ေအေအ ဖမ္းသြားတဲ့ မီးသတ္သမား ၁၉ ဦးထဲက တစ္ဦး လမ္းမွာ အေမာေဖာက္ ေသဆုံး

 AFP/Getty Images
(Zawgyi)⤵⤵⤵
ေျမာက္ဦးၿမိဳ႕နားမွာ ေအာက္တိုဘာ ၁၁ ရက္ေန႔တုန္းက ခရီးသည္တင္ ဘတ္စ္ကားတစ္စီးေပၚကေန ရကၡိဳင့္တပ္ေတာ္ ေအေအရဲ႕ ဖမ္းဆီးေခၚေဆာင္ ခံခဲ့ရတဲ့ မီးသတ္တပ္ဖြဲ႕ဝင္ ၁၉ ဦးထဲက စုစုေပါင္း ၁၁ ဦး ရခိုင္ျပည္နယ္ မီးသတ္ဦးစီးဌာန႐ုံးကို ျပန္ေရာက္ရွိလာၿပီလို႔ မီဒီယာတခ်ိဳ႕မွာ ေဖာ္ျပပါတယ္။

အဲဒီ ၁၉ ဦးထဲက မီးသတ္ ဒုဦးစီးမႉး ဦးျမင့္ေဇာ္ ကေတာ့ ဖမ္းဆီးေခၚေဆာင္သြားစဥ္ လမ္းမွာ ေသဆုံးခဲ့ေၾကာင္း ေအေအ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

အဲဒီ မီးသတ္ ဒုဦးစီးမႉး ဘာ့ေၾကာင့္ ေသဆုံးခဲ့ရတာလဲ ဆိုတာ သိရဖို႔ ေအေအေျပာခြင့္ရ ခိုင္သုခကို ဘီဘီစီက ဆက္သြယ္ ေမးျမန္းထားပါတယ္။

ဘီဘီစီ - ေအေအ ဖမ္းထားတဲ့ မီးသတ္တပ္ဖြဲ႕ဝင္ေတြထဲက တစ္ေယာက္ ေအေအလက္ထဲမွာ ေသဆုံးသြားတယ္ဆိုတာကို သိထားရတယ္။ ေအေအအေနနဲ႔ အတည္ျပဳႏိုင္လား။

ခိုင္သုခ - ဟုတ္ပါတယ္။ အတည္ျပဳႏိုင္ပါတယ္။ မီးသတ္သမား ၁၉ ေယာက္ကို ကြၽန္ေတာ္တို႔ စၿပီးေတာ့ ေခၚလာတဲ့ ေန႔တုန္းက မီးသတ္ ဒုဦးစီးမႉးေပါ့ေနာ္၊ သူကေတာ့ လမ္းမွာ ေတာင္တစ္လုံးကို ေက်ာ္တဲ့အခ်ိန္ ေတာင္မွာ ေရာက္တဲ့အခါက်ေတာ့ သူက ေရေသာက္လိုက္တယ္လို႔ ေျပာတယ္။ ဆိုေတာ့ ေရေသာက္လိုက္တဲ့အခါက်ေတာ့ ခ်က္ခ်င္း သူ ခဏေလးအတြင္းမွာပဲ ေသသြားတာ၊ သူက အဲလိုမ်ိဳး ႐ုတ္တရက္ႀကီး ဆုံးသြားတဲ့အတြက္ေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔လည္း အမ်ားႀကီး စိတ္မေကာင္း ျဖစ္ရပါတယ္။

ဘီဘီစီ - အဲဒီအခါက်ေတာ့ ေသဆုံးတဲ့ ျဖစ္ရပ္ကေတာ့ ကားေပၚကေန ေခၚလာတဲ့ ညတြင္းခ်င္းမွာ အဲလိုမ်ိဳး အသက္ ဆုံးရႈံးသြားတာေပါ့။

