တပ္မေတာ္ထုတ္ စစ္လက္နက္ေတြ ျပည္ပေဈးကြက္ရွာ

တပ္မေတာ္ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ က်င္းပတဲ့ Defense and Security 2019 လက္နက္ျပပြဲမွာ ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးနဲ႔ တဆက္တည္း က်င္းပတဲ့ Defense and Security 2019 လက္နက္ျပပြဲမွာ တပ္မေတာ္ထုတ္၊ စစ္လက္နက္ေတြကို ျမန္မာ့တပ္မေတာ္က ပထမဆုံးအႀကိမ္အျဖစ္ ပါဝင္ျပသတာက ကပစ လက္နက္ေတြကို ႏိုင္ငံတကာေဈးကြက္ရွာလိုတဲ့သေဘာျဖစ္တယ္လို႔ ေလ့လာသူေတြက သုံးသပ္ၾကပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ ၁၈ ကေန ၂၁ ရက္ေန႔အထိ ၄ ရက္တာ က်င္းပတဲ့ပြဲမွာ တပ္မေတာ္က ေမာ္တာ စိန္ေျပာင္းေတြ၊ စက္ေသနတ္ေတြ၊ အာပီဂ်ီနဲ႔ MA ေခ်မႈန္းေရး႐ိုင္ဖယ္နဲ႔ စႏိုက္ဘာေသနတ္ေတြကို ခင္းက်င္းျပသထားပါတယ္။

တပ္မေတာ္က ခင္းက်င္းျပသတဲ့အထဲ လူစိတ္ဝင္စားမႈမ်ားတာက MAS စႏိုက္ဘာေသနတ္ ပါဝင္ေနပါတယ္။ တပ္မေတာ္သားေဟာင္း၊ ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕ရဲ႕ ဒါ႐ိုက္တာ ဦးႏိုင္ေဆြဦးက MAS စႏိုက္ဘာ ေသနတ္ေတြဟာ လက္ရွိတပ္မေတာ္သားေတြ သုံးေနတဲ့ ေသနတ္နဲ႔ပုံစံကြဲေနတာမို႔ ႏိုင္ငံတကာေဈးကြက္ထဲသို႔ တင္ပို႔မယ့္ရည္႐ြယ္ခ်က္မ်ားရွိေနသလားလို႔ေတာင္ ထင္မိတယ္လို႔ေျပာပါတယ္။

ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕ ဒါ႐ိုက္တာ ဦးႏိုင္ေဆြဦးက  “ကြၽန္ေတာ္ထင္တာကေတာ့ နည္းနည္းေတာ့ ပုံစံကြဲေနတဲ့ အေနအထားမ်ိဳးရွိတယ္။ အင္တာေနရွင္နယ္ေဈးကြက္အတြက္ပဲ ရည္႐ြယ္ၿပီး ထုတ္တာလားမသိဘူး။ ပုံစံကေတာ့ကြဲေနတဲ့အတြက္ အင္တာေနရွင္နယ္ေဈးကြက္ကို ဦးတည္ၿပီးေတာ့မွ ရည္႐ြယ္ပုံရတယ္။ ေတာ္ေတာ္မ်ားမ်ားသြားၾကည့္တဲ့ ဒီဘက္ကအဖြဲ႕ေတြကေတာ့ စိတ္ဝင္စားမႈမ်ားတယ္။ ဘာလို႔လည္းဆိုေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံက ပထမဆုံး စျပတာလည္း  ျဖစ္တယ္။ လက္နက္ေတြကလည္း ေတာ္ေတာ္ေလးကို ေခတ္မွီတဲ့အေနအထားမ်ိဳးမွာ ျမင္ရတဲ့အခါက်ေတာ့ လက္နက္ ေလ့လာေနတဲ့ကိုယ္ေတြက  ဒီပုံစံကိုျမင္ရတဲ့အခါ ေတာ္ေတာ္အံ့ၾသပါတယ္။”

တပ္မေတာ္မွာ MA ေခ်မႈန္းေရးေသနတ္ကို မ်ိဳးဆက္အလိုက္ MA-1, 2, 3, 4 ေလးဆက္ေျမာက္ထုတ္ၿပီးမွ MAS စႏိုက္ဘာေတြကို ထုတ္လုပ္တာျဖစ္တယ္လို႔ တပ္မေတာ္သားေဟာင္း ဦးႏိုင္ေဆြဦးက ေျပာပါတယ္။ MAS စႏိုက္ဘာဟာ ႐ုရွားစႏိုက္ဘာေသနတ္ကို အေျခခံတာထက္၊ ကိုယ္ပိုင္နည္းစနစ္နဲ႔ AK ေခ်မႈန္းေရး႐ိုင္ဖယ္ထဲက တခ်ိဳ႕အစိတ္အပိုင္းကို အေျခခံၿပီး ထုတ္လုပ္တာျဖစ္တယ္လို႔ ရွင္းျပပါတယ္။

