ထိုင္းေတာင္ပိုင္းမွာ ႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုးဆုံး တိုက္ခိုက္မႈႀကီး ျဖစ္ခဲ့ၿပီး လူ၁၅ ဦး ေသဆုံး

ထိုင္းႏိုင္ငံ ေတာင္ပိုင္းမွာ အာဏာပိုင္ေတြနဲ႔ သူပုန္ေတြအၾကား ထိပ္တိုက္ရင္ဆိုင္မႈေတြ ျဖစ္ပြားေနတာ ဆယ္စုႏွစ္ တစ္ခုေက်ာ္ ရွိေနၿပီျဖစ္
(Zawgyi)⤵⤵⤵
ထိုင္းႏိုင္ငံေတာင္ပိုင္းမွာ ႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုးဝါးဆုံး တိုက္ခိုက္မႈႀကီး တစ္ခု ျဖစ္ခဲ့ၿပီး ခြဲထြက္ေရး သူပုန္ေတြလို႔ ယူဆရသူေတြရဲ႕ လက္ခ်က္နဲ႔ အနည္းဆုံး လူ ၁၅ ဦး ေသဆုံးခဲ့ပါတယ္။ ေနာက္ထပ္ လူ ၄ ဦးလည္း ဒဏ္ရာ ရခဲ့ပါတယ္။

ယာလျပည္နယ္က စစ္ေဆးေရးဂိတ္တစ္ခုကို လက္နက္ကိုင္ေတြ ဝင္ေရာက္ တိုက္ခိုက္ခဲ့စဥ္အတြင္း ေသဆုံးသြားသူေတြထဲမွာ ရဲအရာရွိေတြလည္း ပါဝင္ပါတယ္။

လက္နက္ကိုင္ေတြက ေဖာက္ခြဲေရး ပစၥည္းေတြ အသုံးျပဳ တိုက္ခိုက္ခဲ့ၿပီး သူတို႔ေနာက္ လိုက္မလာႏိုင္ေအာင္ လမ္းေတြေပၚမွာ သံတိုသံစေတြ ျဖန္႔ႀကဲ ခ်ထားခဲ့ပါတယ္။

ထိုင္းႏိုင္ငံေတာင္ပိုင္းမွာ ၂၀၀၄ ခုႏွစ္က ခြဲထြက္ေရး သူပုန္ေတြ စပုန္ကန္ ထႂကြခဲ့ၾကကတည္းက လူ ေထာင္ေပါင္းမ်ားစြာ အသက္ဆုံးရႈံးခဲ့ၾကၿပီး ျဖစ္ပါတယ္။

တိုက္ခိုက္မႈအတြင္း ဘာေတြ ျဖစ္ခဲ့သလဲ

အၾကမ္းဖက္ တိုက္ခိုက္မႈေတြ မၾကာခဏ ျဖစ္ေလ့ ရွိတဲ့ ျပည္နယ္ ၃ ခုအနက္ တစ္ခု ျဖစ္တဲ့ ယာလျပည္နယ္မွာ ႏိုဝင္ဘာ ၅ ရက္ အဂၤါေန႔ညက ဒီတိုက္ခိုက္မႈ ျဖစ္ပြားခဲ့တာပါ။

စစ္ေဆးေရးစခန္း တစ္ခုကို ခြဲထြက္ေရး သူပုန္ေတြလို႔ ယူဆရတဲ့ လက္နက္ကိုင္ေတြက ပစ္မွတ္ထား တိုက္ခိုက္ခဲ့ရာမွာ ရဲအရာရွိတစ္ဦးနဲ႔ အရပ္သား ေက်း႐ြာ လုံၿခဳံေရးေတြ အပါအဝင္ လူ ၁၅ ဦး ေသဆုံးခဲ့ပါတယ္။

အဲဒီ ေက်း႐ြာ လုံၿခဳံေရးေတြဟာ အရပ္သားေတြ ျဖစ္ၾကၿပီး သူတို႔ေက်း႐ြာေတြကို ကာကြယ္ဖို႔အတြက္ လက္နက္ေတြ ဘယ္လို အသုံးျပဳရသလဲ ဆိုတာ ေလ့က်င့္ သင္တန္းေပးထားသူေတြ ျဖစ္ပါတယ္။

