ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႕၀င္ ေျခာက္ဦးကုိ အလုပ္နဲ႔ေထာင္ဒဏ္ တစ္ႏွစ္ထပ္မံခ်မွတ္ခံရ

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ႏုိ၀င္ဘာ - ၁၈

ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႕၀င္ ငါးဦးကုိ ႏို၀င္ဘာလ ၁၈ ရက္(ဒီေန႔မွာ) ပုဒ္မ ၅၀၅ (က)နဲ႔ ဗုိလ္တစ္ ေထာင္ၿမဳိ႕နယ္ တရားရုံးက အလုပ္နဲ႔ ေထာင္ဒဏ္ တစ္ႏွစ္ ထပ္မံခ်မွတ္လိုက္ပါတယ္။ လက္ရွိမွာ ေဒါင္းတုိ႔မ်ဳိး ဆက္ သံခ်ပ္အဖြဲ႕ရဲ႕ အမႈနဲ႔ပတ္သက္ၿပီး ေတြ႕ႀကဳံေနရတဲ့ အမႈအေျခအေန၊ တရားမွ်တမႈ မရွိတဲ့ အေျခအေန ေတြကုိ ႏုိင္ငံေတာ္သမၼတနဲ႔ ႏုိင္ငံေတာ္အ တုိင္ပင္ခံ ပုဂၢဳိလ္တုိ႔ထံ စာေရးၿပီး တင္ျပသြားမယ္လို႔ ေဒါင္းတို႔မ်ိဳး ဆက္ထံက သိရပါတယ္။

ဒါဟာသံခ်ပ္နဲ႔ ပတ္သက္ၿပီးေတာ့ တပ္မေတာ္က တရားစြဲဆိုထားတဲ့ အမႈေတြထဲက ဒုတိယေျမာက္ အမိန္႔ခ် မွတ္တဲ့ အမႈလည္းျဖစ္ၿပီးေတာ့ ၿပီးခဲ့တဲ့ မရမ္းကုန္းၿမိဳ႕နယ္မွာ ျပစ္ဒဏ္ခ်မွတ္စဥ္က ခ်ဳပ္ရက္ခံစားခြင့္ေပးခဲ့တာ ေၾကာင့္ ယခုေထာင္ဒဏ္မွာေတာ့ ခ်ဳပ္ရက္ခံစားခြင့္ မရွိပါဘူး။


ဒါနဲ႔ပတ္သက္ၿပီးေတာ့ သံခ်ပ္ေၾကာင့္ တရားစြဲခံထားရသူ တစ္ဦးျဖစ္တဲ့ မဆုရတနာျမင့္က “ တူညီတဲ႔အ ေၾကာင္းအရာကို တပ္မေတာ္ တစ္ခုတည္းကပဲ မတူညီတဲ႔ပုဒ္မေတြနဲ႔ မတူညီတဲ့ၿမိဳ႕နယ္ေတြမွာ တရားပတ္စြဲ တာကို တရားသူႀကီးေတြကလည္း ျပစ္ဒဏ္အမိန္႔ေတြ ခ်ေနပါတယ္။

အာဏာရွင္ ဒီမိုကေရစီ စစ္တစ္ပိုင္း အစိုး ရေခတ္မွာ တရားဥပေဒဆိုတာ ျပည္သူလူထုကို ကာကြယ္ဖို႔ မဟုတ္ဘဲ မတရားဖမ္းဆီး ေထာင္ခ်ဖို႔သက္သက္ သာ ျဖစ္ေနပါေတာ့တယ္ ” လို႔ ဆိုပါတယ္။

ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕ဝင္ မေကခိုင္ထြန္း၊ ကိုေဇယ်ာလြင္၊ ကိုပိုင္ၿဖိဳးမင္း(ခ) ဒီေရ ၊ ကိုပိုင္ရဲသူနဲ႔ ကိုဖိုး သား(ခ) ေဇာ္လင္းထြဋ္တို႔ ငါးဦးကို ၿပီးခဲ့တဲ့ ေအာက္တုိဘာလ ၃၀ ရက္ေန႔က မရမ္းကုန္းျမဳိ႕နယ္ တရားရုံးက လည္း အလုပ္နဲ႔ ေထာင္ဒဏ္ တစ္ႏွစ္ ခ်မွတ္ထားပါတယ္။ မဆုရတနာျမင့္ကေတာ့ ယခုဗိုလ္တစ္ေထာင္ တရား ႐ံုးမွာ ထပ္မံပါဝင္လာခဲ့သူ ျဖစ္ပါတယ္။

