တရားမဝင္လက္နက္ပစၥည္းမ်ား အေမရိကန္မွ ဝင္ေရာက္လာျခင္းေၾကာင့္ မကၠဆီကိုတြင္ ဒုစ႐ိုက္မႈမ်ားတိုး

ပစ္စတိုလက္နက္ပစၥည္းမ်ားအား ေတြ႕ရစဥ္(ဓါတ္ပုံ- အင္တာနက္)
(Zawgyi)⤵⤵⤵
မကၠဆီကို စီးတီး၊ႏိုဝင္ဘာ ၂၃ ရက္(ဆင္ဟြာ)

မကၠဆီကို ဒုစ႐ိုက္အဖြဲ႕ အသုံးျပဳေနသည့္လက္နက္အမ်ားစုသည္ အေမရိကန္မွလာျခင္းျဖစ္ေၾကာင္း ၊ ထိုလက္နက္မ်ားေၾကာင့္ ဒုစ႐ိုက္အဖြဲ႕အစည္းမ်ား၏ အႏၲရာယ္က ပိုမို ဆိုးဝါးလာျခင္းျဖစ္ေၾကာင္း မကၠဆီကိုႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႏိုဝင္ဘာ ၂၁ ရက္တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။အေမရိကန္မွ တရားမဝင္ေရာင္းခ်သည့္ လက္နက္မ်ားေၾကာင့္ မကၠဆီကိုတြင္ လူသတ္မႈမ်ား မ်ားျပားလာရေၾကာင္း ဆိုသည္။

နည္းပညာဆိုင္ရာနည္းလမ္းမ်ားကို သုံး၍ တရားမဝင္နည္းလမ္းလက္နက္ဝင္ေရာက္မႈကို  တားျမစ္ရန္ မကၠဆီကိုႏွင့္ အေမရိကန္လုံၿခဳံေရးအဆင့္ျမင့္အရာရွိမ်ား မကၠဆီကို စီးတီးတြင္ ႏိုဝင္ဘာ ၂၁ ရက္က ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ မကၠဆီကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယခုကဲ့သို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အဆိုပါေၾကညာခ်က္တြင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာမွစ၍ မကၠဆီကို အစိုးရက ဖမ္းဆီးရမိသည့္ လက္နက္ေပါင္း ၇၄၃၂ ခု ရွိရာ အေမရိကန္ထုတ္ စက္ေသနတ္ႏွင့္ ႐ိုင္ဖယ္ေသနတ္မ်ား ပါဝင္ေၾကာင္း သိရသည္။ သက္ဆိုင္ရာ ကိန္းဂဏန္းမ်ားအရ မကၠဆီကို ဒုစ႐ိုက္အဖြဲ႕မ်ားအသုံးျပဳေနသည့္ လက္နက္ ၁၀ ခုတြင္ ၇ ခုက အေမရိကန္မွ တင္သြင္းျခင္းျဖစ္ေၾကာင္း သိရသည္။ အေမရိကန္မွ တရားမဝင္တင္သြင္းေရာင္းခ်သည့္လက္နက္မ်ားေၾကာင့္ အမ်ားျပည္သူ၏လုံၿခဳံေရး အႏၲရာယ္က်ေရာက္ေနရၿပီး မကၠဆီကို-အေမရိကန္ ႏွစ္ႏိုင္ငံ အက်ိဳးစီးပြားကို  ထိခိုက္ေစသည္ဟု မကၠဆီကိုဘက္က ယူဆလ်က္ရွိေၾကာင္း သိရသည္။

မကၠဆီကို အစိုးရအေနျဖင့္ အေမရိကန္ႏွင့္အတူ နည္းပညာနည္းလမ္းျဖင့္ တရားမဝင္လက္နက္မ်ားေရာင္းခ်ဝင္ေရာက္ျခင္းကို တားဆီးရန္ အဆိုျပဳထားသလို ႏွစ္ႏိုင္ငံ ျပစ္မႈဆိုင္ရာ သတင္းအခ်က္အလက္မွ်ေဝဖလွယ္ျခင္းႏွင့္ သက္ဆိုင္ရာဥပေဒမ်ားကို ျပည့္စုံေအာင္ တြန္းအားေပးလုပ္ေဆာင္ရန္ အဆိုျပဳထားေၾကာင္း  ေၾကညာခ်က္အရသိရသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
တရားမဝင်လက်နက်ပစ္စည်းများ အမေရိကန်မှ ဝင်ရောက်လာခြင်းကြောင့် မက္ကဆီကိုတွင် ဒုစရိုက်မှုများတိုး