ဒဏ္ရာ ရသူတခ်ိဳ႕ဟာ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိတယ္လို႔ ဘီဘီစီ ထိုင္းဌာနက ေျပာပါတယ္။

တိုက္ခိုက္မႈကို ဘယ္သူက ႀကိဳးကိုင္ စီစဥ္ခဲ့တာလဲ ဆိုတာ အေထာက္အထား အေသအခ်ာ မေတြ႕ရေသးေပမဲ့ သူပုန္ေတြရဲ႕ လက္ခ်က္ ျဖစ္ႏိုင္တယ္လို႔ ေဒသတြင္း လုံၿခဳံေရးဆိုင္ရာ ေျပာခြင့္ရ ပုဂၢိဳလ္ ဗိုလ္မႉးႀကီး ပရာမို႔ ပ႐ြမ္ အင္ က ႐ိုက္တာ သတင္းဌာနကို ေျပာပါတယ္။

"အခု လတ္တေလာႏွစ္ေတြအတြင္း ဒါဟာ အႀကီးမားဆုံး တိုက္ခိုက္မႈႀကီး တစ္ခု ျဖစ္တယ္"လို႔ သူက ေျပာပါတယ္။

ဒီခြဲထြက္ေရး အဖြဲ႕က ဘယ္သူေတြလဲ

ဒီခြဲထြက္ေရး သူပုန္ေတြဟာ ထိုင္းႏိုင္ငံ ေတာင္ပိုင္းမွာ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ ပုံစံတစ္ခု ေတာင္းဆိုေနတဲ့ လက္နက္ကိုင္ေတြ ျဖစ္ပါတယ္။

ဘာ့ေၾကာင့္လဲ ဆိုတာ သိခ်င္ရင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၀၀ က သမိုင္းကို ျပန္ေျပာင္းၾကည့္ဖို႔ လိုပါလိမ့္မယ္။

ေတာင္ပိုင္းေဒသဟာ ပတၱနီ လို႔ အမ်ားသိၾကတဲ့ ဆူလ္တန္ဘုရင္ အုပ္ခ်ဳပ္တဲ့ နယ္ေျမတစ္ခု ျဖစ္ခဲ့ပါတယ္။ အဲဒီမွာ ေနထိုင္သူ အမ်ားစုဟာ မေလးႏြယ္ဖြား မြတ္ဆလင္ေတြ ျဖစ္ၾကပါတယ္။ ဒါေပမဲ့ ၂၀ ရာစုႏွစ္ အစပိုင္းမွာ ပတၱနီ ေဒသဟာ ထိုင္းႏိုင္ငံရဲ႕ တစိတ္တပိုင္း ျဖစ္လာခဲ့ပါတယ္။

"မေလးႏြယ္ဖြား မြတ္ဆလင္ေတြဟာ ထိုင္းႏိုင္ငံရဲ႕ က်န္တဲ့ ေဒသေတြက လူအမ်ားစုနဲ႔ ယဥ္ေက်းမႈအရေရာ၊ လူမ်ိဳးႏြယ္စုအရေရာ၊ ဘာသာေရးအရေရာ မတူ ကြဲျပားျခားနားေနတယ္"လို႔ ၾသစေၾတးလ် အေျခစိုက္ သီးျခားလြတ္လပ္တဲ့ သုံးသပ္သူ ပညာရွင္ ရမ္ဂရာဝီ ခ်ာလာမ္ဆရီပင္ညိဳရတ္က ဘီဘီစီကို ေျပာပါတယ္။

ဒီမေလးႏြယ္ဖြား မြတ္ဆလင္ေတြဟာ သူတို႔ရဲ႕ ႐ိုးရာ ယဥ္ေက်းမႈအေပၚ ႀကီးစိုးခ်ဳပ္ကိုင္တာကို ဆန္႔က်င္ တိုက္ပြဲဝင္ခဲ့ၾကရာမွာ အစိုးရရဲ႕ ျပင္းထန္တဲ့ ဖိႏွိပ္မႈနဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔ သူက ေျပာပါတယ္။