ဒီကေန႔ ဗိုလ္တေထာင္ တရားရံုးကေန အလုပ္နဲ႔ ေထာင္ဒဏ္ တစ္ႏွစ္ ထပ္မံအမိန္႔ခ်မွတ္လုိက္တဲ့အတြက္ စုစု ေပါင္း အလုပ္နဲ႔ေထာင္ဒဏ္ ႏွစ္ႏွစ္ က်ခံရေတာ့မွာ ျဖစ္ပါတယ္။ ကိုၿငိမ္းခ်မ္းစိုး (ခ) ခ်စ္ယံုကိုေတာ့ ျဖစ္စဥ္မွာ မ ပါ႐ွိတဲ့အတြက္ တရားေသ လႊတ္လိုက္တာပါ။

“ အခုက အရင္စစ္အစုိးရ လက္ထက္တုန္းကလုိ ပုံစံပဲ။ အၿငိဳးအေတးနဲ႔ လုပ္တဲ့ပုံစံ ျဖစ္ေနတယ္။ တရားေရး မ႑ဳိင္ဘက္ကလည္း တရားလုိဘက္က တင္ျပခ်က္ေတြ၊ ထြက္ဆုိခ်က္ေတြကုိပဲ ေဇာင္းေပးၿပီးေတာ့ အမိန္႔ခ် ေနတာ ေတြ႕ရတယ္” လုိ႔ အဆုိပါအမႈကုိ လုိက္လံကူညီ ေဆာင္ရြက္ေပးေနတဲ့ ၈၈ မ်ိဴးဆက္ ၿငိမ္း/ ပြင့္ အဖြဲ႕မွ ေဒၚနီလာသိန္းက ေျပာပါတယ္။

ယခုႏွစ္ ဧၿပီလအတြင္းမွာ ေဒါင္းတို႔မ်ိဳးဆက္ သံခ်ပ္အဖြဲ႕က သံခ်ပ္ထိုး တင္ဆက္ရာမွာ တပ္မေတာ္သား ပုံသ႑န္တုပၿပီး တပ္မေတာ္အေပၚ မေလးမစားျပဳရာ ေရာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တပ္မေတာ္ဘက္က တရားစြဲဆုိထားတာပဲ ျဖစ္ပါတယ္။၄င္းတို႔ကို ပုဒ္မ ၅၀၅ (က)နဲ႔ ေဒးဒရဲၿမိဳ႕နယ္နဲ႔ ဖ်ာပုံၿမိဳ႕နယ္ေတြမွာလည္း တရားစြဲဆို ထားပါေသးတယ္။

ျမတ္ယေသာ္
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခြောက်ဦးကို အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်ထပ်မံချမှတ်ခံရ

ရန်ကုန်၊ နိုဝင်ဘာ - ၁၈

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို နိုဝင်ဘာလ ၁၈ ရက်(ဒီနေ့မှာ) ပုဒ်မ ၅၀၅ (က)နဲ့ ဗိုလ်တစ် ထောင်မြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ် ထပ်မံချမှတ်လိုက်ပါတယ်။ လက်ရှိမှာ ဒေါင်းတို့မျိုး ဆက် သံချပ်အဖွဲ့ရဲ့ အမှုနဲ့ပတ်သက်ပြီး တွေ့ကြုံနေရတဲ့ အမှုအခြေအနေ၊ တရားမျှတမှု မရှိတဲ့ အခြေအနေ တွေကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အ တိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ စာရေးပြီး တင်ပြသွားမယ်လို့ ဒေါင်းတို့မျိုး ဆက်ထံက သိရပါတယ်။

ဒါဟာသံချပ်နဲ့ ပတ်သက်ပြီးတော့ တပ်မတော်က တရားစွဲဆိုထားတဲ့ အမှုတွေထဲက ဒုတိယမြောက် အမိန့်ချ မှတ်တဲ့ အမှုလည်းဖြစ်ပြီးတော့ ပြီးခဲ့တဲ့ မရမ်းကုန်းမြို့နယ်မှာ ပြစ်ဒဏ်ချမှတ်စဉ်က ချုပ်ရက်ခံစားခွင့်ပေးခဲ့တာ ကြောင့် ယခုထောင်ဒဏ်မှာတော့ ချုပ်ရက်ခံစားခွင့် မရှိပါဘူး။

