ျမန္မာလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ကုလ တတိယေကာ္မတီ ဆံုးျဖတ္ခ်က္

ႏို၀င္ဘာလ ၁၄ ရက္ေန႔ ကုလသမဂၢ အေထြေထြညီလာခံ တတိယေကာ္မတီမွာ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္မူၾကမ္းကို ကန္႔ကြက္ေဆြးေႏြးေနတဲ့ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္း။ (ဓာတ္ပုံ - United Nations)

(Zawgyi / Unicode)

႐ုိဟင္ဂ်ာမြတ္စလင္ေတြနဲ႔ အျခားလူနည္းစုေတြအေပၚ ျပင္းထန္လွတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ႏိုင္ငံတကာ လူသားခ်င္းစာနာမႈ ဥပေဒ ခ်ဳိးေဖာက္မႈဆိုတဲ့ ေခါင္းစဥ္နဲ႔ ကုလသမဂၢ အေထြေထြညီလာခံ တတိယေကာ္မတီက ျမန္မာ့အေရး ဆံုးျဖတ္ခ်က္ တရပ္ကို ခ်မွတ္လိုက္ပါတယ္။ တတိယေကာ္မတီမွာ ႏို၀င္ဘာလ ၁၄ ရက္ေန႔က အတည္ျပဳခဲ့တဲ့ ဒီဆံုးျဖတ္ခ်က္ကို ကုလအေထြေထြညီလာခံက ဒီဇင္ဘာလမွာ ဆက္လက္ေဆြးေႏြးမွာ ျဖစ္ပါတယ္။

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းကေတာ့ ဒီဆံုးျဖတ္ခ်က္ဟာ ရခိုင္ျပည္နယ္ အက်ပ္အတည္းကို လြဲမွားၿပီး ပံုေဖာ္ထားေၾကာင္း ဗီြအိုေအကို တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။ အျပည့္အစုံကို မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

“Situation of human rights of Rohingya Muslims and other minorities in Myanmar” ျမန္မာႏုိင္ငံက ႐ုိဟင္ဂ်ာ မြတ္စလင္ေတြနဲ႔ အျခားလူနည္းစုေတြရဲ႕ လူ႔အခြင့္အေရး အေျခအေနဆိုတဲ့ ေခါင္းစဥ္နဲ႔ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္ကို ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ တတိယေကာ္မတီမွာ ႏို၀င္ဘာလ ၁၄ ရက္ေန႔က ေထာက္ခံမဲ ၁၄၀၊ ကန္႔ကြက္မဲ ၉ မဲ၊ ၾကားေနမဲ ၃၂ မဲနဲ႔ အတည္ျပဳခဲ့တာပါ။
ႏို၀င္ဘာလ ၁၄ ရက္ေန႔ ကုလသမဂၢ အေထြေထြညီလာခံ တတိယေကာ္မတီမွာ ျမန္မာ့အေရးဆံုးျဖတ္ခ်က္မူၾကမ္း မဲခဲြဆံုးျဖတ္ရာမွာ ေထာက္ခံမဲ ၁၄၀၊ ကန္႔ကြက္မဲ ၉ မဲ၊ ၾကားေနမဲ ၃၂ မဲ။ (ဓာတ္ပုံ - United Nations)

