ဟိုမိန္းမွာဖမ္းဆီးရမိတဲ့ လက္နက္အမ်ားစုဟာ တ႐ုတ္ႏိုင္ငံလုပ္ေတြျဖစ္ေန

(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ - ႏိုဝင္ဘာ ၂၄-၂၀၁၉

တပ္မေတာ္က သိမ္းဆည္းရမိထားတဲ့ TNLA အဖြဲ႕ဝွက္ထားတဲ့လက္နက္ေတြဟာတ႐ုတ္ႏိုင္ငံလုပ္ လက္နက္အမ်ားဆုံးပါ၀င္တယ္လို႔တပ္မေတာ္သတင္းအမွန္ျပန္ၾကားေရးအဖြဲ႕ ဒုတိယဥကၠဌဗိုလ္ခ်ဳပ္ထြန္းထြန္းညီကေျပာပါတယ္။

ႏိုဝင္ဘာလ၂၄ရက္ဒီကေန႔မနက္ကေနျပည္ေတာ္တပ္မေတာ္စစ္သမိုင္းျပတိုက္မွာက်င္းပတဲ့သတင္းစာရွင္းလင္းပြဲမွာ‌ေျပာၾကားလိုက္တာပါ။

အသစ္လားအေဟာင္းလား စိစစ္ေနတာရွိပါတယ္။ ဒါနဲ႔ပါတ္သက္ၿပီးေတာ္ေတာ္မ်ားမ်ားကတ႐ုတ္ႏိုင္ငံလုပ္ လက္နက္ေတြပါေနတာေတြ႕ရတယ္။ FN 6 ဆိုရင္‌ေျမျပင္ကေနေဝဟင္ပစ္တဲ့ေလယာဥ္ပစ္လက္နက္မ်ိဳးျဖစ္ပါတယ္။FN6 ကthird gengeration ျဖစ္တာေပါ့။၂၀၀၀ခုႏွစ္ေနာက္ပိုင္းမွာထြက္လာတဲ့လက္နက္အမ်ိဳးအစားျဖစ္ပါတယ္။တျခားႏိုင္ငံေတြကိုတင္ပို႔တဲ့အမ်ိဳးအစားျဖစ္တာကို ေတြ႕ရမွာျဖစ္ပါတယ္။ ဒီလက္နက္ေတြ၀ယ္ဖို႔ပိုက္ဆံဘယ္ကရလဲမွန္းဆၾကည့္ရင္သိႏိုင္ပါတယ္လို႔ဗိုလ္ခ်ဳပ္ထြန္းထြန္ညီကေျပာပါတယ္။

ဒီလိုလက္နက္ကိုက္အဖြဲ႕အစည္းေပၚေပါက္လာတာလည္းသိပ္မၾကာေသးဘူး။သူ႔မွာတျခားဝင္ေငြရစီးပြားေရးလုပ္ငန္းလည္းမရွိဘူး။လက္နက္ဆိုတာကေတာ့ပုဂၢလိကစီးပြားေရးအေနနဲ႔ေရာင္းလို႔ဝယ္လို႔ရတဲ့ကိစၥမဟုတ္ဘူး။ဒီတန္ဖိုးေတြကမ်ားပါတယ္။ဒီလက္နက္ခဲယမ္းတန္ဖိုးေတြကကမာၻေဈးအမ်ားဆုံးပစၥည္းျဖစ္တယ္။ ေဈးအမ်ားဆုံးပစၥည္းျဖစ္တဲ့အတြက္ဝယ္ရတာလည္းခက္တယ္။ တန္ဖိုးလည္းမ်ားတယ္ လြယ္လြယ္ကူကူနဲ႔ ဝယ္လို႔တပ္ဆင္လို႔မရတဲ့အေပၚမွာ ေငြရလြယ္ေအာင္လို႔မူးယစ္ေဆးဝါးလုပ္တာသယံဇာတေတြေရာင္းတာအျခားေသာနည္းလမ္းေတြနဲ႔ဝယ္တာေတြရွိမယ္။တန္ဖိုးကေတာ့မ်ားတယ္လို႔ပဲေျပာခ်င္ပါတယ္လို႔သူက‌ေျပာပါတယ္။

ပေလာင္ကိုယ္ပိုင္အုပ္ခ်ဴပ္ခြင့္ရေဒသ၊နမ့္ဆန္ၿမိဳ႕နယ္၊ဟိုမိန္း‌ေက်း႐ြာမွာႏိုဝင္ဘာ၂၂ရက္ေန႔ညေနပိုင္းကTNLAအဖြဲ႕သိုဝွက္ထားတဲ့လက္နက္၊ခဲယမ္း၊ စစ္ဝတ္စုံ‌ေတြကိုတပ္မေတာ္ဘက္ကနယ္ေျမရွင္းလင္းေရးလုပ္တဲ့အခ်ိန္မွာေနရာ၃ခုကေန သိမ္းဆည္းရမိခဲ့တာျဖစ္ပါတယ္။

