
(Zawgyi)⤵⤵⤵
တောင်ကြီး၊ နိုဝင်ဘာ ၁၄





----------------
(Unicode)⤵⤵⤵v
ကွတ်ခိုင်မြို့၊ လွိုင်ဆမ်ဆစ် တောင်‌ခြေမှာ ကျောင်းကြိုကား တစ်စီးပစ်ခံရပြီး နှစ်ဦးဒဏ်ရာရ

တောင်ကြီး၊ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး၊ လွိုင်ဆမ်ဆစ်တောင်ခြေအနီးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်၊ နံနက်ပိုင်းအချိန်က ကျောင်းကြိုကား တစ်စီးပစ်ခံရပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရွှေတြိဂံဒေသ သတင်းဌာနရဲ့ သတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။

လွိုင်ဆမ်ဆစ်တောင်ခြေမှာ ပြည်ထောင်စုလမ်းမကြီးအတိုင်းမောင်းနှင်လာတဲ့ ဧလျာဇာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းကြိုကားကို အမည်/အဖွဲ့/အင်အား(စုံစမ်းဆဲ)မှ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းဖြစ်သူနဲ့ စာသင်ဝိုင်ဂိုက်ဆရာတို့ကို မှန်ကွဲစထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။

ကွတ်ခိုင်မြို့နယ်ရှိ ဂေါက်ကွင်းအနီး၊ မန်လွယ်၊ နမ့်ခိုင်၊ နမ့်ဖတ်ကာ၊ နမ့်ဖတ်ကာနဲ့ လွယ်ဆမ်ဆစ်တောင်ခြေအနီးတို့မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ရက်၊ နံနက်ပိုင်းအချိန်ကနေ ဒီကနေ့အထိ တပ်မတော်နဲ့ TNLAတို့ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကွတ်ခိုင်မြို့၊ လွိုင်ဆမ်ဆစ် တောင်‌ခြေမှာ ကျောင်းကြိုကား တစ်စီးပစ်ခံရပြီး နှစ်ဦးဒဏ်ရာရ ကွတ်ခိုင်မြို့၊ လွိုင်ဆမ်ဆစ် တောင်‌ခြေမှာ ကျောင်းကြိုကား တစ်စီးပစ်ခံရပြီး နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.