ခိုင္သုခ - ဟုတ္တယ္၊ ကားနဲ႔ ေခၚလာအၿပီး နာရီပိုင္းမွာပဲ ျဖစ္တာ၊ အဲဒီ ျပႆနာက။

ဘီဘီစီ - အဲဒီေတာ့ သူ႔ရဲ႕ ႐ုပ္အေလာင္းက အခုဘယ္မွာလဲ။

ခိုင္သုခ - သူ႔ကိုေတာ့ အဲဒီေနရာမွာပဲ ေကာင္းေကာင္းမြန္မြန္ သၿဂႋဳဟ္လိုက္တယ္လို႔ သိရတယ္။
 ေျမာက္ဦးအထြက္မွာ ခရီးသည္တင္ ဘတ္စ္ကားကို ေအေအထိန္းခ်ဳပ္ဖမ္းေခၚသြား

ဘီဘီစီ - အခုလတ္တေလာ အျဖစ္အပ်က္ေတြ အတြင္းမွာပဲ ေအေအ ကဖမ္းသြားတဲ့ အိႏၵိယ လုပ္ငန္းရွင္ ၅ ေယာက္ထဲက တစ္ေယာက္လည္း အသက္ ဆုံးရႈံးတယ္။ အခု မီးသတ္အရာရွိတစ္ေယာက္လည္း အသက္ဆုံးရႈံးတယ္ ဆိုတဲ့ အခါက်ေတာ့ ေအေအရဲ႕ လက္ထဲမွာ ခုလိုမ်ိဳး ထိန္းသိမ္းထားတုန္းမွာ အသက္ေသဆုံးမႈေတြ ျဖစ္လာတယ္ ဆိုေတာ့ ေအေအအတြက္ ႏိုင္ငံေရးအရ ထိခိုက္ႏိုင္တယ္လို႔ ယူဆမိလား။

ခိုင္သုခ - အက္ဆီးဒင့္ ျဖစ္တာေတြကို ကြၽန္ေတာ္တို႔ အကုန္လုံး ဒါ စနစ္တက်ကို မွတ္တမ္းတင္ထားတာ ရွိတယ္။ ဗီဒီယိုမွတ္တမ္းေတြ ဘာေတြလည္း ရွိတယ္။ ဓာတ္ပုံမွတ္တမ္းေတြလည္း ရွိတယ္။ သူတို႔ ဘယ္လို ျဖစ္သြားသလဲ ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့။

ဘီဘီစီ - စထိန္းသိမ္းကတည္းက မီးသတ္သမားေတြကို ပစ္မွတ္ထားၿပီး ထိန္းသိမ္းခဲ့တာပါလား။

ခိုင္သုခ - ဒီဟာက ဒီလိုရွိတယ္ ခင္ဗ်။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ စစ္တပ္က သူတို႔ရဲ႕ တပ္ေတြ ေ႐ႊ႕ေျပာင္းတဲ့အခါ သြားလာတဲ့အခါ မီးသတ္ယူနီေဖာင္းေတြနဲ႔ အသုံးျပဳၿပီး သြားေနတယ္ ဆိုတာကို ကြၽန္ေတာ္တို႔ သတင္းေတြ ရထားတာ ရွိတယ္။ အဲဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔ဘက္က လုံၿခဳံေရးအရ စစ္ေဆးဖို႔အတြက္ ထိန္းသိမ္းတာ ျဖစ္တယ္။

ဘီဘီစီ - ကိုယ့္လက္ထဲမွာပဲ အခုလိုမ်ိဳး ေသဆုံးခဲ့မႈက ႏွစ္ႀကိမ္ ဆက္တိုက္ ျဖစ္လာခဲ့တယ္ ဆိုေတာ့ ေနာက္ပိုင္းမွာေရာ ဒီလိုမ်ိဳး လုံၿခဳံေရးအရ စစ္ေဆးတာေတြ လုပ္ေဆာင္တဲ့အခါမွာ အခုဒီေသဆုံးခဲ့မႈေတြကို ထည့္သြင္း စဥ္းစားမလား။