ဒါေပမဲ့ ႏိုင္ငံတကာေဈးကြက္မွာ ေခတ္စားတဲ့ ပစ္မွတ္တိက်မႈနဲ႔လွ်င္ျမန္မႈအပိုင္းအတြက္ အေထာက္အကူျပဳတဲ့ Bolt Action စနစ္မ်ိဳးေတြေတာ့ မပါရွိေသးဘူးလို႔ သူကေျပာပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အေရး ကြၽမ္းက်င္သူ ဦးေမာင္ေမာင္စိုးကလည္း တပ္မေတာ္ဟာ လက္နက္စက္႐ုံေတြ ႏိုင္ငံအႏွံ႔ တည္ေဆာက္ထားၿပီးျဖစ္ေၾကာင္းနဲ႔ အခုလို ႏိုင္ငံတကာျပပြဲမွာ ခင္းက်င္းျပသတာဟာ ေဈးကြက္ရွာလိုတဲ့သေဘာျဖစ္ႏိုင္ေၾကာင္း သုံးသပ္ပါတယ္။

“စစ္လက္နက္ပစၥည္းစက္႐ုံ ေတာ္ေတာ္မ်ားမ်ား ျမန္မာျပည္မွာ ေဆာက္ထားတာ အေတာ္ၾကာၿပီကိုး။ အဲဒီေတာ့ ေတာ္ေတာ္မ်ားမ်ား ထုတ္လုပ္ႏိုင္ၿပီဆိုတဲ့အခါက်ေတာ့ သူတို႔ေဈးကြက္ရွာၿပီနဲ႔ တူပါတယ္။”

တပ္မေတာ္ဟာ လက္ရွိအခ်ိန္မွာ လက္နက္ႀကီးေတြျဖစ္တဲ့ ေဟာင္ဝွစ္ဇာအေျမာက္သီး ၁၀၅ မမနဲ႔ ၁၂၀ မမ ေမာ္တာသီးေတြ ကိုယ္ပိုင္ထုတ္လုပ္ႏိုင္ၿပီလို႔ သတင္းထြက္ေပၚေနတာရွိေၾကာင္း ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

တပ္မေတာ္ထုတ္လက္နက္ငယ္ေတြ ႏိုင္ငံတကာေဈးကြက္ကို ကနဦးဝင္ေရာက္မယ္ဆိုရင္ ေဈးသက္သာတဲ့ႏႈန္းထားနဲ႔ ေရာင္းခ်ရႏိုင္ေၾကာင္း သုံးသပ္ၾကပါတယ္။

“ အဲဒါကေတာ့ ေဈးကြက္နဲ႔ သက္သာမႈနဲ႔ ထုတ္လုပ္မႈနဲ႔ယွဥ္ရင္ တခ်ိဳ႕ႏိုင္ငံေတြက ဝယ္ႏိုင္မယ္လို႔ထင္ပါတယ္။ ဒါေပမဲ့ ဗမာျပည္လို ႏိုင္ငံတကာ ပိတ္ဆို႔မႈခံထားရတဲ့ႏိုင္ငံဆီက ဝယ္မယ့္ႏိုင္ငံနည္းလိမ့္မယ္လို႔ထင္ပါတယ္။” လို႔ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

တပ္မေတာ္စစ္လက္နက္ေတြ ႏိုင္ငံတကာေဈးကြက္ ဝင္တိုးမယ္ဆိုရင္ေတာင္ ၂၀၁၇ ႐ိုဟင္ဂ်ာ ရွင္းလင္းေရးစစ္ဆင္ေရးေၾကာင့္ ထင္က်န္ခဲ့တဲ့ႏိုင္ငံေရးပုံရိပ္ဟာ အဲဒီမွာ သက္ေရာက္မႈရွိလိမ့္မယ္လို႔ ဦးေမာင္ေမာင္စိုးက သုံးသပ္ျပသြားတာပါ။

