ဘာဘ္ဘယ္မုန္တိုင္း အရွိန္ေၾကာင့္ ရန္ကုန္အပါအဝင္ ေဒသတခ်ိဳ႕ ေနရာကြက္ မိုးႀကီးႏိုင္

ဓာတ္ပုံ မူပိုင္ AFP/Getty Images

(Zawgyi)⤵⤵⤵
ဘဂၤလားပင္လယ္ေအာ္ အေရွ႕ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ဘာဘ္ဘယ္မုန္တိုင္း အရွိန္ေၾကာင့္ ရန္ကုန္အပါအဝင္ တိုင္းနဲ႔ ျပည္နယ္ တခ်ိဳ႕မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္တယ္လို႔ မိုးေလဝသ ဌာနဆီက သိရပါတယ္။

ဒီမုန္တိုင္း အရွိန္ေၾကာင့္ ရန္ကုန္အပါအဝင္ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ဧရာဝတီ တိုင္းနဲ႔ ခ်င္းနဲ႔ရခိုင္ျပည္နယ္တို႔မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ဘီဘီစီကို ေျပာပါတယ္။

"မိုးႀကီးႏိုင္တဲ့ အေျခအေနေၾကာင့္ ေတာင္ကုန္းေတာင္တန္း ေဒသေတြ ရွိတဲ့ ခ်င္းတို႔ ဘာတို႔မွာဆို ေျမၿပိဳမႈ ေဘးအႏၲရာယ္ေတြ သတိျပဳဖို႔လိုတယ္" လို႔ သူက ေျပာပါတယ္။

ဒါ့အျပင္ ႏိုင္ငံ အလယ္ပိုင္း ေဒသေတြမွာ ေတာင္က်ေခ်ာင္းေရ က်ႏိုင္တဲ့ အေနအထားမ်ိဳးေတြ ရွိတယ္လို႔လည္း ဦးေက်ာ္မိုးဦးက ေျပာပါတယ္။

"အခ်ိန္အၾကာႀကီးေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ က်လာတဲ့ အခ်ိန္မွာလည္း တဟုန္ထိုးက်တာ ျဖစ္တဲ့အတြက္ သတိျပဳဖို႔လိုတယ္" လို႔ ေျပာပါတယ္။

"အထူးသျဖင့္ေတာ့ ေခ်ာင္းေျခာက္ေတြ ဘာေတြမွာ ေနတဲ့သူေတြ။ ျမစ္အႀကီးေတြမွာ ေနတဲ့သူေတြမွာေတာ့ တအားႀကီး သက္ေရာက္မႈ မရွိႏိုင္ဘူး" လို႔ ေျပာပါတယ္။

ဓာတ္ပုံ မူပိုင္ AFP/Getty Images

ဘာဘ္ဘယ္ မုန္တိုင္းဟာ အခုအခါ အိႏၵိယႏိုင္ငံ ပါရာဒစ္ၿမိဳ႕ကို ဦးတည္ ေ႐ြ႕လ်ားေနၿပီး ဒီမုန္တိုင္းဟာ ကုန္းတြင္းပိုင္းကို ဝင္ေရာက္မွာ ျဖစ္ပါတယ္။

မုန္တိုင္းဟာ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ အစပ္ကေန ဝင္ၿပီး အိႏၵိယထဲကို ကုန္းတြင္းမုန္တိုင္းအေနနဲ႔ သြားမွာျဖစ္တယ္လို႔ ဦးေက်ာ္မိုးဦးက ေျပာပါတယ္။

မုန္တိုင္း အရွိန္ေၾကာင့္ အထူးသျဖင့္ ျမစ္ဝကြၽန္းေပၚနဲ႔ ရခိုင္ကမ္း႐ိုးတန္းမွာ ရံဖန္ရံခါ မိုးသက္ေလျပင္းက်ၿပီး လႈိင္းႀကီးေနတယ္။ မိုးသက္ေလျပင္း တစ္နာရီကို ၅၅ မိုင္ေလာက္ တိုက္ေနတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ မုန္တိုင္း အရွိန္ေၾကာင့္ ျမန္မာႏိုင္ငံဘက္မွာ မိုး႐ြာသြန္းမွာ ျဖစ္ၿပီး စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီတိုင္းနဲ႔ ခ်င္း၊ ရခိုင္ တို႔မွာ ေနရာ စိပ္စိပ္က ေနရာ အႏွံ႔အျပား မိုး႐ြာႏိုင္တယ္။ ေနျပည္ေတာ္၊ တနသၤာရီ၊ ကခ်င္၊ ရွမ္း ကယား၊ ကရင္၊ မြန္ တို႔မွာ ေနရာ က်ဲက်ဲ မိုး႐ြာ ႏိုင္တယ္လို႔လည္း သိရပါတယ္။

