တူရကီမဟာမိတ္ ဆီးရီးယားတပ္ဖြဲ႕ လုပ္ရပ္ HRW ေဖာ္ထုတ္

(Zawgyi)⤵⤵⤵
တူရကီက ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ ဆီးရီးယား အမ်ိဳးသားတပ္ ဟာ တရား ဥပေဒေၾကာင္းအရ စစ္ေဆးမႈမရွိဘဲ သတ္ျဖတ္တာ၊ အတင္း အဓမၼလုယက္တာ၊ ပိုင္ဆိုင္ပစၥည္းေတြကို သိမ္းဆည္းတာနဲ႔ လူေတြ သူတို႔ေနအိမ္ကို မျပန္ႏိုင္ေအာင္ ဟန႔္တားတာေတြ လုပ္ေန တယ္ဆိုတာကိုျပတဲ့ ခိုင္လုံတဲ့ အေထာက္အထားေတြကို ရထားတယ္လို႔ နယူးေယာက္အေျခစိုက္ လူ႔အခြင့္အေရး ေစာင့္ၾကည့္ ေလ့လာေရးအဖြဲ႕ HRW ကေျပာပါတယ္။

တူရကီအစိုးရဟာ သူတို႔ လက္နက္တပ္ဆင္ေပးထားတဲ့ လက္နက္ကိုင္ေတြရဲ႕ ဆိုး႐ြားလွတဲ့ လုပ္ရပ္ေတြကို မသိခ်င္ေယာင္ ေဆာင္ေနတယ္လို႔ HRW အဖြဲ႕ရဲ႕ အေရွ႕အလယ္ပိုင္းေဒသ ဆိုင္ရာ ၫႊန္ၾကားေရးမႉး Sarah Leah Whitson ကေျပာပါတယ္။ ဒီ ေဒသေတြကို တူရကီက ထိန္းခ်ဳပ္ထားသေ႐ြ႕ စုံစမ္းစစ္ေဆးဖို႔နဲ႔ ဒီ ၾကမ္းတမ္းခက္ထန္တဲ့ လုပ္ရပ္ေတြကို အဆုံးသတ္ဖို႔ တာဝန္ရွိ တယ္လို႔လည္းေျပာပါတယ္။

YPG ကာ့ဒ္လက္နက္ကိုင္ေတြနဲ႔ အဓိကဖြဲ႕စည္းထားတဲ့ ဆီးရီးယား ဒီမိုကရက္တစ္တပ္ဖြဲ႕ေတြကို ဆီးရီးယား အေရွ႕ေျမာက္ပိုင္းမွာ တူရကီတပ္ေတြနဲ႔ SNA တပ္ဖြဲ႕က ၿပီးခဲ့တဲ့လမွာ ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့တာပါ။

YPG ကို အၾကမ္းဖက္ဝါဒီ အဖြဲ႕အျဖစ္ တူရကီအစိုးရက သတ္မွတ္ထားေပမယ့္ ဒီအဖြဲ႕ဟာ IS အစြန္းေရာက္အဖြဲ႕ကို ႏွိမ္နင္းတာမွာ အေမရိကန္ရဲ႕ အေရးပါတဲ့မဟာမိတ္ အဖြဲ႕တဖြဲ႕ျဖစ္ပါတယ္။
SNA တပ္ဖြဲ႕က အက်ဥ္းသားေတြကို သတ္ပစ္တာ၊ ေဒသခံ ကာ့ဒ္ေတြရဲ႕ အိမ္ေတြကို သိမ္းယူတာ၊ အရပ္သားေတြကို ခြဲျခားမႈမရွိ ဗုံးက်ဲတာ စတဲ့လုပ္ရပ္ေတြအတြက္ အေထာက္အထားေတြရွိတယ္လို႔ HRW က ေျပာပါတယ္။


(Unicode)

တူရကီမဟာမိတ် ဆီးရီးယားတပ်ဖွဲ့ လုပ်ရပ် HRW ဖော်ထုတ်

တူရကီက ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယား အမျိုးသားတပ် ဟာ တရား ဥပဒေကြောင်းအရ စစ်ဆေးမှုမရှိဘဲ သတ်ဖြတ်တာ၊ အတင်း အဓမ္မလုယက်တာ၊ ပိုင်ဆိုင်ပစ္စည်းတွေကို သိမ်းဆည်းတာနဲ့ လူတွေ သူတို့နေအိမ်ကို မပြန်နိုင်အောင် ဟန့်တားတာတွေ လုပ်နေ တယ်ဆိုတာကိုပြတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကို ရထားတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW ကပြောပါတယ်။

တူရကီအစိုးရဟာ သူတို့ လက်နက်တပ်ဆင်ပေးထားတဲ့ လက်နက်ကိုင်တွေရဲ့ ဆိုးရွားလှတဲ့ လုပ်ရပ်တွေကို မသိချင်ယောင် ဆောင်နေတယ်လို့ HRW အဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Sarah Leah Whitson ကပြောပါတယ်။ ဒီ ဒေသတွေကို တူရကီက ထိန်းချုပ်ထားသရွေ့ စုံစမ်းစစ်ဆေးဖို့နဲ့ ဒီ ကြမ်းတမ်းခက်ထန်တဲ့ လုပ်ရပ်တွေကို အဆုံးသတ်ဖို့ တာဝန်ရှိ တယ်လို့လည်းပြောပါတယ်။

YPG ကာ့ဒ်လက်နက်ကိုင်တွေနဲ့ အဓိကဖွဲ့စည်းထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့တွေကို ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ တူရကီတပ်တွေနဲ့ SNA တပ်ဖွဲ့က ပြီးခဲ့တဲ့လမှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

YPG ကို အကြမ်းဖက်ဝါဒီ အဖွဲ့အဖြစ် တူရကီအစိုးရက သတ်မှတ်ထားပေမယ့် ဒီအဖွဲ့ဟာ IS အစွန်းရောက်အဖွဲ့ကို နှိမ်နင်းတာမှာ အမေရိကန်ရဲ့ အရေးပါတဲ့မဟာမိတ် အဖွဲ့တဖွဲ့ဖြစ်ပါတယ်။

SNA တပ်ဖွဲ့က အကျဉ်းသားတွေကို သတ်ပစ်တာ၊ ဒေသခံ ကာ့ဒ်တွေရဲ့ အိမ်တွေကို သိမ်းယူတာ၊ အရပ်သားတွေကို ခွဲခြားမှုမရှိ ဗုံးကျဲတာ စတဲ့လုပ်ရပ်တွေအတွက် အထောက်အထားတွေရှိတယ်လို့ HRW က ပြောပါတယ်။

VOA Burmese
https://burmese.voanews.com
တူရကီမဟာမိတ္ ဆီးရီးယားတပ္ဖြဲ႕ လုပ္ရပ္ HRW ေဖာ္ထုတ္ တူရကီမဟာမိတ္ ဆီးရီးယားတပ္ဖြဲ႕ လုပ္ရပ္ HRW ေဖာ္ထုတ္ Reviewed by THITHTOOLWIN on 09:26 Rating: 5
Powered by Blogger.