ေဒသတြင္း အာဆီယံႏိုင္ငံတခ်ိဳ႕လည္း စီးပြားျဖစ္လက္နက္ထုတ္လုပ္ၿပီး ေရာင္းခ်တဲ့ႏိုင္ငံေတြရွိပါတယ္။ အဓိကအားျဖင့္ ျပပြဲေတြမွာ မေလးရွား၊ အင္ဒိုနီးရွားနဲ႔ စကၤာပူႏိုင္ငံတို႔ျဖစ္ေၾကာင္း ဦးႏိုင္ေဆြဦးက ေျပာပါတယ္။ ထိုင္း၊ ဗီယက္နက္တို႔လိုႏိုင္ငံေတြကလည္း လက္နက္ထုတ္ႏိုင္ေပမယ့္ ႏိုင္ငံတကာေဈးကြက္ကို တင္ပို႔ေရာင္းခ်တာမ်ိဳး မေတြ႕ရေသးေၾကာင္းသူက ဆိုပါတယ္။

ဘန္ေကာက္ျပပြဲမွာ ေမာ္တာစိန္ေျပာင္း၊ အာပီဂ်ီကလြဲၿပီး လက္နက္ႀကီးေတြျဖစ္တဲ့ ျပည္တြင္းထုတ္တဲ့ အတြဲလိုက္ပစ္တဲ့ ဒုံးစနစ္ေတြ၊ ေဝဟင္ပစ္ ပုခုံးထမ္းဒုံးေတြစတဲ့ေခတ္မီလက္နက္ေတြ ခင္းက်င္းျပသတာမ်ိဳးေတာ့ မေတြ႕ရပါဘူး။ တခ်ိဳ႕ ႏိုင္ငံေတြကေတာ့ တင့္ကားေတြ၊ ပုခုံးထမ္းဒုံးေတြ၊ ဟယ္လီေကာ္ပတာနဲ႔ ေျမျပင္ေဝဟင္ပစ္လက္နက္ႀကီးနဲ႔ စစ္သေဘၤာ တခ်ိဳ႕ကိုပါ ပုံစံငယ္နမူနာေလးေတြ ခင္းက်င္းျပသထားတာေတြ႕ရပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို ဒီညေနထိ ဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။

တပ္မေတာ္ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာလည္း အဲဒီပြဲကို တက္ေရာက္ေနၿပီးေတာ့၊ မေန႔တုန္းက ဘန္ေကာက္ၿမိဳ႕မွာရွိတဲ့ မာစြန္ Marsun Public Company သေဘၤာက်င္းကို သြားေရာက္ေလ့လာခဲ့တာကို ဒီကေန႔ထုတ္  ျမဝတီသတင္းစာမွာ ေဖာ္ျပထားပါတယ္။

အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးကို ကာကြယ္ေရးဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းတက္ေရာက္လွ်က္ရွိပါတယ္။ ျပပြဲကို ထိုင္းတပ္မေတာ္က ဦးစီးက်င္းပတာျဖစ္ၿပီးေတာ့ အာဆီယံအဖြဲ႕ဝင္ ဆယ္ႏိုင္ငံအျပင္၊ ကမာၻ႔အင္အားႀကီး ထပ္သီးႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္၊ ႐ုရွား၊ တ႐ုတ္၊ အိႏၵိယနဲ႔ ဂ်ပန္ႏိုင္ငံတို႔လည္းပါဝင္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တပ်မတော်ထုတ် စစ်လက်နက်တွေ ပြည်ပဈေးကွက်ရှာ

တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ Defense and Security 2019 လက်နက်ပြပွဲမှာ တွေ့ရစဉ်

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနဲ့ တဆက်တည်း ကျင်းပတဲ့ Defense and Security 2019 လက်နက်ပြပွဲမှာ တပ်မတော်ထုတ်၊ စစ်လက်နက်တွေကို မြန်မာ့တပ်မတော်က ပထမဆုံးအကြိမ်အဖြစ် ပါဝင်ပြသတာက ကပစ လက်နက်တွေကို နိုင်ငံတကာဈေးကွက်ရှာလိုတဲ့သဘောဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ၁၈ ကနေ ၂၁ ရက်နေ့အထိ ၄ ရက်တာ ကျင်းပတဲ့ပွဲမှာ တပ်မတော်က မော်တာ စိန်ပြောင်းတွေ၊ စက်သေနတ်တွေ၊ အာပီဂျီနဲ့ MA ချေမှုန်းရေးရိုင်ဖယ်နဲ့ စနိုက်ဘာသေနတ်တွေကို ခင်းကျင်းပြသထားပါတယ်။

