အနက္ဖက္ရွင္နဲ႔ ႐ိုးရာယဥ္ေက်းမႈကို စိန္ေခၚခဲ့တဲ့ အမ်ိဳးသမီးေတြ

"အနက္ေရာင္ အႏုအရင့္ ၁၈ မ်ိဳး "လႈပ္ရွားမႈမွာ ပါတဲ့ စာေရးဆရာမ၊ ကဗ်ာဆရာမ ဆိုျမာ ရာဒါ ဗီဒီယက္ဒါ
(Zawgyi)⤵⤵⤵
ကမာၻ႔ဖက္ရွင္ေလာကမွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ေရပန္းစားခဲ့တဲ့ အနက္ေရာင္ကို အိႏၵိယ ႐ိုးရာ အဝတ္အစားမွာေတာ့ သုံးေလ့ သိပ္မရွိၾကပါဘူး။ ဒါေပမဲ့ အခုေတာ့ အိႏၵိယ ဖက္ရွင္ ဒီဇိုင္နာ ရွာမီလာ ႏိုင္ယာ က ႏိုင္ငံေရးနဲ႔ အမ်ိဳးသမီးေရး အခိုင္အမာ ေတာင္းဆို တင္ျပႏိုင္ဖို႔ ဒီအနက္ေရာင္ကို အသုံးျပဳခဲ့ပါတယ္။ ဒီအေၾကာင္း ေဒလီၿမိဳ႕က ဘီဘီစီ သတင္းေထာက္ Geeta Pandey က တင္ျပထားပါတယ္။

"အနက္ေရာင္ အႏုအရင့္ ၁၈ မ်ိဳး" လို႔ အမည္ေပးထားတဲ့ မစ္စ္ ႏိုင္ယာ ရဲ႕ လႈပ္ရွားမႈမွာ သူဒီဇိုင္း ဆြဲထားတဲ့ အနက္ေရာင္ ဆာရီ လွလွေလးေတြ ဝတ္ထားၾကတဲ့ အမ်ိဳးသမီး ၁၈ ဦးက သူတို႔ရဲ႕ ေန႔စဥ္ဘဝမွာ ႀကဳံေတြ႕ရတဲ့ က်ားမ ခြဲျခားမႈေတြ အေၾကာင္း ေျပာျပၾကတာ ေတြ႕ရမွာပါ။

ကန္႔သတ္မႈေတြ ေန႔စဥ္ႀကဳံေနရတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ သူတို႔မသိစိတ္က ဒီကန္႔သတ္မႈေတြကို သူတို႔ကိုယ္တိုင္ ျပန္လုပ္မိေနၾကၿပီး ဒီလႈပ္ရွားမႈမွာပါတဲ့ အမ်ိဳးသမီးေတြကေတာ့ ကန္႔သတ္မႈေတြ၊ ခြဲျခားမႈေတြ မရွိတဲ့ ပုံမွန္ ခံစားမႈမ်ိဳး ခံစားရတယ္လို႔ မစ္စ္ ႏိုင္ယာက ေျပာပါတယ္။

မႏွစ္က ႏိုင္ငံေတာင္ပိုင္း ကာရဲလားျပည္နယ္မွာ ဓမၼတာ လာေနတဲ့ အမ်ိဳးသမီးေတြကို ဟိႏၵဴေတြ အထြတ္အျမတ္ထားရာ ဆာဘာရီမာလာ ဘုရားေက်ာင္းထဲ ဝင္ခြင့္ ပိတ္ပင္ထားတာကို တရား႐ုံးခ်ဳပ္က ပယ္ဖ်က္လိုက္ အၿပီး ကန္႔ကြက္ ဆႏၵျပမႈေတြ ေပၚေပါက္ခဲ့တာကို အေၾကာင္းျပဳၿပီး ဒီ "အနက္ေရာင္ အႏုအရင့္ ၁၈ မ်ိဳး" လႈပ္ရွားမႈကို လုပ္ခဲ့တာလို႔ မစ္စ္ ႏိုင္ယာ က ဘီဘီစီကို ေျပာျပပါတယ္။

ဟိႏၵဴဘာသာ ထုံးစံအရ ဓမၼတာ လာေနတဲ့ အမ်ိဳးသမီးေတြကို မသန္႔ရွင္းသူေတြအျဖစ္ သတ္မွတ္ထားတဲ့အတြက္ သူတို႔ကို ဘုရားေက်ာင္းထဲ ဝင္ခြင့္ သမိုင္းအစဥ္အဆက္ ပိတ္ပင္ထားခဲ့တာ ျဖစ္ပါတယ္။

ဒီပိတ္ပင္မႈကို တရား႐ုံးခ်ဳပ္က ပယ္ဖ်က္လိုက္တာအေပၚ ကန္႔ကြက္ ဆႏၵျပသူေတြထဲမွာ အမ်ိဳးသမီးေတြ အမ်ားအျပား ပါေနတဲ့အတြက္ အႀကီးအက်ယ္ တုန္လႈပ္သြားခဲ့ရတယ္လို႔ မစ္စ္ ႏိုင္ယာ က ေျပာပါတယ္။

