အေၾကာေလွ်ာ့ျခင္းကေန ရႏိုင္မယ့္ က်န္းမာေရးအက်ိဳးေက်းဇူး

(Zawgyi)⤵⤵⤵
မနက္အိပ္ရာကႏိုးလာရင္ ခႏၶာကိုယ္ႀကီးက ေတာင့္တင္းေနတယ္။ တစ္ေနကုန္ အလုပ္လုပ္ၿပီးရင္လည္ ေတာင့္တင္းနာက်င္ေနတာပဲ။ ဘာလုပ္ရမွန္းမသိဘူးဆိုတဲ့ သူေတြမ်ားရွိလား။ ဒါဆိုရင္ေတာ့ ႀကဳံေနရတဲ့ ဒီျပႆနာကို ေျဖရွင္းဖို႔ အေကာင္းဆုံးနည္းလမ္းကို ေျပာျပေပးပါရေစလား။

တင္းေနတဲ့ အေၾကာေတြေျပေလ်ာ့ေစဖို႔ ဘာလုပ္ရမလဲ………….

တင္းေနတဲ့ အေၾကာေတြကို ေျပေလ်ာ့ေစဖို႔ အေကာင္းဆုံးနည္းလမ္းက အေၾကာေလွ်ာ့တာပါ။ မနက္အိပ္ရာက ႏိုးလာရင္ျဖစ္ျဖစ္ ေရမခ်ိဳးခင္မွာျဖစ္ျဖစ္ အေၾကာေလွ်ာ့ေပးတာက အ႐ိုးနဲ႔ ႂကြက္သားေတြ က်န္းမာေရးကို ေတာ္ေတာ္ေလး အေထာက္အကူျပဳေပးႏိုင္တာပါ။ ဒီေတာ့ အေၾကာေလွ်ာ့လို႔ ဘယ္လို အက်ိဳးေက်းဇူးေတြရေစႏိုင္လဲဆိုတာကို ဒီေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္လိုက္ပါေနာ္။

အေၾကာေလွ်ာ့လို႔ရမယ့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြက ဘာေတြမ်ားလဲ………

ေန႔စဥ္ပုံမွန္ အေၾကာေလွ်ာ့ေပးမယ္ဆိုရင္

အေၾကာေတြေျပေလ်ာ့မယ္

ပုံမွန္ အေၾကာေလွ်ာ့ေပးတာက က်န္းမာေရးအတြက္ ေတာ္ေတာ္ေလး အေထာက္အကူျပဳေပးႏိုင္ပါတယ္။ ေန႔စဥ္ ပုံမွန္အေၾကာေလွ်ာ့ေပးတာက ခႏၶာကိုယ္ကိုတင္ ေျပေလ်ာ့ေစတာမဟုတ္ဘဲ ေန႔စဥ္လႈပ္ရွား သြားလာမႈေတြကိုလည္း အဆင္ေျပေျပနဲ႔ လုပ္ေဆာင္ႏိုင္ေစမွာပါ။ အသက္အ႐ြယ္ရလာတာေၾကာင့္ ခံစားရႏိုင္တဲ့ အဆစ္နာတာကိုလည္း သက္သာေစႏိုင္ပါတယ္။

လႈပ္ရွားရ အဆင္ေျပေစႏိုင္တယ္

အေၾကာပုံမွန္ေလွ်ာ့ေပးတာက အဆစ္ေတြ နဲ႔ ႂကြက္သားေတြကို က်န္းမာသန္စြမ္းေစၿပီး ေန႔စဥ္လႈပ္ရွားမႈတိုင္းမွာ အေကာင္းဆုံးလႈပ္ရွားႏိုင္မွာပါ။ သြားလာရတာ ေပါ့ပါး သြက္လက္ခ်င္တယ္ ဆိုရင္ေတာ့ အေၾကာပုံမွန္ ေလွ်ာ့ေပးပါ။

