ထရမ့္ကို စြပ္စြဲျပစ္တင္အေရးယူႏိုင္မယ့္ အလားအလာ

အတိုက္အခံ ဒီမိုကရက္ေတြကေတာ့ ထရမ့္အစိုးရဟာ ဥပေဒမဲ့ လုပ္ရပ္ေတြမႀကဳံစဖူး လုပ္လာေနတယ္လို႔ ေျပာပါတယ္။
(Zawgyi)⤵⤵⤵
႐ုပ္ရွင္ေတြ ဇာတ္လမ္းေတြမွာေတြ႕ခဲ့ဖူးတာေတြကို ေမ့ထားလိုက္ပါ။ တကယ့္ လက္ေတြ႕မွာေတာ့ သမၼတတစ္ဦးကို ကြန္ဂရက္လႊတ္ေတာ္က စြပ္စြဲျပစ္တင္ အေရးယူၿပီး ရာထူးက ဖယ္လိုက္တာမ်ိဳးဟာ ေတြ႕ျမင္ေနက် ျမင္ကြင္းမ်ိဳး မဟုတ္ေတာ ေသခ်ာပါတယ္။

အဆုံးသတ္ ဘယ္လို ျဖစ္လာမယ္ဆိုတာ မေသခ်ာေသးရင္ေတာင္ သမၼတထရမ့္ကို အေရးယူဖို႔ စုံစမ္းစစ္ေဆးမႈ ၾကားနားပြဲကို ႏိုဝင္ဘာ ၁၃ ရက္ေန႔မွာ စတင္ေတာ့မွာမို႔ စိတ္ဝင္စားသူေတြ ေစာင့္ၾကည့္ၾကဖို႔ ေကာင္းပါတယ္။ ႏိုင္ငံေရးဆိုတာ အေကြ႕အေကာက္ အတက္အဆင္းေတြမ်ားလွတာမို႔ အေသအခ်ာမေျပာႏိုင္ေပမယ့္ ဒီၾကားနာပြဲ၊ ဒီအေရးယူဖို႔ အစီအစဥ္ေတြနဲ႔ ပတ္သက္ၿပီး သိထားသင့္တာေလးေတြကို ဒီမွာ ေဝမွ်ေပးသြားပါမယ္။
အဂၤလိပ္လိုေတာ့ impeachment လို႔ေခၚတဲ့ စြပ္စြဲျပစ္တင္အေရးယူတယ္ဆိုတာ ဘယ္လိုဟာမ်ိဳးပါလဲ

ဒါက လက္ရွိတာဝန္ထမ္းေဆာင္ေနတဲ့ သမၼတတစ္ဦးကို ကြန္ဂရက္လႊတ္ေတာ္က စုံစမ္းစစ္ေဆးၿပီး အျပစ္ရွိရင္ ရာထူးက ဖယ္ရွားႏိုင္တဲ့ လုပ္ငန္းစဥ္ပါ။ စုံစမ္းစစ္ေဆးမႈၿပီးတာနဲ႔ သမၼတကို ခ်က္ျခင္းရာထူးက ဖယ္ရွားလိုက္မွာ ျဖစ္တယ္လို႔ တခ်ိဳ႕က ယူဆတာရွိပါတယ္။ တကယ္တမ္းကေတာ့ ဒီလုပ္ငန္းစဥ္ဟာ ကြန္ဂရက္လႊတ္ေတာ္ထဲက အထက္နဲ႔ ေအာက္ လႊတ္ေတာ္ႏွစ္ရပ္မွာ ဆက္လုပ္ရတဲ့ အဆင့္ႏွစ္ဆင့္အတြက္ အစပဲ ျဖစ္ပါေသးတယ္။

 သမၼတကို ဆီးနိတ္မွာ စစ္ေဆးစီရင္ဖို႔ သင့္မသင့္ ေအာက္လႊတ္ေတာ္က အရင္ဆုံးျဖတ္မယ္။
ပထမအဆင့္မွာ ေဟာက္စ္လို႔ေခၚတဲ့ ေအာက္လႊတ္ေတာ္အမတ္ေတြက သူတို႔ဆီမွာ ရရွိထားတဲ့၊ တင္ျပလာတဲ့ သက္ေသ အေထာက္အထားေတြကို ၾကည့္ၿပီး သမၼတကို စြဲခ်က္တင္လိုျခင္း ရွိမရွိ ဆုံးျဖတ္ၾကပါတယ္။

တကယ္တမ္းမွာေတာ့ အဲဒီလို စြဲခ်က္တင္လာရင္ တရားစီရင္မႈကို အထက္လႊတ္ေတာ္ ဆီးနိတ္က လုပ္ရတာျဖစ္ပါတယ္။ သမၼတမွာ အျပစ္ရွိေၾကာင္း ထင္ရွားေတြ႕ရရင္ေတာ့ သူ႔ကို ရာထူးက ဖယ္ရွားၿပီး သူ႔ေနရာမွာ ဒုတိယသမၼတက သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုလို႔ ရာထူး ရယူရပါတယ္။
အရင္က သမၼတဘယ္ႏွစ္ေယာက္ အခုလို စြပ္စြဲျပစ္တင္မႈနဲ႔ ရင္ဆိုင္ခဲ့ရဖူးပါသလဲ