တပ်မတော်က ခင်းကျင်းပြသတဲ့အထဲ လူစိတ်ဝင်စားမှုများတာက MAS စနိုက်ဘာသေနတ် ပါဝင်နေပါတယ်။ တပ်မတော်သားဟောင်း၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးနိုင်ဆွေဦးက MAS စနိုက်ဘာ သေနတ်တွေဟာ လက်ရှိတပ်မတော်သားတွေ သုံးနေတဲ့ သေနတ်နဲ့ပုံစံကွဲနေတာမို့ နိုင်ငံတကာဈေးကွက်ထဲသို့ တင်ပို့မယ့်ရည်ရွယ်ချက်များရှိနေသလားလို့တောင် ထင်မိတယ်လို့ပြောပါတယ်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ ဒါရိုက်တာ ဦးနိုင်ဆွေဦးက  “ကျွန်တော်ထင်တာကတော့ နည်းနည်းတော့ ပုံစံကွဲနေတဲ့ အနေအထားမျိုးရှိတယ်။ အင်တာနေရှင်နယ်ဈေးကွက်အတွက်ပဲ ရည်ရွယ်ပြီး ထုတ်တာလားမသိဘူး။ ပုံစံကတော့ကွဲနေတဲ့အတွက် အင်တာနေရှင်နယ်ဈေးကွက်ကို ဦးတည်ပြီးတော့မှ ရည်ရွယ်ပုံရတယ်။ တော်တော်များများသွားကြည့်တဲ့ ဒီဘက်ကအဖွဲ့တွေကတော့ စိတ်ဝင်စားမှုများတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့နိုင်ငံက ပထမဆုံး စပြတာလည်း  ဖြစ်တယ်။ လက်နက်တွေကလည်း တော်တော်လေးကို ခေတ်မှီတဲ့အနေအထားမျိုးမှာ မြင်ရတဲ့အခါကျတော့ လက်နက် လေ့လာနေတဲ့ကိုယ်တွေက  ဒီပုံစံကိုမြင်ရတဲ့အခါ တော်တော်အံ့သြပါတယ်။”

တပ်မတော်မှာ MA ချေမှုန်းရေးသေနတ်ကို မျိုးဆက်အလိုက် MA-1, 2, 3, 4 လေးဆက်မြောက်ထုတ်ပြီးမှ MAS စနိုက်ဘာတွေကို ထုတ်လုပ်တာဖြစ်တယ်လို့ တပ်မတော်သားဟောင်း ဦးနိုင်ဆွေဦးက ပြောပါတယ်။ MAS စနိုက်ဘာဟာ ရုရှားစနိုက်ဘာသေနတ်ကို အခြေခံတာထက်၊ ကိုယ်ပိုင်နည်းစနစ်နဲ့ AK ချေမှုန်းရေးရိုင်ဖယ်ထဲက တချို့အစိတ်အပိုင်းကို အခြေခံပြီး ထုတ်လုပ်တာဖြစ်တယ်လို့ ရှင်းပြပါတယ်။

ဒါပေမဲ့ နိုင်ငံတကာဈေးကွက်မှာ ခေတ်စားတဲ့ ပစ်မှတ်တိကျမှုနဲ့လျှင်မြန်မှုအပိုင်းအတွက် အထောက်အကူပြုတဲ့ Bolt Action စနစ်မျိုးတွေတော့ မပါရှိသေးဘူးလို့ သူကပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အရေး ကျွမ်းကျင်သူ ဦးမောင်မောင်စိုးကလည်း တပ်မတော်ဟာ လက်နက်စက်ရုံတွေ နိုင်ငံအနှံ့ တည်ဆောက်ထားပြီးဖြစ်ကြောင်းနဲ့ အခုလို နိုင်ငံတကာပြပွဲမှာ ခင်းကျင်းပြသတာဟာ ဈေးကွက်ရှာလိုတဲ့သဘောဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“စစ်လက်နက်ပစ္စည်းစက်ရုံ တော်တော်များများ မြန်မာပြည်မှာ ဆောက်ထားတာ အတော်ကြာပြီကိုး။ အဲဒီတော့ တော်တော်များများ ထုတ်လုပ်နိုင်ပြီဆိုတဲ့အခါကျတော့ သူတို့ဈေးကွက်ရှာပြီနဲ့ တူပါတယ်။”

တပ်မတော်ဟာ လက်ရှိအချိန်မှာ လက်နက်ကြီးတွေဖြစ်တဲ့ ဟောင်ဝှစ်ဇာအမြောက်သီး ၁၀၅ မမနဲ့ ၁၂၀ မမ မော်တာသီးတွေ ကိုယ်ပိုင်ထုတ်လုပ်နိုင်ပြီလို့ သတင်းထွက်ပေါ်နေတာရှိကြောင်း ဦးမောင်မောင်စိုးက ပြောပါတယ်။