အခုခ်ိန္ထိ သူတို႔ ပုန္ကန္ေနၾကတုန္းလား

တကယ္တမ္းမွာ ဒီမေလးႏြယ္ဖြား မြတ္ဆလင္ေတြဟာ ဆန္႔က်င္ပုန္ကန္ေနမႈေတြကို ဘယ္တုန္းကမွ မရပ္ခဲ့ၾကပါဘူး။ ဒါေပမဲ့ ၂၀၀၄ ခုႏွစ္အထိ ႏိုင္ငံေတာင္ပိုင္းမွာ အၾကမ္းဖက္မႈေတြ အၾကမ္းဖက္ တိုက္ခိုက္မႈေတြဟာ အထိုက္အေလ်ာက္ ေအးၿငိမ္းေနခဲ့ပါတယ္။

၂၀၀၄ ခုႏွစ္မွာ ေသနတ္သမားေတြက စစ္စခန္းတစ္ခုကို ဝင္ေရာက္ စီးနင္း တိုက္ခိုက္ခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈအတြင္း အေစာင့္ ၄ ဦး ေသဆုံးခဲ့ၿပီး ႐ိုင္ဖယ္ေသနတ္ ၄၀၀ ေလာက္ လုယူသြားခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း တိုက္ခိုက္မႈေတြ ဆက္တိုက္ ျဖစ္ခဲ့ၿပီး ဒါဟာ မေလးႏြယ္ဖြား မြတ္ဆလင္ ခြဲထြက္ေရး လက္နက္ကိုင္ေတြရဲ႕ လက္ခ်က္ လို႔ အစိုးရက စြပ္စြဲခဲ့ပါတယ္။

မြတ္ဆလင္ခြဲထြက္ေရး သူပုန္ေတြလို႔ ယူဆရတဲ့ လက္နက္ကိုင္ေတြရဲ႕ တိုက္ခိုက္မႈအတြင္း လုံၿခဳံေရး ေစတနာ့ဝန္ထမ္းေတြ အမ်ားအျပား ေသဆုံး

အဲဒီအခ်ိန္ကတည္းကစလို႔ တိုက္ခိုက္မႈေတြ ၿငိမ္သြားလိုက္ အႀကီးအက်ယ္ ျဖစ္လိုက္နဲ႔ ရပ္သြားတယ္လို႔ေတာ့ မရွိခဲ့ပါဘူး။

အဂၤါေန႔က ျဖစ္ပြားခဲ့တဲ့ တိုက္ခိုက္မႈဟာ ထိခိုက္ေသဆုံးမႈ စာရင္းအရ ေျပာရင္ ႏွစ္ေပါင္းမ်ားစြာအတြင္း အႀကီးမားဆုံး တိုက္ခိုက္မႈႀကီးလို႔ ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ ဒီတိုက္ခိုက္မႈကို ဘယ္သူက ဘာ့ေၾကာင့္ လုပ္တာလဲ ဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

ဒီတိုက္ခိုက္မႈဟာ ေဒသတြင္း အဓိက ခြဲထြက္ေရး အဖြဲ႕ႀကီး ၃ ခုထဲက တစ္ခု ျဖစ္တဲ့ Barisan Revolusi Nasional (BRN) အဖြဲ႕ရဲ႕ လက္ခ်က္ ျဖစ္ႏိုင္တယ္လို႔ မစၥ ရမ္ဂရာဝီ ခ်ာလာမ္ဆရီပင္ညိဳရတ္ က ေျပာပါတယ္။

သက္ေသ အေထာက္အထား အခိုင္အမာ မရွိေပမဲ့ တိုက္ခိုက္တဲ့ ပုံစံနဲ႔ ပစ္မွတ္ထားမႈကို ၾကည့္ရင္ အရင္တုန္းက BRN အသုံးျပဳခဲ့တဲ့ တိုက္ခိုက္ပုံေတြနဲ႔ တူေနတယ္လို႔ သူက ေျပာပါတယ္။

