ပုလဲလုပ္ငန္းတိုးခ်ဲ႕မႈက ဆလုံတို႔ဘဝကို ထိခိုက္ႏိုင္

မႀကဳံကလက္ကြၽန္းက ဆလုံတိုင္းရင္းသားတစ္ဦိးကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ၿမိတ္ကြၽန္းစုလို႔လူသိမ်ားတဲ့ ဘုတ္ျပင္းၿမိဳ႕နယ္ အလယ္မန္ေက်း႐ြာအုပ္စု လငန္းေက်း႐ြာထဲက ကြၽန္းငါးကြၽန္းမွာ ဆလုံတိုင္းရင္းသား ၂၃၀ ေက်ာ္ ေနထိုင္ၿပီး တံငါလုပ္ငန္းနဲ႔ အသက္ေမြးဝမ္းေက်ာင္း ျပဳၾကပါတယ္။

ေပ်ာက္ကြယ္လုနီးပါးလူမ်ိဳးစုျဖစ္တဲ့ ဆလုံတိုင္းရင္းသားေတြ က်င္လည္ရာ ကြၽန္းေတြမွာ ျမန္မာတာဆာကီပုလဲကုမၸဏီက လုပ္ငန္းတိုးခ်ဲ႕လုပ္ကိုင္ဖို႔ ႀကိဳးစားေနတာေၾကာင့္ ေမာ္ကင္း ေခၚ ဆလုံတိုင္းရင္းသားေတြ ကန႔္ကြက္ေနၾကပါတယ္။

ဒီကြၽန္းေတြကို လက္လႊတ္ရရင္ ဆလုံေတြမွာ လုပ္ကိုင္စားေသာက္စရာေနရာ မရွိတာေၾကာင့္ ကန႔္ကြက္ေနတာလို႔ လငန္းကြၽန္းက ဆလုံတိုင္းရင္းသူ ေဒၚမာႏိုင္းက ေျပာပါတယ္။

“တို႔ဆလုံလူမ်ိဳးဆို လုပ္စားစရာေနရာမရွိရေပါ့ လုပ္စားစရာေနရာမရွိရင္ အခက္အခဲျဖစ္တာေပါ့၊ အခုသူတို႔လုပ္မယ့္ေနရာတကြက္ေလာက္ပဲ တို႔လုပ္စားေနတဲ့ေနရာမွာပဲ တို႔လုပ္စားရတာ ဆလုံေရာ ဗမာေရာ၊ တို႔သူတို႔ကို သေဘာမတူဘူး၊ ဒီေနရာ သူတို႔တကယ္လုပ္မယ္ဆိုရင္ တို႔ဆလုံလူမ်ိဳးေတြ ဘဝပ်က္ကုန္မွာေပါ့၊ ဒီေနရာမွာပဲ အေသခံမယ္”

ဆလုံတိုင္းရင္းသူ ေဒၚမြန္ငိုင္ကလည္း ဒီကြၽန္းေတြကို ေပးလိုက္ရမယ္ဆိုရင္ သူတို႔ဟာ ထိုင္းႏိုင္ငံဘက္ သြားေရာက္ေနထိုင္တဲ့လမ္းကိုေ႐ြးဖို႔ပဲ က်န္ေတာ့တယ္လို႔  ေျပာပါတယ္။

“က်မတို႔နား ဝင္လုပ္ရင္ က်မတို႔လုပ္စားမရဘဲ အခက္အခဲျဖစ္မွာေပါ့၊ က်မတို႔လုပ္စားဖို႔ အခက္အခဲျဖစ္ရင္ ထမင္းငတ္မွာေပါ့၊ က်မတို႔ တကယ္လုပ္စားဖို႔ေနရာမရွိရင္ ထိုင္းျဖစ္ျဖစ္ေျပာင္းမွျဖစ္မွာေပါ့၊ ဒီမွာက်မတို႔ ဆလုံအမ်ိဳးေတြေပ်ာက္ကုန္မွာေပါ့”