အရင္က ႏွစ္ေယာက္ပဲ ရွိပါတယ္။ ၁၈၆၈ မွာ အင္ဒ႐ူးဂြၽန္ဆင္နဲ႔ ၁၉၉၈ မွာ ဘီလ္ကလင္တန္ပါ။ သူတို႔ ႏွစ္ေယာက္စလုံးကို ေအာက္လႊတ္ေတာ္ ေဟာက္စ္က စြပ္စြဲျပစ္တင္ခဲ့ေပမယ့္ အထက္လႊတ္ေတာ္ ဆီးနိတ္မွာေတာ့ ႏွစ္ေယာက္စလုံး အျပစ္က လြတ္ခဲ့ပါတယ္။

၁၉၇၄ ခုႏွစ္တုန္းကလည္း သမၼတ ရစ္ခ်တ္နစ္ဆင္ဟာ သူ႔ၿပိဳင္ဘက္အေပၚ သူလွ်ိဳလႊတ္ေထာက္လွမ္းေစခဲ့တယ္ဆိုတာ ေပၚေပါက္လာခဲ့ပါတယ္။ ဝါးတားဂိတ္လို႔ နာမည္ေက်ာ္တဲ့ အမႈပါ။ ဒီအမႈေပၚလာေတာ့ လႊတ္ေတာ္ ႏွစ္ရပ္စလုံးက သူ႔ကို စြပ္စြဲျပစ္တင္ အေရးယူဖို႔ ေသခ်ာလာခ်ိန္မွာ သမၼတနစ္ဆင္က အဲဒါကို မေစာင့္ေတာ့ဘဲ ႏုတ္ထြက္သြားခဲ့ပါတယ္။
အခုေရာ သမၼတထရမ့္က ဘာေတြ က်ဴးလြန္ခဲ့လို႔ စြပ္စြဲခံေနရတာပါလဲ

သမၼတေဒၚနယ္ထရမ့္ဟာ သူ႔ရာထူးအရွိန္အဝါကို အလြဲသုံးၿပီး လာမယ့္ေ႐ြးေကာက္ပြဲမွာ အႏိုင္ရဖို႔ အခြင့္အလမ္းပိုမ်ားေအာင္ မသမာတဲ့ နည္းလမ္းေတြ သုံးခဲ့တယ္လို႔ စြပ္စြဲခံေနရတာ ျဖစ္ပါတယ္။
ထရမ့္က သူ႔ၿပိဳင္ဘက္ကို စုံစမ္းေထာက္လွမ္းေပးဖို႔၊ မေပးရင္ စစ္ေရးအကူအညီမေပးဘူးလို႔ ယူကရိန္းကို ေျပာခဲ့တယ္ဆိုၿပီး စြပ္စြဲခံေနရ

မစၥတာထရမ့္က ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ သူ႔အတြက္ အဓိက ၿပိဳင္ဘက္ျဖစ္လာႏိုင္တဲ့ ဒီမိုကရက္တစ္ သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္ရဲ႕ မိသားစုနဲ႔ ပတ္သက္ၿပီး ထိခိုက္ေစႏိုင္တဲ့ အခ်က္အလက္ေတြ ရွာေဖြေဖာ္ထုတ္ေပးဖို႔ ယူကရိန္းသမၼတ ဗိုလိုဒီမီယာ ဇယ္လင္းစကီးကို ဖိအားေပးခဲ့တယ္လို႔ စြပ္စြဲခံေနရတာပါ။
ထရမ့္က ဥပေဒခ်ိဳးေဖာက္ခဲ့တာ ရွိပါသလား

မစၥတာထရမ့္ကေတာ့ သူ ဘာမွ အမွားမလုပ္ခဲ့ဘူးလို႔ေျပာၿပီး သူ႔ကို စြပ္စြဲျပစ္တင္အေရးယူဖို႔ ႀကိဳးစားတာဟာ "႐ူးသြပ္ ေပါ့သြမ္း ဖ်က္ဆီးလိုသူေတြရဲ႕ အလြန္အမင္း ဘက္လိုက္တဲ့ လုပ္ရပ္တစ္ခု" လို႔ ေျပာပါတယ္။ သမၼတရဲ႕ အိမ္ျဖဴေတာ္႐ုံးကလည္း ဒီ လုပ္ငန္းစဥ္မွာ သူတို႔ ဘာမွ ပူးေပါင္းေဆာင္႐ြက္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။

