တ႐ုတ္လုပ္လက္နက္ေတြနဲ႔ ျမန္မာ့ၿငိမ္းခ်မ္းေရး အလားအလာ

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ဖမ္းမိခဲ့တဲ့ လက္နက္ေတြဟာ တအာန္း အဖြဲ႕ TNLA ရဲ႕လက္နက္ေတြျဖစ္ၿပီး တ႐ုတ္ႏိုင္ငံလုပ္လက္နက္ေတြအမ်ားစုပါဝင္ေနတယ္လို႔ ဆို
(Zawgyi)⤵⤵⤵
တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြၾကား အပစ္ရပ္စဲၿပီး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေရွ႕ဆက္ႏိုင္ဖို႔ ေတြ႕ဆုံညႇိႏႈိင္းတဲ့ေနရာမွာ တ႐ုတ္အစိုးရက ၾကားဝင္ေစ့စပ္သူအျဖစ္ အဓိက အခန္းက႑က ပါဝင္ေနပါတယ္။

တစ္ဖက္မွာလည္း တိုင္းရင္းသားလက္နက္ကိုင္ေတြအသုံးျပဳေနတဲ့ လက္နက္ေတြဟာ တ႐ုတ္ႏိုင္ငံ လုပ္လက္နက္ေတြျဖစ္ၿပီး တ႐ုတ္နယ္စပ္ကိုျဖတ္ၿပီး ေမွာင္ခိုေဈးကြက္ကတစ္ဆင့္ ဝင္ေရာက္လာတာျဖစ္တယ္လို႔ လက္နက္အေရးနဲ႔ စစ္ေရးကြၽမ္းက်င္သူေတြက သုံးသပ္တာလည္း ရွိပါတယ္။
ဖမ္းမိတဲ့လက္နက္မ်ား

တပ္မေတာ္က ႏိုဝင္ဘာ ၂၃ ရက္မွာ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ဖမ္းမိခဲ့တဲ့ လက္နက္ေတြဟာ တအာင္းအဖြဲ႕ TNLA ရဲ႕လက္နက္ေတြျဖစ္ၿပီး တ႐ုတ္ႏိုင္ငံလုပ္လက္နက္ေတြအမ်ားစုပါဝင္ေနတယ္လို႔ ဆိုပါတယ္။
ဘယ္ကလာတဲ့လက္နက္ေတြလဲ၊ ကာလတန္ဖိုးဘယ္ေလာက္ရွိလဲ

မေန႔က ဖမ္းမိတဲ့ TNLA လက္နက္ေတြထဲမွာ တ႐ုတ္ႏိုင္ငံလုပ္ လက္နက္ေတာ္ေတာ္မ်ားမ်ားပါေနတာ ေတြ႕ရၿပီး ေျမျပင္ကေန ေလယာဥ္ပစ္လက္နက္ FN 6 ဆိုရင္ တစ္လက္ကို အေမရိကန္ ေဒၚလာ ခုနစ္ေသာင္းခြဲကေန ကိုးေသာင္းဝန္းက်င္ ရွိတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာပါတယ္။

လက္နက္ေတြက အသစ္လားအေဟာင္းလား ဆိုတာ စိစစ္ေနၿပီး FN 6 ေလယာဥ္ပစ္လက္နက္ဆိုရင္ ၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း ထုတ္လာတဲ့ Third generation အမ်ိဳးအစားျဖစ္တယ္လို႔ သူက ဆိုပါတယ္။

ဒီလက္နက္ကို တ႐ုတ္က ျပည္ပႏိုင္ငံေတြကိုေရာင္းခ်ရာမွာ FN 6 လို႔ နာမည္ေပးထားၿပီး ဒီလို ဗားရွင္းတူတဲ့လက္နက္ကို တ႐ုတ္တပ္မေတာ္ထဲမွာဆိုရင္ေတာ့ Hong Ying နာမည္နဲ႔ သုံးေနတယ္လို႔ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာပါတယ္။

အသစ္က်ပ္ခြၽတ္ေတြျဖစ္ေနၿပီး ပခုံးထမ္းေလာင္ခ်ာ RPG ေတြဆိုရင္ ပါကင္ေတာင္မေဖာက္ရေသးတာေတြ႕ရတယ္လို႔ ဆို
ဒီလိုတန္ဖိုးႀကီးတဲ့လက္နက္ေတြကို ေပၚလာတဲ့မၾကာေသးတဲ့ လက္နက္ကိုင္အဖြဲ႕ က ဝယ္ဖို႔ ပိုက္ဆံ ဘယ္ကရေနလဲလို႔သူေမးခြန္းထုတ္ၿပီး မူးယစ္ေဆးဝါးနဲ႔ တျခားသယံဇာတေတြကိုေရာင္းခ်တဲ့ နည္းလမ္းနဲ႔ ရတာေတြရွိမယ္လို႔ ဆက္ေျပာပါတယ္။

