ကညနရဲ႕ၫႊန္ၾကားခ်က္အသစ္က ကားပိုင္ရွင္ေတြကို ေသာကေပး

လႈိင္ယာဥ္ေရာင္းဝယ္ေရးစခန္းကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာရွိတဲ့ အမည္မေျပာင္းရေသးတဲ့ ေမာ္ေတာ္ယာဥ္ေတြအားလုံး ဝင္ေငြခြန္ေဆာင္ၿပီးမွ ပိုင္ရွင္ အမည္ေပါက္ မျဖစ္မေနေျပာင္းဖို႔ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာန(ကညန) ရဲ႕ သတ္မွတ္ေၾကညာခ်က္ေၾကာင့္ အခြန္ေပၚ အခြန္ဆင့္တဲ့ အေျခအေန ျဖစ္ေနၿပီလို႔ ေဝဖန္လာၾကပါတယ္။

၂၀၁၉ ေအာက္တိုဘာ ၁ ရက္ေန႔ကေန ၂၀၂၀ စက္တင္ဘာ ၃၀ ရက္ေန႔အတြင္း သက္ဆိုင္ရာ အခြန္႐ုံးေတြမွာ ဝင္ေငြခြန္သြားေဆာင္ၿပီးမွ အမည္ေျပာင္းရမယ္၊ မေျပာင္းရင္ ယာဥ္သက္တမ္း မတိုးေပးဘူးလို႔ ေၾကညာထားတာပါ။

လႈိင္ယာဥ္ေရာင္းဝယ္ေရးစခန္းက ကားေရာင္းဝယ္ေရးလုပ္ကိုင္သူ ကိုသီဟကေတာ့ အစိုးရက ျပည္သူေတြကို ဓားျပတိုက္ေနသလိုပဲလို႔ ယူဆပါတယ္။

"အဲဒါကေတာ့ အစိုးရက ဓားျပတိုက္တယ္လို႔ပဲသတ္မွတ္တာ၊ ဘာျဖစ္လို႔လဲဆိုေတာ့ အရင္အစိုးရလည္း ဓားျပတိုက္ၿပီး ဆင္းသြားတယ္လို႔ ခံစားရတယ္၊ ဆင္းသြားၿပီးရင္ ဒီဟာက ေမ့ ဘယ္သူမွလဲမေျပာင္းေတာ့ဘူး၊ အခုဒီအစိုးရလည္း ဒီအခ်ိန္ပဲ ဒီလိုျပန္ျဖစ္လာတာ၊ နာမည္ေျပာင္းဖို႔ မေျပာင္းဖို႔ကို စည္းမ်ဥ္းတစ္ခုနဲ႔ပဲ ျဖစ္ေစခ်င္တယ္၊ အစိုးရေျပာင္းတိုင္းေျပာင္းတိုင္း ဒီကားတစ္ခုအေပၚပဲ အခြန္လုပ္လို႔ရေနလား"

သိန္း ၂၀ တန္ကားတစ္စီးကို စတင္သြင္းကတည္းက သိန္း ၁၄၀ အထိက်သင့္တဲ့အတြက္ ၁၆၅ ရာခိုင္ႏႈန္း အထိ အခြန္ေပးေဆာင္ထားၿပီးျဖစ္တယ္လို႔ ကိုသီဟက ဆိုပါတယ္။

ရန္ကုန္တိုင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာန(ကညန) ျမင္သာ႐ုံးရဲ႕ ၫႊန္ၾကားေရးမႉး ဦးလ်န္က်င့္မန္က ဒီလိုေကာက္ခံတာဟာ ေမာ္ေတာ္ယာဥ္ဥပေဒအရ သတ္မွတ္ထားတာမဟုတ္ဘဲ ႏိုင္ငံေတာ္ ဘ႑ာရဖို႔အေရး ဝန္ႀကီးဌာနခ်င္း ညႇိႏႈိင္းေဆာက္႐ြက္တာသာျဖစ္တယ္လို႔ ေျပာပါတယ္။

"ေမာ္ေတာ္ယာဥ္ဥပေဒမွာ ဒီလိုအခြန္ေကာက္ၿပီးမွ လုပ္မယ္ဆိုတာမပါပါဘူး၊ ႏိုင္ငံေတာ္ရဲ႕အခြန္ဘ႑ာ တိုးတက္ရရွိေရးအတြက္ ဝန္ႀကီးဌာနခ်င္းညႇိႏႈိင္းၿပီးေတာ့ ပူးေပါင္းေဆာင္႐ြက္တာျဖစ္ပါတယ္၊ ကြၽန္ေတာ္တို႔အေနနဲ႔ ေမာ္ေတာ္ယာဥ္ဥပေဒအရဆိုရင္ ဒီဟာေကာက္ဖို႔ မပါပါဘူး"