သူတို႔ေနထိုင္တဲ့ကြၽန္းနားမွာရွိတဲ့ ကြၽန္းစုၿမိဳ႕နယ္ ေစာမြန္လွကြၽန္း ေခၚ  ဒိုမယ္ကြၽန္းမွာ ျမန္မာတာဆာကီကုမၸဏီက ပုလဲေမြးျမဴေရး လုပ္ကိုင္ေနပါတယ္။ ကုမၸဏီဟာ ၂၀၂၀ ျပည့္ႏွစ္ ၄လပိုင္းမွာ လုပ္ငန္း ဒုတိယအႀကိမ္ သက္တမ္းတိုးမွာျဖစ္ၿပီး ဆလုံေတြ လုပ္ကိုင္စားေသာက္ေနတဲ့ Sister group ကြၽန္း ေခၚ လငန္းကြၽန္းတန္းက ကြၽန္းသုံးခုကိုပါ တိုးခ်ဲ႕လုပ္ကိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

လူနည္းစု တိုင္းရင္းသားေတြ လုပ္ကိုင္စားေသာက္တဲ့ ေနရာကို ကုမၸဏီလက္ထဲ ထည့္လိုက္ျခင္းဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္သလို ျဖစ္ေနတယ္လို႔ လငန္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးသိန္းဇံက ယူဆပါတယ္။

“လူမ်ိဳးတုံးသတ္တယ္ဆိုတာ ေသနတ္ေတြနဲ႔ပစ္ ဓားေတြနဲ႔ခုတ္မွ မဟုတ္ဘူး။ အဲဒီသူတို႔ရဲ႕ လုပ္စားကြက္ေတြကို ပိတ္ပင္ရင္လည္း လူမ်ိဳးတုံး သတ္တာနဲ႔ အတူတူပါပဲလို႔ ေျပာခ်င္ပါတယ္”

တနသၤာတိုင္းအစိုးရက ထုတ္ျပန္တဲ့စာရင္းေတြအရ တာဆာကီ ကုမၸဏီဟာ ဒိုမယ္ကြၽန္းမွာ ပုလဲေမြးျမဴဖို႔ ေရျပင္ေျမျပင္ဧရိယာ ဧက ၄၂၀၀ ေက်ာ္ကို လုပ္ကိုင္ဖို႔ ၁၉၉၇ ခုႏွစ္မွာ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိရင္းႏွီးျမဳပ္ႏွံမႈ ေဒၚလာ ၈.၄၂ သန္း  ရွိၿပီး ပုလဲထြက္ရွိမႈ ၂၅ ရာခိုင္ႏႈန္းကို ႏိုင္ငံေတာ္က ရမွာပါ။

ေဒသခံေတြကေတာ့ ကုမၸဏီကို ဆန႔္က်င္ေနတာ မဟုတ္ဘဲ ဆလုံေတြ လုပ္ကိုင္ စားေသာက္တဲ့ ကြၽန္းေတြကို အကာအကြယ္ေပးခ်င္လို႔  ကန႔္ကြက္ေနတာလို႔ ေျပာပါတယ္။

    လုပ္စားကြက္ေတြကို ပိတ္ပင္ရင္လည္း လူမ်ိဳးတုံး သတ္တာနဲ႔ အတူတူပါပဲ

လငန္းကြၽန္းတန္းထဲက ကြၽန္းတစ္ခုအေပၚမွာ အေဆာက္အအုံ တခ်ိဳ႕ ခြင့္ျပဳခ်က္မဲ့ ေဆာက္လုပ္ထားသလို ေရျပင္ပိုင္နက္ အမွတ္အသား ေဘာေတြခ်ထားတယ္လို႔လည္း ေဒသခံတခ်ိဳ႕က ဆိုပါတယ္။

သူတို႔ရဲ႕ စြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီး ျမန္မာတာဆာကီကုမၸဏီ ဒိုမယ္ကြၽန္း တာဝန္ခံ ဦးသန္းထြန္းကို ဆက္သြယ္  ေမးျမန္းရာမွာေတာ့ သူ႔အေနနဲ႔ ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးခြင့္မရွိဘူးလို႔ ေျပာပါတယ္။