ဒီလက္နက္ေတြကို TNLA ရဲ႕ စစ္ဦးစီးခ်ဳပ္ တာဟိုပလာန္ ဇာတိ ရွမ္းျပည္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕နယ္ ဟိုမိန္းေက်း႐ြာအနီးတစ္ဝိုက္ကေန ဖမ္းဆီးရခဲ့တာလို႔ တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

ဘယ္လိုဖမ္းမိခဲ့တာလဲဆိုတာနဲ႔ပတ္သက္လို႔ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက အခုလိုေျပာပါတယ္။

"TNLA စစ္ဦးစီးခ်ဳပ္ေနရာျဖစ္တယ္။ အင္အားေတြက ဒီနားကေနထြက္ထြက္လာတယ္။ ဒီနယ္ေျမထဲမွာ အရင္ ဦးအိုက္ထြန္းတို႔ လက္နက္နဲ႔ၿငိမ္းခ်မ္းေရးလဲၿပီးတဲ့ေနာက္ ေအးခ်မ္းၿပီး ေဒသဖြံ႕ၿဖိဳးေရး အမ်ားႀကီး လုပ္ေပးခဲ့တာရွိတယ္။ တပ္မေတာ္က ဒီနယ္ေျမထဲမွာ နယ္ေျမကြၽမ္းက်င္ၿပီးသား။ ဒီေတာ့ သတင္းရရွိဖို႔ နည္းလမ္းမ်ိဳးစုံသုံးတယ္။ ဒီလိုေဖာ္ထုတ္ဖမ္းဆီးမႈရလဒ္ကေတာ့ တပ္မေတာ္က အၿမဲတမ္းနည္း လမ္းမ်ိဳးစုံ ေန႔ည မျပတ္ စဥ္းစားေဆာင္႐ြက္ၿပီး သတင္းရရွိဖို႔ လုပ္ခဲ့တာျဖစ္တယ္"

 လက္နက္ေတြဖမ္းမိေနရာျပေျမပုံ
တပ္မေတာ္က အခုဖမ္းမိတဲ့လက္နက္ေတြဟာ အသစ္က်ပ္ခြၽတ္ေတြျဖစ္ေနၿပီး ပခုံးထမ္းေလာင္ခ်ာ RPG ေတြဆိုရင္ ပါကင္ေတာင္မေဖာက္ရေသးတာေတြ႕ရတယ္လို႔ ၿငိမ္းခ်မ္းေရးနဲ႔လုံၿခဳံေရးဆိုင္ရာ ျမန္မာအင္စတီက်ဳ(MIPS) က အလုပ္အမႈေဆာင္ ဒါ႐ိုက္တာ ဦးမင္းေဇာ္ဦးက ဘီဘီစီကို ေျပာပါတယ္။

"ဒါမ်ိဳးေတြက ေမွာင္ခိုေဈးမွာဝယ္မယ္ဆိုလို႔ရွိရင္ ဝယ္ရခက္တယ္။ ဒါေပမဲ့ FN 6 (ေလယာဥ္ပစ္လက္နက္) ေတြက်ေတာ့ တ႐ုတ္ျပည္က တိုက္႐ိုက္တာလာလည္း ျဖစ္ခ်င္မွ ျဖစ္မယ္။ အေရွ႕အလယ္ပိုင္းက သြင္းတာလည္း ျဖစ္ႏိုင္တယ္။ ၿပီးခဲ့တဲ့ႏွစ္က ထိုင္းမွာမိတဲ့ဟာဆို FN 6 သုံးေလးလက္ေလာက္ ပါတယ္။ ထိုင္းတပ္မ ေတာ္ထဲက တခ်ိဳ႕က ေမွာင္ခိုေဈးကေန သြင္းလာတာေပါ့။ ေျပာလို႔ရတာတစ္ခုက ျမန္မာျပည္မွာရွိတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေလးပုံ သုံးပုံရဲ႕လက္နက္ေတြက တ႐ုတ္ႏိုင္ငံကလာတဲ့ လက္နက္ေတြ။ ေမွာင္ခိုေဈးကြက္နဲ႔ပတ္သက္ရင္ တ႐ုတ္နယ္စပ္မွာ လက္နက္ေတြ အလြယ္တကူဝယ္လို႔ရတယ္ ဆိုတာက ေတာ့ ထင္ရွားပါတယ္။ တ႐ုတ္နယ္စပ္မွာဝယ္တဲ့ AK47 တစ္လက္နဲ႔ ထိုင္းနယ္စပ္မွာဝယ္တဲ့ AK47 ေဈးက ႏွစ္ဆေလာက္ကြာပါတယ္" လို႔ တ႐ုတ္ ဘက္ျခမ္းကေန လက္နက္ဝယ္ရလြယ္ကူမႈနဲ႔ ေဈးႏႈန္းတို႔ကို သူက ရွင္းျပပါတယ္။