ေမာ္ေတာ္ယာဥ္ဥပေဒမွာ အမည္ေပါက္ေျပာင္းေဆာင္႐ြက္ဖို႔အတြက္ က်ပ္ ၅,၀၀၀ သာ သတ္မွတ္ထားတာပါ။

ရန္ကုန္တိုင္းမွာ တစ္ရက္ကို အစီးေရ ၆၀၀ ေလာက္ ယာဥ္သက္တမ္း လာတိုးေနၿပီး အဲဒီအထဲမွာ အစီး ၁၀၀ ခန႔္သာလွ်င္ ပိုင္ရွင္ကိုယ္တိုင္ လာတိုးတာျဖစ္တယ္လို႔ ဦးလ်န္က်င့္မန္က ဆိုပါတယ္။

၂၀၁၅ ေမာ္ေတာ္ယာဥ္ဥပေဒမွာ ေမာ္ေတာ္ယာဥ္ဝယ္ယူၿပီး တစ္လအတြင္း အမည္ေပါက္ လာမေျပာင္းရင္ ဒဏ္ေငြ တစ္သိန္း ခ်မွတ္ဖို႔ ျပ႒ာန္းထားပါတယ္၊ ဒါေပမဲ့ ဥပေဒၾကမ္းေကာ္မတီကို တင္ျပထားတဲ့ ယာဥ္အႏၲရာယ္ကင္းရွင္းေရးႏွင့္ စီမံခန႔္ခြဲမႈ ဥပေဒၾကမ္းမွာေတာ့ ဒဏ္ေငြကို သုံးသိန္း ခ်ဖို႔ ေရးဆြဲထားတာပါ။

ရန္ကုန္က ယာဥ္ပိုင္ရွင္တစ္ဦးျဖစ္တဲ့ ကိုစိုးပိုင္ကေတာ့ ႏိုင္ငံတကာမွာ သတ္မွတ္ထားသလို အမည္ေပါက္ေျပာင္းေၾကး ႏႈန္းထားတစ္ခု သတ္မွတ္ၿပီးသာ ေကာက္ခံေစခ်င္တာပါ။

"ကြၽန္ေတာ္တို႔နားလည္ထားတဲ့ ဒီအခြန္ဆိုတာက ပထမဆုံး ကားဝယ္တဲ့သူေတြအခြန္ေပးရမယ္ဆိုရင္ အိုေကေပးပါ၊ အဲ့လူေတြကမွ ဒီကားေတြျပန္ေရာင္းတယ္ဆိုလို႔ရွိရင္ေတာ့ ကြၽန္ေတာ္တို႔သည္ ဒုတိယ တတိယျပန္ဝယ္မယ့္သူေတြျဖစ္တယ္၊ အဲ့ေတာ့ ဒုတိယ တတိယျပန္ဝယ္မယ့္သူေတြသည္ ဒီကားေပၚမွာ အခြန္ေဆာင္စရာအေၾကာင္းမရွိေတာ့ဘူးလို႔ ကြၽန္ေတာ္ထင္တယ္"

အရည္ႀကိဳနာမည္နဲ႔ ကားအေၾကာင္း ေဆာင္းပါးေတြ ေရးသားေနတဲ့ ရန္ကုန္က ကားေရာင္းဝယ္ေရး လုပ္ငန္းရွင္၊ ျမန္မာႏိုင္ငံ ယာဥ္လမ္းအႏၲရာယ္ကင္းရွင္းေရးအဖြဲ႕ တြဲဘက္အတြင္းေရးမႉး ဦးေအာင္ေဇာ္ဦး(ခ) ကေတာ့ အခြန္ႏွစ္ထပ္ မျဖစ္ဘူးလို႔ တုံ႔ျပန္ပါတယ္။

"အခြန္က ႏွစ္ထပ္မျဖစ္ဘူးဗ် အခြန္ကတစ္ထပ္ပါပဲ၊ ဥပမာ ကြၽန္ေတာ္က ႏိုင္ငံျခားကေနကားတစ္စီးဝယ္တယ္၊ အခြန္ေတြေဆာင္ခဲ့တယ္၊ ေဆာင္ၿပီးေတာ့ ျပန္ေရာင္းမယ္ဆိုရင္ ကြၽန္ေတာ္ေဆာင္ခဲ့တဲ့အခြန္စိမ္းစာ႐ြက္ေတြ ဘဏ္ကို ေငြသြင္းတဲ့စာ႐ြက္ေတြ ျပန္ေရာင္းမယ့္စာခ်ဳပ္ေတြ ကားရဲ႕ အုံနာဘုတ္မိတၱဴေတြကို ကြၽန္ေတာ္ယူထားတယ္၊ ေရာင္းလိုက္ၿပီဆိုတာနဲ႔ အခြန္႐ုံးကိုသြားၿပီးေတာ့ ဒီကားကိုေရာင္းလိုက္ၿပီဆိုတာ ေၾကညာလိုက္မယ္၊ ေၾကညာလိုက္ရင္ အခြန္႐ုံးကကြၽန္ေတာ့္ကိုစာ႐ြက္တစ္႐ြက္ျပန္ေပးမယ္၊ အဲ့စာ႐ြက္ကိုယူထားၿပီးေတာ့ ေနာက္ထပ္ ကားတစ္စီးဝယ္တဲ့အခ်ိန္မွာအခြန္ေဆာင္စရာမလိုေတာ့ဘူး၊ ဒီကားကိုေရာင္းထားတဲ့ပိုက္ဆံနဲ႔ဝယ္ပါတယ္ဆိုၿပီးေတာ့ ေျပာလိုက္႐ုံပဲ"