ခိုင္သုခ - ကြၽန္ေတာ္တို႔က အခုဆိုရင္ အဲဒီအေတြ႕အႀကဳံေတြကို ေနာက္ပိုင္းမွာ ဥပမာ တစ္စုံတစ္ေယာက္ကို ထိန္းသိမ္းမယ္ ဆိုရင္ သူ႔ရဲ႕ က်န္းမာေရးအေနအထား၊ ခႏၶာ အေနအထား၊ ဒီလူရဲ႕ အေနအထားေတြေပါ့ေနာ္၊ ကြၽန္ေတာ္တို႔ ေနာက္ပိုင္းမွာ ထည့္တြက္စရာေတြ အမ်ားႀကီး ျဖစ္လာမွာေပါ့ေနာ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
အေအေ ဖမ်းသွားတဲ့ မီးသတ်သမား ၁၉ ဦးထဲက တစ်ဦး လမ်းမှာ အမောဖောက် သေဆုံး
ဓာတ်ပုံ မူပိုင် AFP/Getty Images

မြောက်ဦးမြို့နားမှာ အောက်တိုဘာ ၁၁ ရက်နေ့တုန်းက ခရီးသည်တင် ဘတ်စ်ကားတစ်စီးပေါ်ကနေ ရက္ခိုင့်တပ်တော် အေအေရဲ့ ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးထဲက စုစုပေါင်း ၁၁ ဦး ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနရုံးကို ပြန်ရောက်ရှိလာပြီလို့ မီဒီယာတချို့မှာ ဖော်ပြပါတယ်။

အဲဒီ ၁၉ ဦးထဲက မီးသတ် ဒုဦးစီးမှူး ဦးမြင့်ဇော် ကတော့ ဖမ်းဆီးခေါ်ဆောင်သွားစဉ် လမ်းမှာ သေဆုံးခဲ့ကြောင်း အေအေ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

အဲဒီ မီးသတ် ဒုဦးစီးမှူး ဘာ့ကြောင့် သေဆုံးခဲ့ရတာလဲ ဆိုတာ သိရဖို့ အေအေပြောခွင့်ရ ခိုင်သုခကို ဘီဘီစီက ဆက်သွယ် မေးမြန်းထားပါတယ်။

ဘီဘီစီ - အေအေ ဖမ်းထားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေထဲက တစ်ယောက် အေအေလက်ထဲမှာ သေဆုံးသွားတယ်ဆိုတာကို သိထားရတယ်။ အေအေအနေနဲ့ အတည်ပြုနိုင်လား။

ခိုင်သုခ - ဟုတ်ပါတယ်။ အတည်ပြုနိုင်ပါတယ်။ မီးသတ်သမား ၁၉ ယောက်ကို ကျွန်တော်တို့ စပြီးတော့ ခေါ်လာတဲ့ နေ့တုန်းက မီးသတ် ဒုဦးစီးမှူးပေါ့နော်၊ သူကတော့ လမ်းမှာ တောင်တစ်လုံးကို ကျော်တဲ့အချိန် တောင်မှာ ရောက်တဲ့အခါကျတော့ သူက ရေသောက်လိုက်တယ်လို့ ပြောတယ်။ ဆိုတော့ ရေသောက်လိုက်တဲ့အခါကျတော့ ချက်ချင်း သူ ခဏလေးအတွင်းမှာပဲ သေသွားတာ၊ သူက အဲလိုမျိုး ရုတ်တရက်ကြီး ဆုံးသွားတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့လည်း အများကြီး စိတ်မကောင်း ဖြစ်ရပါတယ်။

ဘီဘီစီ - အဲဒီအခါကျတော့ သေဆုံးတဲ့ ဖြစ်ရပ်ကတော့ ကားပေါ်ကနေ ခေါ်လာတဲ့ ညတွင်းချင်းမှာ အဲလိုမျိုး အသက် ဆုံးရှုံးသွားတာပေါ့။

ခိုင်သုခ - ဟုတ်တယ်၊ ကားနဲ့ ခေါ်လာအပြီး နာရီပိုင်းမှာပဲ ဖြစ်တာ၊ အဲဒီ ပြဿနာက။

ဘီဘီစီ - အဲဒီတော့ သူ့ရဲ့ ရုပ်အလောင်းက အခုဘယ်မှာလဲ။

ခိုင်သုခ - သူ့ကိုတော့ အဲဒီနေရာမှာပဲ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်လိုက်တယ်လို့ သိရတယ်။
ဓာတ်ပုံ မူပိုင် Ko Maung Wine
Image caption မြောက်ဦးအထွက်မှာ ခရီးသည်တင် ဘတ်စ်ကားကို အေအေထိန်းချုပ်ဖမ်းခေါ်သွား