အဲဒီဆံုးျဖတ္ခ်က္ထဲမွာ ျမန္မာႏိုင္ငံမွာ ႐ုိဟင္ဂ်ာ မြတ္စလင္ေတြနဲ႔ တျခား လူနည္းစုေတြအေပၚ ျပင္းထန္လွတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အပါအ၀င္ ႏိုင္ငံတကာဥပေဒ ခ်ဳိးေဖာက္မႈေတြ ဆက္ၿပီးျဖစ္ေနတဲ့ သတင္းေတြအေပၚမွာ ကုလသမဂၢ အေထြေထြညီလာခံအေနနဲ႔ အလြန္ပဲ စိုးရိမ္မကင္းျဖစ္မိေၾကာင္း ေဖာ္ျပထားပါတယ္။ ဥပေဒမဲ့ ဖမ္းဆီးမႈ၊ ထိမ္းသိန္းခံထားရခ်ိန္မွာ ေသဆံုးမႈ၊ ညႇဥ္းပန္းႏွိပ္စက္မႈနဲ႔ အျခား ရက္စက္ၿပီး လူမဆန္တာ ဒါမွမဟုတ္ အရွက္ရေစေအာင္ ျပဳမူတာ ဒါမွမဟုတ္ အျပစ္ေပးတာ စတာေတြ ပါ၀င္ေၾကာင္း တတိယေကာ္မတီရဲ႕ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အထူးသျဖင့္ ျမန္မာလံုၿခံဳေရးနဲ႔ လက္နက္ကိုင္စစ္တပ္အေနနဲ႔ ႐ုိဟင္ဂ်ာ မြတ္စလင္ေတြနဲ႔ အျခားလူနည္းစုေတြ အပါအ၀င္ ျမန္မာျပည္သူအားလံုးရဲ႕ လူ႔အခြင့္အေရးကို အကာအကြယ္ေပးေရးနဲ႔ အၾကမ္းဖက္မႈအားလံုးကို ခ်က္ခ်င္းရပ္ဆိုင္းဖို႔ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္မွာ ေတာင္းဆိုထားပါတယ္။ ဒါ့အျပင္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကုိ စုံစမ္းေဖာ္ထုတ္ၿပီး တာ၀န္ရွိသူေတြကုိ အေရးယူဖုိ႔လည္း ျမန္မာအစိုးရကို တုိက္တြန္းထားပါတယ္။

႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ တတိယေကာ္မတီအေနနဲ႔ အခုလို ႏုိင္ငံတႏိုင္ငံရဲ႕ အသိုင္းအ၀ိုင္းတခုအေရးကို ဆုံးျဖတ္ခ်က္အျဖစ္ ခ်မွတ္တာကို လက္မခံႏုိင္ေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ဗီြအိုေအကို ေျပာပါတယ္။

“ဘဂၤါလီေတြကိစၥကို က်ေနာ္တုိ႔ကပဲ လုိက္ၿပီးေတာ့ ဖိႏွိပ္ခ်ဳပ္ခ်ယ္လို႔ ႏွိပ္စက္ညႇဥ္းပန္းလို႔ သတ္လုိ႔ဆုိတဲ့ဟာမ်ဳိးနဲ႔ ေတာက္ေလွ်ာက္လုပ္လာတာ။ ဆုိေတာ့ အခုက ၃ ႏွစ္ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ဒီႏွစ္မွာ နာမည္တပ္ၿပီး လုပ္လာတာေပါ့ေနာ္။ ႐ုိဟင္ဂ်ာ မြတ္စလင္ေတြရဲ႕ အခြင့္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဆုိၿပီးေတာ့ လုပ္လာတယ္။ ဆုိေတာ့ ႏုိင္ငံတႏုိင္ငံကို နာမည္တပ္ၿပီးေတာ့ လူမ်ဳိးစုတစုအတြက္ ဆုိတဲ့နဲ႔ လုပ္လာတာကိုလည္း က်ေနာ္တုိ႔က လက္မခံဘူး။”

ဒါ့အျပင္ ဆံုးျဖတ္ခ်က္မွာ ေဖာ္ျပထားတဲ့ ရခုိင္ျပည္နယ္ အက်ပ္အတည္းနဲ႔ ပတ္သက္လုိ႔လည္း ႐ႈပ္ေထြးတဲ့ အေျခအေနေတြကုိ လဲြမွားၿပီး ပုံေဖာ္ထားေၾကာင္း သံအမတ္ႀကီးက အခုလိုေျပာပါတယ္။

“လူဝင္မႈနဲ႔ ျဖစ္တဲ့ျပႆနာေပါ့ေနာ္။ အဲဒီဟာကို ဘာသာေရးကိစၥ ဖိႏွိပ္တယ္ ျပဳတယ္၊ လူမ်ဳိးေရးအရ ဖိႏွိပ္တယ္ ျပဳတယ္ဆုိၿပီးေတာ့ လုပ္တဲ့ဟာကို က်ေနာ္တို႔က မဟုတ္ပါဘူးလို႔ ဆုိလုိတဲ့ သေဘာပါပဲ။ လူ႔အခြင့္အေရး အေျခအေနနဲ႔ ပတ္သက္တဲ့ဟာ ဂ်ီနီဗာ လူ႔အခြင့္အေရး ေကာင္စီမွာပဲ ေဆြးေႏြးၾက၊ ေျပာၾက၊ ဒီဟာကို က်ေနာ္တို႔က ျငင္းဆုိတာ မဟုတ္ဘူး။ သုိ႔ေသာ္လည္းပဲ General Assembly မွာ နယူးေယာက္ကုိ ေခၚယူလာၿပီးေတာ့မွ ႏုိင္ငံတခုခ်င္းအလုိက္ လုပ္တဲ့ဟာ Selected ေပါ့ေနာ္၊ ေရြးၿပီးေတာ့မွလုပ္တာ။ ကမၻာေပၚမွာ ဘယ္ႏုိင္ငံမွ လူ႔အခြင့္အေရး အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ ေျခာက္ပစ္ကင္း သဲလည္းစင္ ဘယ္သူမွမရွိဘူး။”

