တအာင္းလက္နက္ကိုင္အဖြဲ႕ ဖမ္းသြားသူရဲ႕ အေလာင္းျပန္ရဖို႔ မိသားစုက ေငြေပးရတယ္လို႔ဆို

ပန္းေဆးျပန္ၾကားေရး လူငယ္အဖြဲ႕
(Zawgyi)⤵⤵⤵

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕နယ္ ေအာင္ေမတၱာရပ္က အမ်ိဳးသားတစ္ေယာက္ ဧၿပီလမွာ သူ႔ေနအိမ္ကေန TNLA တအာင္း အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္က လာေရာက္ ဖမ္းဆီးသြားတာကို ခံခဲ့ရၿပီး ေအာက္တိုဘာလ ၃၀ ရက္ ညပိုင္းမွာေတာ့ TNLA က ျပန္လည္ေပးပို႔လာတဲ့ သူ႔အေလာင္းကိုသာ မိသားစုက ျပန္ရခဲ့တယ္လို႔ မိသားစုနဲ႔ နီးစပ္သူေတြဆီက သိရပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး TNLA တအာင္း/ပေလာင္အဖြဲ႕ကို ေမးျမန္းဖို႔ ဘီဘီစီက အႀကိမ္ႀကိမ္ဖုန္းေခၚခဲ့ေပမယ့္ ဖုန္းေတြ ပိတ္ထားတာ ႀကဳံခဲ့ရပါတယ္။

အဲဒီလို ဖမ္းဆီးခံရတဲ့ ဦးေလာက္လူ မေသဆုံးမီရက္ပိုင္းက သူ႔ဇနီးနဲ႔ ဖုန္းအဆက္အသြယ္ရခဲ့ၿပီး သူ႔ကို ေငြေပးေ႐ြးထုတ္ေပးဖို႔ အတြက္ ဇနီးျဖစ္သူကို ငိုယို အကူအညီေတာင္းခဲ့ေၾကာင္း၊ သူ အလုပ္ၾကမ္းေတြ အခိုင္းခံေနရေၾကာင္း၊ ေနရ စားရတာလည္း ဆင္းရဲလြန္းတဲ့အတြက္ သူေသမွာကို စိုးရိမ္ရေၾကာင္း ေျပာျပခဲ့တယ္လို႔ မိသားစုနဲ႔ နီးစပ္တဲ့ ခိုလုံလီေရွာ တိုင္းရင္းသား လူငယ္အဖြဲ႕ဝင္ တစ္ေယာက္က ဘီဘီစီကို ေျပာပါတယ္။

TNLA က သူ႔ကို ျပန္လႊတ္ေပးဖို႔ေတာင္းတဲ့ေငြက က်ပ္သိန္း ၇၀၀ ျဖစ္ၿပီး မိသားစုက လုံးဝ မတတ္ႏိုင္လို႔ ေနာက္ဆုံး ၾကားလူကတဆင့္ ေစ်းဆစ္ၾကရာမွာ သိန္း ၂၆၀ ေပးဖို႔ TNLA ကေျပာၾကားခဲ့ေၾကာင္းနဲ႔ မိသားစုက ေနာက္ဆုံးေတာ့ အိမ္ကို ေရာင္းခ်၊ တျခားကေခ်းငွားၿပီး သူ ျပန္လြတ္ေျမာက္လာေရးအတြက္ ေငြေပးဖို႔ႀကိဳးစား ေနစဥ္မွာပဲ သူ ေသသြားၿပီ ဆိုတဲ့ အေၾကာင္းကို သိခဲ့ရေၾကာင္း သူက ျပန္ေျပာျပပါတယ္။

ပေလာင္လူမ်ိဳးတေယာက္ျဖစ္တဲ့ ဦးေလာက္လူ ကို ဧၿပီလအတြင္းက ဖမ္းဆီးသြားစဥ္မွာ TNLA ဘက္က ဘာအေၾကာင္းျပခ်က္မွေပးမသြားေၾကာင္းနဲ႔ မိသားစုကေတာ့ သူတို႔အိမ္မွာ အိမ္ငွားတင္ထားတဲ့သူက TNLA နဲ႔ အဆက္အသြယ္ရွိၿပီး အိမ္ရွင္အိမ္ငွား ကိစၥ အဆင္မေျပ ၾကရာကေန ဒီျပႆနာျဖစ္ရတယ္လို႔ ထင္ေၾကာင္း အထက္ပါ ခိုလုံလီေရွာ တိုင္းရင္းသား လူငယ္အဖြဲ႕ဝင္က ဆိုပါတယ္။