ဒီလက္နက္ေတြဟာ တပ္မေတာ္နဲ႔ တအာင္းအဖြဲ႕တို႔ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ၿပီးတဲ့ေနာက္ မေ႐ႊ႕ ေျပာင္းႏိုင္ဘဲ က်န္ေနတဲ့လက္နက္ေတြျဖစ္တယ္လို႔ TNLA ေျပာခြင့္ရသူ ဗိုလ္မႉး တာအိုက္ေက်ာ္က ေျပာၾကားထားပါတယ္။

တပ္က ဖမ္းမိတဲ့ လက္နက္ေတြထဲမွာ K-12 ပခုံးထမ္း ေလယာဥ္ပစ္လက္နက္တစ္လက္အပါအဝင္ လက္နက္မ်ိဳးစုံ ၁၇၀ လက္၊ က်ည္မ်ိဳးစုံ အေတာင့္ ၄၅၀၀၀ ေက်ာ္၊ ယူနီေဖာင္းအိတ္ႀကီး ၇၇ အိတ္ျဖစ္ တယ္လို႔ ထုတ္ျပန္ထားပါတယ္။

တပ္က ထုတ္ျပန္ထားသေလာက္ အေရအတြက္မမ်ားဘဲ လက္နက္အလက္ ၅၀ ေလာက္ပဲျဖစ္တယ္လို႔ TNLA က ျငင္းဆိုထားပါတယ္။

တ႐ုတ္ႏိုင္ငံထုတ္လက္နက္ေတြျဖစ္တယ္ဆိုတာနဲ႔ တ႐ုတ္ျမန္မာနယ္စပ္ကတစ္ဆင့္ ေမွာင္ခိုေဈးကြက္ကေန ဝင္လာတာျဖစ္တယ္ဆိုတဲ့ သုံးသပ္ခ်က္ေတြနဲ႔ပတ္သက္လို႔ ဗိုလ္မႉးတာအိုက္ေက်ာ္ကို ဘီဘီစီက ႏိုဝင္ဘာ ၂၄ ရက္မွာ ဆက္သြယ္ေမးျမန္းခဲ့ေပမဲ့ ရရွိခဲ့ျခင္းမရွိပါဘူး။

ဒီလိုလက္နက္ေတြဖမ္းမိေပမဲ့လို႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ ညႇိႏႈိင္းမႈေတြေတာ့ ဆက္လုပ္ပါမယ္လို႔ ႏွစ္ဖက္တာဝန္ရွိသူေတြက ေျပာၾကားထားပါတယ္။
တ႐ုတ္ႏိုင္ငံနဲ႔ ဘယ္လိုညႇိႏႈိင္းသင့္သလဲ

တ႐ုတ္ဟာ ျမန္မာႏိုင္ငံအတြက္ ယုံၾကည္ အားကိုးႏိုင္တဲ့မိတ္ေဆြတစ္ဦး လို႔ တ႐ုတ္အထူးသံတမန္ေျပာ

တ႐ုတ္အထူးသံတမန္ မစၥတာ ဆြန္ေကာ့ရွန္းဟာ ဒီလဆန္းပိုင္းမွာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာန NRPC ကို ေဒၚလာေလးသိန္းလႉဒါန္းခဲ့ၿပီး တ႐ုတ္ဟာ ျမန္မာႏိုင္ငံအတြက္ ယုံၾကည္ အားကိုးႏိုင္တဲ့မိတ္ေဆြတစ္ဦး လို႔ ေျပာၾကားခဲ့ပါတယ္။

တစ္ဖက္မွာလည္း အခုလို တ႐ုတ္ထုတ္လက္နက္ေတြေတြ႕တယ္ဆိုေတာ့ တ႐ုတ္ရဲ႕ ျမန္မာ့ၿငိမ္းခ်မ္းေရးအေပၚထားတဲ့ မူဝါဒနဲ႔ လက္နက္ကိုင္အဖြဲ႕ေတြကို အသုံးခ်ေနသလားဆိုတဲ့ ေမးခြန္းထုတ္စရာေတြျဖစ္ လာေနပါတယ္။

တ႐ုတ္ရဲ႕ ျမန္မာေပၚထားတဲ့ မူဝါဒကေတာ့ ျပည္တြင္းေရးကိုဝင္မစြက္တာ၊ အစိုးရကို တိုက္ခိုက္တဲ့ လက္ နက္ကိုင္အဖြဲ႕အစည္းေတြကို မေထာက္ပံ့ဘူးဆိုတာကို အၿမဲေျပာေလ့ရွိတယ္လို႔ ေဒါက္တာ မင္းေဇာ္ဦးက ေျပာပါတယ္။