ဒါေပမယ့္ ထရမ့္က ဇူလိုင္ ၂၅ ရက္ေန႔က သမၼတဇယ္လင္းစကီးကို ဖုန္းဆက္ခဲ့တဲ့အေၾကာင္း သတင္းေပးသူတစ္ေယာက္က ေဖာ္ထုတ္လိုက္ခ်ိန္ကစလို႔ သမၼတထရမ့္လည္း အရႈပ္ေတာ္ပုံထဲ ေဝဖန္ခ်က္ေတြနဲ႔ ဆက္တိုက္ ရင္ဆိုင္လာခဲ့ ရပါတယ္။

ထရမ့္က ယူကရိန္းကို ေပးဖို႔ရွိတဲ့ စစ္ေရးအကူအညီ ေဒၚလာသန္းေပါင္းမ်ားစြာကို ပိတ္ဆို႔ထားခဲ့ပါတယ္။ ယူကရိန္းအေနနဲ႔ ထရမ့္ရဲ႕ ၿပိဳင္ဘက္ကို စုံစမ္းေထာက္လွမ္းေပးတာမ်ိဳး မလုပ္ရင္ အဲဒီေငြေတြကို ထုတ္မေပးဘူးလို႔ ရွင္းရွင္း ေျပာခဲ့တယ္လို႔လည္း အေမရိကန္ အရာရွိႀကီး ေလးေယာက္က ေျပာထားပါတယ္။ အဲဒီလို ေျပာအၿပီးမွာ ယူကရိန္းက ထရမ့္ရဲ႕ ၿပိဳင္ဘက္ကို စုံစမ္းေထာက္လွမ္းမႈေတြ စလုပ္ခဲ့ပါတယ္။ အိမ္ျဖဴေတာ္ကေတာ့ ထရမ့္ အဲဒီလို ေျပာခဲ့တယ္ဆိုတာကို ျငင္းပါတယ္။
 သမၼတထရမ့္ကို စုံစစမ္းစစ္ေဆးဖို႔ ေကာ္မီတီ ၆ ခုဖြဲ႕ၿပီး လုပ္သြားမယ္လို႔ ဒီမိုကရက္ေခါင္းေဆာင္ နန္စီပလိုစီက ေၾကညာ

ေနာက္ ဘာဆက္ျဖစ္ဖို႔ရွိပါသလဲ

ထရမ့္ဘာလုပ္ခဲ့သလဲဆိုတာကို လႊတ္ေတာ္တြင္းက အမတ္ေတြက ေကာ္မတီေလးေတြဖြဲ႕ၿပီး စုံစမ္းစစ္ေဆးသြားမွာပါ။ ေကာ္မတီ တစ္ခုစီက အခု ကိစၥနဲ႔ ဆက္စပ္မႈရွိႏိုင္တဲ့ အေၾကာင္းအရာ တစ္ခုခ်င္းစီကို အထူးျပဳ စစ္ေဆးၾကမွာ ျဖစ္ပါတယ္။ ဥပမာ ႏိုင္ငံျခားေရး၊ ေငြေၾကးဆိုင္ရာ လႊဲေျပာင္းေပးအပ္တဲ့ လုပ္ငန္းနဲ႔ တရားဥပေဒေရးရာတို႔ ျဖစ္ပါတယ္။ လူအမ်ားေရွ႕မွာ သက္ေသခံထြက္ဆိုဖို႔ လိုအပ္တဲ့ လူေတြကိုလည္း ေခၚယူ စစ္ေဆးမွာ ျဖစ္ပါတယ္။

သမၼတရဲ႕ ေရွ႕ေနေတြလည္း ဒီစစ္ေဆးမႈေတြမွာ ပါဝင္တက္ေရာက္ႏိုင္ပါတယ္။ ေကာ္မတီေတြက သမၼတကို စြဲခ်က္တင္ဖို႔ ဆုံးျဖတ္ခဲ့ရင္ေတာ့ ေအာက္လႊတ္ေတာ္အမတ္ေတြ အားလုံးက ဒါကို မဲခြဲဆုံးျဖတ္ရမွာ ျဖစ္ပါတယ္။
စြပ္စြဲျပစ္တင္မႈ အထေျမာက္ဖို႔ အလားအလာဘယ္ေလာက္ရွိပါသလဲ

အခု အဆင့္မွာေတာ့ မဲခြဲတဲ့အခါ မဲအသာရ႐ုံနဲ႔ သမၼတကို စြဲဆိုႏိုင္ပါတယ္။ အခုလက္ရွိ ေအာက္လႊတ္ေတာ္မွာက အတိုက္အခံ ဒီမိုကရက္ေတြက အမ်ားစုျဖစ္ေနေတာ့ ထရမ့္ကို စြပ္စြဲျပစ္တင္မႈက အထေျမာက္ႏိုင္ပါတယ္။ ဒီမိုကရက္ပါတီက ထိပ္တန္းေခါင္းေဆာင္ေတြကေတာ့ မဲခြဲမႈကို ဒီႏွစ္ မကုန္ခင္ ျဖစ္ေအာင္လုပ္ခ်င္တယ္လို႔ ေျပာထားပါတယ္။