အျခားႏိုင္ငံေတြမွာ အခုလို အခြန္ ထပ္မေဆာင္ခိုင္းတာဟာ သူ႔ႏိုင္ငံသားေတြ အကုန္လုံးက အခြန္ေဆာင္ထားၿပီးသားျဖစ္တယ္၊ ဒီႏိုင္ငံမွာကေတာ့ လူတိုင္းက ႏိုင္ငံေတာ္ကို အခြန္မေဆာင္ၾကတဲ့အတြက္ စည္းၾကပ္မႈကေန ကင္းလြတ္ေနတဲ့ေငြအျဖစ္နဲ႔ သတ္မွတ္ၿပီး ေဆာင္ခိုင္းတာျဖစ္တယ္လို႔ ေဆာင္းပါးရွင္ အရည္ႀကိဳက ဆိုပါတယ္။

အခုလို သတ္မွတ္လိုက္မႈေၾကာင့္ ၂၀၂၀ ဇန္နဝါရီလ ၁ ရက္ေန႔ကၿပီး ေမာ္ေတာ္ယာဥ္ မွတ္ပုံတင္ လုပ္ငန္းေတြျဖစ္တဲ့ ကနဦး မွတ္ပုံတင္ျခင္း၊ ႏွစ္လဲသက္တမ္းတိုးျခင္း၊ နယ္ဝင္/ နယ္ထြက္ျခင္း၊ ခရီးလြန္ စစ္ေဆးျခင္း၊ စက္နဲ႔ ေဆးေျပာင္းလဲျခင္း၊ မွတ္ပုံတင္အေထာက္အထား ေပ်ာက္ဆုံးျခင္း စတာေတြ ေဆာင္႐ြက္တဲ့အခါ စည္းကမ္းခ်က္ေတြ တင္းက်ပ္လာေတာ့မွာပါ။

အမည္ေပါက္ ယာဥ္ပိုင္ရွင္ကိုယ္တိုင္ ဒါမွမဟုတ္ အမည္ေပါက္ပိုင္ရွင္ရဲ႕ ႏိုင္ငံသားစိစစ္ေရး ကတ္မူရင္း၊ အိမ္ေထာင္စုလူဦးေရစာရင္းမူရင္းေတြနဲ႔ တိုက္ဆိုင္ စိစစ္သြားမွာျဖစ္ၿပီး အုံနာဘုတ္စာအုပ္မွာ ယာဥ္အမည္ေပါက္ ပိုင္ဆိုင္သူ မွန္ကန္မွသာ သက္တမ္းတိုး ေဆာင္႐ြက္ေပးေတာ့မွာျဖစ္ပါတယ္။

အမည္မွန္ေျပာင္းတဲ့အခါမွာလည္း နယ္အိမ္ေထာင္စု စာရင္းနဲ႔ ရန္ကုန္လိုင္စင္ဝယ္ကား ဝယ္ထားတဲ့သူေတြဟာ ရန္ကုန္အိမ္ေထာင္စုစာရင္း ဒါမွမဟုတ္ ရန္ကုန္မွာ ေနထိုင္တာမွန္ကန္ေၾကာင္း အေထာက္အထားတင္ျပဖို႔ လိုအပ္ေနတာပါ။ အဲဒီလို တင္ျပႏိုင္မွသာ ရန္ကုန္လိုင္စင္ကားအျဖစ္ ဆက္ရွိေနမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ရန္ကုန္အိမ္ေထာင္စုစာရင္းနဲ႔ နယ္လိုင္စင္ ကားဝယ္ထားတဲ့သူေတြကေတာ့ နယ္မွာပဲ အမည္ေျပာင္းရမွာျဖစ္ၿပီး ရန္ကုန္လိုင္စင္ရမွာ မဟုတ္ပါဘူး။

ဒီသတင္းေၾကာင့္ပဲ လႈိင္ ယာဥ္ေရာင္းဝယ္ေရး စခန္း အပါအဝင္ ကားပြဲစားေတြအၾကား အေရာင္းအဝယ္ေတြလည္း ရပ္တန႔္ကုန္ပါတယ္။