ဒါေပမဲ့ ဒါဟာ ထိုင္းႏိုင္ငံ ေတာင္ပိုင္းမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ၂၀၀၄ ခုႏွစ္တုန္းက အတိုင္းအတာလို ျပန္ျဖစ္လာေတာ့မယ့္ လကၡဏာလို႔ ယူဆရသလား ဆိုတဲ့ ေမးခြန္းနဲ႔ ပတ္သက္လို႔ မစၥ ရမ္ဂရာဝီ ခ်ာလာမ္ဆရီပင္ညိဳရတ္ က "လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက ျဖစ္ခဲ့တဲ့ စစ္ေရး တိုက္ပြဲပုံစံမ်ိဳး ျပန္ျဖစ္မယ့္ လကၡဏာ လို႔ေတာ့ မေတြ႕ရပါဘူး၊ ဒီအဖြဲ႕က သူတို႔ ရွိေနဆဲ ဆိုတာရယ္၊ သူတို႔မွာ အင္အားေတာင့္တယ္ ဆိုတာရယ္ကို လူေတြကို သတိေပးတဲ့ အေနနဲ႔ လုပ္ခဲ့တဲ့ သာမန္ စစ္ေရးလႈပ္ရွားမႈ တစ္ခုသာ ျဖစ္ႏိုင္ပါတယ္"လို႔ သုံးသပ္ပါတယ္။

ဒီတိုက္ခိုက္မႈက ဘာ့ေၾကာင့္ အေရးႀကီးသလဲ

ထိုင္းႏိုင္ငံ ေတာင္ပိုင္းမွာ ခြဲထြက္ေရး သူပုန္ေတြနဲ႔ အာဏာပိုင္ေတြအၾကား ပဋိပကၡေတြ ၂၀၀၄ ခုႏွစ္က တေက်ာ့ျပန္ စခဲ့ကတည္းက လူေပါင္း ၇၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ျဖစ္တယ္လို႔ ထိုင္းေတာင္ပိုင္းက အၾကမ္းဖက္မႈေတြကို ေလ့လာေစာင့္ၾကည့္ေနတဲ့ Deep South Watch အဖြဲ႕က ေျပာပါတယ္။

ဒီပဋိပကၡကို ႏိုင္ငံတကာက သိပ္ အာ႐ုံမစိုက္ၾကေပမဲ့ အေရွ႕ေတာင္အာရွ ေဒသမွာေတာ့ ဒါဟာ လူအေသအေပ်ာက္ အမ်ားဆုံး ပဋိပကၡႀကီးတစ္ခု ျဖစ္တယ္လို႔ ေျပာရင္ လြန္မယ္ မထင္ပါဘူး လို႔ မစၥ ရမ္ဂရာဝီ ခ်ာလာမ္ဆရီပင္ညိဳရတ္ က ဆိုပါတယ္။

 လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၅ ႏွစ္အတြင္း ယာလျပည္နယ္မွာ တိုက္ခိုက္မႈေတြ ဆက္တိုက္ ျဖစ္ခဲ့
ဒါေပမဲ့ ဒီပဋိပကၡအေပၚ စိုးရိမ္မကင္း ျဖစ္ေနတာ ထိုင္းႏိုင္ငံတစ္ခုတည္း မဟုတ္ပါဘူး။ ထိုင္းနဲ႔ ကပ္ရက္ အိမ္နီးခ်င္း မေလးရွားႏိုင္ငံကလည္း အဲဒီပဋိပကၡကေန ႐ိုက္ခတ္မႈေတြ ပ်ံ႕ႏွံ႔လာမွာနဲ႔ ဒီပဋိပကၡေၾကာင့္ ဂ်ီဟာ့ဒ္ အုပ္စုေတြ အသြင္ေျပာင္းၿပီး ထိုးေဖာက္ ဝင္ေရာက္လာမွာကို စိုးရိမ္ေနပါတယ္ လို႔ မစၥ ရမ္ဂရာဝီ ခ်ာလာမ္ဆရီပင္ညိဳရတ္ က ေျပာပါတယ္။

တျခားေနရာေတြက ခြဲထြက္ေရး ပဋိပကၡေတြကို ၾကည့္မယ္ ဆိုရင္ ပဋိပကၡ ရွည္ၾကာေလေလ အေျခအေနေတြ ပိုရႈပ္ေထြးလာေလေလ ျဖစ္တာကို ေတြ႕ရေလ့ရွိတယ္၊ ဒီပဋိပကၡကေန မလိုလားအပ္တဲ့ အုပ္စုအဖြဲ႕ေတြ ေပါက္ဖြားရာ ေနရာ ျဖစ္လာႏိုင္တယ္လို႔ သူက သုံးသပ္ပါတယ္။