ေလ့က်င့္ခန္းလုပ္ရတာ အဆင္ေျပေစႏိုင္တယ္

ကိုယ္လက္လႈပ္ရွားမႈေတြမလုပ္ခင္မွာ အေၾကေလွ်ာ့ေလ့က်င့္ခန္းကို အရင္လုပ္ပါ။ ဒီလိုလုပ္ေပးျခင္းက ႂကြက္သားေတြဆီကို ေသြးစီးဆင္းေရာက္ရွိမႈေကာင္းေစသလို ေလ့က်င့္ခန္းလုပ္တဲ့အခါမွာ ႂကြက္သားေတြ အဆစ္ေတြ ထိခိုက္နာက်င္တာမ်ိဳးမျဖစ္ေစဘဲ အေကာင္းဆုံးလႈပ္ရွားႏိုင္ေစမွာပါ။

ႂကြက္သားေတြဆီ ေသြစီးဆင္းေရာက္ရွိမႈေကာင္းေစႏိုင္တယ္ အေၾကာေလွ်ာ့ေလ့က်င့္ခန္းကို ပုံမွန္လုပ္ေပးတာက ႂကြက္သြားေတြဆီ ေသြးစီးဆင္းေရာက္ရွိမႈေကာင္းေစၿပီး ႂကြက္သားေတြ နာက်င္တာ၊ ႂကြက္သားစုတ္ၿပဲတာမ်ိဳးေတြ မျဖစ္ေအာင္ အထိေရာက္ဆုံး ကာကြယ္ေပးႏိုင္ပါ။ ႂကြက္သားေတြ ေတာင့္တင္းနာက်င္တာမ်ိဳးမျဖစ္ေအာင္လည္း အေကာင္းဆုံးေထာက္ပံ့ေပးႏိုင္ပါတယ္။

ခႏၶာကိုယ္ကို အေနအထားမွန္ေစတယ္

အေၾကာပုံမွန္ ေလွ်ာ့ေပးတာက ႂကြက္သားေတြကို ေျပေလ်ာ့ေစၿပီး ကိုယ္ေနဟန္ထားကို မွန္ကန္ေစႏိုင္ပါတယ္။ အ႐ိုးနဲ႔ ႂကြက္သားနာက်င္မႈေတြမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္သလို ခႏၶာကိုယ္ကို ဟန္ခ်က္ညီညီ လႈပ္ရွားႏိုင္ေစမွာပါ။

ခါးနာမ်ိဳးမျဖစ္ေအာင္ ကာကြယ္ေပးတယ္

ပုံမွန္အေၾကာေလွ်ာ့ေပးတာက ေနာက္ေက်ာနဲ႔ခါးႂကြက္သားေတြ ေတာင့္တင္းေနတာကို ေျပေလ်ာ့ေစႏိုင္ၿပီး ခါးမနာေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ခါးႂကြက္သားေတြကို သန္မာေစႏိုင္သလို ခါးနာေနတာကိုလည္း သက္သာေစႏိုင္ပါတယ္။

စိတ္ဖိစီးမႈ ေျပေလ်ာ့ေစတယ္

စိတ္ဖိစီးမႈမ်ားတဲ့အခါ ႂကြက္သားေတြ ေတာင့္တင္းေနတာကို ႀကဳံဖူးမွာေပါ့။ အေၾကာင္းကေတာ့ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာဖိစီးမႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ႂကြက္သားေတြက ေတာင့္တင္လာ တတ္ၾကပါတယ္။ မ်ားေသာအားျဖင့္ေတာ့ စိတ္ဖိစီးတဲ့အခါ ဇက္ေၾကာ၊ ပခုံးနဲ႔ ေနာက္ေက်ာက ႂကြက္သားေတြ ေတာင့္တင္းေနတတ္ၾကပါတယ္။ ဒါေၾကာင့္ အေၾကာေလွ်ာ့ေပးတာက စိတ္ဖိစီးမႈကို သိသိသာသာေျပေလ်ာ့ေစမွာပါ။