“အဲဒါက်ေနာ္ေျဖလို႔မရဘူ။ က်ေနာ္တို႔က က်ေနာ္တို႔ အထက္လူႀကီးေတြက ေျဖပိုင္ခြင့္ရွိတယ္လို႔ သတ္မွတ္ထားပါတယ္”

မန္ေနဂ်င္းဒါ႐ိုက္တာ ဦးခ်စ္စိုးကို ေမးျမန္းဖို႔ ကုမၸဏီကို ဆက္သြယ္ရာမွာေတာ့ ခရီးထြက္ေနတာေၾကာင့္ ျပန္လည္ေျဖၾကားမယ့္သူမရွိဘူးလို႔ ေျပာပါတယ္။

ကုမၸဏီဟာ ဒိုမယ္ကြၽန္းအပါအဝင္ Sister Group ကြၽန္းေျမဧရိယာ သုံးေသာင္းေက်ာ္ နီးပါးကို လုပ္ပိုင္ခြင့္ရဖို႔ အစိုးရကို တင္ျပထားတာပါ။

ဒီတင္ျပခ်က္အတြက္ ေနျပည္ေတာ္က  သေဘာထားမွတ္ခ်က္ေတာင္းတာေၾကာင့္ စိစစ္ေနတယ္လို႔ တနသၤာရီတိုင္းေဒသႀကီး သယံဇာတနဲ႔ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးလွေထြးက ေျပာပါတယ္။

“သူကသက္တမ္းတိုးတင္ထားတုန္းပဲ ရွိေသးတယ္၊ သက္တမ္းတိုးတင္တဲ့ထဲမွာ ျပန္စြန႔္မယ့္ ဧရိယာတို႔၊ မူလလုပ္ခိုင္းထားတဲ့ ဧရိယာတို႔ အဲဒါေတြလုပ္ခိုင္းထားတယ္၊ သူတို႔ျပန္စြန႔္ခိုင္းဖို႔ ဧရိယာေတြ လုပ္ခိုင္းထားတယ္၊ က်ေနာ္တို႔ကေတာ့ စီစစ္ခိုင္းထားပါတယ္ ဌာနအသီးသီးကို စီစစ္ခိုင္းထားပါတယ္ စီစစ္ခ်က္ေတြလည္း မစုံေသးပါဘူး”

ေအာက္တိုဘာလမွာေတာ့  ပုလဲေမြးျမဴေရးလုပ္ငန္း တိုးခ်ဲမႈေၾကာင့္ ျဖစ္ေနတဲ့ ေဒသအေျခအေနကို အရပ္ဖက္အဖြဲ႕အစည္းတခ်ိဳ႕  သြားေရာက္ေလ့လာၾကပါတယ္။

ေလ့လာရာမွာပါဝင္တဲ့ တနသၤာရီတိုင္းေဒသႀကီး တရားဥပေဒစိုးမိုးေရးဌာနနဲ႔ တရားမွ်တမႈဆိုင္ရာ လုပ္ငန္းမ်ား ေပါင္းစပ္ညႇိႏႈိင္းေရးအဖြဲ႕ ဥကၠ႒ ဦးေအာင္ႏိုင္ဦးကေတာ့ ဆလုံတိုင္းရင္းသားကို ႏိုင္ငံေတာ္က အကာအကြယ္ေပးဖို႔ လိုအပ္ေနတာေၾကာင့္ သမၼတထံ တင္ျပသြားမယ္လို႔ ေျပာပါတယ္။

“ပုလဲကလည္းကမ္းစပ္မွာပဲ ေမြးလို႔ရတယ္၊ ဒီေမာ္ကင္းေတြ ေလွေသးေသးေလးနဲ႔ ငါးမွ်ားတာကလည္း ကြၽန္းကစင္းမွာပဲ မွ်ားလို႔ရတယ္ဆိုေတာ့ သူတို႔ဝင္လာရင္ ေမာ္ကင္းေတြမွာ မူလသဘာဝအတိုင္း လုပ္စားစရာက မရွိေတာ့ဘူး၊ အဲဒါမလုပ္သင့္ဘူးေလ၊ ႏိုင္ငံေတာ္ကေတာ့ အဲဒါကိုေသခ်ာကာကြယ္ေပးဖို႔ လိုလိမ့္မယ္၊ ဒီကိစၥကို ႏိုင္ငံေတာ္ သမၼတတို႔ လူထုေခါင္းေဆာင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံတို႔ သိေအာင္ ေျပာျပရလိမ့္မယ္”