"အေရာင္းအဝယ္အားျဖင့္လည္း နည္းနည္းတန႔္သြားတယ္၊ တန႔္တဲ့အျပင္ကို ဝယ္တဲ့သူကလည္း သုံးရာခိုင္ႏႈန္းေဆာင္ရမယ္ဆိုေတာ့ စဥ္းစားၿပီးေတာ့ အသစ္ပဲဝယ္ရမလား၊ အေဟာင္းပဲဝယ္ရမလား ျဖစ္ေနတဲ့အခ်ိန္ျဖစ္တဲ့အခါက်ေတာ့ အေရာင္းအဝယ္နည္းနည္းေအးသြားတယ္၊ မျဖစ္သင့္ဘူးလို႔ျမင္တယ္ေပါ့"

ဒီလိုမ်ိဳးေျပာင္းလဲမႈကို သမၼတေဟာင္း ဦးသိန္းစိန္လက္ထက္မွာ တစ္ႀကိမ္လုပ္ခဲ့ဖူးေပမယ့္ မေအာင္ျမင္ဘဲ ယာဥ္ပိုင္ရွင္မ်ားစြာ နစ္နာခဲ့တယ္လို႔ ေမာ္ေတာ္ယာဥ္ပိုင္ရွင္ေတြက ဆိုပါတယ္။

သိန္း ၁၀၀ တန္ကားကို အခြန္ သုံးသိန္းေဆာင္ဖို႔ထက္ မူလပိုင္ရွင္ကို တစ္သိန္းေလာက္ေပးၿပီး သက္တမ္းတိုးခိုင္းတာေတြနဲ႔ မွတ္ပုံတင္ ငွားရမ္းတဲ့ကိစၥေတြလည္း ျပန္ျဖစ္လာႏိုင္တယ္လို႔ ကားေရာင္းဝယ္ေရး လုပ္ကိုင္ေနသူေတြက ေျပာဆိုေနၾကပါတယ္။

ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနအေနနဲ႔ကေတာ့ ႏိုင္ငံေတာ္ရဲ႕ တရားဥပေဒစိုးမိုးေရး၊ လုံၿခဳံေရးနဲ႔ စည္းကမ္းဥပေဒနဲ႔ ညီၫြတ္တဲ့ ေမာ္ေတာ္ယာဥ္ေတြျဖစ္ဖို႔ လုပ္ေဆာင္တာျဖစ္ၿပီး ယာဥ္ပိုင္ေတြ အားလုံး ပူးေပါင္းပါဝင္ၾကဖို႔ တိုက္တြန္းထားပါတယ္။

ရန္ကုန္တိုင္း ေမာ္ေတာ္ယာဥ္ေရာင္းဝယ္ေရးအသင္း ဒုတိယ ဥကၠ႒ ဦးခိုင္းစိုးက အခုလို သုံးသပ္ပါတယ္။

"ယာဥ္စည္းကမ္း လမ္းစည္းကမ္းနဲ႔ လုံၿခဳံမႈအတြက္ကိုေခါင္းစဥ္တပ္ၿပီးေတာ့ အေဟာင္းျဖစ္ျဖစ္ အသစ္ျဖစ္ျဖစ္ အေဟာင္းလည္း သုံးရာခိုင္ႏႈန္း၊ အသစ္လည္းသုံးရာခိုင္ႏႈန္း ေျပာင္းလဲသူတိုင္း အဆင့္ဆင့္ သုံးရာခိုင္ႏႈန္း လိုက္ေဆာင္ၿပီးေတာ့ ဒါဟာ ဘ႑ာေငြ ရွာေဖြတဲ့သေဘာျဖစ္သြားတယ္၊ တကယ္ အမည္လိပ္စာမွန္ကန္ခ်င္တယ္ဆိုရင္ ႏိုင္ငံတကာမွာ ဘယ္လိုမူနဲ႔က်င့္သုံးသလဲ ကိုယ့္ႏိုင္ငံမွာလည္း အဲဒီမူနဲ႔က်င့္သုံး၊ အဲလိုမူနဲ႔က်င့္သုံးရင္ အကိုတို႔မွန္းတာေပါ့ ဥပမာ ငါးေသာင္းလား တစ္သိန္းလား၊ အဲလိုသာေျပာင္းလဲရင္ ျပည္သူလူထုအကုန္လုံးက မေျပာင္းတဲ့သူမရွိဘူး"

ရန္ကုန္တိုင္းေမာ္ေတာ္ယာဥ္ေရာင္းဝယ္ေရးအသင္းက သတင္းစာရွင္းလင္းပြဲလုပ္ၿပီး အျပင္းအထန္ ကန႔္ကြက္ထားသလို သက္ဆိုင္ရာဝန္ႀကီးဌာနက တာဝန္ရွိသူေတြနဲ႔ ညႇိႏႈိင္း ေဆြးေႏြးခဲ့ေပမယ့္ ေအာင္ျမင္မႈမရခဲ့ပဲ မူလေၾကညာထားတဲ့အတိုင္းသာ လုပ္ေဆာင္မယ္ဆိုတဲ့ အေျဖပဲ ရရွိခဲ့ပါတယ္။