ဒါေပမဲ့ တစ္ခ်ိန္တည္းမွာပဲ သူတို႔ရဲ႕ တရားဝင္မူဝါဒထဲမွာကိုပဲ တ႐ုတ္ကြန္ျမဴနစ္ပါတီနဲ႔ ဝျပည္ေသြးစည္း ညီၫြတ္ေရးပါတီ UWSP တို႔ တရားဝင္ဆက္ဆံေရးလမ္းေၾကာင္းရွိေနတယ္လို႔ သူက ေထာက္ျပပါတယ္။

"တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ သိပ္အားနည္းလို႔ရွိရင္လည္း ဒီအဖြဲ႕ေတြကို တပ္မေတာ္က တိုက္ခိုက္ေခ်မႈန္းသြားလိမ့္မယ္။ ဒီလိုတိုက္ခိုက္ေခ်မႈန္းလို႔မရေအာင္ သင့္တင့္ေလ်ာက္ပတ္တဲ့ လက္နက္ တခ်ိဳ႕သူတို႔ဆီေရာက္သြားႏိုင္ေအာင္ နည္းလမ္းတစ္မ်ိဳးနဲ႔ လမ္းေၾကာင္းဖြင့္ထားတဲ့ဟာမ်ိဳးလည္း စဥ္းစား ေကာင္း စဥ္းစားမွာပဲ" လို႔ သူက ေျပာပါတယ္။

အခုလို ျဖစ္စဥ္ေတြရွိလာတဲ့ေနာက္ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ တ႐ုတ္ႏိုင္ငံရဲ႕ ပါဝင္ပတ္သက္မႈနဲ႔ ရပ္ တည္မႈအေနအထားကို ျမန္မာအစိုးရနဲ႔ တပ္မေတာ္တို႔က အခ်က္ႏွစ္ခ်က္နဲ႔ ခ်ဥ္းကပ္ေဆြးေႏြး အေျဖရွာ သင့္တယ္လို႔ ေဒါက္တာမင္းေဇာ္ဦးကေျပာပါတယ္။

"လက္နက္ခဲယမ္းကိစၥနဲ႔ သယံဇာတေပါ့။ တ႐ုတ္ကေနလာေနတယ္ဆိုတဲ့ ဒီလက္နက္ခဲယမ္းကိစၥေတြကို ပိတ္ပင္တားဆီးေပးဖို႔၊ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ တိုင္းရင္းသားေဒသေတြကေန တရားမဝင္တဲ့ နည္းလမ္းနဲ႔ သယံဇာတေတြထြက္ေနတာေတြက တ႐ုတ္ကို ျဖစ္တယ္။ တ႐ုတ္က ေဈးကြက္လိုျဖစ္ေနတာ ကိုး။ အဲဒီကရတဲ့ပိုက္ဆံနဲ႔ ဒီလက္နက္ေတြကို ဝယ္ၾကတယ္။ အဲဒီႏွစ္ခုလုံးကိုေဆြးေႏြးသင့္တယ္" လို႔ သူက ဆိုပါတယ္။

ဒါေပမဲ့ အဲဒီႏွစ္ခုလုံးနဲ႔ မလုံေလာက္ဘဲ ျမန္မာျပည္လက္နက္ကိုင္တိုက္ပြဲေတြတြင္းကေန ႏိုင္ငံေရး အေျဖ ထြက္ေအာင္ အစိုးရက လုပ္ဖို႔လိုတယ္လို႔ ဆိုပါတယ္။ ႏိုင္ငံေရးအေျဖမထြက္သေ႐ြ႕ တိုင္းရင္းသားေတြ ဘက္က နာၾကည္းမႈေတြရွိေနသေ႐ႊ႕ကေတာ့ လက္နက္ကိုင္ပဋိပကၡေတြ ဆက္ရွိေနဦးမယ္လို႔ ဆိုပါတယ္။

တ႐ုတ္အစိုးရရဲ႕ လက္တေလာအက်ိဳးစီးပြား ျဖစ္တဲ့ စၾကၤန္ပတ္လမ္းေၾကာင္း (BRI)စီမံကိန္းမွာ ျမန္မာဟာ ပထဝီအေနအထားအရ အေရးပါတဲ့ေနရာမွာပါေနၿပီျဖစ္လို႔ သူတို႔အေနနဲ႔ အက်ိဳးစီးပြားနဲ႔ပတ္သက္လို႔ ျမန္မာေပၚ မွာ အရင္က စဥ္းစားပုံစဥ္းစားနည္း ေတြေျပာင္းသင့္ေနၿပီလို႔ သူကေျပာပါတယ္။

