အာဆီယံထိပ္သီး ထိုင္းႏိုင္ငံမွာစတင္


(Zawgyi / Unicode)

ျမန္မာႏုိင္ငံလည္း အဖဲြ႔၀င္ျဖစ္တဲ့ အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္း (ASEAN) အစည္းအေ၀းပဲြေတြကုိ ထုိင္းႏုိင္ငံမွာ စတင္က်င္းပေနပါၿပီ။ အေမရိကန္နဲ႔ တ႐ုတ္ႏုိင္ငံၾကား ကုန္သြယ္ေရးစစ္ပဲြရဲ႕ ႐ုိက္ခတ္မႈဒဏ္ ခံေနရခ်ိန္မွာ က်င္းပတာျဖစ္တဲ့အတြက္ စီးပြားေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ကိစၥေတြကုိ အဓိက အာ႐ုံစုိက္ၾကမွာ ျဖစ္ေပမယ့္လည္း ရခုိင္ျပည္နယ္ အက်ပ္အတည္း အပါအ၀င္ ေဒသတြင္း ျပႆနာေတြကုိလည္း ေဆြးေႏြးျဖစ္မယ္လုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။ အျပည့္အစုံကုိေတာ့ Reuters သတင္းေဆာင္းပါးကုိ အေျခခံၿပီး ကုိေအာင္လြင္ဦးက တင္ျပေပးထားပါတယ္။

အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္းနဲ႔ အေရွ႕အာရွ ထိပ္သီးေဆြးေႏြးပဲြေတြ၊ ဆက္စပ္ အစည္းအေ၀းေတြကုိ ASEAN အလွည့္က်ဥကၠ႒ ထုိင္းႏုိင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနတာပါ။ ဒီကေန႔ စတင္ခဲ့တဲ့ ASEAN စီးပြားေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ထိပ္သီးအစည္းအေ၀းပဲြကုိလည္း အိမ္ရွင္ ထုိင္း၀န္ႀကီးခ်ဳပ္ Prayuth Chan-ocha က ဖြင့္လွစ္ေပးခဲ့ပါတယ္။ အဖြင့္မိန္႔ခြန္းမွာေတာ့ အစုိးရနဲ႔ ပုဂၢလိက က႑ေတြ ပူးေပါင္းေဆာင္ရြက္ေရး တုိးျမႇင့္ဖုိ႔လည္း ထုိင္းႏုိင္ငံကုိ နမူနာေပး တုိက္တြန္းခဲ့တာပါ။

“ေရရွည္တည္တံ့ေရး လုပ္ငန္းစဥ္မွာ သက္ဆုိင္သူေတြ အမ်ားအျပား ပါ၀င္ၾကတာေၾကာင့္ အစုိးရက လုိအပ္တဲ့ အႀကံဉာဏ္ေတြေပးၿပီး ပုဂၢလိကက႑ကုိ အခြင့္အလမ္းေတြ တုိးျမႇင့္ေပးခဲ့ပါတယ္။ အစုိးရအေနနဲ႔လည္း လူသားအရင္းအျမစ္၊ စြမ္းအင္နဲ႔ အစားအေသာက္တုိ႔လုိ က႑ေတြမွာ ပုဂၢလိကဘက္က အျပည့္အ၀ ပူးေပါင္းဖုိ႔လည္း လုိပါတယ္။ ဒါမွသာ လူထုလုိအပ္ခ်က္ကုိ ျဖည့္ဆည္းၿပီး တုိင္းျပည္တုိးတက္ေအာင္ လုပ္ႏုိင္မွာပါ။”