အင္ဒ႐ူးဂြၽန္ဆင္ (ဝဲ) နဲ႔ ဘီလ္ကလင္တန္ (ယာ)တို႔ ဟာ စြပ္စြဲျပစ္တင္ခံခဲ့ရၿပီး နစ္ဆင္ (လယ္)ကေတာ့ စြဲဆိုမခံရခင္ ႏုတ္ထြက္သြားပါတယ္။

ဒါဆို ထရမ့္ သမၼတအျဖစ္က ျပဳတ္သြားႏိုင္မယ့္ အလားအလာကေရာ

သူကေတာ့ အထုပ္ျပင္ ဖ်ာလိပ္ေနတဲ့ အေနအထားမရွိေသးပါဘူး။ သူ႔ရဲ႕ ရီပတ္ဘလီကန္ပါတီက ဆီးနိတ္ အထက္လႊတ္ေတာ္မွာ အမတ္ ၁၀၀ ထဲမွာ ၅၃ ေနရာ ရထားပါတယ္။ သမၼတကို ရာထူးက ဖယ္ဖို႔ ဆိုရင္ အထက္လႊတ္ေတာ္အမတ္ ၃ ပုံ ၂ ပုံက ေထာက္ခံမဲေပးဖို႔ လိုပါတယ္။ ဒါေၾကာင့္ သူ႔ပါတီထဲကပဲ အမတ္ ၂၀ ေလာက္က သူ႔ကို ဆန္႔က်င္တာမ်ိဳး မလုပ္ရင္ သူ ေနရာမွာ ေနၿမဲေနႏိုင္ပါေသးတယ္။ အခုအထိေတာ့ ရီပတ္ဘလီကန္ေတြက သူတို႔ သမၼတကို ေထာက္ခံေနၾကဆဲ ျဖစ္ပါတယ္။
ဒါဆိုအခုစြပ္စြဲျပစ္တင္ဖို႔လုပ္တာက ႏိုင္ငံေရးစတန္႔တစ္ခု သက္သက္လား

ထရမ့္ကို ေထာက္ခံသူေတြကေတာ့ အခုလုပ္ရပ္ဟာ အတိုက္အခံေတြက သမၼတကို ေနာက္ေ႐ြးေကာက္ပြဲမွာ မႏိုင္ေအာင္ အင္အားခ်ည့္နဲ႔ေအာင္ ႀကိဳးပမ္းခ်က္လို႔ မွတ္ယူၾကပါတယ္။ အခုလို စြပ္စြဲ ျပစ္တင္ၾကတယ္၊ ဒါကို ခံရတယ္ဆိုကတည္းက သမၼတရဲ႕ ပုံရိပ္ကို အႀကီးအက်ယ္ ထိခိုက္ေစခဲ့ပါၿပီ။

အခု စုံစမ္းစစ္ေဆးမႈေတြရဲ႕ အက်ိဳးဆက္ေတြကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲအေပၚ သက္ေရာက္မႈေတြရွိမွာ ျဖစ္ပါတယ္။
တစ္ခါ ဒီမိုကရက္တစ္ပါတီရဲ႕ ေအာက္လႊတ္ေတာ္ ဥကၠ႒ နန္စီပလိုစီ ရဲ႕ ေျပာစကားကလည္း မွတ္သားစရာပါ။ သူက "ဥပေဒမဲ့လုပ္ရပ္ေတြကို စိုးရိမ္စရာေကာင္းေလာက္ေအာင္" လုပ္လာတဲ့ ထရမ့္ရဲ႕ အစိုးရကို ထိန္းခ်ဳပ္ဖို႔ လိုေနၿပီလို႔ ဆိုပါတယ္။

ဘီလ်ံနာ သူေဌးႀကီး ဘဝကေန ႏိုင္ငံေရးေလာကထဲ ဝင္လာတဲ့ မစၥတာထရမ့္ဟာ ဥေပဒေရးရာပိုင္းမွာ အျငင္းပြားစရာ ကိစၥေတြအမ်ားႀကီးနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ႐ုရွားေတြ ဝင္စြက္ဖက္ခဲ့တယ္ဆိုတဲ့ ကိစၥ၊ သူ႔ရဲ႕ အခြန္ထမ္းေဆာင္မႈ မွတ္တမ္းအေထာက္အထားေတြကို ထုတ္ျပန္ဖို႔ ျငင္းဆိုခဲ့တဲ့ ကိစၥနဲ႔၊ သူနဲ႔ ရႈပ္ခဲ့၊ ျဖစ္ခဲ့တယ္ဆိုတဲ့ အမ်ိဳးသမီးကို ေငြေတြေပးၿပီး ႏႈတ္ပိတ္ေနခိုင္းခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြလည္း ရင္ဆိုင္ခဲ့ရသူပါ။