"ဘာေၾကာင့္ ျမန္မာကအေရးႀကီးလဲဆို ျမန္မာမပါဘဲနဲ႔အိႏၵိယသမုဒၵရာကိုေပါက္မယ့္ တ႐ုတ္ရဲ႕ BRI လမ္းေၾကာင္းက တစ္ပတ္မျပည့္ဘူး။ အဲဒီ BRI ကို ထိေရာက္ဖို႔ဆိုရင္ တည္ၿငိမ္မွရမယ္။ တိုက္ပြဲ ေတြျဖစ္ ေနလို႔မရဘူး။ တ႐ုတ္ႏိုင္ငံလည္း ဒီမူဝါဒနဲ႔ပတ္သက္လို႔ျပန္သုံးသပ္တာေတြလုပ္မယ္လို႔ ထင္ပါ တယ္"

ႏွစ္ႏိုင္ငံေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရးကိုမူတည္ၿပီး ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ အစဥ္ တစ္စိုက္ ကူညီေနတယ္လို႔ တ႐ုတ္အစိုးရက အၿမဲေျပာေလ့ရွိပါတယ္။ ျမန္မာႏိုင္ငံကို ကူညီတဲ့ေငြ ပမာဏမႀကီးမားေပမယ့္ ျမန္မာနဲ႔ပတ္သက္လို႔ တ႐ုတ္အစိုးရက ျပတ္ျပတ္သားသား ေပၚလစီခ်မွတ္ ကူညီသြားမယ္၊ ေရရွည္အနာဂတ္မွာ ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ ကူညီထာက္ပံ့သြားမယ္လို႔ တ႐ုတ္ အထူးသံတမန္ မစၥတာဆြန္ေကာ့ရွန္းက ေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
တရုတ်လုပ်လက်နက်တွေနဲ့ မြန်မာ့ငြိမ်းချမ်းရေး အလားအလာ

ဓာတ်ပုံ မူပိုင် Office of The Commander-In-Chief
Image caption ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖမ်းမိခဲ့တဲ့ လက်နက်တွေဟာ တအာန်း အဖွဲ့ TNLA ရဲ့လက်နက်တွေဖြစ်ပြီး တရုတ်နိုင်ငံလုပ်လက်နက်တွေအများစုပါဝင်နေတယ်လို့ ဆို

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အပစ်ရပ်စဲပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ တွေ့ဆုံညှိနှိုင်းတဲ့နေရာမှာ တရုတ်အစိုးရက ကြားဝင်စေ့စပ်သူအဖြစ် အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။

တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေအသုံးပြုနေတဲ့ လက်နက်တွေဟာ တရုတ်နိုင်ငံ လုပ်လက်နက်တွေဖြစ်ပြီး တရုတ်နယ်စပ်ကိုဖြတ်ပြီး မှောင်ခိုဈေးကွက်ကတစ်ဆင့် ဝင်ရောက်လာတာဖြစ်တယ်လို့ လက်နက်အရေးနဲ့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်တာလည်း ရှိပါတယ်။
ဓာတ်ပုံ မူပိုင် Office of Commander-In-Chief
Image caption ဖမ်းမိတဲ့လက်နက်များ

တပ်မတော်က နိုဝင်ဘာ ၂၃ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖမ်းမိခဲ့တဲ့ လက်နက်တွေဟာ တအာင်းအဖွဲ့ TNLA ရဲ့လက်နက်တွေဖြစ်ပြီး တရုတ်နိုင်ငံလုပ်လက်နက်တွေအများစုပါဝင်နေတယ်လို့ ဆိုပါတယ်။
ဘယ်ကလာတဲ့လက်နက်တွေလဲ၊ ကာလတန်ဖိုးဘယ်လောက်ရှိလဲ

မနေ့က ဖမ်းမိတဲ့ TNLA လက်နက်တွေထဲမှာ တရုတ်နိုင်ငံလုပ် လက်နက်တော်တော်များများပါနေတာ တွေ့ရပြီး မြေပြင်ကနေ လေယာဉ်ပစ်လက်နက် FN 6 ဆိုရင် တစ်လက်ကို အမေရိကန် ဒေါ်လာ ခုနစ်သောင်းခွဲကနေ ကိုးသောင်းဝန်းကျင် ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