အာဆီယံေခါင္းေဆာင္ေတြရဲ႕ ထိပ္သီးအစည္းအေ၀းပဲြေတြ မတုိင္ခင္မွာပဲ အသင္း၀င္ႏုိင္ငံေတြက ႏုိင္ငံျခားေရး၀န္ႀကီးေတြရဲ႕ အစည္းအေ၀းေတြလည္း က်င္းပခဲ့ၾကတာပါ။ အာဆီယံ ႏုိင္ငံေရးနဲ႔ လုံၿခံဳေရးဆုိင္ရာ ေကာင္စီနဲ႔ အာဆီယံ ပူးတဲြညႇိႏႈိင္းေဆာင္ရြက္ေရး ေကာင္စီတုိ႔ရဲ႕ ေဆြးေႏြးပဲြေတြ အတြင္းမွာလည္း ထုိင္းႏုိင္ငံျခားေရး၀န္ႀကီး Don Pramudwinai က ေဒသတြင္း ပူးေပါင္းေဆာင္ရြက္ေရး အေလးထား ေျပာဆုိသြားပါတယ္။

“ေဒသတြင္းမွာ စံသတ္မွတ္ခ်က္ေတြ တုိးျမႇင့္ၿပီး ခုိင္မာေအာင္ လုပ္ျခင္းအားျဖင့္ ယုံၾကည္ကုိးစားမႈေတြ ပုိၿပီး အားေကာင္းလာႏုိင္ပါတယ္။ ခ်စ္ၾကည္ေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူညီခ်က္ (TAC) မွာ ဒီကေန႔ ဘာရိန္းနဲ႔ ဂ်ာမနီႏုိင္ငံတုိ႔ ထပ္တုိးလာမွာ ျဖစ္တာေၾကာင့္ အဖဲြ႔၀င္ အေရအတြက္လည္း အရင္ထက္ ပုိမ်ားလာေနပါၿပီ။ ဒါဟာဆုိရင္ TAC သေဘာတူညီခ်က္ဟာ အေရွ႕ေတာင္အာရွေဒသနဲ႔ အနာဂတ္မွာ အာရွ-ပစိဖိတ္ေဒသအထိ ႏုိင္ငံေတြအခ်င္းခ်င္းၾကား ဆက္ဆံေရးမွာ ကုိင္စဲြႏုိင္မယ့္ အေရးႀကီးတဲ့ လုပ္ထုံးလုပ္နည္း စံတခုအျဖစ္ အသိအမွတ္ျပဳရာ ေရာက္တယ္ ဆုိတာကုိလည္း ေရာင္ျပန္ ထင္ဟပ္ေနပါတယ္။”

အာဆီယံအသင္း၀င္ ႏုိင္ငံတခ်ဳိ႕နဲ႔ တ႐ုတ္ႏုိင္ငံၾကား ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ ေရပုိင္နက္ အျငင္းပြားမႈေတြ ႀကံဳေနရသလုိ ေျမာက္ကုိရီးယား ႏ်ဴကလီးယားအေရး၊ ျမန္မာႏုိင္ငံက ရခုိင္ျပည္နယ္အေရး စတာေတြ အပါအ၀င္ ေဒသေတြင္း ျပႆနာေတြ ေပၚေနခ်ိန္မွာ ယုံၾကည္မႈေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြ ပုိမုိလုိအပ္ေၾကာင္းလည္း ထုိင္းႏုိင္ငံျခားေရး၀န္ႀကီးက ေျပာဆုိခဲ့တာပါ။

“ေရွရွည္လုံၿခံဳေရး တည္ေဆာက္ႏုိင္ဖုိ႔အတြက္ ေဒသတြင္းမွာ ယုံၾကည္ကုိးစားမႈေတြကုိ ျပဳစုပ်ဳိးေထာင္ဖုိ႔ အေရးႀကီးပါတယ္။ ဥပေဒမဲ့ မူးယစ္ေဆး၀ါး ေမွာင္ခုိမႈေတြ၊ လူေမွာင္ခုိမႈေတြ၊ အၾကမ္းဖက္၀ါဒ၊ အစြန္းေရာက္၀ါဒ၊ ဆုိက္ဘာအင္တာနက္ လုံၿခံဳေရးနဲ႔ တျခား သမား႐ုိးက်ပုံစံမ်ဳိး မဟုတ္တဲ့ ၿခိမ္းေျခာက္မႈေတြကုိ ရင္ဆုိင္ရာမွာ သက္ဆုိင္သူအားလုံး အက်ဳိးရွိေအာင္ ပူးေပါင္းေဆာင္ရြက္ၾကရမွာပါ။”