အဲဒီလိုထိေတြ႕ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တဲ့ေနရာေတြကိုတပ္မေတာ္မွအေသးစိတ္ရွင္းလင္းခဲ့ရာႏိုဝင္ဘာလ၂၂ရက္၊နံနက္ပိုင္းအခ်ိန္ကဟိုမိန္းေက်း႐ြာရဲ႕အေရွ႕ေတာင္ဘက္မွာTNLAရဲ႕လက္နက္သိုဝွက္သိမ္းဆည္းရာေနရာ(၃)ခုကိုေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

အီလိုဖမ္းဆီရမိခဲ့တဲ့လက္နက္ေတြကေတာ့FN-6 ပခုံးထမ္းေလယာဥ္ပစ္လက္နက္၁လက္၊လက္ပစ္ဗုံး၃၇လုံး၊TNLA ယူနီေဖာင္းမ်ိဳးစုံထည့္ထားတဲ့အိတ္အႀကီး၇၇အိတ္၊အမ္(၂၂)ေသနတ္၃၉လက္၊K-12 ေသနတ္၆၉လက္၊အမ္(၁၆)ေသနတ္၉လက္၊စက္ေသနတ္အလတ္စား၂၉လက္၊အာရ္ပီဂ်ီ(၇) ၁၆လက္၊အာရ္ပီဂ်ီ(၂) ၅လက္၊၁၂ဗို႔ဆလိုက္၂လက္၊၇.၆၂မီလီမီတာက်ည္၄၃၁၆၀ေတာင့္၊ဒသမ၅က်ည္၃၀၀၀ေတာင့္၊အမ္(၂၂) က်ည္၁၀၅ေတာင့္၊အမ္(၂၂) က်ည္အိမ္၁၄၀၀ခု၊ယမ္းေပ်ာ့၂၀ပုံး၊လက္ပစ္ဗုံး၈၄၃လုံး၊၆၀မမဗုံးသီး၉၈လုံး၊၆၀မမထိပ္ဖူး၉၀လုံး၊၄၀မမဗုံးသီး၁၄၈လုံး၊အားျမႇင့္ယမ္းဗူး၈၈၅ဗူးတို႔ကိုေတြ႕ရွိသိမ္းဆည္းရမိခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

‌ေျမျပင္ကေနေဝဟင္ထိပစ္ႏိုင္တဲ့ဘFN 6 လက္နက္ကတစ္လက္ကိုအေမရိကန္ေဒၚလာ ၇၅၀၀၀ကေန ၉၀၀၀၀အထိေပါက္ေဈးရွိတယ္လို႔သိရပါတယ္။

ခ်မ္းၿငိမ္း (VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------------
(Unicode)⤵⤵⤵
ဟိုမိန်းမှာဖမ်းဆီးရမိတဲ့ လက်နက်အများစုဟာ တရုတ်နိုင်ငံလုပ်တွေဖြစ်နေ

နေပြည်တော် - နိုဝင်ဘာ ၂၄-၂၀၁၉

တပ်မတော်က သိမ်းဆည်းရမိထားတဲ့ TNLA အဖွဲ့ဝှက်ထားတဲ့လက်နက်တွေဟာတရုတ်နိုင်ငံလုပ် လက်နက်အများဆုံးပါဝင်တယ်လို့တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဌဗိုလ်ချုပ်ထွန်းထွန်းညီကပြောပါတယ်။

နိုဝင်ဘာလ၂၄ရက်ဒီကနေ့မနက်ကနေပြည်တော်တပ်မတော်စစ်သမိုင်းပြတိုက်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ‌ပြောကြားလိုက်တာပါ။

အသစ်လားအဟောင်းလား စိစစ်နေတာရှိပါတယ်။ ဒါနဲ့ပါတ်သက်ပြီးတော်တော်များများကတရုတ်နိုင်ငံလုပ် လက်နက်တွေပါနေတာတွေ့ရတယ်။ FN 6 ဆိုရင်‌မြေပြင်ကနေဝေဟင်ပစ်တဲ့လေယာဉ်ပစ်လက်နက်မျိုးဖြစ်ပါတယ်။FN6 ကthird gengeration ဖြစ်တာပေါ့။၂၀၀၀ခုနှစ်နောက်ပိုင်းမှာထွက်လာတဲ့လက်နက်အမျိုးအစားဖြစ်ပါတယ်။တခြားနိုင်ငံတွေကိုတင်ပို့တဲ့အမျိုးအစားဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလက်နက်တွေဝယ်ဖို့ပိုက်ဆံဘယ်ကရလဲမှန်းဆကြည့်ရင်သိနိုင်ပါတယ်လို့ဗိုလ်ချုပ်ထွန်းထွန်ညီကပြောပါတယ်။