ကြၽန္းစုၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဇာ္ဟိန္းကေတာ့ ဆလုံတိုင္းရင္းသားေတြ လုပ္ကိုင္စားေသာက္တဲ့ေနရာ မေပ်ာက္ဖို႔ ႏိုင္ငံေတာ္က ကုမၸဏီနဲ႔ ညႇိႏႈိင္းၿပီး အေကာင္းဆုံး ေျဖရွင္းႏိုင္မယ္လို႔ ယူဆေနပါတယ္။

“အမွန္တကယ္သူတို႔အတြက္ အခက္အခဲျဖစ္လာတယ္ဆိုရင္ေတာ့ ႏိုင္ငံေတာ္အေနနဲ႔ တာဆာကီနဲ႔ခ်ဳပ္ထားတဲ့ စာခ်ဳပ္ကို တစ္မ်ိဳးတစ္ဖုံ စဥ္းစားသင့္တယ္ ျပန္ၿပီးေတာ့ ညႇိႏႈိင္းၿပီးေတာ့ေလ ေနာက္တစ္ခုက ဆလုံေတြအတြက္ ေရရွည္အသက္ေမြးဝမ္းေၾကာင္းျပဳႏိုင္ဖို႔ ႏိုင္ငံေတာ္ကပိုၿပီးေတာ့ အာ႐ုံစိုက္ၿပီးေတာ့ ပိုၿပီးေဆာင္႐ြက္သင့္တယ္”

စစ္အစိုးရေခတ္ လက္ထက္တုန္းက ပုလဲေမြးျမဴေရးလုပ္ငန္းေၾကာင့္ ဆလုံတိုင္းရင္းသားေတြဟာ ပုလဲကြၽန္းကေန ႏွင္ထုတ္ခံရဖူးပါတယ္။ စေကာကြၽန္းဘက္ ‌ေ႐ႊ႕ေျပာင္းေနထိုင္ၿပီး သိပ္မၾကာခင္မွာဘဲ ယခင္ အေၾကာင္းျပခ်က္နဲ႔ ထပ္မံဖယ္ရွားခံရျပန္တယ္လို႔ ဆလုံေဒသခံေတြထံက သိရပါတယ္။

ဆလုံတိုင္းရင္းသားေတြဟာ ၿမိတ္ကြၽန္းစုက ကြၽန္း ၁၀ ခုေလာက္မွာ လူဦးေရ ၁၇၀၀ ေလာက္သာ ရွိေတာ့ၿပီး ပုလဲေမြးျမဴေရးလုပ္ငန္းနဲ႔ ခရီးသြားလုပ္ငန္းအတြက္ ကြၽန္းေတြကေန ဖယ္ေပးရတာေတြေၾကာင့္ ထိုင္းႏိုင္ငံဘက္ကို တခ်ိဳ႕ေ႐ြ႕ေျပာင္းေနထိုင္တာေတြလည္း ရွိပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ပုလဲလုပ်ငန်းတိုးချဲ့မှုက ဆလုံတို့ဘဝကို ထိခိုက်နိုင်

မကြုံကလက်ကျွန်းက ဆလုံတိုင်းရင်းသားတစ်ဦိးကို တွေ့ရစဉ်
Photo: RFA

မြိတ်ကျွန်းစုလို့လူသိများတဲ့ ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာအုပ်စု လငန်းကျေးရွာထဲက ကျွန်းငါးကျွန်းမှာ ဆလုံတိုင်းရင်းသား ၂၃၀ ကျော် နေထိုင်ပြီး တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။

ပျောက်ကွယ်လုနီးပါးလူမျိုးစုဖြစ်တဲ့ ဆလုံတိုင်းရင်းသားတွေ ကျင်လည်ရာ ကျွန်းတွေမှာ မြန်မာတာဆာကီပုလဲကုမ္ပဏီက လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့ ကြိုးစားနေတာကြောင့် မော်ကင်း ခေါ် ဆလုံတိုင်းရင်းသားတွေ ကန့်ကွက်နေကြပါတယ်။