ဒါ့ေၾကာင့္ ဒီ "အနက္ေရာင္ အႏုအရင့္ ၁၈ မ်ိဳး" လႈပ္ရွားမႈကို လုပ္ခဲ့တာလို႔ ဆိုပါတယ္။ ၁၈ က ဆာဘာရီမာလာ ဘုရားေက်ာင္းရဲ႕ ေလွကားထစ္ ၁၈ ထစ္ကို ကိုယ္စားျပဳတာ ျဖစ္ၿပီး အနက္ေရာင္ကေတာ့ ဘုရားပူေဇာ္အားထုတ္သူေတြ ဝတ္ေလ့ရွိတဲ့ အေရာင္ကို ကိုယ္စားျပဳတာလို႔ မစ္စ္ ႏိုင္ယာက ေျပာပါတယ္။

 အမ်ိဳးသမီး တစ္ဦးတည္းကို အသားေရာင္ အမ်ိဳးမ်ိဳးနဲ႔ ပုံေဖာ္ျပခဲ့

"ဓမၼတာ လာေနခ်ိန္မွာ ကြၽန္မတို႔ အမ်ိဳးသမီးေတြ မသန္႔ရွင္းဘူးလို႔ ေျပာထားတာက ကြၽန္မတို႔ ေခါင္းထဲမွာ ဝင္ေနတယ္။ အခုေတာင္ ဓမၼတာ လာေနရင္ ဘုရားေက်ာင္း မသြားတဲ့၊ ဘာသာေရးပြဲေတြမွာ ဝင္မပါတဲ့ သူငယ္ခ်င္းေတြ ကြၽန္မမွာ ရွိေနတယ္" လို႔ မစ္စ္ ႏိုင္ယာ က ေျပာျပပါတယ္။

"ဒီေတာ့ ဘုရားဖူးခြင့္အတြက္ အမ်ိဳးသမီး အေတာ္မ်ားမ်ားက ေတာင္းဆိုႏိုင္ေသးရင္ အမ်ိဳးသမီး အခြင့္အေရးအတြက္ ဘာလို႔ မေတာင္းဆိုႏိုင္ရမွာလဲလို႔ ကြၽန္မ ေတြးမိပါတယ္။ အမ်ိဳးသမီးေတြ အမ်ားႀကီး ပူးေပါင္း ေတာင္းဆိုရင္ အေျပာင္းအလဲေတြ ျဖစ္လာႏိုင္မယ္လို႔ ကြၽန္မ ေတြးမိပါတယ္"

အသိစိတ္ကို မသိမသာ ခ်ဳပ္ခ်ယ္ခံရတာမ်ိဳးကို ဟိုးငယ္စဥ္ ကေလးဘဝက စႀကဳံခဲ့ရတယ္လို႔ သူက ေျပာပါတယ္။

ေယာက္်ားေလးနဲ႔ မိန္းကေလး မတူဘူး။ မိန္းကေလးေတြ စကားက်ယ္က်ယ္ မေျပာရဘူး။ အက်ယ္ႀကီး မရယ္ရဘူး ဆိုၿပီး ကေလးဘဝကတည္းက သင္ထားတယ္လို႔ ဆိုပါတယ္။ ေက်း႐ြာေတြမွာဆိုရင္ မိန္းကေလးေတြကို ေဆးပညာ၊ အင္ဂ်င္နီယာပညာမ်ိဳးထက္ အႏုပညာႏႊယ္တဲ့ ဘာသာရပ္မ်ိဳးေတြပဲ သင္ယူ ဆည္းပူးဖို႔ ခုခ်ိန္ထိ တိုက္တြန္းတာမ်ိဳး ရွိေနတုန္းပဲလို႔ မစ္စ္ ႏိုင္ယာ က ေျပာပါတယ္။

"အိမ္ေထာင္ျပဳတာ၊ ကေလးယူတာမ်ိဳးလို ကိစၥေတြမွာလည္း သိသိသာသာ ခ်ဳပ္ခ်ယ္မႈေတြ ရွိေနပါတယ္။ ဥပမာအားျဖင့္ အိႏၵိယႏိုင္ငံက ေနရာအေတာ္မ်ားမ်ားမွာ မိန္းကေလးေတြ အသက္ ၁၈ ႏွစ္ ျပည့္ၿပီ ဆိုတာနဲ႔ ေယာက္်ားေပးစားဖို႔ စလုပ္ပါေတာ့တယ္။ ေယာက္်ား ရသြားၿပီ ဆိုရင္ ဘယ္ေတာ့ ကေလးယူမလဲဆိုတဲ့ ေမးခြန္းကို ေမးလာၾကပါေတာ့တယ္။ ကေလးတစ္ေယာက္ ရၿပီ ဆိုရင္ ေနာက္တစ္ေယာက္ ဘယ္ေတာ့ ယူမလဲလို႔ ေမးၾကျပန္ပါတယ္"

"ဒီေတာ့ ဒီကန္႔သတ္ခ်ဳပ္ခ်ယ္မႈေတြကို ကြၽန္မတို႔ စိတ္ထဲမွာ ႏွလုံးသြင္း ခံယူတတ္လာၾကပါတယ္။ အမ်ိဳးသမီးေတြ လုပ္ပိုင္ခြင့္ ရဖို႔ အေၾကာင္းေတြ ကြၽန္မတို႔ ေျပာၾကတယ္။ ဒါေပမဲ့ ကြၽန္မတို႔ ေန႔စဥ္ဘဝမွာ ဒီကန္႔သတ္ခ်ဳပ္ခ်ယ္မႈေတြကို ေမးခြန္းမထုတ္ပဲ လက္ခံေနၾကပါတယ္" လို႔ မစ္စ္ ႏိုင္ယာက ေျပာပါတယ္။