ႏို၀င္ဘာလ ၁၄ ရက္ေန႔က တတိယေကာ္မတီမွာ OIC အစၥလာမၼစ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရးအဖဲြ႔နဲ႔ ဥေရာပသမဂၢတို႔ ပူးတဲြေရးသားထားတဲ့ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္မူၾကမ္း အပါအ၀င္ အီရန္နဲ႔ ဆီးရီးယားႏိုင္ငံေတြနဲ႔ ပတ္သက္တဲ့ ဆံုးျဖတ္ခ်က္မူၾကမ္းေတြကို တင္သြင္းေဆြးေႏြးခဲ့ၾကပါတယ္။ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္မူၾကမ္းကို ေထာက္ခံေဆြးေႏြးခဲ့တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ ကုလသမဂၢ သံအမတ္ႀကီး Masud Bin Momen က အခုလို ေဆြးေႏြးသြားပါတယ္။

“ဒီဆံုးျဖတ္ခ်က္ဟာ ႏိုင္ငံတခုတည္းရဲ႕ ဆံုးျဖတ္ခ်က္မဟုတ္ဘဲ ႐ုိဟင္ဂ်ာေတြ ဆႏၵအေလ်ာက္ ဂုဏ္သိကၡာရွိရွိ ဌာေနျပန္ႏိုင္ေရးအတြက္ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းရဲ႕ ထိန္းသိမ္းေဆာင္ရြက္မႈ ပံုစံတခုအျဖစ္ ျမင္ပါတယ္။ လံုၿခံဳေရးေကာင္စီက ျပ႒ာန္းခ်က္တခုအေနနဲ႔ တိတိက်က် ခ်မွတ္ခ်ိန္ထိ အေမရိကန္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ရွိေနလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒါဟာ ျမန္မာ လံုၿခံဳေရးနဲ႔ လက္နက္ကိုင္ေတြရဲ႕ ရာဇ၀တ္မႈေတြကို ေျဖရွင္းႏုိင္မယ့္ ေလာေလာဆယ္လုပ္ရပ္ေတြကို အခိုင္အမာ ခ်မွတ္ေပးလိုက္တာလည္း ျဖစ္ပါတယ္။ စိတ္ခ်လက္ခ် ျပန္ႏုိင္ဖို႔အတြက္ ယံုၾကည္မႈ တည္ေဆာက္ႏိုင္ေရးမွာ ျပစ္မႈက်ဴးလြန္ခဲ့သူရဲ႕ တာ၀န္ခံမႈက အဓိကက်ပါတယ္။ ဒီဆံုးျဖတ္ခ်က္ဟာ ႏိုင္ငံတကာ အသိုင္းအ၀ိုင္းအေနနဲ႔ လုပ္ေဆာင္ေနတဲ့ တာ၀န္ခံမႈရွိေစေရး ယႏၱရားအမ်ဳိးမ်ဳိးကို လမ္းပြင့္သြားေစမွာလည္း ျဖစ္ပါတယ္။”

ကုလသမဂၢ အပါအ၀င္ ခုိင္လုံတဲ့ စုံစမ္းမႈေတြက ရရွိထားတဲ့ သတင္းအခ်က္အလက္ အစီရင္ခံစာေတြအရ ရခုိင္၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္ေတြ အပါအ၀င္ ႏုိင္ငံတ၀န္းမွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အႀကီးအက်ယ္ ဆက္လက္ျဖစ္ပြားေနတဲ့အေပၚ ႐ႈတ္ခ်ေၾကာင္း ဆံုးျဖတ္ခ်က္မူၾကမ္းကို ပူးတဲြအဆုိျပဳခဲ့တဲ့ အေမရိကန္ ကိုယ္စားလွယ္ကလည္း တတိယေကာ္မတီ အစည္းအေ၀းမွာ အခုလို ေျပာသြားပါတယ္။