တပ်မတော်ထုတ်လက်နက်ငယ်တွေ နိုင်ငံတကာဈေးကွက်ကို ကနဦးဝင်ရောက်မယ်ဆိုရင် ဈေးသက်သာတဲ့နှုန်းထားနဲ့ ရောင်းချရနိုင်ကြောင်း သုံးသပ်ကြပါတယ်။

“ အဲဒါကတော့ ဈေးကွက်နဲ့ သက်သာမှုနဲ့ ထုတ်လုပ်မှုနဲ့ယှဉ်ရင် တချို့နိုင်ငံတွေက ဝယ်နိုင်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ဗမာပြည်လို နိုင်ငံတကာ ပိတ်ဆို့မှုခံထားရတဲ့နိုင်ငံဆီက ဝယ်မယ့်နိုင်ငံနည်းလိမ့်မယ်လို့ထင်ပါတယ်။” လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

တပ်မတော်စစ်လက်နက်တွေ နိုင်ငံတကာဈေးကွက် ဝင်တိုးမယ်ဆိုရင်တောင် ၂၀၁၇ ရိုဟင်ဂျာ ရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ထင်ကျန်ခဲ့တဲ့နိုင်ငံရေးပုံရိပ်ဟာ အဲဒီမှာ သက်ရောက်မှုရှိလိမ့်မယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပြသွားတာပါ။

ဒေသတွင်း အာဆီယံနိုင်ငံတချို့လည်း စီးပွားဖြစ်လက်နက်ထုတ်လုပ်ပြီး ရောင်းချတဲ့နိုင်ငံတွေရှိပါတယ်။ အဓိကအားဖြင့် ပြပွဲတွေမှာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်္ကာပူနိုင်ငံတို့ဖြစ်ကြောင်း ဦးနိုင်ဆွေဦးက ပြောပါတယ်။ ထိုင်း၊ ဗီယက်နက်တို့လိုနိုင်ငံတွေကလည်း လက်နက်ထုတ်နိုင်ပေမယ့် နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချတာမျိုး မတွေ့ရသေးကြောင်းသူက ဆိုပါတယ်။

ဘန်ကောက်ပြပွဲမှာ မော်တာစိန်ပြောင်း၊ အာပီဂျီကလွဲပြီး လက်နက်ကြီးတွေဖြစ်တဲ့ ပြည်တွင်းထုတ်တဲ့ အတွဲလိုက်ပစ်တဲ့ ဒုံးစနစ်တွေ၊ ဝေဟင်ပစ် ပုခုံးထမ်းဒုံးတွေစတဲ့ခေတ်မီလက်နက်တွေ ခင်းကျင်းပြသတာမျိုးတော့ မတွေ့ရပါဘူး။ တချို့ နိုင်ငံတွေကတော့ တင့်ကားတွေ၊ ပုခုံးထမ်းဒုံးတွေ၊ ဟယ်လီကော်ပတာနဲ့ မြေပြင်ဝေဟင်ပစ်လက်နက်ကြီးနဲ့ စစ်သင်္ဘော တချို့ကိုပါ ပုံစံငယ်နမူနာလေးတွေ ခင်းကျင်းပြသထားတာတွေ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဒီညနေထိ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း အဲဒီပွဲကို တက်ရောက်နေပြီးတော့၊ မနေ့တုန်းက ဘန်ကောက်မြို့မှာရှိတဲ့ မာစွန် Marsun Public Company သင်္ဘောကျင်းကို သွားရောက်လေ့လာခဲ့တာကို ဒီကနေ့ထုတ်  မြဝတီသတင်းစာမှာ ဖော်ပြထားပါတယ်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းတက်ရောက်လျှက်ရှိပါတယ်။ ပြပွဲကို ထိုင်းတပ်မတော်က ဦးစီးကျင်းပတာဖြစ်ပြီးတော့ အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံအပြင်၊ ကမ္ဘာ့အင်အားကြီး ထပ်သီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့လည်းပါဝင်ပါတယ်။

RFA Burmese
https://www.rfa.org
တပ္မေတာ္ထုတ္ စစ္လက္နက္ေတြ ျပည္ပေဈးကြက္ရွာ တပ္မေတာ္ထုတ္ စစ္လက္နက္ေတြ ျပည္ပေဈးကြက္ရွာ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.