ဖမ္းတဲ့ေန႔ကလည္း TNLA လက္နက္ကိုင္အဖြဲ႕က အဲဒီ မိသားစုထံကေန က်ပ္ေငြ ၉ သိန္း၊ အိမ္ ဂရန္စာခ်ဳပ္၊ မိုဘိုင္းဖုန္း စတာေတြကိုလည္း ယူသြားေၾကာင္း သိရပါတယ္။

ၾကားကာလေတြမွာလည္း သူျပန္လည္လြတ္ေျမာက္လာဖို႔ ေတာင္းဆိုခ်က္ေတြကိုလည္း TNLA လက္နက္ကိုင္အဖြဲ႕က လွ်စ္လ်ဴရႈခဲ့တယ္လို႔ ဆိုပါတယ္။

အခုအေလာင္းျပန္ရဖို႔အတြက္ ၾကားလူကတဆင့္ညႇိႏႈိင္းယူခဲ့ရၿပီး "ပိုက္ဆံ ၇ သိန္းေပးၿပီး ဒီအေလာင္းကို ထုတ္ခဲ့ရတာ" လို႔ သူက ေျပာပါတယ္။

"အေလာင္းမွာ ဒဏ္ရာေတြ၊ ႐ိုက္ထားတာေတြ ရွိတယ္၊ လူက အရင္ပိန္ပိန္ေလးကေန ခုတကိုယ္လုံး ေဖာေရာင္ေနတယ္"လို႔ မိသားစုက သူ႔ကို ေျပာတယ္လို႔ ဆိုပါတယ္။

TNLA အေနနဲ႔ လူေတြဖမ္း၊ ေငြညႇစ္တာေတြ ေဒသတြင္းမွာ လုပ္ထားတာေတြ အမ်ားအျပားရွိတယ္ လို႔လည္း သူက ေျပာပါတယ္။

ခိုလုံလီေရွာလူမ်ိဳးေတြ အမ်ားအျပားေနထိုင္ၾကတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕တဝိုက္မွာ ပန္းေဆးျပည္သူ႔စစ္အဖြဲ႕ေတြလည္း လႈပ္ရွားေနၾကၿပီး TNLA အဖြဲ႕နဲ႔ ပန္းေဆးျပည္သူ႔စစ္အဖြဲ႕ ေတြအၾကား တိုက္ပြဲေတြျဖစ္ပြားေလ့ရွိတယ္လို႔ လည္း သိရပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
တအာင်းလက်နက်ကိုင်အဖွဲ့ ဖမ်းသွားသူရဲ့ အလောင်းပြန်ရဖို့ မိသားစုက ငွေပေးရတယ်လို့ဆို

ဓာတ်ပုံ မူပိုင် ပန်းဆေးပြန်ကြားရေး လူငယ်အဖွဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အောင်မေတ္တာရပ်က အမျိုးသားတစ်ယောက် ဧပြီလမှာ သူ့နေအိမ်ကနေ TNLA တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်က လာရောက် ဖမ်းဆီးသွားတာကို ခံခဲ့ရပြီး အောက်တိုဘာလ ၃၀ ရက် ညပိုင်းမှာတော့ TNLA က ပြန်လည်ပေးပို့လာတဲ့ သူ့အလောင်းကိုသာ မိသားစုက ပြန်ရခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး TNLA တအာင်း/ပလောင်အဖွဲ့ကို မေးမြန်းဖို့ ဘီဘီစီက အကြိမ်ကြိမ်ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းတွေ ပိတ်ထားတာ ကြုံခဲ့ရပါတယ်။

အဲဒီလို ဖမ်းဆီးခံရတဲ့ ဦးလောက်လူ မသေဆုံးမီရက်ပိုင်းက သူ့ဇနီးနဲ့ ဖုန်းအဆက်အသွယ်ရခဲ့ပြီး သူ့ကို ငွေပေးရွေးထုတ်ပေးဖို့ အတွက် ဇနီးဖြစ်သူကို ငိုယို အကူအညီတောင်းခဲ့ကြောင်း၊ သူ အလုပ်ကြမ်းတွေ အခိုင်းခံနေရကြောင်း၊ နေရ စားရတာလည်း ဆင်းရဲလွန်းတဲ့အတွက် သူသေမှာကို စိုးရိမ်ရကြောင်း ပြောပြခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ခိုလုံလီရှော တိုင်းရင်းသား လူငယ်အဖွဲ့ဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