စိတ္ခံစားမႈေကာင္းေစႏိုင္တယ္

ပုံမွန္အေၾကာေလွ်ာ့ေပးတာက ႂကြက္သားေတြကိုတင္ေျပေလ်ာ့ေစတာမဟုတ္ပါဘူး ။ စိတ္ဖိစီးမႈကိုလည္း ေျပေလ်ာ့ေစႏိုင္ပါတယ္။ အေၾကာေလွ်ာ့ေပးတဲ့အခါ ဝင္သက္ ထြက္သက္မွန္မွန္ရႈေပးပါ။

ေခါင္းကိုက္တာကို သက္သာေစႏိုင္တယ္

တစ္ခါတေလမွာ ေခါင္းကိုက္ေနာတာက ႂကြက္သားေတြေတာင့္တင္းေနတာေၾကာင့္ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေခါင္းကိုက္လာတဲ့အခါ သင့္တင့္တဲ့အစးအစာကို စားေပးတာ၊ ေရဓာတ္ျပည့္ဝေအာင္ ေရေသာက္ေပးတာ၊ ျပည့္ျပည့္ဝဝအနားယူေပးတာေတြအျပင္ အေၾကာေလွ်ာ့ေပးတာကလည္ ထိေရာက္တဲ့ နည္းလမ္းတစ္ခုပါ။ အေၾကာင္းကေတာ့ ႂကြက္သားေတြ ေျပေလ်ာ့သြားတာကလည္း ေခါင္းကိုက္တာကို သိသိသာသာ သက္သာေစႏိုင္မွာပါ။

ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
(Unicode)⤵⤵⤵
အကြောလျှော့ခြင်းကနေ ရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး

မနက်အိပ်ရာကနိုးလာရင် ခန္ဓာကိုယ်ကြီးက တောင့်တင်းနေတယ်။ တစ်နေကုန် အလုပ်လုပ်ပြီးရင်လည် တောင့်တင်းနာကျင်နေတာပဲ။ ဘာလုပ်ရမှန်းမသိဘူးဆိုတဲ့ သူတွေများရှိလား။ ဒါဆိုရင်တော့ ကြုံနေရတဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို ပြောပြပေးပါရစေလား။

တင်းနေတဲ့ အကြောတွေပြေလျော့စေဖို့ ဘာလုပ်ရမလဲ………….

တင်းနေတဲ့ အကြောတွေကို ပြေလျော့စေဖို့ အကောင်းဆုံးနည်းလမ်းက အကြောလျှော့တာပါ။ မနက်အိပ်ရာက နိုးလာရင်ဖြစ်ဖြစ် ရေမချိုးခင်မှာဖြစ်ဖြစ် အကြောလျှော့ပေးတာက အရိုးနဲ့ ကြွက်သားတွေ ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးနိုင်တာပါ။ ဒီတော့ အကြောလျှော့လို့ ဘယ်လို အကျိုးကျေးဇူးတွေရစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

အကြောလျှော့လို့ရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ………

နေ့စဉ်ပုံမှန် အကြောလျှော့ပေးမယ်ဆိုရင်

အကြောတွေပြေလျော့မယ်

ပုံမှန် အကြောလျှော့ပေးတာက ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ နေ့စဉ် ပုံမှန်အကြောလျှော့ပေးတာက ခန္ဓာကိုယ်ကိုတင် ပြေလျော့စေတာမဟုတ်ဘဲ နေ့စဉ်လှုပ်ရှား သွားလာမှုတွေကိုလည်း အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်စေမှာပါ။ အသက်အရွယ်ရလာတာကြောင့် ခံစားရနိုင်တဲ့ အဆစ်နာတာကိုလည်း သက်သာစေနိုင်ပါတယ်။

လှုပ်ရှားရ အဆင်ပြေစေနိုင်တယ်

အကြောပုံမှန်လျှော့ပေးတာက အဆစ်တွေ နဲ့ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပြီး နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ သွားလာရတာ ပေါ့ပါး သွက်လက်ချင်တယ် ဆိုရင်တော့ အကြောပုံမှန် လျှော့ပေးပါ။