ပစ်စတိုလက်နက်ပစ္စည်းများအား တွေ့ရစဉ်(ဓါတ်ပုံ- အင်တာနက်) North America

    မက္ကဆီကို စီးတီး၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

    မက္ကဆီကို ဒုစရိုက်အဖွဲ့ အသုံးပြုနေသည့်လက်နက်အများစုသည် အမေရိကန်မှလာခြင်းဖြစ်ကြောင်း ၊ ထိုလက်နက်များကြောင့် ဒုစရိုက်အဖွဲ့အစည်းများ၏ အန္တရာယ်က ပိုမို ဆိုးဝါးလာခြင်းဖြစ်ကြောင်း မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။အမေရိကန်မှ တရားမဝင်ရောင်းချသည့် လက်နက်များကြောင့် မက္ကဆီကိုတွင် လူသတ်မှုများ များပြားလာရကြောင်း ဆိုသည်။

နည်းပညာဆိုင်ရာနည်းလမ်းများကို သုံး၍ တရားမဝင်နည်းလမ်းလက်နက်ဝင်ရောက်မှုကို  တားမြစ်ရန် မက္ကဆီကိုနှင့် အမေရိကန်လုံခြုံရေးအဆင့်မြင့်အရာရှိများ မက္ကဆီကို စီးတီးတွင် နိုဝင်ဘာ ၂၁ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှစ၍ မက္ကဆီကို အစိုးရက ဖမ်းဆီးရမိသည့် လက်နက်ပေါင်း ၇၄၃၂ ခု ရှိရာ အမေရိကန်ထုတ် စက်သေနတ်နှင့် ရိုင်ဖယ်သေနတ်များ ပါဝင်ကြောင်း သိရသည်။ သက်ဆိုင်ရာ ကိန်းဂဏန်းများအရ မက္ကဆီကို ဒုစရိုက်အဖွဲ့များအသုံးပြုနေသည့် လက်နက် ၁၀ ခုတွင် ၇ ခုက အမေရိကန်မှ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်မှ တရားမဝင်တင်သွင်းရောင်းချသည့်လက်နက်များကြောင့် အများပြည်သူ၏လုံခြုံရေး အန္တရာယ်ကျရောက်နေရပြီး မက္ကဆီကို-အမေရိကန် နှစ်နိုင်ငံ အကျိုးစီးပွားကို  ထိခိုက်စေသည်ဟု မက္ကဆီကိုဘက်က ယူဆလျက်ရှိကြောင်း သိရသည်။

မက္ကဆီကို အစိုးရအနေဖြင့် အမေရိကန်နှင့်အတူ နည်းပညာနည်းလမ်းဖြင့် တရားမဝင်လက်နက်များရောင်းချဝင်ရောက်ခြင်းကို တားဆီးရန် အဆိုပြုထားသလို နှစ်နိုင်ငံ ပြစ်မှုဆိုင်ရာ သတင်းအချက်အလက်မျှဝေဖလှယ်ခြင်းနှင့် သက်ဆိုင်ရာဥပဒေများကို ပြည့်စုံအောင် တွန်းအားပေးလုပ်ဆောင်ရန် အဆိုပြုထားကြောင်း  ကြေညာချက်အရသိရသည်။

(Xinhua)
http://www.xinhuamyanmar.com
တရားမဝင္လက္နက္ပစၥည္းမ်ား အေမရိကန္မွ ဝင္ေရာက္လာျခင္းေၾကာင့္ မကၠဆီကိုတြင္ ဒုစ႐ိုက္မႈမ်ားတိုး တရားမဝင္လက္နက္ပစၥည္းမ်ား အေမရိကန္မွ ဝင္ေရာက္လာျခင္းေၾကာင့္ မကၠဆီကိုတြင္ ဒုစ႐ိုက္မႈမ်ားတိုး Reviewed by THITHTOOLWIN on 04:53 Rating: 5
Powered by Blogger.