BBC Burmese
https://www.bbc.com
------------------
(Unicode)⤵⤵⤵
ထိုင်းတောင်ပိုင်းမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဆုံး တိုက်ခိုက်မှုကြီး ဖြစ်ခဲ့ပြီး လူ၁၅ ဦး သေဆုံး

Image caption ထိုင်းနိုင်ငံ တောင်ပိုင်းမှာ အာဏာပိုင်တွေနဲ့ သူပုန်တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေတာ ဆယ်စုနှစ် တစ်ခုကျော် ရှိနေပြီဖြစ်

ထိုင်းနိုင်ငံတောင်ပိုင်းမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး တိုက်ခိုက်မှုကြီး တစ်ခု ဖြစ်ခဲ့ပြီး ခွဲထွက်ရေး သူပုန်တွေလို့ ယူဆရသူတွေရဲ့ လက်ချက်နဲ့ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် လူ ၄ ဦးလည်း ဒဏ်ရာ ရခဲ့ပါတယ်။

ယာလပြည်နယ်က စစ်ဆေးရေးဂိတ်တစ်ခုကို လက်နက်ကိုင်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့စဉ်အတွင်း သေဆုံးသွားသူတွေထဲမှာ ရဲအရာရှိတွေလည်း ပါဝင်ပါတယ်။

လက်နက်ကိုင်တွေက ဖောက်ခွဲရေး ပစ္စည်းတွေ အသုံးပြု တိုက်ခိုက်ခဲ့ပြီး သူတို့နောက် လိုက်မလာနိုင်အောင် လမ်းတွေပေါ်မှာ သံတိုသံစတွေ ဖြန့်ကြဲ ချထားခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၂၀၀၄ ခုနှစ်က ခွဲထွက်ရေး သူပုန်တွေ စပုန်ကန် ထကြွခဲ့ကြကတည်းက လူ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြပြီး ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း ဘာတွေ ဖြစ်ခဲ့သလဲ

အကြမ်းဖက် တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်လေ့ ရှိတဲ့ ပြည်နယ် ၃ ခုအနက် တစ်ခု ဖြစ်တဲ့ ယာလပြည်နယ်မှာ နိုဝင်ဘာ ၅ ရက် အင်္ဂါနေ့ညက ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

စစ်ဆေးရေးစခန်း တစ်ခုကို ခွဲထွက်ရေး သူပုန်တွေလို့ ယူဆရတဲ့ လက်နက်ကိုင်တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာမှာ ရဲအရာရှိတစ်ဦးနဲ့ အရပ်သား ကျေးရွာ လုံခြုံရေးတွေ အပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီ ကျေးရွာ လုံခြုံရေးတွေဟာ အရပ်သားတွေ ဖြစ်ကြပြီး သူတို့ကျေးရွာတွေကို ကာကွယ်ဖို့အတွက် လက်နက်တွေ ဘယ်လို အသုံးပြုရသလဲ ဆိုတာ လေ့ကျင့် သင်တန်းပေးထားသူတွေ ဖြစ်ပါတယ်။

ဒဏ်ရာ ရသူတချို့ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဘီဘီစီ ထိုင်းဌာနက ပြောပါတယ်။

တိုက်ခိုက်မှုကို ဘယ်သူက ကြိုးကိုင် စီစဉ်ခဲ့တာလဲ ဆိုတာ အထောက်အထား အသေအချာ မတွေ့ရသေးပေမဲ့ သူပုန်တွေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ပရာမို့ ပရွမ် အင် က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

"အခု လတ်တလောနှစ်တွေအတွင်း ဒါဟာ အကြီးမားဆုံး တိုက်ခိုက်မှုကြီး တစ်ခု ဖြစ်တယ်"လို့ သူက ပြောပါတယ်။

ဒီခွဲထွက်ရေး အဖွဲ့က ဘယ်သူတွေလဲ

ဒီခွဲထွက်ရေး သူပုန်တွေဟာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပုံစံတစ်ခု တောင်းဆိုနေတဲ့ လက်နက်ကိုင်တွေ ဖြစ်ပါတယ်။

ဘာ့ကြောင့်လဲ ဆိုတာ သိချင်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က သမိုင်းကို ပြန်ပြောင်းကြည့်ဖို့ လိုပါလိမ့်မယ်။