ကားေမာင္းတဲ့ အမ်ိဳးသမီးေတြကို အျမင္တစ္မ်ိဳးနဲ႔ ဆက္ဆံၾကပုံကို အိမ္တြင္းအလွဆင္ ဒီဇိုင္းနာ ဆမစ္သာ ႏိုင္ခ္ ေျပာျပ။
႐ုပ္ရွင္မင္းသမီး ကေခ်သည္ အႏူမိုလ္ က မိသားစုကို ဆန္႔က်င္ၿပီး အကပညာနဲ႔ သက္ေမြးဝမ္းေက်ာင္းဖို႔ လုပ္ခဲ့တယ္လို႔ ေျပာ

ဒီလႈပ္ရွားမႈမွာ ဘာသာေရး ထုံးစံကို စိန္ေခၚဖို႔ ဖက္ရွင္ကို အသုံးျပဳခဲ့ၿပီး အမ်ိဳးသားေတြ နက္နက္ရႈိင္းရႈိင္း ႀကီးစိုးေနတဲ့ လူမႈအသိုင္းအဝိုင္းရဲ႕ ေခတ္ေနာက္က်ေနတဲ့ ယုံၾကည္မႈ၊ အေတြးအေခၚေတြကို ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

ဒီလႈပ္ရွားမႈမွာ ပါဝင္ဖို႔ အမ်ိဳးသမီးေတြကို ရွာေဖြရတာ သိပ္ေတာ့ မလြယ္ခဲ့ဘူးလို႔ မစ္စ္ ႏိုင္ယာ က ေျပာပါတယ္။

"အမ်ိဳးသမီး ၈၀ နဲ႔ ၉၀ ၾကားေလာက္ စကားေျပာခဲ့ရၿပီး အေတာ္ေလး စိတ္ဝင္စားစရာ ေကာင္းတဲ့ ဘဝဇာတ္လမ္းေတြ ၾကားခဲ့ရပါတယ္။ ဒါေပမဲ့ အမ်ားစုက အသံဖမ္း မွတ္တမ္းတင္မယ္ဆိုရင္ မလုပ္ခ်င္ၾကေတာ့ဘူး။ ဆာဘာရီမာလာ ဘုရားေက်ာင္းအေပၚ အေခ်အတင္ အျငင္းပြားေနၾကတဲ့ ကိစၥေၾကာင့္ သူတို႔ စိုးရိမ္ ေၾကာက္လန္႔ေနၾကပါတယ္။ သူတို႔ေျပာတာေတြကို ဘယ္လို ျပန္ပုံေဖာ္မလဲ၊ လူ႔အသိုင္းအဝိုင္းက ဒါကို ဘယ္လို တုံ႔ျပန္ၾကမလဲ ဆိုတာကို စိုးရိမ္တယ္လို႔ သူတို႔က ေျပာပါတယ္"

ဒါေပမဲ့ ဒီအမ်ိဳးသမီး ၁၈ ေယာက္ကေတာ့ သူတို႔ ရင္ဆိုင္ရတဲ့ ကန္႔သတ္ခ်ဳပ္ခ်ယ္မႈေတြ အေၾကာင္းနဲ႔ ဒါေတြကို သူတို႔ ဘယ္လို ႀကံ့ႀကံ့ခံ ရင္ဆိုင္ခဲ့ၾကသလဲ ဆိုတာကို ေျပာျပမယ္လို႔ ဆိုလာၾကပါတယ္။

ဒီလႈပ္ရွားမႈမွာ ပါတဲ့ ေမာ္ဒယ္ အမ်ိဳးသမီးေတြထဲမွာ ေရွ႕ေန၊ ႐ုပ္ရွင္မင္းသမီး၊ ကဗ်ာဆရာမ၊ စိတ္ပညာရွင္၊ နည္းပညာရွင္၊ စာေရးဆရာမ၊ အိမ္ရွင္မနဲ႔ ႐ုံးဝန္ထမ္း အမ်ိဳးသမီးေတြ ပါဝင္ပါတယ္။
အမ်ိဳးသမီးေတြ အၿမဲ ေကာင္းေကာင္းမြန္မြန္ က်င့္ႀကံေနထိုင္ဖို႔ အမ်ိဳးသမီးေတြအေပၚ လူမႈအသိုင္းအဝိုင္းက အႀကီးအက်ယ္ ဖိအားေပးေလ့ ရွိတယ္လို႔ စာေရးဆရာမ လက္ခ္ရွမီး ရာဂ်ိဗ္ က ဆို
လူမႈကြန္ရက္ေတြေပၚမွာ မစ္စ္ ႏိုင္ယာ တင္ခဲ့တဲ့ ဗီဒီယိုေတြထဲမွာ စိတ္ႏွလုံး ထိရွေစတဲ့ ဘဝဇာတ္လမ္းေတြကို နားဆင္ခဲ့ရပါတယ္။

မိခင္တစ္ဦးဘဝကို မျဖစ္မေန ယူကို ယူရမယ္ဆိုတဲ့ ယုံၾကည္မႈမ်ိဳးနဲ႔ ႀကီးျပင္းလာခဲ့တယ္ ဆိုတဲ့ ဆက္သြယ္မႈ ဖြံ႕ၿဖိဳးေရး အထူးပညာရွင္ စာေရးဆရာမ ရမ္ယာ ဆာဆီးဒရန္ က သူဟာ ကေလးယူခ်င္စိတ္ မရွိတဲ့အတြက္ သူ႔ကိုယ္သူ တစ္ခုခု မွားေနသလားဆိုတဲ့ အေတြးမ်ိဳး ဝင္ခဲ့တယ္လို႔ ဆိုပါတယ္။