ဘီဘီစီ - အခုလတ်တလော အဖြစ်အပျက်တွေ အတွင်းမှာပဲ အေအေ ကဖမ်းသွားတဲ့ အိန္ဒိယ လုပ်ငန်းရှင် ၅ ယောက်ထဲက တစ်ယောက်လည်း အသက် ဆုံးရှုံးတယ်။ အခု မီးသတ်အရာရှိတစ်ယောက်လည်း အသက်ဆုံးရှုံးတယ် ဆိုတဲ့ အခါကျတော့ အေအေရဲ့ လက်ထဲမှာ ခုလိုမျိုး ထိန်းသိမ်းထားတုန်းမှာ အသက်သေဆုံးမှုတွေ ဖြစ်လာတယ် ဆိုတော့ အေအေအတွက် နိုင်ငံရေးအရ ထိခိုက်နိုင်တယ်လို့ ယူဆမိလား။

ခိုင်သုခ - အက်ဆီးဒင့် ဖြစ်တာတွေကို ကျွန်တော်တို့ အကုန်လုံး ဒါ စနစ်တကျကို မှတ်တမ်းတင်ထားတာ ရှိတယ်။ ဗီဒီယိုမှတ်တမ်းတွေ ဘာတွေလည်း ရှိတယ်။ ဓာတ်ပုံမှတ်တမ်းတွေလည်း ရှိတယ်။ သူတို့ ဘယ်လို ဖြစ်သွားသလဲ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့။

ဘီဘီစီ - စထိန်းသိမ်းကတည်းက မီးသတ်သမားတွေကို ပစ်မှတ်ထားပြီး ထိန်းသိမ်းခဲ့တာပါလား။

ခိုင်သုခ - ဒီဟာက ဒီလိုရှိတယ် ခင်ဗျ။ ဘာ့ကြောင့်လဲ ဆိုတော့ စစ်တပ်က သူတို့ရဲ့ တပ်တွေ ရွှေ့ပြောင်းတဲ့အခါ သွားလာတဲ့အခါ မီးသတ်ယူနီဖောင်းတွေနဲ့ အသုံးပြုပြီး သွားနေတယ် ဆိုတာကို ကျွန်တော်တို့ သတင်းတွေ ရထားတာ ရှိတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ဘက်က လုံခြုံရေးအရ စစ်ဆေးဖို့အတွက် ထိန်းသိမ်းတာ ဖြစ်တယ်။

ဘီဘီစီ - ကိုယ့်လက်ထဲမှာပဲ အခုလိုမျိုး သေဆုံးခဲ့မှုက နှစ်ကြိမ် ဆက်တိုက် ဖြစ်လာခဲ့တယ် ဆိုတော့ နောက်ပိုင်းမှာရော ဒီလိုမျိုး လုံခြုံရေးအရ စစ်ဆေးတာတွေ လုပ်ဆောင်တဲ့အခါမှာ အခုဒီသေဆုံးခဲ့မှုတွေကို ထည့်သွင်း စဉ်းစားမလား။

ခိုင်သုခ - ကျွန်တော်တို့က အခုဆိုရင် အဲဒီအတွေ့အကြုံတွေကို နောက်ပိုင်းမှာ ဥပမာ တစ်စုံတစ်ယောက်ကို ထိန်းသိမ်းမယ် ဆိုရင် သူ့ရဲ့ ကျန်းမာရေးအနေအထား၊ ခန္ဓာ အနေအထား၊ ဒီလူရဲ့ အနေအထားတွေပေါ့နော်၊ ကျွန်တော်တို့ နောက်ပိုင်းမှာ ထည့်တွက်စရာတွေ အများကြီး ဖြစ်လာမှာပေါ့နော်။

BBC Burmese
https://www.bbc.com
ေအေအ ဖမ္းသြားတဲ့ မီးသတ္သမား ၁၉ ဦးထဲက တစ္ဦး လမ္းမွာ အေမာေဖာက္ ေသဆုံး ေအေအ ဖမ္းသြားတဲ့ မီးသတ္သမား ၁၉ ဦးထဲက တစ္ဦး လမ္းမွာ အေမာေဖာက္ ေသဆုံး Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.