ရန္ကုန္တိုင္းအစိုးရအေနနဲ႔ ၂၀၁၈ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔ကလည္း တိုင္းအတြင္းလမ္းေတြ အဆင့္ျမႇင့္တင္ဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ရန္ကုန္လိုင္စင္ကားေတြအေပၚ အင္ဂ်င္ပါဝါအလိုက္ စည္ပင္ဘီးခြန္ေတြ တိုးျမႇင့္ေကာက္ခံဖို႔ သတ္မွတ္ခဲ့ၿပီး တစ္ႏွစ္စာ တစ္ေထာင္က်ပ္ကေန သုံးေသာင္းေက်ာ္အထိ ေပးေဆာင္ေနရာကေန သုံးေသာင္းေက်ာ္ကေန တစ္သိန္းေက်ာ္အထိ တိုးျမႇင့္ေပးေဆာင္ထားရပါတယ္။

ဒါေပမဲ့လည္း စည္ပင္သာယာအေနနဲ႔ ရန္ကုန္တိုင္းအတြင္းမွာရွိတဲ့လမ္းေတြကို ျပဳျပင္ဖို႔ေတာ့ အခုအခ်ိန္ထိ အခ်ိန္မီ မလုပ္ေဆာင္ေပးႏိုင္ေသးသလို နယ္လိုင္စင္ကားေတြကလည္း အခြန္သက္သာစြာနဲ႔ ရန္ကုန္တိုင္းအတြင္း စီးေနႏိုင္ၾကဆဲျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ကညနရဲ့ညွှန်ကြားချက်အသစ်က ကားပိုင်ရှင်တွေကို သောကပေး

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းကို တွေ့ရစဉ်
ဓါတ်ပုံ - သန့်ဇင်ဦး/ RFA

မြန်မာနိုင်ငံမှာရှိတဲ့ အမည်မပြောင်းရသေးတဲ့ မော်တော်ယာဉ်တွေအားလုံး ဝင်ငွေခွန်ဆောင်ပြီးမှ ပိုင်ရှင် အမည်ပေါက် မဖြစ်မနေပြောင်းဖို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန) ရဲ့ သတ်မှတ်ကြေညာချက်ကြောင့် အခွန်ပေါ် အခွန်ဆင့်တဲ့ အခြေအနေ ဖြစ်နေပြီလို့ ဝေဖန်လာကြပါတယ်။

၂၀၁၉ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၀၂၀ စက်တင်ဘာ ၃၀ ရက်နေ့အတွင်း သက်ဆိုင်ရာ အခွန်ရုံးတွေမှာ ဝင်ငွေခွန်သွားဆောင်ပြီးမှ အမည်ပြောင်းရမယ်၊ မပြောင်းရင် ယာဉ်သက်တမ်း မတိုးပေးဘူးလို့ ကြေညာထားတာပါ။

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းက ကားရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုသီဟကတော့ အစိုးရက ပြည်သူတွေကို ဓားပြတိုက်နေသလိုပဲလို့ ယူဆပါတယ်။

"အဲဒါကတော့ အစိုးရက ဓားပြတိုက်တယ်လို့ပဲသတ်မှတ်တာ၊ ဘာဖြစ်လို့လဲဆိုတော့ အရင်အစိုးရလည်း ဓားပြတိုက်ပြီး ဆင်းသွားတယ်လို့ ခံစားရတယ်၊ ဆင်းသွားပြီးရင် ဒီဟာက မေ့ ဘယ်သူမှလဲမပြောင်းတော့ဘူး၊ အခုဒီအစိုးရလည်း ဒီအချိန်ပဲ ဒီလိုပြန်ဖြစ်လာတာ၊ နာမည်ပြောင်းဖို့ မပြောင်းဖို့ကို စည်းမျဉ်းတစ်ခုနဲ့ပဲ ဖြစ်စေချင်တယ်၊ အစိုးရပြောင်းတိုင်းပြောင်းတိုင်း ဒီကားတစ်ခုအပေါ်ပဲ အခွန်လုပ်လို့ရနေလား"

သိန်း ၂၀ တန်ကားတစ်စီးကို စတင်သွင်းကတည်းက သိန်း ၁၄၀ အထိကျသင့်တဲ့အတွက် ၁၆၅ ရာခိုင်နှုန်း အထိ အခွန်ပေးဆောင်ထားပြီးဖြစ်တယ်လို့ ကိုသီဟက ဆိုပါတယ်။

ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန) မြင်သာရုံးရဲ့ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ဒီလိုကောက်ခံတာဟာ မော်တော်ယာဉ်ဥပဒေအရ သတ်မှတ်ထားတာမဟုတ်ဘဲ နိုင်ငံတော် ဘဏ္ဍာရဖို့အရေး ဝန်ကြီးဌာနချင်း ညှိနှိုင်းဆောက်ရွက်တာသာဖြစ်တယ်လို့ ပြောပါတယ်။

"မော်တော်ယာဉ်ဥပဒေမှာ ဒီလိုအခွန်ကောက်ပြီးမှ လုပ်မယ်ဆိုတာမပါပါဘူး၊ နိုင်ငံတော်ရဲ့အခွန်ဘဏ္ဍာ တိုးတက်ရရှိရေးအတွက် ဝန်ကြီးဌာနချင်းညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ မော်တော်ယာဉ်ဥပဒေအရဆိုရင် ဒီဟာကောက်ဖို့ မပါပါဘူး"

မော်တော်ယာဉ်ဥပဒေမှာ အမည်ပေါက်ပြောင်းဆောင်ရွက်ဖို့အတွက် ကျပ် ၅,၀၀၀ သာ သတ်မှတ်ထားတာပါ။

ရန်ကုန်တိုင်းမှာ တစ်ရက်ကို အစီးရေ ၆၀၀ လောက် ယာဉ်သက်တမ်း လာတိုးနေပြီး အဲဒီအထဲမှာ အစီး ၁၀၀ ခန့်သာလျှင် ပိုင်ရှင်ကိုယ်တိုင် လာတိုးတာဖြစ်တယ်လို့ ဦးလျန်ကျင့်မန်က ဆိုပါတယ်။

၂၀၁၅ မော်တော်ယာဉ်ဥပဒေမှာ မော်တော်ယာဉ်ဝယ်ယူပြီး တစ်လအတွင်း အမည်ပေါက် လာမပြောင်းရင် ဒဏ်ငွေ တစ်သိန်း ချမှတ်ဖို့ ပြဋ္ဌာန်းထားပါတယ်၊ ဒါပေမဲ့ ဥပဒေကြမ်းကော်မတီကို တင်ပြထားတဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စီမံခန့်ခွဲမှု ဥပဒေကြမ်းမှာတော့ ဒဏ်ငွေကို သုံးသိန်း ချဖို့ ရေးဆွဲထားတာပါ။

ရန်ကုန်က ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုစိုးပိုင်ကတော့ နိုင်ငံတကာမှာ သတ်မှတ်ထားသလို အမည်ပေါက်ပြောင်းကြေး နှုန်းထားတစ်ခု သတ်မှတ်ပြီးသာ ကောက်ခံစေချင်တာပါ။

"ကျွန်တော်တို့နားလည်ထားတဲ့ ဒီအခွန်ဆိုတာက ပထမဆုံး ကားဝယ်တဲ့သူတွေအခွန်ပေးရမယ်ဆိုရင် အိုကေပေးပါ၊ အဲ့လူတွေကမှ ဒီကားတွေပြန်ရောင်းတယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့သည် ဒုတိယ တတိယပြန်ဝယ်မယ့်သူတွေဖြစ်တယ်၊ အဲ့တော့ ဒုတိယ တတိယပြန်ဝယ်မယ့်သူတွေသည် ဒီကားပေါ်မှာ အခွန်ဆောင်စရာအကြောင်းမရှိတော့ဘူးလို့ ကျွန်တော်ထင်တယ်"

အရည်ကြိုနာမည်နဲ့ ကားအကြောင်း ဆောင်းပါးတွေ ရေးသားနေတဲ့ ရန်ကုန်က ကားရောင်းဝယ်ရေး လုပ်ငန်းရှင်၊ မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဦးအောင်ဇော်ဦး(ခ) ကတော့ အခွန်နှစ်ထပ် မဖြစ်ဘူးလို့ တုံ့ပြန်ပါတယ်။

"အခွန်က နှစ်ထပ်မဖြစ်ဘူးဗျ အခွန်ကတစ်ထပ်ပါပဲ၊ ဥပမာ ကျွန်တော်က နိုင်ငံခြားကနေကားတစ်စီးဝယ်တယ်၊ အခွန်တွေဆောင်ခဲ့တယ်၊ ဆောင်ပြီးတော့ ပြန်ရောင်းမယ်ဆိုရင် ကျွန်တော်ဆောင်ခဲ့တဲ့အခွန်စိမ်းစာရွက်တွေ ဘဏ်ကို ငွေသွင်းတဲ့စာရွက်တွေ ပြန်ရောင်းမယ့်စာချုပ်တွေ ကားရဲ့ အုံနာဘုတ်မိတ္တူတွေကို ကျွန်တော်ယူထားတယ်၊ ရောင်းလိုက်ပြီဆိုတာနဲ့ အခွန်ရုံးကိုသွားပြီးတော့ ဒီကားကိုရောင်းလိုက်ပြီဆိုတာ ကြေညာလိုက်မယ်၊ ကြေညာလိုက်ရင် အခွန်ရုံးကကျွန်တော့်ကိုစာရွက်တစ်ရွက်ပြန်ပေးမယ်၊ အဲ့စာရွက်ကိုယူထားပြီးတော့ နောက်ထပ် ကားတစ်စီးဝယ်တဲ့အချိန်မှာအခွန်ဆောင်စရာမလိုတော့ဘူး၊ ဒီကားကိုရောင်းထားတဲ့ပိုက်ဆံနဲ့ဝယ်ပါတယ်ဆိုပြီးတော့ ပြောလိုက်ရုံပဲ"