"ဒါေပမဲ့ ကြၽန္မႀကီးလာတဲ့အခါက်ေတာ့ ဒီေမွ်ာ္မွန္းခ်က္ အေတာ္မ်ားမ်ားဟာ ျပင္ပက ဖိအားေပး ခ်မွတ္ထားတာေတြသာ ျဖစ္တယ္၊ ၿပီးေတာ့ မိခင္ဘဝ ဆိုတာ အမ်ိဳးသမီး တဦးရဲ႕ ဘဝကို ကိုယ္စားျပဳ ပုံေဖာ္တာမ်ိဳး လုံးဝ မဟုတ္ဘူး ဆိုတာကို သေဘာေပါက္လာခဲ့ပါတယ္" လို႔ သူက ေျပာပါတယ္။

စိတ္ပညာရွင္ ဆြာတီ ဂ်က္ဂါဒီးရွ္ ကလည္း သူ႔မိခင္နဲ႔ ဆက္ဆံေရး အဆင္မေျပ ျဖစ္ခဲ့ပုံ၊ မိခင္ကို ရင္းရင္းႏွီးႏွီး ရင္ဖြင့္တာမ်ိဳး မလုပ္ႏိုင္ခဲ့ပုံေတြကို ျပန္ေျပာျပခဲ့ပါတယ္။

"ဒီေတာ့ ကြၽန္မအေနနဲ႔ ကြၽန္မကေလးကို ကြၽန္မအေပၚ ယုံၾကည္စိတ္ ရွိေစခ်င္တယ္၊ ဘာမဆို ကြၽန္မကို ဖြင့္ေျပာႏိုင္တဲ့ စိတ္ခ်မႈမ်ိဳး သူ႔မွာ ရွိေစခ်င္တယ္၊ မိခင္ မပီသတဲ့ မိခင္တေယာက္ ျဖစ္မလာဖို႔ ကြၽန္မ အေမကို ၾကည့္ၿပီး သင္ခန္းစာ ယူႏိုင္ခဲ့တယ္" လို႔ ေျပာပါတယ္။

ကေလးမယူခ်င္ခဲ့တဲ့အတြက္ သူ႔ကိုယ္သူ တစ္ခုခု မွားေနသလား ဆိုတဲ့ အေတြးမ်ိဳးနဲ႔ သူ႔ဘဝ ႀကီးျပင္းခဲ့ရတယ္လို႔ ရမ္ယာ ဆာဆီးဒရန္ ေျပာ

ခရီးေဆာင္ေသတၱာတစ္လုံးနဲ႔ အတူ အိမ္ရွင္မတစ္ဦးက အမ်ိဳးသမီးေတြ ခရီးသြားလာတာကို ကန္႔သတ္ခံေနရမႈအေၾကာင္း ထုတ္ေဖာ္

"အနက္ေရာင္ အႏုအရင့္ ၁၈ မ်ိဳး" လႈပ္ရွားမႈ ဗီဒီယိုထဲမွာ ပါတဲ့ အိမ္တြင္းအလွဆင္ ဒီဇိုင္နာ ဆမီသာ ႏိုင္ခ္ က ပိုက်ယ္က်ယ္ျပန္႔ျပန္႔ အေရးပါတဲ့ ကိစၥမ်ိဳးေတြအေၾကာင္း ေဆြးေႏြးေျပာဆိုဖို႔ ဒီလႈပ္ရွားမႈမွာ အဝတ္အစားေတြကို အသုံးျပဳခဲ့တယ္လို႔ ဆိုပါတယ္။

သူ႔ရဲ႕ ဗီဒီယိုထဲမွာ မစ္စ္ ႏိုင္ခ္က အမ်ိဳးသမီး ကားေမာင္းသူေတြအေပၚ လူေတြ ျမင္တဲ့ အျမင္နဲ႔ လမ္းေတြေပၚမွာ အႏိုင္က်င့္ခံရပုံေတြအေၾကာင္း ကြက္ကြက္ကြင္းကြင္း ေျပာျပသြားခဲ့ပါတယ္။ ဒီကိစၥမ်ိဳးေတြကို အစဥ္မျပတ္ ထုတ္ေဖာ္ ေျပာဖို႔ လိုတယ္လို႔လည္း ဆိုပါတယ္။

လႈပ္ရွားမႈ တစ္ခု၊ ဆႏၵျပမႈ တစ္ခုတည္းနဲ႔ မလုံေလာက္ဘူးလို႔ သူက ေျပာပါတယ္။

အေရးပါတဲ့ သတင္းစကားေတြကို လူေတြသိေအာင္ လုပ္ရာမွာ ဖက္ရွင္နဲ႔ ဖန္တီးမႈ အႏုပညာကို ထိထိေရာက္ေရာက္ အသုံးျပဳႏိုင္တယ္လို႔ သူက ေျပာၿပီး အခု အနက္ေရာင္ အႏုအရင့္ ၁၈ မ်ိဳး လႈပ္ရွားမႈ ဟာလည္း ဒီလိုမ်ိဳး လုပ္ဖို႔ ႀကိဳးစားေနတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