လက်နက်တွေက အသစ်လားအဟောင်းလား ဆိုတာ စိစစ်နေပြီး FN 6 လေယာဉ်ပစ်လက်နက်ဆိုရင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ထုတ်လာတဲ့ Third generation အမျိုးအစားဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီလက်နက်ကို တရုတ်က ပြည်ပနိုင်ငံတွေကိုရောင်းချရာမှာ FN 6 လို့ နာမည်ပေးထားပြီး ဒီလို ဗားရှင်းတူတဲ့လက်နက်ကို တရုတ်တပ်မတော်ထဲမှာဆိုရင်တော့ Hong Ying နာမည်နဲ့ သုံးနေတယ်လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Office of The Commander-In-Chief
Image caption အသစ်ကျပ်ချွတ်တွေဖြစ်နေပြီး ပခုံးထမ်းလောင်ချာ RPG တွေဆိုရင် ပါကင်တောင်မဖောက်ရသေးတာတွေ့ရတယ်လို့ ဆို

ဒီလိုတန်ဖိုးကြီးတဲ့လက်နက်တွေကို ပေါ်လာတဲ့မကြာသေးတဲ့ လက်နက်ကိုင်အဖွဲ့ က ဝယ်ဖို့ ပိုက်ဆံ ဘယ်ကရနေလဲလို့သူမေးခွန်းထုတ်ပြီး မူးယစ်ဆေးဝါးနဲ့ တခြားသယံဇာတတွေကိုရောင်းချတဲ့ နည်းလမ်းနဲ့ ရတာတွေရှိမယ်လို့ ဆက်ပြောပါတယ်။

ဒီလက်နက်တွေကို TNLA ရဲ့ စစ်ဦးစီးချုပ် တာဟိုပလာန် ဇာတိ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာအနီးတစ်ဝိုက်ကနေ ဖမ်းဆီးရခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဘယ်လိုဖမ်းမိခဲ့တာလဲဆိုတာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက အခုလိုပြောပါတယ်။

"TNLA စစ်ဦးစီးချုပ်နေရာဖြစ်တယ်။ အင်အားတွေက ဒီနားကနေထွက်ထွက်လာတယ်။ ဒီနယ်မြေထဲမှာ အရင် ဦးအိုက်ထွန်းတို့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲပြီးတဲ့နောက် အေးချမ်းပြီး ဒေသဖွံ့ဖြိုးရေး အများကြီး လုပ်ပေးခဲ့တာရှိတယ်။ တပ်မတော်က ဒီနယ်မြေထဲမှာ နယ်မြေကျွမ်းကျင်ပြီးသား။ ဒီတော့ သတင်းရရှိဖို့ နည်းလမ်းမျိုးစုံသုံးတယ်။ ဒီလိုဖော်ထုတ်ဖမ်းဆီးမှုရလဒ်ကတော့ တပ်မတော်က အမြဲတမ်းနည်း လမ်းမျိုးစုံ နေ့ည မပြတ် စဉ်းစားဆောင်ရွက်ပြီး သတင်းရရှိဖို့ လုပ်ခဲ့တာဖြစ်တယ်"
ဓာတ်ပုံ မူပိုင် Office of The Commander-In-Chief
Image caption လက်နက်တွေဖမ်းမိနေရာပြမြေပုံ

တပ်မတော်က အခုဖမ်းမိတဲ့လက်နက်တွေဟာ အသစ်ကျပ်ချွတ်တွေဖြစ်နေပြီး ပခုံးထမ်းလောင်ချာ RPG တွေဆိုရင် ပါကင်တောင်မဖောက်ရသေးတာတွေ့ရတယ်လို့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS) က အလုပ်အမှုဆောင် ဒါရိုက်တာ ဦးမင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

"ဒါမျိုးတွေက မှောင်ခိုဈေးမှာဝယ်မယ်ဆိုလို့ရှိရင် ဝယ်ရခက်တယ်။ ဒါပေမဲ့ FN 6 (လေယာဉ်ပစ်လက်နက်) တွေကျတော့ တရုတ်ပြည်က တိုက်ရိုက်တာလာလည်း ဖြစ်ချင်မှ ဖြစ်မယ်။ အရှေ့အလယ်ပိုင်းက သွင်းတာလည်း ဖြစ်နိုင်တယ်။ ပြီးခဲ့တဲ့နှစ်က ထိုင်းမှာမိတဲ့ဟာဆို FN 6 သုံးလေးလက်လောက် ပါတယ်။ ထိုင်းတပ်မ တော်ထဲက တချို့က မှောင်ခိုဈေးကနေ သွင်းလာတာပေါ့။ ပြောလို့ရတာတစ်ခုက မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်လေးပုံ သုံးပုံရဲ့လက်နက်တွေက တရုတ်နိုင်ငံကလာတဲ့ လက်နက်တွေ။ မှောင်ခိုဈေးကွက်နဲ့ပတ်သက်ရင် တရုတ်နယ်စပ်မှာ လက်နက်တွေ အလွယ်တကူဝယ်လို့ရတယ် ဆိုတာက တော့ ထင်ရှားပါတယ်။ တရုတ်နယ်စပ်မှာဝယ်တဲ့ AK47 တစ်လက်နဲ့ ထိုင်းနယ်စပ်မှာဝယ်တဲ့ AK47 ဈေးက နှစ်ဆလောက်ကွာပါတယ်" လို့ တရုတ် ဘက်ခြမ်းကနေ လက်နက်ဝယ်ရလွယ်ကူမှုနဲ့ ဈေးနှုန်းတို့ကို သူက ရှင်းပြပါတယ်။