အခြားနိုင်ငံတွေမှာ အခုလို အခွန် ထပ်မဆောင်ခိုင်းတာဟာ သူ့နိုင်ငံသားတွေ အကုန်လုံးက အခွန်ဆောင်ထားပြီးသားဖြစ်တယ်၊ ဒီနိုင်ငံမှာကတော့ လူတိုင်းက နိုင်ငံတော်ကို အခွန်မဆောင်ကြတဲ့အတွက် စည်းကြပ်မှုကနေ ကင်းလွတ်နေတဲ့ငွေအဖြစ်နဲ့ သတ်မှတ်ပြီး ဆောင်ခိုင်းတာဖြစ်တယ်လို့ ဆောင်းပါးရှင် အရည်ကြိုက ဆိုပါတယ်။

အခုလို သတ်မှတ်လိုက်မှုကြောင့် ၂၀၂၀ ဇန်နဝါရီလ ၁ ရက်နေ့ကပြီး မော်တော်ယာဉ် မှတ်ပုံတင် လုပ်ငန်းတွေဖြစ်တဲ့ ကနဦး မှတ်ပုံတင်ခြင်း၊ နှစ်လဲသက်တမ်းတိုးခြင်း၊ နယ်ဝင်/ နယ်ထွက်ခြင်း၊ ခရီးလွန် စစ်ဆေးခြင်း၊ စက်နဲ့ ဆေးပြောင်းလဲခြင်း၊ မှတ်ပုံတင်အထောက်အထား ပျောက်ဆုံးခြင်း စတာတွေ ဆောင်ရွက်တဲ့အခါ စည်းကမ်းချက်တွေ တင်းကျပ်လာတော့မှာပါ။

အမည်ပေါက် ယာဉ်ပိုင်ရှင်ကိုယ်တိုင် ဒါမှမဟုတ် အမည်ပေါက်ပိုင်ရှင်ရဲ့ နိုင်ငံသားစိစစ်ရေး ကတ်မူရင်း၊ အိမ်ထောင်စုလူဦးရေစာရင်းမူရင်းတွေနဲ့ တိုက်ဆိုင် စိစစ်သွားမှာဖြစ်ပြီး အုံနာဘုတ်စာအုပ်မှာ ယာဉ်အမည်ပေါက် ပိုင်ဆိုင်သူ မှန်ကန်မှသာ သက်တမ်းတိုး ဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်။

အမည်မှန်ပြောင်းတဲ့အခါမှာလည်း နယ်အိမ်ထောင်စု စာရင်းနဲ့ ရန်ကုန်လိုင်စင်ဝယ်ကား ဝယ်ထားတဲ့သူတွေဟာ ရန်ကုန်အိမ်ထောင်စုစာရင်း ဒါမှမဟုတ် ရန်ကုန်မှာ နေထိုင်တာမှန်ကန်ကြောင်း အထောက်အထားတင်ပြဖို့ လိုအပ်နေတာပါ။ အဲဒီလို တင်ပြနိုင်မှသာ ရန်ကုန်လိုင်စင်ကားအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်အိမ်ထောင်စုစာရင်းနဲ့ နယ်လိုင်စင် ကားဝယ်ထားတဲ့သူတွေကတော့ နယ်မှာပဲ အမည်ပြောင်းရမှာဖြစ်ပြီး ရန်ကုန်လိုင်စင်ရမှာ မဟုတ်ပါဘူး။

ဒီသတင်းကြောင့်ပဲ လှိုင် ယာဉ်ရောင်းဝယ်ရေး စခန်း အပါအဝင် ကားပွဲစားတွေအကြား အရောင်းအဝယ်တွေလည်း ရပ်တန့်ကုန်ပါတယ်။

"အရောင်းအဝယ်အားဖြင့်လည်း နည်းနည်းတန့်သွားတယ်၊ တန့်တဲ့အပြင်ကို ဝယ်တဲ့သူကလည်း သုံးရာခိုင်နှုန်းဆောင်ရမယ်ဆိုတော့ စဉ်းစားပြီးတော့ အသစ်ပဲဝယ်ရမလား၊ အဟောင်းပဲဝယ်ရမလား ဖြစ်နေတဲ့အချိန်ဖြစ်တဲ့အခါကျတော့ အရောင်းအဝယ်နည်းနည်းအေးသွားတယ်၊ မဖြစ်သင့်ဘူးလို့မြင်တယ်ပေါ့"