စည္းမ်ဥ္းတစ္ခု သတ္မွတ္တယ္ ဆိုတာဟာ စည္းမ်ဥ္း သတ္မွတ္႐ုံတင္ မက ေလာကႀကီးတစ္ခုလုံးကို ေျပာင္းဖို႔ လုပ္တာ ဆိုတဲ့ ဆို႐ိုးစကား တစ္ခု ရွိခဲ့ပါတယ္။

အနက္ေရာင္ ဝတ္ခဲ့တဲ့ သေဘာဟာ ဆာဘရီမာလာ ဘုရားဖူးေတြလိုပဲ အနက္ေရာင္ ကလည္း ကြၽန္မတို႔ရဲ႕ အေရာင္ျဖစ္တယ္ ဆိုတဲ့ သတင္းစကားကို ပါးလိုက္တာပါ။

ဒီအနက္ေရာင္ကို ကြၽန္မတို႔လည္း ဝတ္ခြင့္ ရွိတယ္၊ ဒီလူမႈအသိုင္းအဝိုင္းမွာ ကြၽန္မတို႔လည္း တန္းတူညီမွ် တစိတ္တပိုင္း ပါဝင္ေနတယ္၊ အနက္ေရာင္ ပင္လယ္ျပင္ႀကီးထဲမွာ ကြၽန္မတို႔ အမ်ိဳးသမီးေတြလည္း ပါဝင္တယ္ ဆိုတဲ့ သေဘာကို ဒီလႈပ္ရွားမႈက ေဖာ္ျပေနပါတယ္လို႔ သူက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
------------------
(Unicode)⤵⤵⤵
အနက်ဖက်ရှင်နဲ့ ရိုးရာယဉ်ကျေးမှုကို စိန်ခေါ်ခဲ့တဲ့ အမျိုးသမီးတွေ

Image caption "အနက်ရောင် အနုအရင့် ၁၈ မျိုး "လှုပ်ရှားမှုမှာ ပါတဲ့ စာရေးဆရာမ၊ ကဗျာဆရာမ ဆိုမြာ ရာဒါ ဗီဒီယက်ဒါ

ကမ္ဘာ့ဖက်ရှင်လောကမှာ ဆယ်စုနှစ်ပေါင်းများစွာ ရေပန်းစားခဲ့တဲ့ အနက်ရောင်ကို အိန္ဒိယ ရိုးရာ အဝတ်အစားမှာတော့ သုံးလေ့ သိပ်မရှိကြပါဘူး။ ဒါပေမဲ့ အခုတော့ အိန္ဒိယ ဖက်ရှင် ဒီဇိုင်နာ ရှာမီလာ နိုင်ယာ က နိုင်ငံရေးနဲ့ အမျိုးသမီးရေး အခိုင်အမာ တောင်းဆို တင်ပြနိုင်ဖို့ ဒီအနက်ရောင်ကို အသုံးပြုခဲ့ပါတယ်။ ဒီအကြောင်း ဒေလီမြို့က ဘီဘီစီ သတင်းထောက် Geeta Pandey က တင်ပြထားပါတယ်။

"အနက်ရောင် အနုအရင့် ၁၈ မျိုး" လို့ အမည်ပေးထားတဲ့ မစ်စ် နိုင်ယာ ရဲ့ လှုပ်ရှားမှုမှာ သူဒီဇိုင်း ဆွဲထားတဲ့ အနက်ရောင် ဆာရီ လှလှလေးတွေ ဝတ်ထားကြတဲ့ အမျိုးသမီး ၁၈ ဦးက သူတို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ကျားမ ခွဲခြားမှုတွေ အကြောင်း ပြောပြကြတာ တွေ့ရမှာပါ။

ကန့်သတ်မှုတွေ နေ့စဉ်ကြုံနေရတဲ့ အမျိုးသမီးတွေအနေနဲ့ သူတို့မသိစိတ်က ဒီကန့်သတ်မှုတွေကို သူတို့ကိုယ်တိုင် ပြန်လုပ်မိနေကြပြီး ဒီလှုပ်ရှားမှုမှာပါတဲ့ အမျိုးသမီးတွေကတော့ ကန့်သတ်မှုတွေ၊ ခွဲခြားမှုတွေ မရှိတဲ့ ပုံမှန် ခံစားမှုမျိုး ခံစားရတယ်လို့ မစ်စ် နိုင်ယာက ပြောပါတယ်။

မနှစ်က နိုင်ငံတောင်ပိုင်း ကာရဲလားပြည်နယ်မှာ ဓမ္မတာ လာနေတဲ့ အမျိုးသမီးတွေကို ဟိန္ဒူတွေ အထွတ်အမြတ်ထားရာ ဆာဘာရီမာလာ ဘုရားကျောင်းထဲ ဝင်ခွင့် ပိတ်ပင်ထားတာကို တရားရုံးချုပ်က ပယ်ဖျက်လိုက် အပြီး ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တာကို အကြောင်းပြုပြီး ဒီ "အနက်ရောင် အနုအရင့် ၁၈ မျိုး" လှုပ်ရှားမှုကို လုပ်ခဲ့တာလို့ မစ်စ် နိုင်ယာ က ဘီဘီစီကို ပြောပြပါတယ်။