သူ ထင္ရာလုပ္ခဲ့တဲ့ ကိစၥေတြ တသီႀကီးထဲမွာ အခု ယူကရိန္း- ဘိုင္ဒန္အေရးအခင္းက အခုလို သူ႔ကို စြပ္စြဲျပစ္တင္ဖို႔ အထိ အျခအေန ဖန္တီးလာခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ တစ္ခုေတာ့ မွတ္သားထားဖို႔ လိုပါလိမ့္မယ္။ အခုလို လက္ရွိသမၼတကို စြပ္စြဲျပစ္တင္အေရးယူဖို႔ လုပ္တဲ့ ကိစၥဟာ အတိုက္အခံအတြက္လည္း အႏၲရာယ္ မကင္းတဲ့ လုပ္ရပ္ပါ။ အခု စုံစမ္းမႈေတြ ဘယ္မွ မေရာက္ခဲ့ရင္ သူတို႔အတြက္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တန္ျပန္သက္ေရာက္မႈေတြ ျဖစ္လာႏိုင္ပါတယ္။ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရတဲ့ မဲဆႏၵနယ္ေတြမွာ ဒီမိုကရက္ေတြအတြက္ ရလဒ္မေကာင္းပဲ ျဖစ္သြားႏိုင္တာကိုလည္း သတိထားစရာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
------------------
(Unicode)⤵⤵⤵
ထရမ့်ကို စွပ်စွဲပြစ်တင်အရေးယူနိုင်မယ့် အလားအလာ

ဓာတ်ပုံ မူပိုင် Reuters
Image caption အတိုက်အခံ ဒီမိုကရက်တွေကတော့ ထရမ့်အစိုးရဟာ ဥပဒေမဲ့ လုပ်ရပ်တွေမကြုံစဖူး လုပ်လာနေတယ်လို့ ပြောပါတယ်။

ရုပ်ရှင်တွေ ဇာတ်လမ်းတွေမှာတွေ့ခဲ့ဖူးတာတွေကို မေ့ထားလိုက်ပါ။ တကယ့် လက်တွေ့မှာတော့ သမ္မတတစ်ဦးကို ကွန်ဂရက်လွှတ်တော်က စွပ်စွဲပြစ်တင် အရေးယူပြီး ရာထူးက ဖယ်လိုက်တာမျိုးဟာ တွေ့မြင်နေကျ မြင်ကွင်းမျိုး မဟုတ်တော သေချာပါတယ်။

အဆုံးသတ် ဘယ်လို ဖြစ်လာမယ်ဆိုတာ မသေချာသေးရင်တောင် သမ္မတထရမ့်ကို အရေးယူဖို့ စုံစမ်းစစ်ဆေးမှု ကြားနားပွဲကို နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်တော့မှာမို့ စိတ်ဝင်စားသူတွေ စောင့်ကြည့်ကြဖို့ ကောင်းပါတယ်။ နိုင်ငံရေးဆိုတာ အကွေ့အကောက် အတက်အဆင်းတွေများလှတာမို့ အသေအချာမပြောနိုင်ပေမယ့် ဒီကြားနာပွဲ၊ ဒီအရေးယူဖို့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ဒီမှာ ဝေမျှပေးသွားပါမယ်။
အင်္ဂလိပ်လိုတော့ impeachment လို့ခေါ်တဲ့ စွပ်စွဲပြစ်တင်အရေးယူတယ်ဆိုတာ ဘယ်လိုဟာမျိုးပါလဲ

ဒါက လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သမ္မတတစ်ဦးကို ကွန်ဂရက်လွှတ်တော်က စုံစမ်းစစ်ဆေးပြီး အပြစ်ရှိရင် ရာထူးက ဖယ်ရှားနိုင်တဲ့ လုပ်ငန်းစဉ်ပါ။ စုံစမ်းစစ်ဆေးမှုပြီးတာနဲ့ သမ္မတကို ချက်ခြင်းရာထူးက ဖယ်ရှားလိုက်မှာ ဖြစ်တယ်လို့ တချို့က ယူဆတာရှိပါတယ်။ တကယ်တမ်းကတော့ ဒီလုပ်ငန်းစဉ်ဟာ ကွန်ဂရက်လွှတ်တော်ထဲက အထက်နဲ့ အောက် လွှတ်တော်နှစ်ရပ်မှာ ဆက်လုပ်ရတဲ့ အဆင့်နှစ်ဆင့်အတွက် အစပဲ ဖြစ်ပါသေးတယ်။
ဓာတ်ပုံ မူပိုင် Empics
Image caption သမ္မတကို ဆီးနိတ်မှာ စစ်ဆေးစီရင်ဖို့ သင့်မသင့် အောက်လွှတ်တော်က အရင်ဆုံးဖြတ်မယ်။