ဒါနဲ့ပတ်သက်ပြီးတော့ သံချပ်ကြောင့် တရားစွဲခံထားရသူ တစ်ဦးဖြစ်တဲ့ မဆုရတနာမြင့်က “ တူညီတဲ့အ ကြောင်းအရာကို တပ်မတော် တစ်ခုတည်းကပဲ မတူညီတဲ့ပုဒ်မတွေနဲ့ မတူညီတဲ့မြို့နယ်တွေမှာ တရားပတ်စွဲ တာကို တရားသူကြီးတွေကလည်း ပြစ်ဒဏ်အမိန့်တွေ ချနေပါတယ်။

အာဏာရှင် ဒီမိုကရေစီ စစ်တစ်ပိုင်း အစိုး ရခေတ်မှာ တရားဥပဒေဆိုတာ ပြည်သူလူထုကို ကာကွယ်ဖို့ မဟုတ်ဘဲ မတရားဖမ်းဆီး ထောင်ချဖို့သက်သက် သာ ဖြစ်နေပါတော့တယ် ” လို့ ဆိုပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်း၊ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ ၊ ကိုပိုင်ရဲသူနဲ့ ကိုဖိုး သား(ခ) ဇော်လင်းထွဋ်တို့ ငါးဦးကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးက လည်း အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ထားပါတယ်။ မဆုရတနာမြင့်ကတော့ ယခုဗိုလ်တစ်ထောင် တရား ရုံးမှာ ထပ်မံပါဝင်လာခဲ့သူ ဖြစ်ပါတယ်။

ဒီကနေ့ ဗိုလ်တထောင် တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ် ထပ်မံအမိန့်ချမှတ်လိုက်တဲ့အတွက် စုစု ပေါင်း အလုပ်နဲ့ထောင်ဒဏ် နှစ်နှစ် ကျခံရတော့မှာ ဖြစ်ပါတယ်။ ကိုငြိမ်းချမ်းစိုး (ခ) ချစ်ယုံကိုတော့ ဖြစ်စဉ်မှာ မ ပါရှိတဲ့အတွက် တရားသေ လွှတ်လိုက်တာပါ။

“ အခုက အရင်စစ်အစိုးရ လက်ထက်တုန်းကလို ပုံစံပဲ။ အငြိုးအတေးနဲ့ လုပ်တဲ့ပုံစံ ဖြစ်နေတယ်။ တရားရေး မဏ္ဍိုင်ဘက်ကလည်း တရားလိုဘက်က တင်ပြချက်တွေ၊ ထွက်ဆိုချက်တွေကိုပဲ ဇောင်းပေးပြီးတော့ အမိန့်ချ နေတာ တွေ့ရတယ်” လို့ အဆိုပါအမှုကို လိုက်လံကူညီ ဆောင်ရွက်ပေးနေတဲ့ ၈၈ မျိူးဆက် ငြိမ်း/ ပွင့် အဖွဲ့မှ ဒေါ်နီလာသိန်းက ပြောပါတယ်။

ယခုနှစ် ဧပြီလအတွင်းမှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က သံချပ်ထိုး တင်ဆက်ရာမှာ တပ်မတော်သား ပုံသဏ္ဍန်တုပပြီး တပ်မတော်အပေါ် မလေးမစားပြုရာ ရောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်ဘက်က တရားစွဲဆိုထားတာပဲ ဖြစ်ပါတယ်။၎င်းတို့ကို ပုဒ်မ ၅၀၅ (က)နဲ့ ဒေးဒရဲမြို့နယ်နဲ့ ဖျာပုံမြို့နယ်တွေမှာလည်း တရားစွဲဆို ထားပါသေးတယ်။

မြတ်ယသော်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႕၀င္ ေျခာက္ဦးကုိ အလုပ္နဲ႔ေထာင္ဒဏ္ တစ္ႏွစ္ထပ္မံခ်မွတ္ခံရ ေဒါင္းတုိ႔မ်ဳိးဆက္ သံခ်ပ္အဖြဲ႕၀င္ ေျခာက္ဦးကုိ အလုပ္နဲ႔ေထာင္ဒဏ္ တစ္ႏွစ္ထပ္မံခ်မွတ္ခံရ Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.