ဟိန္ဒူဘာသာ ထုံးစံအရ ဓမ္မတာ လာနေတဲ့ အမျိုးသမီးတွေကို မသန့်ရှင်းသူတွေအဖြစ် သတ်မှတ်ထားတဲ့အတွက် သူတို့ကို ဘုရားကျောင်းထဲ ဝင်ခွင့် သမိုင်းအစဉ်အဆက် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီပိတ်ပင်မှုကို တရားရုံးချုပ်က ပယ်ဖျက်လိုက်တာအပေါ် ကန့်ကွက် ဆန္ဒပြသူတွေထဲမှာ အမျိုးသမီးတွေ အများအပြား ပါနေတဲ့အတွက် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရတယ်လို့ မစ်စ် နိုင်ယာ က ပြောပါတယ်။

ဒါ့ကြောင့် ဒီ "အနက်ရောင် အနုအရင့် ၁၈ မျိုး" လှုပ်ရှားမှုကို လုပ်ခဲ့တာလို့ ဆိုပါတယ်။ ၁၈ က ဆာဘာရီမာလာ ဘုရားကျောင်းရဲ့ လှေကားထစ် ၁၈ ထစ်ကို ကိုယ်စားပြုတာ ဖြစ်ပြီး အနက်ရောင်ကတော့ ဘုရားပူဇော်အားထုတ်သူတွေ ဝတ်လေ့ရှိတဲ့ အရောင်ကို ကိုယ်စားပြုတာလို့ မစ်စ် နိုင်ယာက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption အမျိုးသမီး တစ်ဦးတည်းကို အသားရောင် အမျိုးမျိုးနဲ့ ပုံဖော်ပြခဲ့

"ဓမ္မတာ လာနေချိန်မှာ ကျွန်မတို့ အမျိုးသမီးတွေ မသန့်ရှင်းဘူးလို့ ပြောထားတာက ကျွန်မတို့ ခေါင်းထဲမှာ ဝင်နေတယ်။ အခုတောင် ဓမ္မတာ လာနေရင် ဘုရားကျောင်း မသွားတဲ့၊ ဘာသာရေးပွဲတွေမှာ ဝင်မပါတဲ့ သူငယ်ချင်းတွေ ကျွန်မမှာ ရှိနေတယ်" လို့ မစ်စ် နိုင်ယာ က ပြောပြပါတယ်။

"ဒီတော့ ဘုရားဖူးခွင့်အတွက် အမျိုးသမီး အတော်များများက တောင်းဆိုနိုင်သေးရင် အမျိုးသမီး အခွင့်အရေးအတွက် ဘာလို့ မတောင်းဆိုနိုင်ရမှာလဲလို့ ကျွန်မ တွေးမိပါတယ်။ အမျိုးသမီးတွေ အများကြီး ပူးပေါင်း တောင်းဆိုရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်လို့ ကျွန်မ တွေးမိပါတယ်"

အသိစိတ်ကို မသိမသာ ချုပ်ချယ်ခံရတာမျိုးကို ဟိုးငယ်စဉ် ကလေးဘဝက စကြုံခဲ့ရတယ်လို့ သူက ပြောပါတယ်။

ယောက်ျားလေးနဲ့ မိန်းကလေး မတူဘူး။ မိန်းကလေးတွေ စကားကျယ်ကျယ် မပြောရဘူး။ အကျယ်ကြီး မရယ်ရဘူး ဆိုပြီး ကလေးဘဝကတည်းက သင်ထားတယ်လို့ ဆိုပါတယ်။ ကျေးရွာတွေမှာဆိုရင် မိန်းကလေးတွေကို ဆေးပညာ၊ အင်ဂျင်နီယာပညာမျိုးထက် အနုပညာနွှယ်တဲ့ ဘာသာရပ်မျိုးတွေပဲ သင်ယူ ဆည်းပူးဖို့ ခုချိန်ထိ တိုက်တွန်းတာမျိုး ရှိနေတုန်းပဲလို့ မစ်စ် နိုင်ယာ က ပြောပါတယ်။

"အိမ်ထောင်ပြုတာ၊ ကလေးယူတာမျိုးလို ကိစ္စတွေမှာလည်း သိသိသာသာ ချုပ်ချယ်မှုတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံက နေရာအတော်များများမှာ မိန်းကလေးတွေ အသက် ၁၈ နှစ် ပြည့်ပြီ ဆိုတာနဲ့ ယောက်ျားပေးစားဖို့ စလုပ်ပါတော့တယ်။ ယောက်ျား ရသွားပြီ ဆိုရင် ဘယ်တော့ ကလေးယူမလဲဆိုတဲ့ မေးခွန်းကို မေးလာကြပါတော့တယ်။ ကလေးတစ်ယောက် ရပြီ ဆိုရင် နောက်တစ်ယောက် ဘယ်တော့ ယူမလဲလို့ မေးကြပြန်ပါတယ်"

"ဒီတော့ ဒီကန့်သတ်ချုပ်ချယ်မှုတွေကို ကျွန်မတို့ စိတ်ထဲမှာ နှလုံးသွင်း ခံယူတတ်လာကြပါတယ်။ အမျိုးသမီးတွေ လုပ်ပိုင်ခွင့် ရဖို့ အကြောင်းတွေ ကျွန်မတို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်မတို့ နေ့စဉ်ဘဝမှာ ဒီကန့်သတ်ချုပ်ချယ်မှုတွေကို မေးခွန်းမထုတ်ပဲ လက်ခံနေကြပါတယ်" လို့ မစ်စ် နိုင်ယာက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption ကားမောင်းတဲ့ အမျိုးသမီးတွေကို အမြင်တစ်မျိုးနဲ့ ဆက်ဆံကြပုံကို အိမ်တွင်းအလှဆင် ဒီဇိုင်းနာ ဆမစ်သာ နိုင်ခ် ပြောပြ။
ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption ရုပ်ရှင်မင်းသမီး ကချေသည် အနူမိုလ် က မိသားစုကို ဆန့်ကျင်ပြီး အကပညာနဲ့ သက်မွေးဝမ်းကျောင်းဖို့ လုပ်ခဲ့တယ်လို့ ပြော