ပထမအဆင့်မှာ ဟောက်စ်လို့ခေါ်တဲ့ အောက်လွှတ်တော်အမတ်တွေက သူတို့ဆီမှာ ရရှိထားတဲ့၊ တင်ပြလာတဲ့ သက်သေ အထောက်အထားတွေကို ကြည့်ပြီး သမ္မတကို စွဲချက်တင်လိုခြင်း ရှိမရှိ ဆုံးဖြတ်ကြပါတယ်။

တကယ်တမ်းမှာတော့ အဲဒီလို စွဲချက်တင်လာရင် တရားစီရင်မှုကို အထက်လွှတ်တော် ဆီးနိတ်က လုပ်ရတာဖြစ်ပါတယ်။ သမ္မတမှာ အပြစ်ရှိကြောင်း ထင်ရှားတွေ့ရရင်တော့ သူ့ကို ရာထူးက ဖယ်ရှားပြီး သူ့နေရာမှာ ဒုတိယသမ္မတက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုလို့ ရာထူး ရယူရပါတယ်။
အရင်က သမ္မတဘယ်နှစ်ယောက် အခုလို စွပ်စွဲပြစ်တင်မှုနဲ့ ရင်ဆိုင်ခဲ့ရဖူးပါသလဲ

အရင်က နှစ်ယောက်ပဲ ရှိပါတယ်။ ၁၈၆၈ မှာ အင်ဒရူးဂျွန်ဆင်နဲ့ ၁၉၉၈ မှာ ဘီလ်ကလင်တန်ပါ။ သူတို့ နှစ်ယောက်စလုံးကို အောက်လွှတ်တော် ဟောက်စ်က စွပ်စွဲပြစ်တင်ခဲ့ပေမယ့် အထက်လွှတ်တော် ဆီးနိတ်မှာတော့ နှစ်ယောက်စလုံး အပြစ်က လွတ်ခဲ့ပါတယ်။

၁၉၇၄ ခုနှစ်တုန်းကလည်း သမ္မတ ရစ်ချတ်နစ်ဆင်ဟာ သူ့ပြိုင်ဘက်အပေါ် သူလျှိုလွှတ်ထောက်လှမ်းစေခဲ့တယ်ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဝါးတားဂိတ်လို့ နာမည်ကျော်တဲ့ အမှုပါ။ ဒီအမှုပေါ်လာတော့ လွှတ်တော် နှစ်ရပ်စလုံးက သူ့ကို စွပ်စွဲပြစ်တင် အရေးယူဖို့ သေချာလာချိန်မှာ သမ္မတနစ်ဆင်က အဲဒါကို မစောင့်တော့ဘဲ နုတ်ထွက်သွားခဲ့ပါတယ်။
အခုရော သမ္မတထရမ့်က ဘာတွေ ကျူးလွန်ခဲ့လို့ စွပ်စွဲခံနေရတာပါလဲ

သမ္မတဒေါ်နယ်ထရမ့်ဟာ သူ့ရာထူးအရှိန်အဝါကို အလွဲသုံးပြီး လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အခွင့်အလမ်းပိုများအောင် မသမာတဲ့ နည်းလမ်းတွေ သုံးခဲ့တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ထရမ့်က သူ့ပြိုင်ဘက်ကို စုံစမ်းထောက်လှမ်းပေးဖို့၊ မပေးရင် စစ်ရေးအကူအညီမပေးဘူးလို့ ယူကရိန်းကို ပြောခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရ

မစ္စတာထရမ့်က ၂၀၂၀ ရွေးကောက်ပွဲမှာ သူ့အတွက် အဓိက ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်ရဲ့ မိသားစုနဲ့ ပတ်သက်ပြီး ထိခိုက်စေနိုင်တဲ့ အချက်အလက်တွေ ရှာဖွေဖော်ထုတ်ပေးဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်းစကီးကို ဖိအားပေးခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။
ထရမ့်က ဥပဒေချိုးဖောက်ခဲ့တာ ရှိပါသလား

မစ္စတာထရမ့်ကတော့ သူ ဘာမှ အမှားမလုပ်ခဲ့ဘူးလို့ပြောပြီး သူ့ကို စွပ်စွဲပြစ်တင်အရေးယူဖို့ ကြိုးစားတာဟာ "ရူးသွပ် ပေါ့သွမ်း ဖျက်ဆီးလိုသူတွေရဲ့ အလွန်အမင်း ဘက်လိုက်တဲ့ လုပ်ရပ်တစ်ခု" လို့ ပြောပါတယ်။ သမ္မတရဲ့ အိမ်ဖြူတော်ရုံးကလည်း ဒီ လုပ်ငန်းစဉ်မှာ သူတို့ ဘာမှ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ထရမ့်က ဇူလိုင် ၂၅ ရက်နေ့က သမ္မတဇယ်လင်းစကီးကို ဖုန်းဆက်ခဲ့တဲ့အကြောင်း သတင်းပေးသူတစ်ယောက်က ဖော်ထုတ်လိုက်ချိန်ကစလို့ သမ္မတထရမ့်လည်း အရှုပ်တော်ပုံထဲ ဝေဖန်ချက်တွေနဲ့ ဆက်တိုက် ရင်ဆိုင်လာခဲ့ ရပါတယ်။

