ဦးေဝွ႔တင္းကို မလႊတ္ေပးေသးဘူးလို႔ AA ေျပာ

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း ကို လႊတ္ေတာ္မွာေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA ကဖမ္းဆီးထားတာ ရက္ေပါင္း ၂၀ ေက်ာ္ရွိသြားၿပီ ျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီက ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ျပန္လႊတ္ေပးမွာ မဟုတ္ေသး ဘူးလို႔ AA ရကၡိဳင့္တပ္ေတာ္ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက RFA ကို ေျပာပါတယ္။

ႏိုဝင္ဘာ ၃ ရက္ေန႔က စတင္အဖမ္းခံခဲ့ရတဲ့ ဦးေဝွ႔တင္းဟာ တပ္မေတာ္နဲ႔ ပူးေပါင္းၿပီး ပလက္ဝထဲက ေဒသခံ ရခိုင္တိုင္းရင္းသားအခ်ိဳ႕ အဖမ္းခံရေအာင္ တပ္မေတာ္ကို သတင္းေပးခဲ့ေၾကာင္း ဦးေဝွ႔တင္းဟာ တပ္မေတာ္ရဲ႕ လက္ကိုင္တုတ္ျဖစ္ေနတဲ့အတြက္ ဖမ္းဆီးလိုက္တာ ျဖစ္တယ္လို႔ AA က ထုတ္ျပန္ထားပါတယ္။

ဦးေဝွ႔တင္းဖမ္းဆီးခ်ိန္မွ လႊတ္ေတာ္မွာအေရးႀကီး အဆိုတင္သြင္းခဲ့ၿပီး ANP ပါတီ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာေအးေမာင္ကို ဖမ္းဆီးခ်ိန္က လႊတ္ေတာ္မွာ ေဆြးေႏြးခဲ့ျခင္း မရွိသလို ဝမ္းနည္းေၾကာင္းေျပာတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတာင္ မရွိခဲ့ေၾကာင္း ခိုင္သုခက တုံ႔ျပန္ေျပာပါတယ္။

တပ္မေတာ္ဘက္က ဦးေဝွ႔တင္း ဖမ္းဆီးခံရတာအျပင္ အျခားဖမ္းဆီးခံရသူေတြကိုပါ ကယ္တင္ဖို႔ လုပ္ေဆာင္ေနေၾကာင္း တပ္မေတာ္ ေျပာေရးဆိုခြင့္ ရွိသူေတြက ေျပာထားပါတယ္။

ဦးေဝွ႔တင္းကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔အတြက္ ျပည္တြင္းျပည္ပ အရပ္ဖက္အဖြဲ႕အစည္းေတြကလည္း ေတာင္းဆိုေနၾကပါတယ္။ AA ဖမ္းေခၚခံရတဲ့ ခ်င္းလူမ်ိဳး ၈၀ ေက်ာ္ ရွိတယ္ဆိုၿပီး ခ်င္းျပည္နယ္အစိုးရက ျပည္ေထာင္စုအစိုးရထံ တင္ျပထားပါတယ္။

AA ကေတာ့ ခ်င္းလူမ်ိဳးေတြနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးထားသူဟာ ဦးေဝွ႔တင္း တစ္ဦးတည္းသာရွိေၾကာင္း အခုလို စြပ္စြဲေနတာေတြဟာ လူမ်ိဳးေရး ပဋိပကၡျဖစ္ေအာင္ လုပ္ေဆာင္ေနတာသာျဖစ္ေၾကာင္း ေျပာပါတယ္။

တစ္ႏွစ္နီးပါး ၾကာျမင့္ေနၿပီျဖစ္တဲ့ ရခိုင္ျပည္နယ္ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန႔္ထြက္ေျပးရတဲ့ စစ္ေျပးဒုကၡသည္ ရွစ္ေသာင္း နီးပါးရွိေနၿပီး ေသဆုံးတဲ့အရပ္သား ၉၀ ေက်ာ္နဲ႔ ဒဏ္ရာရတဲ့အရပ္သား ၁၃၀ ေက်ာ္ရွိတယ္လို႔ ရခိုင္ျပည္နယ္ အေျခစိုက္ အရပ္ဖက္အဖြဲ႕ေတြက ေျပာထားပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ဦးဝှေ့တင်းကို မလွှတ်ပေးသေးဘူးလို့ AA ပြော

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကို လွှတ်တော်မှာတွေ့ရစဉ်
Photo: Pyidaungsu Hluttaw

ရက္ခိုင့်တပ်တော် AA ကဖမ်းဆီးထားတာ ရက်ပေါင်း ၂၀ ကျော်ရှိသွားပြီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးမှာ မဟုတ်သေး ဘူးလို့ AA ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က စတင်အဖမ်းခံခဲ့ရတဲ့ ဦးဝှေ့တင်းဟာ တပ်မတော်နဲ့ ပူးပေါင်းပြီး ပလက်ဝထဲက ဒေသခံ ရခိုင်တိုင်းရင်းသားအချို့ အဖမ်းခံရအောင် တပ်မတော်ကို သတင်းပေးခဲ့ကြောင်း ဦးဝှေ့တင်းဟာ တပ်မတော်ရဲ့ လက်ကိုင်တုတ်ဖြစ်နေတဲ့အတွက် ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဦးဝှေ့တင်းဖမ်းဆီးချိန်မှ လွှတ်တော်မှာအရေးကြီး အဆိုတင်သွင်းခဲ့ပြီး ANP ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဖမ်းဆီးချိန်က လွှတ်တော်မှာ ဆွေးနွေးခဲ့ခြင်း မရှိသလို ဝမ်းနည်းကြောင်းပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်တောင် မရှိခဲ့ကြောင်း ခိုင်သုခက တုံ့ပြန်ပြောပါတယ်။

တပ်မတော်ဘက်က ဦးဝှေ့တင်း ဖမ်းဆီးခံရတာအပြင် အခြားဖမ်းဆီးခံရသူတွေကိုပါ ကယ်တင်ဖို့ လုပ်ဆောင်နေကြောင်း တပ်မတော် ပြောရေးဆိုခွင့် ရှိသူတွေက ပြောထားပါတယ်။

ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း တောင်းဆိုနေကြပါတယ်။ AA ဖမ်းခေါ်ခံရတဲ့ ချင်းလူမျိုး ၈၀ ကျော် ရှိတယ်ဆိုပြီး ချင်းပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြထားပါတယ်။

AA ကတော့ ချင်းလူမျိုးတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူဟာ ဦးဝှေ့တင်း တစ်ဦးတည်းသာရှိကြောင်း အခုလို စွပ်စွဲနေတာတွေဟာ လူမျိုးရေး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေတာသာဖြစ်ကြောင်း ပြောပါတယ်။

တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့ ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည် ရှစ်သောင်း နီးပါးရှိနေပြီး သေဆုံးတဲ့အရပ်သား ၉၀ ကျော်နဲ့ ဒဏ်ရာရတဲ့အရပ်သား ၁၃၀ ကျော်ရှိတယ်လို့ ရခိုင်ပြည်နယ် အခြေစိုက် အရပ်ဖက်အဖွဲ့တွေက ပြောထားပါတယ်။

RFA Burmese
https://www.rfa.org
ဦးေဝွ႔တင္းကို မလႊတ္ေပးေသးဘူးလို႔ AA ေျပာ ဦးေဝွ႔တင္းကို မလႊတ္ေပးေသးဘူးလို႔ AA ေျပာ Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.