ဒီလှုပ်ရှားမှုမှာ ဘာသာရေး ထုံးစံကို စိန်ခေါ်ဖို့ ဖက်ရှင်ကို အသုံးပြုခဲ့ပြီး အမျိုးသားတွေ နက်နက်ရှိုင်းရှိုင်း ကြီးစိုးနေတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ခေတ်နောက်ကျနေတဲ့ ယုံကြည်မှု၊ အတွေးအခေါ်တွေကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့ အမျိုးသမီးတွေကို ရှာဖွေရတာ သိပ်တော့ မလွယ်ခဲ့ဘူးလို့ မစ်စ် နိုင်ယာ က ပြောပါတယ်။

"အမျိုးသမီး ၈၀ နဲ့ ၉၀ ကြားလောက် စကားပြောခဲ့ရပြီး အတော်လေး စိတ်ဝင်စားစရာ ကောင်းတဲ့ ဘဝဇာတ်လမ်းတွေ ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အများစုက အသံဖမ်း မှတ်တမ်းတင်မယ်ဆိုရင် မလုပ်ချင်ကြတော့ဘူး။ ဆာဘာရီမာလာ ဘုရားကျောင်းအပေါ် အချေအတင် အငြင်းပွားနေကြတဲ့ ကိစ္စကြောင့် သူတို့ စိုးရိမ် ကြောက်လန့်နေကြပါတယ်။ သူတို့ပြောတာတွေကို ဘယ်လို ပြန်ပုံဖော်မလဲ၊ လူ့အသိုင်းအဝိုင်းက ဒါကို ဘယ်လို တုံ့ပြန်ကြမလဲ ဆိုတာကို စိုးရိမ်တယ်လို့ သူတို့က ပြောပါတယ်"

ဒါပေမဲ့ ဒီအမျိုးသမီး ၁၈ ယောက်ကတော့ သူတို့ ရင်ဆိုင်ရတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ အကြောင်းနဲ့ ဒါတွေကို သူတို့ ဘယ်လို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြသလဲ ဆိုတာကို ပြောပြမယ်လို့ ဆိုလာကြပါတယ်။

ဒီလှုပ်ရှားမှုမှာ ပါတဲ့ မော်ဒယ် အမျိုးသမီးတွေထဲမှာ ရှေ့နေ၊ ရုပ်ရှင်မင်းသမီး၊ ကဗျာဆရာမ၊ စိတ်ပညာရှင်၊ နည်းပညာရှင်၊ စာရေးဆရာမ၊ အိမ်ရှင်မနဲ့ ရုံးဝန်ထမ်း အမျိုးသမီးတွေ ပါဝင်ပါတယ်။
ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption အမျိုးသမီးတွေ အမြဲ ကောင်းကောင်းမွန်မွန် ကျင့်ကြံနေထိုင်ဖို့ အမျိုးသမီးတွေအပေါ် လူမှုအသိုင်းအဝိုင်းက အကြီးအကျယ် ဖိအားပေးလေ့ ရှိတယ်လို့ စာရေးဆရာမ လက်ခ်ရှမီး ရာဂျိဗ် က ဆို

လူမှုကွန်ရက်တွေပေါ်မှာ မစ်စ် နိုင်ယာ တင်ခဲ့တဲ့ ဗီဒီယိုတွေထဲမှာ စိတ်နှလုံး ထိရှစေတဲ့ ဘဝဇာတ်လမ်းတွေကို နားဆင်ခဲ့ရပါတယ်။

မိခင်တစ်ဦးဘဝကို မဖြစ်မနေ ယူကို ယူရမယ်ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကြီးပြင်းလာခဲ့တယ် ဆိုတဲ့ ဆက်သွယ်မှု ဖွံ့ဖြိုးရေး အထူးပညာရှင် စာရေးဆရာမ ရမ်ယာ ဆာဆီးဒရန် က သူဟာ ကလေးယူချင်စိတ် မရှိတဲ့အတွက် သူ့ကိုယ်သူ တစ်ခုခု မှားနေသလားဆိုတဲ့ အတွေးမျိုး ဝင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဒါပေမဲ့ ကျွန်မကြီးလာတဲ့အခါကျတော့ ဒီမျှော်မှန်းချက် အတော်များများဟာ ပြင်ပက ဖိအားပေး ချမှတ်ထားတာတွေသာ ဖြစ်တယ်၊ ပြီးတော့ မိခင်ဘဝ ဆိုတာ အမျိုးသမီး တဦးရဲ့ ဘဝကို ကိုယ်စားပြု ပုံဖော်တာမျိုး လုံးဝ မဟုတ်ဘူး ဆိုတာကို သဘောပေါက်လာခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