တောင်ပိုင်းဒေသဟာ ပတ္တနီ လို့ အများသိကြတဲ့ ဆူလ်တန်ဘုရင် အုပ်ချုပ်တဲ့ နယ်မြေတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နေထိုင်သူ အများစုဟာ မလေးနွယ်ဖွား မွတ်ဆလင်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ၂၀ ရာစုနှစ် အစပိုင်းမှာ ပတ္တနီ ဒေသဟာ ထိုင်းနိုင်ငံရဲ့ တစိတ်တပိုင်း ဖြစ်လာခဲ့ပါတယ်။

"မလေးနွယ်ဖွား မွတ်ဆလင်တွေဟာ ထိုင်းနိုင်ငံရဲ့ ကျန်တဲ့ ဒေသတွေက လူအများစုနဲ့ ယဉ်ကျေးမှုအရရော၊ လူမျိုးနွယ်စုအရရော၊ ဘာသာရေးအရရော မတူ ကွဲပြားခြားနားနေတယ်"လို့ သြစတြေးလျ အခြေစိုက် သီးခြားလွတ်လပ်တဲ့ သုံးသပ်သူ ပညာရှင် ရမ်ဂရာဝီ ချာလာမ်ဆရီပင်ညိုရတ်က ဘီဘီစီကို ပြောပါတယ်။

ဒီမလေးနွယ်ဖွား မွတ်ဆလင်တွေဟာ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုအပေါ် ကြီးစိုးချုပ်ကိုင်တာကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ကြရာမှာ အစိုးရရဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

အခုချိန်ထိ သူတို့ ပုန်ကန်နေကြတုန်းလား

တကယ်တမ်းမှာ ဒီမလေးနွယ်ဖွား မွတ်ဆလင်တွေဟာ ဆန့်ကျင်ပုန်ကန်နေမှုတွေကို ဘယ်တုန်းကမှ မရပ်ခဲ့ကြပါဘူး။ ဒါပေမဲ့ ၂၀၀၄ ခုနှစ်အထိ နိုင်ငံတောင်ပိုင်းမှာ အကြမ်းဖက်မှုတွေ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ အထိုက်အလျောက် အေးငြိမ်းနေခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ သေနတ်သမားတွေက စစ်စခန်းတစ်ခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အစောင့် ၄ ဦး သေဆုံးခဲ့ပြီး ရိုင်ဖယ်သေနတ် ၄၀၀ လောက် လုယူသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ခဲ့ပြီး ဒါဟာ မလေးနွယ်ဖွား မွတ်ဆလင် ခွဲထွက်ရေး လက်နက်ကိုင်တွေရဲ့ လက်ချက် လို့ အစိုးရက စွပ်စွဲခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption မွတ်ဆလင်ခွဲထွက်ရေး သူပုန်တွေလို့ ယူဆရတဲ့ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုအတွင်း လုံခြုံရေး စေတနာ့ဝန်ထမ်းတွေ အများအပြား သေဆုံး

အဲဒီအချိန်ကတည်းကစလို့ တိုက်ခိုက်မှုတွေ ငြိမ်သွားလိုက် အကြီးအကျယ် ဖြစ်လိုက်နဲ့ ရပ်သွားတယ်လို့တော့ မရှိခဲ့ပါဘူး။

အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ထိခိုက်သေဆုံးမှု စာရင်းအရ ပြောရင် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုကြီးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုကို ဘယ်သူက ဘာ့ကြောင့် လုပ်တာလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဒီတိုက်ခိုက်မှုဟာ ဒေသတွင်း အဓိက ခွဲထွက်ရေး အဖွဲ့ကြီး ၃ ခုထဲက တစ်ခု ဖြစ်တဲ့ Barisan Revolusi Nasional (BRN) အဖွဲ့ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ မစ္စ ရမ်ဂရာဝီ ချာလာမ်ဆရီပင်ညိုရတ် က ပြောပါတယ်။