“ျမန္မာႏိုင္ငံက လူ႔အခြင့္အေရး အေျခအေနေပၚ အခုလို အခ်ိန္ကိုက္ အေရးပါတဲ့ ဆံုးျဖတ္ခ်က္အတြက္ ပူးတဲြတာ၀န္ယူ တင္သြင္းရတာကို အေမရိကန္ျပည္ေထာင္စု အေနနဲ႔ ဂုဏ္ယူမိပါတယ္။ ရခိုင္၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္ အပါအ၀င္ ျမန္မာႏိုင္ငံတ၀န္း ဆက္လက္ျဖစ္ေပၚေနတဲ့ ျပင္းထန္လွတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြနဲ႔ ဖိႏွိပ္မႈေတြကို အေမရိကန္ျပည္ေထာင္စု အေနနဲ႔ ကန္႔ကြက္႐ႈတ္ခ်ပါတယ္။ ဒီလို လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ကုလသမဂၢနဲ႔ အျခား လြတ္လပ္ၿပီး ယံုၾကည္ရတဲ့ အစီရင္ခံစာေတြက မွတ္တမ္းျပဳစုထားၿပီး ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ျပစ္ဒဏ္ကေန ကင္းလြတ္ခြင့္ဟာ နက္နက္႐ႈိင္း႐ႈိင္းကို အျမစ္တြယ္ေနေၾကာင္း မီးေမာင္းထုိးျပထားတဲ့ ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးအဖဲြ႔ရဲ႕ လုပ္ေဆာင္မႈနဲ႔ တန္ဖိုးရွိတဲ့ အစီရင္ခံစာေတြအေပၚမွာ အေမရိကန္ျပည္ေထာင္စု အေနနဲ႔ အလြန္ ေလးစားမိတယ္ဆိုတာ ေျပာခ်င္ပါတယ္။”

အခုလို ၿပီးခဲ့တဲ့သီတင္းပတ္က တတိယေကာ္မတီရဲ႕ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္မွာ ႏိုင္ငံတကာ တရားစီရင္ေရးအပိုင္းျဖစ္တဲ့ ICJ နဲ႔ ICC တို႔က ႐ုိဟင္ဂ်ာကိစၥ ကိုင္တြယ္ ေဆာင္ရြက္မႈေတြနဲ႔ ပတ္သက္လို႔ ထည့္သြင္းေဖာ္ျပျခင္း မရွိတဲ့အေပၚမွာ ေ၀ဖန္ေထာက္ျပမႈေတြလည္း ရွိခဲ့ပါတယ္။

တတိယေကာ္မတီ အပါအ၀င္ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ ျမန္မာႏိုင္ငံက လူ႔အခြင့္အေရး အေျခအေနနဲ႔ ပတ္သက္လို႔ လိုက္နာဖို႔ အႀကံျပဳထားတဲ့ ဆံုးျဖတ္ခ်က္ေတြကို ၁၉၉၂ ခုႏွစ္ စစ္အစိုးရ လက္ထက္ကတည္းက ႏွစ္စဥ္ခ်မွတ္လာခဲ့တာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ကုလသမဂၢ အေထြေထြညီလာခံမွာ လာေရာက္ မိန္႔ခြန္းေျပာၾကားခဲ့တဲ့ ႏွစ္တႏွစ္တည္းပဲ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္ကို ကုလသမဂၢက ခ်မွတ္ျခင္း မရွိခဲ့ပါဘူး။

----------------------------------

(Unicode)

မြန်မာလူ့အခွင့်အရေးချိုးဖောက်မှု ကုလ တတိယကော်မတီ ဆုံးဖြတ်ချက်

ရိုဟင်ဂျာမွတ်စလင်တွေနဲ့ အခြားလူနည်းစုတွေအပေါ် ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ ချိုးဖောက်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီက မြန်မာ့အရေး ဆုံးဖြတ်ချက် တရပ်ကို ချမှတ်လိုက်ပါတယ်။ တတိယကော်မတီမှာ နိုဝင်ဘာလ ၁၄ ရက်နေ့က အတည်ပြုခဲ့တဲ့ ဒီဆုံးဖြတ်ချက်ကို ကုလအထွေထွေညီလာခံက ဒီဇင်ဘာလမှာ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ ဒီဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ် အကျပ်အတည်းကို လွဲမှားပြီး ပုံဖော်ထားကြောင်း ဗွီအိုအေကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