ဒီလိုမျိုးပြောင်းလဲမှုကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ တစ်ကြိမ်လုပ်ခဲ့ဖူးပေမယ့် မအောင်မြင်ဘဲ ယာဉ်ပိုင်ရှင်များစွာ နစ်နာခဲ့တယ်လို့ မော်တော်ယာဉ်ပိုင်ရှင်တွေက ဆိုပါတယ်။

သိန်း ၁၀၀ တန်ကားကို အခွန် သုံးသိန်းဆောင်ဖို့ထက် မူလပိုင်ရှင်ကို တစ်သိန်းလောက်ပေးပြီး သက်တမ်းတိုးခိုင်းတာတွေနဲ့ မှတ်ပုံတင် ငှားရမ်းတဲ့ကိစ္စတွေလည်း ပြန်ဖြစ်လာနိုင်တယ်လို့ ကားရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေက ပြောဆိုနေကြပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ကတော့ နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ စည်းကမ်းဥပဒေနဲ့ ညီညွတ်တဲ့ မော်တော်ယာဉ်တွေဖြစ်ဖို့ လုပ်ဆောင်တာဖြစ်ပြီး ယာဉ်ပိုင်တွေ အားလုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ရန်ကုန်တိုင်း မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးခိုင်းစိုးက အခုလို သုံးသပ်ပါတယ်။

"ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ လုံခြုံမှုအတွက်ကိုခေါင်းစဉ်တပ်ပြီးတော့ အဟောင်းဖြစ်ဖြစ် အသစ်ဖြစ်ဖြစ် အဟောင်းလည်း သုံးရာခိုင်နှုန်း၊ အသစ်လည်းသုံးရာခိုင်နှုန်း ပြောင်းလဲသူတိုင်း အဆင့်ဆင့် သုံးရာခိုင်နှုန်း လိုက်ဆောင်ပြီးတော့ ဒါဟာ ဘဏ္ဍာငွေ ရှာဖွေတဲ့သဘောဖြစ်သွားတယ်၊ တကယ် အမည်လိပ်စာမှန်ကန်ချင်တယ်ဆိုရင် နိုင်ငံတကာမှာ ဘယ်လိုမူနဲ့ကျင့်သုံးသလဲ ကိုယ့်နိုင်ငံမှာလည်း အဲဒီမူနဲ့ကျင့်သုံး၊ အဲလိုမူနဲ့ကျင့်သုံးရင် အကိုတို့မှန်းတာပေါ့ ဥပမာ ငါးသောင်းလား တစ်သိန်းလား၊ အဲလိုသာပြောင်းလဲရင် ပြည်သူလူထုအကုန်လုံးက မပြောင်းတဲ့သူမရှိဘူး"

ရန်ကုန်တိုင်းမော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး အပြင်းအထန် ကန့်ကွက်ထားသလို သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပဲ မူလကြေညာထားတဲ့အတိုင်းသာ လုပ်ဆောင်မယ်ဆိုတဲ့ အဖြေပဲ ရရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရအနေနဲ့ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ကလည်း တိုင်းအတွင်းလမ်းတွေ အဆင့်မြှင့်တင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်လိုင်စင်ကားတွေအပေါ် အင်ဂျင်ပါဝါအလိုက် စည်ပင်ဘီးခွန်တွေ တိုးမြှင့်ကောက်ခံဖို့ သတ်မှတ်ခဲ့ပြီး တစ်နှစ်စာ တစ်ထောင်ကျပ်ကနေ သုံးသောင်းကျော်အထိ ပေးဆောင်နေရာကနေ သုံးသောင်းကျော်ကနေ တစ်သိန်းကျော်အထိ တိုးမြှင့်ပေးဆောင်ထားရပါတယ်။

ဒါပေမဲ့လည်း စည်ပင်သာယာအနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့လမ်းတွေကို ပြုပြင်ဖို့တော့ အခုအချိန်ထိ အချိန်မီ မလုပ်ဆောင်ပေးနိုင်သေးသလို နယ်လိုင်စင်ကားတွေကလည်း အခွန်သက်သာစွာနဲ့ ရန်ကုန်တိုင်းအတွင်း စီးနေနိုင်ကြဆဲဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ကညနရဲ႕ၫႊန္ၾကားခ်က္အသစ္က ကားပိုင္ရွင္ေတြကို ေသာကေပး ကညနရဲ႕ၫႊန္ၾကားခ်က္အသစ္က ကားပိုင္ရွင္ေတြကို ေသာကေပး Reviewed by THITHTOOLWIN on 00:17 Rating: 5
Powered by Blogger.