ဒီကျွန်းတွေကို လက်လွှတ်ရရင် ဆလုံတွေမှာ လုပ်ကိုင်စားသောက်စရာနေရာ မရှိတာကြောင့် ကန့်ကွက်နေတာလို့ လငန်းကျွန်းက ဆလုံတိုင်းရင်းသူ ဒေါ်မာနိုင်းက ပြောပါတယ်။

“တို့ဆလုံလူမျိုးဆို လုပ်စားစရာနေရာမရှိရပေါ့ လုပ်စားစရာနေရာမရှိရင် အခက်အခဲဖြစ်တာပေါ့၊ အခုသူတို့လုပ်မယ့်နေရာတကွက်လောက်ပဲ တို့လုပ်စားနေတဲ့နေရာမှာပဲ တို့လုပ်စားရတာ ဆလုံရော ဗမာရော၊ တို့သူတို့ကို သဘောမတူဘူး၊ ဒီနေရာ သူတို့တကယ်လုပ်မယ်ဆိုရင် တို့ဆလုံလူမျိုးတွေ ဘဝပျက်ကုန်မှာပေါ့၊ ဒီနေရာမှာပဲ အသေခံမယ်”

ဆလုံတိုင်းရင်းသူ ဒေါ်မွန်ငိုင်ကလည်း ဒီကျွန်းတွေကို ပေးလိုက်ရမယ်ဆိုရင် သူတို့ဟာ ထိုင်းနိုင်ငံဘက် သွားရောက်နေထိုင်တဲ့လမ်းကိုရွေးဖို့ပဲ ကျန်တော့တယ်လို့  ပြောပါတယ်။

“ကျမတို့နား ဝင်လုပ်ရင် ကျမတို့လုပ်စားမရဘဲ အခက်အခဲဖြစ်မှာပေါ့၊ ကျမတို့လုပ်စားဖို့ အခက်အခဲဖြစ်ရင် ထမင်းငတ်မှာပေါ့၊ ကျမတို့ တကယ်လုပ်စားဖို့နေရာမရှိရင် ထိုင်းဖြစ်ဖြစ်ပြောင်းမှဖြစ်မှာပေါ့၊ ဒီမှာကျမတို့ ဆလုံအမျိုးတွေပျောက်ကုန်မှာပေါ့”

သူတို့နေထိုင်တဲ့ကျွန်းနားမှာရှိတဲ့ ကျွန်းစုမြို့နယ် စောမွန်လှကျွန်း ခေါ်  ဒိုမယ်ကျွန်းမှာ မြန်မာတာဆာကီကုမ္ပဏီက ပုလဲမွေးမြူရေး လုပ်ကိုင်နေပါတယ်။ ကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ် ၄လပိုင်းမှာ လုပ်ငန်း ဒုတိယအကြိမ် သက်တမ်းတိုးမှာဖြစ်ပြီး ဆလုံတွေ လုပ်ကိုင်စားသောက်နေတဲ့ Sister group ကျွန်း ခေါ် လငန်းကျွန်းတန်းက ကျွန်းသုံးခုကိုပါ တိုးချဲ့လုပ်ကိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လူနည်းစု တိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်တဲ့ နေရာကို ကုမ္ပဏီလက်ထဲ ထည့်လိုက်ခြင်းဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်သလို ဖြစ်နေတယ်လို့ လငန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇံက ယူဆပါတယ်။

“လူမျိုးတုံးသတ်တယ်ဆိုတာ သေနတ်တွေနဲ့ပစ် ဓားတွေနဲ့ခုတ်မှ မဟုတ်ဘူး။ အဲဒီသူတို့ရဲ့ လုပ်စားကွက်တွေကို ပိတ်ပင်ရင်လည်း လူမျိုးတုံး သတ်တာနဲ့ အတူတူပါပဲလို့ ပြောချင်ပါတယ်”