ဒီလိုလက်နက်ကိုက်အဖွဲ့အစည်းပေါ်ပေါက်လာတာလည်းသိပ်မကြာသေးဘူး။သူ့မှာတခြားဝင်ငွေရစီးပွားရေးလုပ်ငန်းလည်းမရှိဘူး။လက်နက်ဆိုတာကတော့ပုဂ္ဂလိကစီးပွားရေးအနေနဲ့ရောင်းလို့ဝယ်လို့ရတဲ့ကိစ္စမဟုတ်ဘူး။ဒီတန်ဖိုးတွေကများပါတယ်။ဒီလက်နက်ခဲယမ်းတန်ဖိုးတွေကကမ္ဘာဈေးအများဆုံးပစ္စည်းဖြစ်တယ်။ ဈေးအများဆုံးပစ္စည်းဖြစ်တဲ့အတွက်ဝယ်ရတာလည်းခက်တယ်။ တန်ဖိုးလည်းများတယ် လွယ်လွယ်ကူကူနဲ့ ဝယ်လို့တပ်ဆင်လို့မရတဲ့အပေါ်မှာ ငွေရလွယ်အောင်လို့မူးယစ်ဆေးဝါးလုပ်တာသယံဇာတတွေရောင်းတာအခြားသောနည်းလမ်းတွေနဲ့ဝယ်တာတွေရှိမယ်။တန်ဖိုးကတော့များတယ်လို့ပဲပြောချင်ပါတယ်လို့သူက‌ပြောပါတယ်။

ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊နမ့်ဆန်မြို့နယ်၊ဟိုမိန်း‌ကျေးရွာမှာနိုဝင်ဘာ၂၂ရက်နေ့ညနေပိုင်းကTNLAအဖွဲ့သိုဝှက်ထားတဲ့လက်နက်၊ခဲယမ်း၊ စစ်ဝတ်စုံ‌တွေကိုတပ်မတော်ဘက်ကနယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာနေရာ၃ခုကနေ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

အဲဒီလိုထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့နေရာတွေကိုတပ်မတော်မှအသေးစိတ်ရှင်းလင်းခဲ့ရာနိုဝင်ဘာလ၂၂ရက်၊နံနက်ပိုင်းအချိန်ကဟိုမိန်းကျေးရွာရဲ့အရှေ့တောင်ဘက်မှာTNLAရဲ့လက်နက်သိုဝှက်သိမ်းဆည်းရာနေရာ(၃)ခုကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အီလိုဖမ်းဆီရမိခဲ့တဲ့လက်နက်တွေကတော့FN-6 ပခုံးထမ်းလေယာဉ်ပစ်လက်နက်၁လက်၊လက်ပစ်ဗုံး၃၇လုံး၊TNLA ယူနီဖောင်းမျိုးစုံထည့်ထားတဲ့အိတ်အကြီး၇၇အိတ်၊အမ်(၂၂)သေနတ်၃၉လက်၊K-12 သေနတ်၆၉လက်၊အမ်(၁၆)သေနတ်၉လက်၊စက်သေနတ်အလတ်စား၂၉လက်၊အာရ်ပီဂျီ(၇) ၁၆လက်၊အာရ်ပီဂျီ(၂) ၅လက်၊၁၂ဗို့ဆလိုက်၂လက်၊၇.၆၂မီလီမီတာကျည်၄၃၁၆၀တောင့်၊ဒသမ၅ကျည်၃၀၀၀တောင့်၊အမ်(၂၂) ကျည်၁၀၅တောင့်၊အမ်(၂၂) ကျည်အိမ်၁၄၀၀ခု၊ယမ်းပျော့၂၀ပုံး၊လက်ပစ်ဗုံး၈၄၃လုံး၊၆၀မမဗုံးသီး၉၈လုံး၊၆၀မမထိပ်ဖူး၉၀လုံး၊၄၀မမဗုံးသီး၁၄၈လုံး၊အားမြှင့်ယမ်းဗူး၈၈၅ဗူးတို့ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

‌မြေပြင်ကနေဝေဟင်ထိပစ်နိုင်တဲ့ဘFN 6 လက်နက်ကတစ်လက်ကိုအမေရိကန်ဒေါ်လာ ၇၅၀၀၀ကနေ ၉၀၀၀၀အထိပေါက်ဈေးရှိတယ်လို့သိရပါတယ်။

ချမ်းငြိမ်း (VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဟိုမိန္းမွာဖမ္းဆီးရမိတဲ့ လက္နက္အမ်ားစုဟာ တ႐ုတ္ႏိုင္ငံလုပ္ေတြျဖစ္ေန ဟိုမိန္းမွာဖမ္းဆီးရမိတဲ့ လက္နက္အမ်ားစုဟာ တ႐ုတ္ႏိုင္ငံလုပ္ေတြျဖစ္ေန Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.