“Situation of human rights of Rohingya Muslims and other minorities in Myanmar” မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ နိုဝင်ဘာလ ၁၄ ရက်နေ့က ထောက်ခံမဲ ၁၄၀၊ ကန့်ကွက်မဲ ၉ မဲ၊ကြားနေမဲ ၃၂ မဲနဲ့ အတည်ပြုခဲ့တာပါ။

အဲဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြား လူနည်းစုတွေအပေါ် ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပါအဝင် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေ ဆက်ပြီးဖြစ်နေတဲ့ သတင်းတွေအပေါ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံအနေနဲ့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိကြောင်း ဖော်ပြထားပါတယ်။ ဥပဒေမဲ့ ဖမ်းဆီးမှု၊ ထိမ်းသိန်းခံထားရချိန်မှာ သေဆုံးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အခြား ရက်စက်ပြီး လူမဆန်တာ ဒါမှမဟုတ် အရှက်ရစေအောင် ပြုမူတာ ဒါမှမဟုတ် အပြစ်ပေးတာ စတာတွေ ပါဝင်ကြောင်း တတိယကော်မတီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် မြန်မာလုံခြုံရေးနဲ့ လက်နက်ကိုင်စစ်တပ်အနေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြားလူနည်းစုတွေ အပါအဝင် မြန်မာပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေးနဲ့ အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ တောင်းဆိုထားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီအနေနဲ့ အခုလို နိုင်ငံတနိုင်ငံရဲ့ အသိုင်းအဝိုင်းတခုအရေးကို ဆုံးဖြတ်ချက်အဖြစ် ချမှတ်တာကို လက်မခံနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကို ပြောပါတယ်။

“ဘင်္ဂါလီတွေကိစ္စကို ကျနော်တို့ကပဲ လိုက်ပြီးတော့ ဖိနှိပ်ချုပ်ချယ်လို့ နှိပ်စက်ညှဉ်းပန်းလို့ သတ်လို့ဆိုတဲ့ဟာမျိုးနဲ့ တောက်လျှောက်လုပ်လာတာ။ ဆိုတော့ အခုက ၃ နှစ် ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒီနှစ်မှာ နာမည်တပ်ပြီး လုပ်လာတာပေါ့နော်။ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဆိုပြီးတော့ လုပ်လာတယ်။ ဆိုတော့ နိုင်ငံတနိုင်ငံကို နာမည်တပ်ပြီးတော့ လူမျိုးစုတစုအတွက် ဆိုတဲ့နဲ့ လုပ်လာတာကိုလည်း ကျနော်တို့က လက်မခံဘူး။”

ဒါ့အပြင် ဆုံးဖြတ်ချက်မှာ ဖော်ပြထားတဲ့ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့လည်း ရှုပ်ထွေးတဲ့ အခြေအနေတွေကို လွဲမှားပြီး ပုံဖော်ထားကြောင်း သံအမတ်ကြီးက အခုလိုပြောပါတယ်။

“လူဝင်မှုနဲ့ ဖြစ်တဲ့ပြဿနာပေါ့နော်။ အဲဒီဟာကို ဘာသာရေးကိစ္စ ဖိနှိပ်တယ် ပြုတယ်၊ လူမျိုးရေးအရ ဖိနှိပ်တယ် ပြုတယ်ဆိုပြီးတော့ လုပ်တဲ့ဟာကို ကျနော်တို့က မဟုတ်ပါဘူးလို့ ဆိုလိုတဲ့ သဘောပါပဲ။ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ဟာ ဂျီနီဗာ လူ့အခွင့်အရေး ကောင်စီမှာပဲ ဆွေးနွေးကြ၊ ပြောကြ၊ ဒီဟာကို ကျနော်တို့က ငြင်းဆိုတာ မဟုတ်ဘူး။ သို့သော်လည်းပဲ General Assembly မှာ နယူးယောက်ကို ခေါ်ယူလာပြီးတော့မှ နိုင်ငံတခုချင်းအလိုက် လုပ်တဲ့ဟာ Selected ပေါ့နော်၊ ရွေးပြီးတော့မှလုပ်တာ။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ခြောက်ပစ်ကင်း သဲလည်းစင် ဘယ်သူမှမရှိဘူး။”