တနင်္သာတိုင်းအစိုးရက ထုတ်ပြန်တဲ့စာရင်းတွေအရ တာဆာကီ ကုမ္ပဏီဟာ ဒိုမယ်ကျွန်းမှာ ပုလဲမွေးမြူဖို့ ရေပြင်မြေပြင်ဧရိယာ ဧက ၄၂၀၀ ကျော်ကို လုပ်ကိုင်ဖို့ ၁၉၉၇ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

လက်ရှိရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၈.၄၂ သန်း  ရှိပြီး ပုလဲထွက်ရှိမှု ၂၅ ရာခိုင်နှုန်းကို နိုင်ငံတော်က ရမှာပါ။

ဒေသခံတွေကတော့ ကုမ္ပဏီကို ဆန့်ကျင်နေတာ မဟုတ်ဘဲ ဆလုံတွေ လုပ်ကိုင် စားသောက်တဲ့ ကျွန်းတွေကို အကာအကွယ်ပေးချင်လို့  ကန့်ကွက်နေတာလို့ ပြောပါတယ်။

    လုပ်စားကွက်တွေကို ပိတ်ပင်ရင်လည်း လူမျိုးတုံး သတ်တာနဲ့ အတူတူပါပဲ

လငန်းကျွန်းတန်းထဲက ကျွန်းတစ်ခုအပေါ်မှာ အဆောက်အအုံ တချို့ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသလို ရေပြင်ပိုင်နက် အမှတ်အသား ဘောတွေချထားတယ်လို့လည်း ဒေသခံတချို့က ဆိုပါတယ်။

သူတို့ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မြန်မာတာဆာကီကုမ္ပဏီ ဒိုမယ်ကျွန်း တာဝန်ခံ ဦးသန်းထွန်းကို ဆက်သွယ်  မေးမြန်းရာမှာတော့ သူ့အနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခွင့်မရှိဘူးလို့ ပြောပါတယ်။

“အဲဒါကျနော်ဖြေလို့မရဘူ။ ကျနော်တို့က ကျနော်တို့ အထက်လူကြီးတွေက ဖြေပိုင်ခွင့်ရှိတယ်လို့ သတ်မှတ်ထားပါတယ်”

မန်နေဂျင်းဒါရိုက်တာ ဦးချစ်စိုးကို မေးမြန်းဖို့ ကုမ္ပဏီကို ဆက်သွယ်ရာမှာတော့ ခရီးထွက်နေတာကြောင့် ပြန်လည်ဖြေကြားမယ့်သူမရှိဘူးလို့ ပြောပါတယ်။

ကုမ္ပဏီဟာ ဒိုမယ်ကျွန်းအပါအဝင် Sister Group ကျွန်းမြေဧရိယာ သုံးသောင်းကျော် နီးပါးကို လုပ်ပိုင်ခွင့်ရဖို့ အစိုးရကို တင်ပြထားတာပါ။

ဒီတင်ပြချက်အတွက် နေပြည်တော်က  သဘောထားမှတ်ချက်တောင်းတာကြောင့် စိစစ်နေတယ်လို့ တနင်္သာရီတိုင်းဒေသကြီး သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောပါတယ်။

“သူကသက်တမ်းတိုးတင်ထားတုန်းပဲ ရှိသေးတယ်၊ သက်တမ်းတိုးတင်တဲ့ထဲမှာ ပြန်စွန့်မယ့် ဧရိယာတို့၊ မူလလုပ်ခိုင်းထားတဲ့ ဧရိယာတို့ အဲဒါတွေလုပ်ခိုင်းထားတယ်၊ သူတို့ပြန်စွန့်ခိုင်းဖို့ ဧရိယာတွေ လုပ်ခိုင်းထားတယ်၊ ကျနော်တို့ကတော့ စီစစ်ခိုင်းထားပါတယ် ဌာနအသီးသီးကို စီစစ်ခိုင်းထားပါတယ် စီစစ်ချက်တွေလည်း မစုံသေးပါဘူး”

အောက်တိုဘာလမှာတော့  ပုလဲမွေးမြူရေးလုပ်ငန်း တိုးချဲမှုကြောင့် ဖြစ်နေတဲ့ ဒေသအခြေအနေကို အရပ်ဖက်အဖွဲ့အစည်းတချို့  သွားရောက်လေ့လာကြပါတယ်။