ထရမ့်က ယူကရိန်းကို ပေးဖို့ရှိတဲ့ စစ်ရေးအကူအညီ ဒေါ်လာသန်းပေါင်းများစွာကို ပိတ်ဆို့ထားခဲ့ပါတယ်။ ယူကရိန်းအနေနဲ့ ထရမ့်ရဲ့ ပြိုင်ဘက်ကို စုံစမ်းထောက်လှမ်းပေးတာမျိုး မလုပ်ရင် အဲဒီငွေတွေကို ထုတ်မပေးဘူးလို့ ရှင်းရှင်း ပြောခဲ့တယ်လို့လည်း အမေရိကန် အရာရှိကြီး လေးယောက်က ပြောထားပါတယ်။ အဲဒီလို ပြောအပြီးမှာ ယူကရိန်းက ထရမ့်ရဲ့ ပြိုင်ဘက်ကို စုံစမ်းထောက်လှမ်းမှုတွေ စလုပ်ခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ ထရမ့် အဲဒီလို ပြောခဲ့တယ်ဆိုတာကို ငြင်းပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတထရမ့်ကို စုံစစမ်းစစ်ဆေးဖို့ ကော်မီတီ ၆ ခုဖွဲ့ပြီး လုပ်သွားမယ်လို့ ဒီမိုကရက်ခေါင်းဆောင် နန်စီပလိုစီက ကြေညာ
နောက် ဘာဆက်ဖြစ်ဖို့ရှိပါသလဲ

ထရမ့်ဘာလုပ်ခဲ့သလဲဆိုတာကို လွှတ်တော်တွင်းက အမတ်တွေက ကော်မတီလေးတွေဖွဲ့ပြီး စုံစမ်းစစ်ဆေးသွားမှာပါ။ ကော်မတီ တစ်ခုစီက အခု ကိစ္စနဲ့ ဆက်စပ်မှုရှိနိုင်တဲ့ အကြောင်းအရာ တစ်ခုချင်းစီကို အထူးပြု စစ်ဆေးကြမှာ ဖြစ်ပါတယ်။ ဥပမာ နိုင်ငံခြားရေး၊ ငွေကြေးဆိုင်ရာ လွှဲပြောင်းပေးအပ်တဲ့ လုပ်ငန်းနဲ့ တရားဥပဒေရေးရာတို့ ဖြစ်ပါတယ်။ လူအများရှေ့မှာ သက်သေခံထွက်ဆိုဖို့ လိုအပ်တဲ့ လူတွေကိုလည်း ခေါ်ယူ စစ်ဆေးမှာ ဖြစ်ပါတယ်။

သမ္မတရဲ့ ရှေ့နေတွေလည်း ဒီစစ်ဆေးမှုတွေမှာ ပါဝင်တက်ရောက်နိုင်ပါတယ်။ ကော်မတီတွေက သမ္မတကို စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့ရင်တော့ အောက်လွှတ်တော်အမတ်တွေ အားလုံးက ဒါကို မဲခွဲဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
စွပ်စွဲပြစ်တင်မှု အထမြောက်ဖို့ အလားအလာဘယ်လောက်ရှိပါသလဲ

အခု အဆင့်မှာတော့ မဲခွဲတဲ့အခါ မဲအသာရရုံနဲ့ သမ္မတကို စွဲဆိုနိုင်ပါတယ်။ အခုလက်ရှိ အောက်လွှတ်တော်မှာက အတိုက်အခံ ဒီမိုကရက်တွေက အများစုဖြစ်နေတော့ ထရမ့်ကို စွပ်စွဲပြစ်တင်မှုက အထမြောက်နိုင်ပါတယ်။ ဒီမိုကရက်ပါတီက ထိပ်တန်းခေါင်းဆောင်တွေကတော့ မဲခွဲမှုကို ဒီနှစ် မကုန်ခင် ဖြစ်အောင်လုပ်ချင်တယ်လို့ ပြောထားပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အင်ဒရူးဂျွန်ဆင် (ဝဲ) နဲ့ ဘီလ်ကလင်တန် (ယာ)တို့ ဟာ စွပ်စွဲပြစ်တင်ခံခဲ့ရပြီး နစ်ဆင် (လယ်)ကတော့ စွဲဆိုမခံရခင် နုတ်ထွက်သွားပါတယ်။
ဒါဆို ထရမ့် သမ္မတအဖြစ်က ပြုတ်သွားနိုင်မယ့် အလားအလာကရော