ဒီလက်နက်တွေဟာ တပ်မတော်နဲ့ တအာင်းအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပြီးတဲ့နောက် မရွှေ့ ပြောင်းနိုင်ဘဲ ကျန်နေတဲ့လက်နက်တွေဖြစ်တယ်လို့ TNLA ပြောခွင့်ရသူ ဗိုလ်မှူး တာအိုက်ကျော်က ပြောကြားထားပါတယ်။

တပ်က ဖမ်းမိတဲ့ လက်နက်တွေထဲမှာ K-12 ပခုံးထမ်း လေယာဉ်ပစ်လက်နက်တစ်လက်အပါအဝင် လက်နက်မျိုးစုံ ၁၇၀ လက်၊ ကျည်မျိုးစုံ အတောင့် ၄၅၀၀၀ ကျော်၊ ယူနီဖောင်းအိတ်ကြီး ၇၇ အိတ်ဖြစ် တယ်လို့ ထုတ်ပြန်ထားပါတယ်။

တပ်က ထုတ်ပြန်ထားသလောက် အရေအတွက်မများဘဲ လက်နက်အလက် ၅၀ လောက်ပဲဖြစ်တယ်လို့ TNLA က ငြင်းဆိုထားပါတယ်။

တရုတ်နိုင်ငံထုတ်လက်နက်တွေဖြစ်တယ်ဆိုတာနဲ့ တရုတ်မြန်မာနယ်စပ်ကတစ်ဆင့် မှောင်ခိုဈေးကွက်ကနေ ဝင်လာတာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ပတ်သက်လို့ ဗိုလ်မှူးတာအိုက်ကျော်ကို ဘီဘီစီက နိုဝင်ဘာ ၂၄ ရက်မှာ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ရရှိခဲ့ခြင်းမရှိပါဘူး။

ဒီလိုလက်နက်တွေဖမ်းမိပေမဲ့လို့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ညှိနှိုင်းမှုတွေတော့ ဆက်လုပ်ပါမယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
တရုတ်နိုင်ငံနဲ့ ဘယ်လိုညှိနှိုင်းသင့်သလဲ
ဓာတ်ပုံ မူပိုင် Myanmar State Counsellor office
Image caption တရုတ်ဟာ မြန်မာနိုင်ငံအတွက် ယုံကြည် အားကိုးနိုင်တဲ့မိတ်ဆွေတစ်ဦး လို့ တရုတ်အထူးသံတမန်ပြော

တရုတ်အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်းဟာ ဒီလဆန်းပိုင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို ဒေါ်လာလေးသိန်းလှူဒါန်းခဲ့ပြီး တရုတ်ဟာ မြန်မာနိုင်ငံအတွက် ယုံကြည် အားကိုးနိုင်တဲ့မိတ်ဆွေတစ်ဦး လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း အခုလို တရုတ်ထုတ်လက်နက်တွေတွေ့တယ်ဆိုတော့ တရုတ်ရဲ့ မြန်မာ့ငြိမ်းချမ်းရေးအပေါ်ထားတဲ့ မူဝါဒနဲ့ လက်နက်ကိုင်အဖွဲ့တွေကို အသုံးချနေသလားဆိုတဲ့ မေးခွန်းထုတ်စရာတွေဖြစ် လာနေပါတယ်။

တရုတ်ရဲ့ မြန်မာပေါ်ထားတဲ့ မူဝါဒကတော့ ပြည်တွင်းရေးကိုဝင်မစွက်တာ၊ အစိုးရကို တိုက်ခိုက်တဲ့ လက် နက်ကိုင်အဖွဲ့အစည်းတွေကို မထောက်ပံ့ဘူးဆိုတာကို အမြဲပြောလေ့ရှိတယ်လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ တရားဝင်မူဝါဒထဲမှာကိုပဲ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP တို့ တရားဝင်ဆက်ဆံရေးလမ်းကြောင်းရှိနေတယ်လို့ သူက ထောက်ပြပါတယ်။

"တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သိပ်အားနည်းလို့ရှိရင်လည်း ဒီအဖွဲ့တွေကို တပ်မတော်က တိုက်ခိုက်ချေမှုန်းသွားလိမ့်မယ်။ ဒီလိုတိုက်ခိုက်ချေမှုန်းလို့မရအောင် သင့်တင့်လျောက်ပတ်တဲ့ လက်နက် တချို့သူတို့ဆီရောက်သွားနိုင်အောင် နည်းလမ်းတစ်မျိုးနဲ့ လမ်းကြောင်းဖွင့်ထားတဲ့ဟာမျိုးလည်း စဉ်းစား ကောင်း စဉ်းစားမှာပဲ" လို့ သူက ပြောပါတယ်။