လေ့လာရာမှာပါဝင်တဲ့ တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးကတော့ ဆလုံတိုင်းရင်းသားကို နိုင်ငံတော်က အကာအကွယ်ပေးဖို့ လိုအပ်နေတာကြောင့် သမ္မတထံ တင်ပြသွားမယ်လို့ ပြောပါတယ်။

“ပုလဲကလည်းကမ်းစပ်မှာပဲ မွေးလို့ရတယ်၊ ဒီမော်ကင်းတွေ လှေသေးသေးလေးနဲ့ ငါးမျှားတာကလည်း ကျွန်းကစင်းမှာပဲ မျှားလို့ရတယ်ဆိုတော့ သူတို့ဝင်လာရင် မော်ကင်းတွေမှာ မူလသဘာဝအတိုင်း လုပ်စားစရာက မရှိတော့ဘူး၊ အဲဒါမလုပ်သင့်ဘူးလေ၊ နိုင်ငံတော်ကတော့ အဲဒါကိုသေချာကာကွယ်ပေးဖို့ လိုလိမ့်မယ်၊ ဒီကိစ္စကို နိုင်ငံတော် သမ္မတတို့ လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံတို့ သိအောင် ပြောပြရလိမ့်မယ်”

ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းကတော့ ဆလုံတိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်တဲ့နေရာ မပျောက်ဖို့ နိုင်ငံတော်က ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး အကောင်းဆုံး ဖြေရှင်းနိုင်မယ်လို့ ယူဆနေပါတယ်။

“အမှန်တကယ်သူတို့အတွက် အခက်အခဲဖြစ်လာတယ်ဆိုရင်တော့ နိုင်ငံတော်အနေနဲ့ တာဆာကီနဲ့ချုပ်ထားတဲ့ စာချုပ်ကို တစ်မျိုးတစ်ဖုံ စဉ်းစားသင့်တယ် ပြန်ပြီးတော့ ညှိနှိုင်းပြီးတော့လေ နောက်တစ်ခုက ဆလုံတွေအတွက် ရေရှည်အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့ နိုင်ငံတော်ကပိုပြီးတော့ အာရုံစိုက်ပြီးတော့ ပိုပြီးဆောင်ရွက်သင့်တယ်”

စစ်အစိုးရခေတ် လက်ထက်တုန်းက ပုလဲမွေးမြူရေးလုပ်ငန်းကြောင့် ဆလုံတိုင်းရင်းသားတွေဟာ ပုလဲကျွန်းကနေ နှင်ထုတ်ခံရဖူးပါတယ်။ စကောကျွန်းဘက် ‌ရွှေ့ပြောင်းနေထိုင်ပြီး သိပ်မကြာခင်မှာဘဲ ယခင် အကြောင်းပြချက်နဲ့ ထပ်မံဖယ်ရှားခံရပြန်တယ်လို့ ဆလုံဒေသခံတွေထံက သိရပါတယ်။

ဆလုံတိုင်းရင်းသားတွေဟာ မြိတ်ကျွန်းစုက ကျွန်း ၁၀ ခုလောက်မှာ လူဦးရေ ၁၇၀၀ လောက်သာ ရှိတော့ပြီး ပုလဲမွေးမြူရေးလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းအတွက် ကျွန်းတွေကနေ ဖယ်ပေးရတာတွေကြောင့် ထိုင်းနိုင်ငံဘက်ကို တချို့ရွေ့ပြောင်းနေထိုင်တာတွေလည်း ရှိပါတယ်။

RFA Burmese
https://www.rfa.org
ပုလဲလုပ္ငန္းတိုးခ်ဲ႕မႈက ဆလုံတို႔ဘဝကို ထိခိုက္ႏိုင္ ပုလဲလုပ္ငန္းတိုးခ်ဲ႕မႈက ဆလုံတို႔ဘဝကို ထိခိုက္ႏိုင္ Reviewed by THITHTOOLWIN on 00:20 Rating: 5
Powered by Blogger.