်ကောင်းကဖယ်ရှားပေးနိုင်လို့ atherosclerosis လို့ခေါ်တဲ့ ရောဂါကို ကာကွယ်နိုင်ပါတယ်။ atherosclerosis ဟာ နှလုံးရုတ်တရက်ရပ်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။
(၇) သွားကိုက်သက်သာစေခြင်း
ငရုတ်ကောင်းက သွားကိုက်ခြင်းနဲ့ သွားဖုံးရောဂါတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ပိုးမွှားတွေကို သေစေတဲ့အာနိသင်ကြောင့် ခံတွင်းမှာ ဘက်တီးရီးယားပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်ပါတယ်။
(၈) ဆံပင်ဖြူခြင်းကိုကာကွယ်ခြင်း
ဆံပင်ဖြူခြင်းဟာ အသက်ကြီးသူတွေတင်မက လူငယ်လေးတွေမှာပါ ရင်ဆိုင်လာရတဲ့ပြဿနာ ဖြစ်ပါတယ်။ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့ သို့မဟုတ် ဆံပင်ဖြူနောက်ကျစေဖို့ နည်းရှိပါတယ်။ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကို ဒိန်ချဉ်ခွက်တစ်ဝက်ထဲမှာ ထည့်မွှေပါ။ ဦးရေပြားမှာ နှိပ်လိမ်းပေးပြီး နာရီဝက်လောက်ထားပါ။ ညင်သာစွာရေဆေးချပါ။ မကြာခဏ ပုံမှန်လုပ်ပေးရင် ဆံပင်ဖြူခြင်းကို ဟန့်တားနိုင်ပါလိမ့်မယ်
(၉) အဆစ်နာဝေဒနာသည်တွေအတွက် သက်သာစေခြင်း
ငရုတ်ကောင်းကို အရေပြားမှာလိမ်းလိုက်တဲ့အခါ ပူနွေးနွေးခံစားမှုလေး သတိထားမိမှာပါ။ အဲဒါက သွေးလည်ပတ်မှု ကောင်းစေပါတယ်။ အဆစ်နာဝေဒနာရှင်တွေကို နာကျင်မှုဝေဒနာ သက်သာစေတဲ့အပြင် ယူရစ်အက်စစ်ကိုလည်း လျော့ပါးစေပါတယ်။
(၁၀) ငရုတ်ကောင်းနဲ့ အသားအရေ
ငရုတ်ကောင်းဟာ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်တွေပေးစွမ်းနိုင်သလို သူ့ကို ဟင်းခတ်ပဲဖြစ်ဖြစ် ပုံမှန်စားပေးရင် ဝင်းလက်ပြီး ကြည်လင်တဲ့အသားအရေကို ရရှိစေနိုင်ပါတယ်။ ပျားရည် သို့မဟုတ် ဒိန်ချဉ်တို့နဲ့ ရောစပ်ပြီး exfoliator အဖြစ် ဆဲလ်သေဖယ်ရှားရာမှာသုံးနိုင်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဟင္းခတ္င႐ုတ္ေကာင္းရဲ႕က်န္းမာေရးအက်ိဳးေက်းဇူး (၁၀) ခု ဟင္းခတ္င႐ုတ္ေကာင္းရဲ႕က်န္းမာေရးအက်ိဳးေက်းဇူး (၁၀) ခု Reviewed by THITHTOOLWIN on 01:58 Rating: 5
Powered by Blogger.