အာဆီယံေခါင္းေဆာင္ေတြရဲ႕ ထိပ္သီး အစည္းအေ၀းပဲြကုိေတာ့ ၃ ရက္ၾကာ က်င္းပသြားမွာျဖစ္ၿပီး တနလၤာေန႔မွာ စတင္မယ့္ အေရွ႕အာရွ ထိပ္သီး အစည္းအေ၀းပဲြမွာေတာ့ အေမရိကန္၊ ႐ုရွား၊ တ႐ုတ္၊ ဂ်ပန္၊ ၾသစေၾတးလ်၊ နယူးဇီလန္၊ ဂ်ပန္၊ ေတာင္ကုိရီးယားနဲ႔ အိႏၵိယႏုိင္ငံေတြလည္း တက္ေရာက္ၾကမွာပါ။

ျမန္မာႏုိင္ငံက အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ အာဆီယံ ထိပ္သီးအစည္းအေ၀းပဲြေတြ တက္ေရာက္ဖုိ႔ ထုိင္းႏုိင္ငံမွာ မေန႔တုန္းကပဲ ေရာက္ေနၿပီး အာဆီယံ စီးပြားေရး အသိုက္အ၀န္းေကာင္စီ အစည္းအေ၀းနဲ႔ ေဒသတြင္း ဘက္စုံ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ ၀န္ႀကီးအဆင့္ အစည္းအေ၀းေတြကုိေတာ့ ျမန္မာႏုိင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရး၀န္ႀကီး ဦးေသာင္းထြန္း တက္ေရာက္မွာ ျဖစ္ေၾကာင္းလည္း ျမန္မာအစုိးရက သတင္းထုတ္ျပန္ထားပါတယ္။

----------------------------------

(Unicode)

အာဆီယံထိပ်သီး ထိုင်းနိုင်ငံမှာစတင်

မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အစည်းအဝေးပွဲတွေကို ထိုင်းနိုင်ငံမှာ စတင်ကျင်းပနေပါပြီ။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ် ခံနေရချိန်မှာ ကျင်းပတာဖြစ်တဲ့အတွက် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို အဓိက အာရုံစိုက်ကြမှာ ဖြစ်ပေမယ့်လည်း ရခိုင်ပြည်နယ် အကျပ်အတည်း အပါအဝင် ဒေသတွင်း ပြဿနာတွေကိုလည်း ဆွေးနွေးဖြစ်မယ်လို့ မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကိုတော့ Reuters သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်းနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွေ၊ ဆက်စပ် အစည်းအဝေးတွေကို ASEAN အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာပါ။ ဒီကနေ့ စတင်ခဲ့တဲ့ ASEAN စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးပွဲကိုလည်း အိမ်ရှင် ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဖွင့်မိန့်ခွန်းမှာတော့ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့လည်း ထိုင်းနိုင်ငံကို နမူနာပေး တိုက်တွန်းခဲ့တာပါ။

“ရေရှည်တည်တံ့ရေး လုပ်ငန်းစဉ်မှာ သက်ဆိုင်သူတွေ အများအပြား ပါဝင်ကြတာကြောင့် အစိုးရက လိုအပ်တဲ့ အကြံဉာဏ်တွေပေးပြီး ပုဂ္ဂလိကကဏ္ဍကို အခွင့်အလမ်းတွေ တိုးမြှင့်ပေးခဲ့ပါတယ်။ အစိုးရအနေနဲ့လည်း လူသားအရင်းအမြစ်၊ စွမ်းအင်နဲ့ အစားအသောက်တို့လို ကဏ္ဍတွေမှာ ပုဂ္ဂလိကဘက်က အပြည့်အ၀ ပူးပေါင်းဖို့လည်း လိုပါတယ်။ ဒါမှသာ လူထုလိုအပ်ချက်ကို ဖြည့်ဆည်းပြီး တိုင်းပြည်တိုးတက်အောင် လုပ်နိုင်မှာပါ။”

အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲတွေ မတိုင်ခင်မှာပဲ အသင်းဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေလည်း ကျင်းပခဲ့ကြတာပါ။ အာဆီယံ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကောင်စီနဲ့ အာဆီယံ ပူးတွဲညှိနှိုင်းဆောင်ရွက်ရေး ကောင်စီတို့ရဲ့ ဆွေးနွေးပွဲတွေ အတွင်းမှာလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အလေးထား ပြောဆိုသွားပါတယ်။

“ဒေသတွင်းမှာ စံသတ်မှတ်ချက်တွေ တိုးမြှင့်ပြီး ခိုင်မာအောင် လုပ်ခြင်းအားဖြင့် ယုံကြည်ကိုးစားမှုတွေ ပိုပြီး အားကောင်းလာနိုင်ပါတယ်။ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (TAC) မှာ ဒီကနေ့ ဘာရိန်းနဲ့ ဂျာမနီနိုင်ငံတို့ ထပ်တိုးလာမှာ ဖြစ်တာကြောင့် အဖွဲ့ဝင် အရေအတွက်လည်း အရင်ထက် ပိုများလာနေပါပြီ။ ဒါဟာဆိုရင် TAC သဘောတူညီချက်ဟာ အရှေ့တောင်အာရှဒေသနဲ့ အနာဂတ်မှာ အာရှ-ပစိဖိတ်ဒေသအထိ နိုင်ငံတွေအချင်းချင်းကြား ဆက်ဆံရေးမှာ ကိုင်စွဲနိုင်မယ့် အရေးကြီးတဲ့ လုပ်ထုံးလုပ်နည်း စံတခုအဖြစ် အသိအမှတ်ပြုရာ ရောက်တယ် ဆိုတာကိုလည်း ရောင်ပြန် ထင်ဟပ်နေပါတယ်။”

အာဆီယံအသင်းဝင် နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံကြား တောင်တရုတ်ပင်လယ်ပြင်မှာ ရေပိုင်နက် အငြင်းပွားမှုတွေ ကြုံနေရသလို မြောက်ကိုရီးယား နျူကလီးယားအရေး၊ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အရေး စတာတွေ အပါအဝင် ဒေသတွေင်း ပြဿနာတွေ ပေါ်နေချိန်မှာ ယုံကြည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလိုအပ်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

“ရှေရှည်လုံခြုံရေး တည်ဆောက်နိုင်ဖို့အတွက် ဒေသတွင်းမှာ ယုံကြည်ကိုးစားမှုတွေကို ပြုစုပျိုးထောင်ဖို့ အရေးကြီးပါတယ်။ ဥပဒေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ၊ လူမှောင်ခိုမှုတွေ၊ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒ၊ ဆိုက်ဘာအင်တာနက် လုံခြုံရေးနဲ့ တခြား သမားရိုးကျပုံစံမျိုး မဟုတ်တဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ သက်ဆိုင်သူအားလုံး အကျိုးရှိအောင် ပူးပေါင်းဆောင်ရွက်ကြရမှာပါ။”

အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးပွဲကိုတော့ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး တနင်္လာနေ့မှာ စတင်မယ့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးပွဲမှာတော့ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေလည်း တက်ရောက်ကြမှာပါ။

မြန်မာနိုင်ငံက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေ တက်ရောက်ဖို့ ထိုင်းနိုင်ငံမှာ မနေ့တုန်းကပဲ ရောက်နေပြီး အာဆီယံ စီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးနဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးတွေကိုတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း တက်ရောက်မှာ ဖြစ်ကြောင်းလည်း မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ကိုေအာင္လြင္ဦး  / VOA Burmese
https://burmese.voanews.com
အာဆီယံထိပ္သီး ထိုင္းႏိုင္ငံမွာစတင္ အာဆီယံထိပ္သီး ထိုင္းႏိုင္ငံမွာစတင္ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.