ေညာင္တုန္း ဂ်ီအီးတပ္က ရဲေဘာ္ဇနီး သတ္ခံရ

(Zawgyi)⤵⤵⤵
ပုသိမ္-ႏိုဝင္ဘာ ၁၂-၂၀၁၉

ပုသိမ္ၿမိဳ႕အ၀င္ မိုင္တိုင္ အမွတ္ ၁၇၀ /၂ အနီး ကိုးဆူ ေက်း႐ြာ လယ္ကြင္း ထဲမွာဒါဏ္ရာေတြနဲ႔ ေသဆုံးေနတဲ့ အမ်ိဳးသမီးတစ္ဦးအေလာင္း ၁ ခုကို ႏို၀င္ဘာ ၁၂ ရက္ေန႔ မြန္းလြဲပိုင္းမွာ ရဲတပ္ဖြဲ႕ ကေန ရွာေတြ႕ခဲ့ပါတယ္။

ေသဆုံးသူဟာ ေညာင္တုန္းၿမိဳ႕ ဂ်ီအီးတပ္က ရဲေဘာ္တစ္ဦးရဲ႕ ဇနီးျဖစ္သူု ငပုေတာၿမိဳ႕နယ္ ျပင္ခ႐ိုင္ ေက်း႐ြာသူ အသက္ ၂၅ ႏွစ္ ၀န္းက်င္ရွိ မဝိုင္းပုံခ်စ္ ဆိုသူျဖစ္ေၾကာင္းနဲ႔ ေခါင္း ကို ႐ိုက္ႏွက္ထားသည့္ ဒါဏ္ရာ၊ လယ္ပင္းမွာ ညိဳမဲေနတဲ့ဒါဏ္ရာ ေတြ႕ရွိရေၾကာင္း အေလာင္းသယ္ေဆာင္ ခဲ့တဲ့ လူမႈကူညီေရး အဖြဲ႕၀င္ေတြက ေျပာပါတယ္။

"ရဲတပ္ဖြဲ႕ကအကူအညီေတာင္းလို႔ ကိုးဆူမွာ အေလာင္းတင္ဖို႔ဆိုလို႔လိုက္လာတာ ဒီေရာက္မွလူသတ္မူျဖစ္မွန္းသိတယ္"ပုသိမ္ၿမိဳ႕ ပါရမီဘက္စုံ လူမူကူညီေရးအဖြဲ႕က ကိုေအာင္ထက္ပိုင္ေၾက ပာပါတယ္။

လူသတ္မႈကို စစ္ေဆးေနဆဲကာလ ျဖစ္တာေၾကာင့္ အမူအေျခအေနကိုထုတ္ေဖၚေျပာလို႔ မရႏိုင္ေၾကာင္း ပုသိမ္ၿမိဳ႕မ ရဲစခန္း တာ၀န္ရွိ ရဲအရာရွိ ေျပာပါတယ္။

ကိုေအာင္(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------------
(Unicode)⤵⤵⤵
ညောင်တုန်း ဂျီအီးတပ်က ရဲဘော်ဇနီး သတ်ခံရ

ပုသိမ်-နိုဝင်ဘာ ၁၂-၂၀၁၉

ပုသိမ်မြို့အဝင် မိုင်တိုင် အမှတ် ၁၇၀ /၂ အနီး ကိုးဆူ ကျေးရွာ လယ်ကွင်း ထဲမှာဒါဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးအလောင်း ၁ ခုကို နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ရဲတပ်ဖွဲ့ ကနေ ရှာတွေ့ခဲ့ပါတယ်။

သေဆုံးသူဟာ ညောင်တုန်းမြို့ ဂျီအီးတပ်က ရဲဘော်တစ်ဦးရဲ့ ဇနီးဖြစ်သူု ငပုတောမြို့နယ် ပြင်ခရိုင် ကျေးရွာသူ အသက် ၂၅ နှစ် ဝန်းကျင်ရှိ မဝိုင်းပုံချစ် ဆိုသူဖြစ်ကြောင်းနဲ့ ခေါင်း ကို ရိုက်နှက်ထားသည့် ဒါဏ်ရာ၊ လယ်ပင်းမှာ ညိုမဲနေတဲ့ဒါဏ်ရာ တွေ့ရှိရကြောင်း အလောင်းသယ်ဆောင် ခဲ့တဲ့ လူမှုကူညီရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

"ရဲတပ်ဖွဲ့ကအကူအညီတောင်းလို့ ကိုးဆူမှာ အလောင်းတင်ဖို့ဆိုလို့လိုက်လာတာ ဒီရောက်မှလူသတ်မူဖြစ်မှန်းသိတယ်"ပုသိမ်မြို့ ပါရမီဘက်စုံ လူမူကူညီရေးအဖွဲ့က ကိုအောင်ထက်ပိုင်ကြေ ပာပါတယ်။

လူသတ်မှုကို စစ်ဆေးနေဆဲကာလ ဖြစ်တာကြောင့် အမူအခြေအနေကိုထုတ်ဖေါ်ပြောလို့ မရနိုင်ကြောင်း ပုသိမ်မြို့မ ရဲစခန်း တာဝန်ရှိ ရဲအရာရှိ ပြောပါတယ်။

ကိုအောင်(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေညာင္တုန္း ဂ်ီအီးတပ္က ရဲေဘာ္ဇနီး သတ္ခံရ ေညာင္တုန္း ဂ်ီအီးတပ္က ရဲေဘာ္ဇနီး သတ္ခံရ Reviewed by THITHTOOLWIN on 00:23 Rating: 5
Powered by Blogger.