စိတ်ပညာရှင် ဆွာတီ ဂျက်ဂါဒီးရှ် ကလည်း သူ့မိခင်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့ပုံ၊ မိခင်ကို ရင်းရင်းနှီးနှီး ရင်ဖွင့်တာမျိုး မလုပ်နိုင်ခဲ့ပုံတွေကို ပြန်ပြောပြခဲ့ပါတယ်။

"ဒီတော့ ကျွန်မအနေနဲ့ ကျွန်မကလေးကို ကျွန်မအပေါ် ယုံကြည်စိတ် ရှိစေချင်တယ်၊ ဘာမဆို ကျွန်မကို ဖွင့်ပြောနိုင်တဲ့ စိတ်ချမှုမျိုး သူ့မှာ ရှိစေချင်တယ်၊ မိခင် မပီသတဲ့ မိခင်တယောက် ဖြစ်မလာဖို့ ကျွန်မ အမေကို ကြည့်ပြီး သင်ခန်းစာ ယူနိုင်ခဲ့တယ်" လို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption ကလေးမယူချင်ခဲ့တဲ့အတွက် သူ့ကိုယ်သူ တစ်ခုခု မှားနေသလား ဆိုတဲ့ အတွေးမျိုးနဲ့ သူ့ဘဝ ကြီးပြင်းခဲ့ရတယ်လို့ ရမ်ယာ ဆာဆီးဒရန် ပြော
ဓာတ်ပုံ မူပိုင် Midhun Divakar
Image caption ခရီးဆောင်သေတ္တာတစ်လုံးနဲ့ အတူ အိမ်ရှင်မတစ်ဦးက အမျိုးသမီးတွေ ခရီးသွားလာတာကို ကန့်သတ်ခံနေရမှုအကြောင်း ထုတ်ဖော်

"အနက်ရောင် အနုအရင့် ၁၈ မျိုး" လှုပ်ရှားမှု ဗီဒီယိုထဲမှာ ပါတဲ့ အိမ်တွင်းအလှဆင် ဒီဇိုင်နာ ဆမီသာ နိုင်ခ် က ပိုကျယ်ကျယ်ပြန့်ပြန့် အရေးပါတဲ့ ကိစ္စမျိုးတွေအကြောင်း ဆွေးနွေးပြောဆိုဖို့ ဒီလှုပ်ရှားမှုမှာ အဝတ်အစားတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဗီဒီယိုထဲမှာ မစ်စ် နိုင်ခ်က အမျိုးသမီး ကားမောင်းသူတွေအပေါ် လူတွေ မြင်တဲ့ အမြင်နဲ့ လမ်းတွေပေါ်မှာ အနိုင်ကျင့်ခံရပုံတွေအကြောင်း ကွက်ကွက်ကွင်းကွင်း ပြောပြသွားခဲ့ပါတယ်။ ဒီကိစ္စမျိုးတွေကို အစဉ်မပြတ် ထုတ်ဖော် ပြောဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

လှုပ်ရှားမှု တစ်ခု၊ ဆန္ဒပြမှု တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ သူက ပြောပါတယ်။

အရေးပါတဲ့ သတင်းစကားတွေကို လူတွေသိအောင် လုပ်ရာမှာ ဖက်ရှင်နဲ့ ဖန်တီးမှု အနုပညာကို ထိထိရောက်ရောက် အသုံးပြုနိုင်တယ်လို့ သူက ပြောပြီး အခု အနက်ရောင် အနုအရင့် ၁၈ မျိုး လှုပ်ရှားမှု ဟာလည်း ဒီလိုမျိုး လုပ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စည်းမျဉ်းတစ်ခု သတ်မှတ်တယ် ဆိုတာဟာ စည်းမျဉ်း သတ်မှတ်ရုံတင် မက လောကကြီးတစ်ခုလုံးကို ပြောင်းဖို့ လုပ်တာ ဆိုတဲ့ ဆိုရိုးစကား တစ်ခု ရှိခဲ့ပါတယ်။

အနက်ရောင် ဝတ်ခဲ့တဲ့ သဘောဟာ ဆာဘရီမာလာ ဘုရားဖူးတွေလိုပဲ အနက်ရောင် ကလည်း ကျွန်မတို့ရဲ့ အရောင်ဖြစ်တယ် ဆိုတဲ့ သတင်းစကားကို ပါးလိုက်တာပါ။

ဒီအနက်ရောင်ကို ကျွန်မတို့လည်း ဝတ်ခွင့် ရှိတယ်၊ ဒီလူမှုအသိုင်းအဝိုင်းမှာ ကျွန်မတို့လည်း တန်းတူညီမျှ တစိတ်တပိုင်း ပါဝင်နေတယ်၊ အနက်ရောင် ပင်လယ်ပြင်ကြီးထဲမှာ ကျွန်မတို့ အမျိုးသမီးတွေလည်း ပါဝင်တယ် ဆိုတဲ့ သဘောကို ဒီလှုပ်ရှားမှုက ဖော်ပြနေပါတယ်လို့ သူက ပြောပါတယ်။

BBC Burmese
https://www.bbc.com
အနက္ဖက္ရွင္နဲ႔ ႐ိုးရာယဥ္ေက်းမႈကို စိန္ေခၚခဲ့တဲ့ အမ်ိဳးသမီးေတြ အနက္ဖက္ရွင္နဲ႔ ႐ိုးရာယဥ္ေက်းမႈကို စိန္ေခၚခဲ့တဲ့ အမ်ိဳးသမီးေတြ Reviewed by THITHTOOLWIN on 00:01 Rating: 5
Powered by Blogger.