သက်သေ အထောက်အထား အခိုင်အမာ မရှိပေမဲ့ တိုက်ခိုက်တဲ့ ပုံစံနဲ့ ပစ်မှတ်ထားမှုကို ကြည့်ရင် အရင်တုန်းက BRN အသုံးပြုခဲ့တဲ့ တိုက်ခိုက်ပုံတွေနဲ့ တူနေတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒါဟာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ၂၀၀၄ ခုနှစ်တုန်းက အတိုင်းအတာလို ပြန်ဖြစ်လာတော့မယ့် လက္ခဏာလို့ ယူဆရသလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ မစ္စ ရမ်ဂရာဝီ ချာလာမ်ဆရီပင်ညိုရတ် က "လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ စစ်ရေး တိုက်ပွဲပုံစံမျိုး ပြန်ဖြစ်မယ့် လက္ခဏာ လို့တော့ မတွေ့ရပါဘူး၊ ဒီအဖွဲ့က သူတို့ ရှိနေဆဲ ဆိုတာရယ်၊ သူတို့မှာ အင်အားတောင့်တယ် ဆိုတာရယ်ကို လူတွေကို သတိပေးတဲ့ အနေနဲ့ လုပ်ခဲ့တဲ့ သာမန် စစ်ရေးလှုပ်ရှားမှု တစ်ခုသာ ဖြစ်နိုင်ပါတယ်"လို့ သုံးသပ်ပါတယ်။

ဒီတိုက်ခိုက်မှုက ဘာ့ကြောင့် အရေးကြီးသလဲ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ခွဲထွက်ရေး သူပုန်တွေနဲ့ အာဏာပိုင်တွေအကြား ပဋိပက္ခတွေ ၂၀၀၄ ခုနှစ်က တကျော့ပြန် စခဲ့ကတည်းက လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်းက အကြမ်းဖက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Deep South Watch အဖွဲ့က ပြောပါတယ်။

ဒီပဋိပက္ခကို နိုင်ငံတကာက သိပ် အာရုံမစိုက်ကြပေမဲ့ အရှေ့တောင်အာရှ ဒေသမှာတော့ ဒါဟာ လူအသေအပျောက် အများဆုံး ပဋိပက္ခကြီးတစ်ခု ဖြစ်တယ်လို့ ပြောရင် လွန်မယ် မထင်ပါဘူး လို့ မစ္စ ရမ်ဂရာဝီ ချာလာမ်ဆရီပင်ညိုရတ် က ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ နှစ်အတွင်း ယာလပြည်နယ်မှာ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ခဲ့

ဒါပေမဲ့ ဒီပဋိပက္ခအပေါ် စိုးရိမ်မကင်း ဖြစ်နေတာ ထိုင်းနိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး။ ထိုင်းနဲ့ ကပ်ရက် အိမ်နီးချင်း မလေးရှားနိုင်ငံကလည်း အဲဒီပဋိပက္ခကနေ ရိုက်ခတ်မှုတွေ ပျံ့နှံ့လာမှာနဲ့ ဒီပဋိပက္ခကြောင့် ဂျီဟာ့ဒ် အုပ်စုတွေ အသွင်ပြောင်းပြီး ထိုးဖောက် ဝင်ရောက်လာမှာကို စိုးရိမ်နေပါတယ် လို့ မစ္စ ရမ်ဂရာဝီ ချာလာမ်ဆရီပင်ညိုရတ် က ပြောပါတယ်။

တခြားနေရာတွေက ခွဲထွက်ရေး ပဋိပက္ခတွေကို ကြည့်မယ် ဆိုရင် ပဋိပက္ခ ရှည်ကြာလေလေ အခြေအနေတွေ ပိုရှုပ်ထွေးလာလေလေ ဖြစ်တာကို တွေ့ရလေ့ရှိတယ်၊ ဒီပဋိပက္ခကနေ မလိုလားအပ်တဲ့ အုပ်စုအဖွဲ့တွေ ပေါက်ဖွားရာ နေရာ ဖြစ်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

BBC Burmese
https://www.bbc.com
ထိုင္းေတာင္ပိုင္းမွာ ႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုးဆုံး တိုက္ခိုက္မႈႀကီး ျဖစ္ခဲ့ၿပီး လူ၁၅ ဦး ေသဆုံး ထိုင္းေတာင္ပိုင္းမွာ ႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုးဆုံး တိုက္ခိုက္မႈႀကီး ျဖစ္ခဲ့ၿပီး လူ၁၅ ဦး ေသဆုံး Reviewed by THITHTOOLWIN on 02:05 Rating: 5
Powered by Blogger.