လေ့ကျင့်ခန်းလုပ်ရတာ အဆင်ပြေစေနိုင်တယ်

ကိုယ်လက်လှုပ်ရှားမှုတွေမလုပ်ခင်မှာ အကြေလျှော့လေ့ကျင့်ခန်းကို အရင်လုပ်ပါ။ ဒီလိုလုပ်ပေးခြင်းက ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေသလို လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ကြွက်သားတွေ အဆစ်တွေ ထိခိုက်နာကျင်တာမျိုးမဖြစ်စေဘဲ အကောင်းဆုံးလှုပ်ရှားနိုင်စေမှာပါ။

ကြွက်သားတွေဆီ သွေစီးဆင်းရောက်ရှိမှုကောင်းစေနိုင်တယ် အကြောလျှော့လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာက ကြွက်သွားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး ကြွက်သားတွေ နာကျင်တာ၊ ကြွက်သားစုတ်ပြဲတာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါ။ ကြွက်သားတွေ တောင့်တင်းနာကျင်တာမျိုးမဖြစ်အောင်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်ကို အနေအထားမှန်စေတယ်

အကြောပုံမှန် လျှော့ပေးတာက ကြွက်သားတွေကို ပြေလျော့စေပြီး ကိုယ်နေဟန်ထားကို မှန်ကန်စေနိုင်ပါတယ်။ အရိုးနဲ့ ကြွက်သားနာကျင်မှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ လှုပ်ရှားနိုင်စေမှာပါ။

ခါးနာမျိုးမဖြစ်အောင် ကာကွယ်ပေးတယ်

ပုံမှန်အကြောလျှော့ပေးတာက နောက်ကျောနဲ့ခါးကြွက်သားတွေ တောင့်တင်းနေတာကို ပြေလျော့စေနိုင်ပြီး ခါးမနာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ခါးကြွက်သားတွေကို သန်မာစေနိုင်သလို ခါးနာနေတာကိုလည်း သက်သာစေနိုင်ပါတယ်။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

စိတ်ဖိစီးမှုများတဲ့အခါ ကြွက်သားတွေ တောင့်တင်းနေတာကို ကြုံဖူးမှာပေါ့။ အကြောင်းကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကြွက်သားတွေက တောင့်တင်လာ တတ်ကြပါတယ်။ များသောအားဖြင့်တော့ စိတ်ဖိစီးတဲ့အခါ ဇက်ကြော၊ ပခုံးနဲ့ နောက်ကျောက ကြွက်သားတွေ တောင့်တင်းနေတတ်ကြပါတယ်။ ဒါကြောင့် အကြောလျှော့ပေးတာက စိတ်ဖိစီးမှုကို သိသိသာသာပြေလျော့စေမှာပါ။

စိတ်ခံစားမှုကောင်းစေနိုင်တယ်

ပုံမှန်အကြောလျှော့ပေးတာက ကြွက်သားတွေကိုတင်ပြေလျော့စေတာမဟုတ်ပါဘူး ။ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်ပါတယ်။ အကြောလျှော့ပေးတဲ့အခါ ဝင်သက် ထွက်သက်မှန်မှန်ရှုပေးပါ။

ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်

တစ်ခါတလေမှာ ခေါင်းကိုက်နောတာက ကြွက်သားတွေတောင့်တင်းနေတာကြောင့်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါ သင့်တင့်တဲ့အစးအစာကို စားပေးတာ၊ ရေဓာတ်ပြည့်ဝအောင် ရေသောက်ပေးတာ၊ ပြည့်ပြည့်ဝဝအနားယူပေးတာတွေအပြင် အကြောလျှော့ပေးတာကလည် ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ အကြောင်းကတော့ ကြွက်သားတွေ ပြေလျော့သွားတာကလည်း ခေါင်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အေၾကာေလွ်ာ့ျခင္းကေန ရႏိုင္မယ့္ က်န္းမာေရးအက်ိဳးေက်းဇူး အေၾကာေလွ်ာ့ျခင္းကေန ရႏိုင္မယ့္ က်န္းမာေရးအက်ိဳးေက်းဇူး Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.