သူကတော့ အထုပ်ပြင် ဖျာလိပ်နေတဲ့ အနေအထားမရှိသေးပါဘူး။ သူ့ရဲ့ ရီပတ်ဘလီကန်ပါတီက ဆီးနိတ် အထက်လွှတ်တော်မှာ အမတ် ၁၀၀ ထဲမှာ ၅၃ နေရာ ရထားပါတယ်။ သမ္မတကို ရာထူးက ဖယ်ဖို့ ဆိုရင် အထက်လွှတ်တော်အမတ် ၃ ပုံ ၂ ပုံက ထောက်ခံမဲပေးဖို့ လိုပါတယ်။ ဒါကြောင့် သူ့ပါတီထဲကပဲ အမတ် ၂၀ လောက်က သူ့ကို ဆန့်ကျင်တာမျိုး မလုပ်ရင် သူ နေရာမှာ နေမြဲနေနိုင်ပါသေးတယ်။ အခုအထိတော့ ရီပတ်ဘလီကန်တွေက သူတို့ သမ္မတကို ထောက်ခံနေကြဆဲ ဖြစ်ပါတယ်။
ဒါဆိုအခုစွပ်စွဲပြစ်တင်ဖို့လုပ်တာက နိုင်ငံရေးစတန့်တစ်ခု သက်သက်လား

ထရမ့်ကို ထောက်ခံသူတွေကတော့ အခုလုပ်ရပ်ဟာ အတိုက်အခံတွေက သမ္မတကို နောက်ရွေးကောက်ပွဲမှာ မနိုင်အောင် အင်အားချည့်နဲ့အောင် ကြိုးပမ်းချက်လို့ မှတ်ယူကြပါတယ်။ အခုလို စွပ်စွဲ ပြစ်တင်ကြတယ်၊ ဒါကို ခံရတယ်ဆိုကတည်းက သမ္မတရဲ့ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေခဲ့ပါပြီ။
ဓာတ်ပုံ မူပိုင် EPA
Image caption အခု စုံစမ်းစစ်ဆေးမှုတွေရဲ့ အကျိုးဆက်တွေကတော့ ၂၀၂၀ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုတွေရှိမှာ ဖြစ်ပါတယ်။

တစ်ခါ ဒီမိုကရက်တစ်ပါတီရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ရဲ့ ပြောစကားကလည်း မှတ်သားစရာပါ။ သူက "ဥပဒေမဲ့လုပ်ရပ်တွေကို စိုးရိမ်စရာကောင်းလောက်အောင်" လုပ်လာတဲ့ ထရမ့်ရဲ့ အစိုးရကို ထိန်းချုပ်ဖို့ လိုနေပြီလို့ ဆိုပါတယ်။

ဘီလျံနာ သူဌေးကြီး ဘဝကနေ နိုင်ငံရေးလောကထဲ ဝင်လာတဲ့ မစ္စတာထရမ့်ဟာ ဥပေဒရေးရာပိုင်းမှာ အငြင်းပွားစရာ ကိစ္စတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ရုရှားတွေ ဝင်စွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စ၊ သူ့ရဲ့ အခွန်ထမ်းဆောင်မှု မှတ်တမ်းအထောက်အထားတွေကို ထုတ်ပြန်ဖို့ ငြင်းဆိုခဲ့တဲ့ ကိစ္စနဲ့၊ သူနဲ့ ရှုပ်ခဲ့၊ ဖြစ်ခဲ့တယ်ဆိုတဲ့ အမျိုးသမီးကို ငွေတွေပေးပြီး နှုတ်ပိတ်နေခိုင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရင်ဆိုင်ခဲ့ရသူပါ။

သူ ထင်ရာလုပ်ခဲ့တဲ့ ကိစ္စတွေ တသီကြီးထဲမှာ အခု ယူကရိန်း- ဘိုင်ဒန်အရေးအခင်းက အခုလို သူ့ကို စွပ်စွဲပြစ်တင်ဖို့ အထိ အခြအနေ ဖန်တီးလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုတော့ မှတ်သားထားဖို့ လိုပါလိမ့်မယ်။ အခုလို လက်ရှိသမ္မတကို စွပ်စွဲပြစ်တင်အရေးယူဖို့ လုပ်တဲ့ ကိစ္စဟာ အတိုက်အခံအတွက်လည်း အန္တရာယ် မကင်းတဲ့ လုပ်ရပ်ပါ။ အခု စုံစမ်းမှုတွေ ဘယ်မှ မရောက်ခဲ့ရင် သူတို့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ တန်ပြန်သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ မဲဆန္ဒနယ်တွေမှာ ဒီမိုကရက်တွေအတွက် ရလဒ်မကောင်းပဲ ဖြစ်သွားနိုင်တာကိုလည်း သတိထားစရာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ထရမ့္ကို စြပ္စြဲျပစ္တင္အေရးယူႏိုင္မယ့္ အလားအလာ ထရမ့္ကို စြပ္စြဲျပစ္တင္အေရးယူႏိုင္မယ့္ အလားအလာ Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.