နိုဝင်ဘာလ ၁၄ ရက်နေ့က တတိယကော်မတီမှာ OIC အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ ဥရောပသမဂ္ဂတို့ ပူးတွဲရေးသားထားတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်း အပါအဝင် အီရန်နဲ့ ဆီးရီးယားနိုင်ငံတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတွေကို တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံဆွေးနွေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Masud Bin Momen က အခုလို ဆွေးနွေးသွားပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတခုတည်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ ရိုဟင်ဂျာတွေ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ဌာနေပြန်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထိန်းသိမ်းဆောင်ရွက်မှု ပုံစံတခုအဖြစ် မြင်ပါတယ်။ လုံခြုံရေးကောင်စီက ပြဋ္ဌာန်းချက်တခုအနေနဲ့ တိတိကျကျ ချမှတ်ချိန်ထိ အမေရိကန်ရဲ့ မျှော်လင့်ချက်တွေ ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ မြန်မာ လုံခြုံရေးနဲ့ လက်နက်ကိုင်တွေရဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းနိုင်မယ့် လောလောဆယ်လုပ်ရပ်တွေကို အခိုင်အမာ ချမှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ စိတ်ချလက်ချ ပြန်နိုင်ဖို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်ရေးမှာ ပြစ်မှုကျူးလွန်ခဲ့သူရဲ့ တာဝန်ခံမှုက အဓိကကျပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လုပ်ဆောင်နေတဲ့ တာဝန်ခံမှုရှိစေရေး ယန္တရားအမျိုးမျိုးကို လမ်းပွင့်သွားစေမှာလည်း ဖြစ်ပါတယ်။”

ကုလသမဂ္ဂ အပါအဝင် ခိုင်လုံတဲ့ စုံစမ်းမှုတွေက ရရှိထားတဲ့ သတင်းအချက်အလက် အစီရင်ခံစာတွေအရ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ အပါအဝင် နိုင်ငံတဝန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် ရှုတ်ချကြောင်း ဆုံးဖြတ်ချက်မူကြမ်းကို ပူးတွဲအဆိုပြုခဲ့တဲ့ အမေရိကန် ကိုယ်စားလှယ်ကလည်း တတိယကော်မတီ အစည်းအဝေးမှာ အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေပေါ် အခုလို အချိန်ကိုက် အရေးပါတဲ့ ဆုံးဖြတ်ချက်အတွက် ပူးတွဲတာဝန်ယူ တင်သွင်းရတာကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ဂုဏ်ယူမိပါတယ်။ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံတဝန်း ဆက်လက်ဖြစ်ပေါ်နေတဲ့ ပြင်းထန်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂနဲ့ အခြား လွတ်လပ်ပြီး ယုံကြည်ရတဲ့ အစီရင်ခံစာတွေက မှတ်တမ်းပြုစုထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ဟာ နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေကြောင်း မီးမောင်းထိုးပြထားတဲ့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ လုပ်ဆောင်မှုနဲ့ တန်ဖိုးရှိတဲ့ အစီရင်ခံစာတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ အလွန် လေးစားမိတယ်ဆိုတာ ပြောချင်ပါတယ်။”

အခုလို ပြီးခဲ့တဲ့သီတင်းပတ်က တတိယကော်မတီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ နိုင်ငံတကာ တရားစီရင်ရေးအပိုင်းဖြစ်တဲ့ ICJ နဲ့ ICC တို့က ရိုဟင်ဂျာကိစ္စ ကိုင်တွယ် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ထည့်သွင်းဖော်ပြခြင်း မရှိတဲ့အပေါ်မှာ ဝေဖန်ထောက်ပြမှုတွေလည်း ရှိခဲ့ပါတယ်။

တတိယကော်မတီ အပါအဝင် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ လိုက်နာဖို့ အကြံပြုထားတဲ့ ဆုံးဖြတ်ချက်တွေကို ၁၉၉၂ ခုနှစ် စစ်အစိုးရ လက်ထက်ကတည်းက နှစ်စဉ်ချမှတ်လာခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လာရောက် မိန့်ခွန်းပြောကြားခဲ့တဲ့ နှစ်တနှစ်တည်းပဲ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ချမှတ်ခြင်း မရှိခဲ့ပါဘူး။

အင္ၾကင္းႏိုင္/ VOA Burmese
https://burmese.voanews.com
ျမန္မာလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ကုလ တတိယေကာ္မတီ ဆံုးျဖတ္ခ်က္ ျမန္မာလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ကုလ တတိယေကာ္မတီ ဆံုးျဖတ္ခ်က္ Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.