အီရန္ဆႏၵျပပြဲ ေသဆံုးသူ ၁၀၀ ေက်ာ္ၿပီျဖစ္ေၾကာင္း AI ထုတ္ျပန္


(Zawgyi/Unicode)

အီရန္ႏုိင္ငံတ၀န္းမွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကစတဲ့ ဆႏၵျပပြဲေတြအတြင္း လံုျခံဳေရးတပ္ဖြဲ႔ေတြ လက္ခ်က္နဲ႔ အနည္းဆံုး လူ ၁၀၆ ဦး ေသဆံုးခဲ့ရေၾကာင္း ႏုိင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႔ (Amnesty International) က ေျပာပါတယ္။

ဒီအေရအတြက္ဟာဆိုရင္ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္ကျဖစ္ခဲ့တဲ့ လူထုဆႏၵျပမႈေတြအတြင္း ေသဆံုးရမႈရဲ႕ ၄ ဆ ရွိတယ္လို႔လည္း AI အဖြဲ႔ႀကီးက ေျပာပါတယ္။ မ်က္ျမင္ေတြ႔သူေတြ၊ လူမႈကြန္ရက္မီဒီယာ ေတြ၊ ေနာက္ ျပည္ပအေျခစိုက္ အီရန္ လူ႔အခြင့္အေရး လႈပ္ရွားသူေတြရဲ႕ အစီရင္ခံခ်က္ေတြကို အေျခခံၿပီး လံုျခံဳေရးတပ္ဖြဲ႔လက္ခ်က္နဲ႔ ဆႏၵျပသူ ၁၀၆ ဦး ေသဆံုးရတယ္လို႔ AI အဖြဲ႔ႀကီးက ဆံုးျဖတ္တာျဖစ္ေၾကာင္း ဒီအဖြဲ႔ရဲ႕ အီရန္ဆိုင္ရာကြ်မ္းက်င္သူ Raha Bahreini က ဗီြအိုေအ ပါရွန္ဌာနနဲ႔ အဂၤါေန႔ ေမးျမန္းမႈအတြင္း ေျပာဆိုတာျဖစ္ပါတယ္။

ၿမိဳ႕ႀကီး ၿမိဳ႕ငယ္ ၂၁ ခုမွာ အေသအေပ်ာက္ရွိခဲ့ၿပီး အေနာက္ပိုင္းၿမိဳ႕ေတြျဖစ္တဲ႔ Kermanshah, Javanroud, Bandar-e Mahshahr နဲ႔ သူ႔ရဲ႕ ဆင္ေျခဖံုးေဒသေတြ၊ Mariwan , Behbahan တို႔မွာ အေသအေပ်ာက္အမ်ားဆံုး ျဖစ္တယ္လို႔လည္း AI အဖြဲ႔ႀကီးရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔တုန္းက အီရန္လံုျခံဳေရးတပ္ဖြဲ႔ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ အနည္းဆံုး ဆႏၵျပသူ ၇ ဦး ေသဆံုးမႈကို ဗီြအိုေအ ပါရွန္ဌာနက သီးျခားအတည္ျပဳခ်က္ ရရွိထားပါတယ္။ ေသာၾကာေန႔က စခဲ့တဲ့ အီရန္ဆႏၵျပမႈေတြအတြင္း ေသဆံုးသူေတြရွိတယ္လို႔ အီရန္ႏုိင္ငံပိုင္ မီဒီယာက ေဖာ္ျပေပမယ့္ ေသဆံုးသူ၊ ဒဏ္ရာရသူ အေရအတြက္ကိုေရာ ဖမ္းဆီးထားသူေတြနဲ႔ ပတ္သက္လို႔ေရာ ထုတ္ျပန္မထားပါဘူး။

................

အီရန်ဆန္ဒပြပွဲ သေဆုံးသူ ၁၀၀ ကျော်ပြီဖြစ်ကြောင်း AI ထုတ်ပြန်

(Unicode)

အီရန်နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့သောကြာနေ့ကစတဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ အနည်းဆုံး လူ ၁၀၆ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (Amnesty International) က ပြောပါတယ်။

ဒီအရေအတွက်ဟာဆိုရင် ပြီးခဲ့တဲ့ နှစ်နှစ်ကဖြစ်ခဲ့တဲ့ လူထုဆန္ဒပြမှုတွေအတွင်း သေဆုံးရမှုရဲ့ ၄ ဆ ရှိတယ်လို့လည်း AI အဖွဲ့ကြီးက ပြောပါတယ်။ မျက်မြင်တွေ့သူတွေ၊ လူမှုကွန်ရက်မီဒီယာ တွေ၊ နောက် ပြည်ပအခြေစိုက် အီရန် လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အစီရင်ခံချက်တွေကို အခြေခံပြီး လုံခြုံရေးတပ်ဖွဲ့လက်ချက်နဲ့ ဆန္ဒပြသူ ၁၀၆ ဦး သေဆုံးရတယ်လို့ AI အဖွဲ့ကြီးက ဆုံးဖြတ်တာဖြစ်ကြောင်း ဒီအဖွဲ့ရဲ့ အီရန်ဆိုင်ရာကျွမ်းကျင်သူ Raha Bahreini က ဗွီအိုအေ ပါရှန်ဌာနနဲ့ အင်္ဂါနေ့ မေးမြန်းမှုအတွင်း ပြောဆိုတာဖြစ်ပါတယ်။

မြို့ကြီး မြို့ငယ် ၂၁ ခုမှာ အသေအပျောက်ရှိခဲ့ပြီး အနောက်ပိုင်းမြို့တွေဖြစ်တဲ့ Kermanshah, Javanroud, Bandar-e Mahshahr နဲ့ သူ့ရဲ့ ဆင်ခြေဖုံးဒေသတွေ၊ Mariwan , Behbahan တို့မှာ အသေအပျောက်အများဆုံး ဖြစ်တယ်လို့လည်း AI အဖွဲ့ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက အီရန်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ဆန္ဒပြသူ ၇ ဦး သေဆုံးမှုကို ဗွီအိုအေ ပါရှန်ဌာနက သီးခြားအတည်ပြုချက် ရရှိထားပါတယ်။ သောကြာနေ့က စခဲ့တဲ့ အီရန်ဆန္ဒပြမှုတွေအတွင်း သေဆုံးသူတွေရှိတယ်လို့ အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြပေမယ့် သေဆုံးသူ၊ ဒဏ်ရာရသူ အရေအတွက်ကိုရော ဖမ်းဆီးထားသူတွေနဲ့ ပတ်သက်လို့ရော ထုတ်ပြန်မထားပါဘူး။

VOA Burmese
https://burmese.voanews.com
အီရန္ဆႏၵျပပြဲ ေသဆံုးသူ ၁၀၀ ေက်ာ္ၿပီျဖစ္ေၾကာင္း AI ထုတ္ျပန္ အီရန္ဆႏၵျပပြဲ ေသဆံုးသူ ၁၀၀ ေက်ာ္ၿပီျဖစ္ေၾကာင္း AI ထုတ္ျပန္ Reviewed by THITHTOOLWIN on 09:24 Rating: 5
Powered by Blogger.