TNLA က သူ့ကို ပြန်လွှတ်ပေးဖို့တောင်းတဲ့ငွေက ကျပ်သိန်း ၇၀၀ ဖြစ်ပြီး မိသားစုက လုံးဝ မတတ်နိုင်လို့ နောက်ဆုံး ကြားလူကတဆင့် ဈေးဆစ်ကြရာမှာ သိန်း ၂၆၀ ပေးဖို့ TNLA ကပြောကြားခဲ့ကြောင်းနဲ့ မိသားစုက နောက်ဆုံးတော့ အိမ်ကို ရောင်းချ၊ တခြားကချေးငှားပြီး သူ ပြန်လွတ်မြောက်လာရေးအတွက် ငွေပေးဖို့ကြိုးစား နေစဉ်မှာပဲ သူ သေသွားပြီ ဆိုတဲ့ အကြောင်းကို သိခဲ့ရကြောင်း သူက ပြန်ပြောပြပါတယ်။

    နမ့်ခမ်းမြို့နယ်မှာ လူ ၂၀ကျော် ဖမ်းဆီးခံရပြီး ငွေနဲ့ပြန်ရွေးခဲ့ရ
    နမ့်ခမ်းက အမျိုးသမီးတစ်ဦးကို ဖမ်းထားကြောင်း TNLA အတည်ပြု

ပလောင်လူမျိုးတယောက်ဖြစ်တဲ့ ဦးလောက်လူ ကို ဧပြီလအတွင်းက ဖမ်းဆီးသွားစဉ်မှာ TNLA ဘက်က ဘာအကြောင်းပြချက်မှပေးမသွားကြောင်းနဲ့ မိသားစုကတော့ သူတို့အိမ်မှာ အိမ်ငှားတင်ထားတဲ့သူက TNLA နဲ့ အဆက်အသွယ်ရှိပြီး အိမ်ရှင်အိမ်ငှား ကိစ္စ အဆင်မပြေ ကြရာကနေ ဒီပြဿနာဖြစ်ရတယ်လို့ ထင်ကြောင်း အထက်ပါ ခိုလုံလီရှော တိုင်းရင်းသား လူငယ်အဖွဲ့ဝင်က ဆိုပါတယ်။

ဖမ်းတဲ့နေ့ကလည်း TNLA လက်နက်ကိုင်အဖွဲ့က အဲဒီ မိသားစုထံကနေ ကျပ်ငွေ ၉ သိန်း၊ အိမ် ဂရန်စာချုပ်၊ မိုဘိုင်းဖုန်း စတာတွေကိုလည်း ယူသွားကြောင်း သိရပါတယ်။

ကြားကာလတွေမှာလည်း သူပြန်လည်လွတ်မြောက်လာဖို့ တောင်းဆိုချက်တွေကိုလည်း TNLA လက်နက်ကိုင်အဖွဲ့က လျှစ်လျူရှုခဲ့တယ်လို့ ဆိုပါတယ်။

အခုအလောင်းပြန်ရဖို့အတွက် ကြားလူကတဆင့်ညှိနှိုင်းယူခဲ့ရပြီး "ပိုက်ဆံ ၇ သိန်းပေးပြီး ဒီအလောင်းကို ထုတ်ခဲ့ရတာ" လို့ သူက ပြောပါတယ်။

"အလောင်းမှာ ဒဏ်ရာတွေ၊ ရိုက်ထားတာတွေ ရှိတယ်၊ လူက အရင်ပိန်ပိန်လေးကနေ ခုတကိုယ်လုံး ဖောရောင်နေတယ်"လို့ မိသားစုက သူ့ကို ပြောတယ်လို့ ဆိုပါတယ်။

TNLA အနေနဲ့ လူတွေဖမ်း၊ ငွေညှစ်တာတွေ ဒေသတွင်းမှာ လုပ်ထားတာတွေ အများအပြားရှိတယ် လို့လည်း သူက ပြောပါတယ်။

ခိုလုံလီရှောလူမျိုးတွေ အများအပြားနေထိုင်ကြတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တဝိုက်မှာ ပန်းဆေးပြည်သူ့စစ်အဖွဲ့တွေလည်း လှုပ်ရှားနေကြပြီး TNLA အဖွဲ့နဲ့ ပန်းဆေးပြည်သူ့စစ်အဖွဲ့ တွေအကြား တိုက်ပွဲတွေဖြစ်ပွားလေ့ရှိတယ်လို့ လည်း သိရပါတယ်။

BBC Burmese
https://www.bbc.com
တအာင္းလက္နက္ကိုင္အဖြဲ႕ ဖမ္းသြားသူရဲ႕ အေလာင္းျပန္ရဖို႔ မိသားစုက ေငြေပးရတယ္လို႔ဆို တအာင္းလက္နက္ကိုင္အဖြဲ႕ ဖမ္းသြားသူရဲ႕ အေလာင္းျပန္ရဖို႔ မိသားစုက ေငြေပးရတယ္လို႔ဆို Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.