အခုလို ဖြစ်စဉ်တွေရှိလာတဲ့နောက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုနဲ့ ရပ် တည်မှုအနေအထားကို မြန်မာအစိုးရနဲ့ တပ်မတော်တို့က အချက်နှစ်ချက်နဲ့ ချဉ်းကပ်ဆွေးနွေး အဖြေရှာ သင့်တယ်လို့ ဒေါက်တာမင်းဇော်ဦးကပြောပါတယ်။

"လက်နက်ခဲယမ်းကိစ္စနဲ့ သယံဇာတပေါ့။ တရုတ်ကနေလာနေတယ်ဆိုတဲ့ ဒီလက်နက်ခဲယမ်းကိစ္စတွေကို ပိတ်ပင်တားဆီးပေးဖို့၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားဒေသတွေကနေ တရားမဝင်တဲ့ နည်းလမ်းနဲ့ သယံဇာတတွေထွက်နေတာတွေက တရုတ်ကို ဖြစ်တယ်။ တရုတ်က ဈေးကွက်လိုဖြစ်နေတာ ကိုး။ အဲဒီကရတဲ့ပိုက်ဆံနဲ့ ဒီလက်နက်တွေကို ဝယ်ကြတယ်။ အဲဒီနှစ်ခုလုံးကိုဆွေးနွေးသင့်တယ်" လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီနှစ်ခုလုံးနဲ့ မလုံလောက်ဘဲ မြန်မာပြည်လက်နက်ကိုင်တိုက်ပွဲတွေတွင်းကနေ နိုင်ငံရေး အဖြေ ထွက်အောင် အစိုးရက လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအဖြေမထွက်သရွေ့ တိုင်းရင်းသားတွေ ဘက်က နာကြည်းမှုတွေရှိနေသရွှေ့ကတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ရှိနေဦးမယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရရဲ့ လက်တလောအကျိုးစီးပွား ဖြစ်တဲ့ စင်္ကြန်ပတ်လမ်းကြောင်း (BRI)စီမံကိန်းမှာ မြန်မာဟာ ပထဝီအနေအထားအရ အရေးပါတဲ့နေရာမှာပါနေပြီဖြစ်လို့ သူတို့အနေနဲ့ အကျိုးစီးပွားနဲ့ပတ်သက်လို့ မြန်မာပေါ် မှာ အရင်က စဉ်းစားပုံစဉ်းစားနည်း တွေပြောင်းသင့်နေပြီလို့ သူကပြောပါတယ်။

"ဘာကြောင့် မြန်မာကအရေးကြီးလဲဆို မြန်မာမပါဘဲနဲ့အိန္ဒိယသမုဒ္ဒရာကိုပေါက်မယ့် တရုတ်ရဲ့ BRI လမ်းကြောင်းက တစ်ပတ်မပြည့်ဘူး။ အဲဒီ BRI ကို ထိရောက်ဖို့ဆိုရင် တည်ငြိမ်မှရမယ်။ တိုက်ပွဲ တွေဖြစ် နေလို့မရဘူး။ တရုတ်နိုင်ငံလည်း ဒီမူဝါဒနဲ့ပတ်သက်လို့ပြန်သုံးသပ်တာတွေလုပ်မယ်လို့ ထင်ပါ တယ်"

နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုမူတည်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အစဉ် တစ်စိုက် ကူညီနေတယ်လို့ တရုတ်အစိုးရက အမြဲပြောလေ့ရှိပါတယ်။ မြန်မာနိုင်ငံကို ကူညီတဲ့ငွေ ပမာဏမကြီးမားပေမယ့် မြန်မာနဲ့ပတ်သက်လို့ တရုတ်အစိုးရက ပြတ်ပြတ်သားသား ပေါ်လစီချမှတ် ကူညီသွားမယ်၊ ရေရှည်အနာဂတ်မှာ မြန်မာ့ငြိမ်းချမ်းရေးအတွက် ကူညီထာက်ပံ့သွားမယ်လို့ တရုတ် အထူးသံတမန် မစ္စတာဆွန်ကော့ရှန်းက ပြောကြားထားပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္လုပ္လက္နက္ေတြနဲ႔ ျမန္မာ့ၿငိမ္းခ်မ္းေရး အလားအလာ တ႐ုတ္လုပ္လက္နက္ေတြနဲ႔ ျမန္မာ့ၿငိမ္းခ်မ္းေရး အလားအလာ Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.