ႏိုဝင္ဘာလ ၈ ရက္မွာေတာ့ ရန္ကုန္မွာ မိုး႐ြာခဲ့ၿပီး မိုး႐ြာေနတာ ႏွစ္ရက္၊ သုံးရက္ ဆက္တိုက္ ရွိၿပီလို႔ ရန္ကုန္ၿမိဳ႕ခံေတြက ေျပာပါတယ္။

အားအလြန္ေကာင္းတဲ့ ဒီ ဆိုင္ကလုန္း မုန္တိုင္းဟာ ႏိုဝင္ဘာလ ၈ ရက္ ညေန ၄ နာရီ ခန႔္မွန္းခ်က္အရ ျမန္မာႏိုင္ငံဘက္ကို ဦးတည္ေ႐ြ႕လ်ားမယ့္ အေျခအေန မရွိဘူးလို႔ သိရပါတယ္။ ျမန္မာႏိုင္ငံဘက္ကို လာႏိုင္ေျခ မရွိလို႔ ဒီမုန္တိုင္းကို အဝါအေရာင္ အဆင့္ သတ္မွတ္ထားတယ္လို႔ မိုးေလဝသ ဌာနက ထုတ္ျပန္ထားပါတယ္။

မုန္တိုင္းအရွိန္ေၾကာင့္ ျပည္တြင္းေလေၾကာင္း ပ်ံသန္းေရး၊ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတေလွ်ာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔က ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္ေတြ၊‌ သေဘၤာေတြ ႀကိဳတင္သတိျပဳႏိုင္ေအာင္ မိုးေလဝသ ဌာနက ႏႈိးေဆာ္ထားပါတယ္။

BBC Burmese
https://www.bbc.com
-----------------
(Unicode)⤵⤵⤵
ဘာဘ်ဘယ်မုန်တိုင်း အရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသတချို့ နေရာကွက် မိုးကြီးနိုင်


ဓာတ်ပုံ မူပိုင် AFP/Getty Images

ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဘာဘ်ဘယ်မုန်တိုင်း အရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ် တချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသ ဌာနဆီက သိရပါတယ်။

ဒီမုန်တိုင်း အရှိန်ကြောင့် ရန်ကုန်အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ တိုင်းနဲ့ ချင်းနဲ့ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကို ပြောပါတယ်။

"မိုးကြီးနိုင်တဲ့ အခြေအနေကြောင့် တောင်ကုန်းတောင်တန်း ဒေသတွေ ရှိတဲ့ ချင်းတို့ ဘာတို့မှာဆို မြေပြိုမှု ဘေးအန္တရာယ်တွေ သတိပြုဖို့လိုတယ်" လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ တောင်ကျချောင်းရေ ကျနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်လို့လည်း ဦးကျော်မိုးဦးက ပြောပါတယ်။

"အချိန်အကြာကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျလာတဲ့ အချိန်မှာလည်း တဟုန်ထိုးကျတာ ဖြစ်တဲ့အတွက် သတိပြုဖို့လိုတယ်" လို့ ပြောပါတယ်။

"အထူးသဖြင့်တော့ ချောင်းခြောက်တွေ ဘာတွေမှာ နေတဲ့သူတွေ။ မြစ်အကြီးတွေမှာ နေတဲ့သူတွေမှာတော့ တအားကြီး သက်ရောက်မှု မရှိနိုင်ဘူး" လို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images

ဘာဘ်ဘယ် မုန်တိုင်းဟာ အခုအခါ အိန္ဒိယနိုင်ငံ ပါရာဒစ်မြို့ကို ဦးတည် ရွေ့လျားနေပြီး ဒီမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မှာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အစပ်ကနေ ဝင်ပြီး အိန္ဒိယထဲကို ကုန်းတွင်းမုန်တိုင်းအနေနဲ့ သွားမှာဖြစ်တယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

မုန်တိုင်း အရှိန်ကြောင့် အထူးသဖြင့် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းမှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနေတယ်။ မိုးသက်လေပြင်း တစ်နာရီကို ၅၅ မိုင်လောက် တိုက်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးရွာသွန်းမှာ ဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းနဲ့ ချင်း၊ ရခိုင် တို့မှာ နေရာ စိပ်စိပ်က နေရာ အနှံ့အပြား မိုးရွာနိုင်တယ်။ နေပြည်တော်၊ တနင်္သာရီ၊ ကချင်၊ ရှမ်း ကယား၊ ကရင်၊ မွန် တို့မှာ နေရာ ကျဲကျဲ မိုးရွာ နိုင်တယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်မှာတော့ ရန်ကုန်မှာ မိုးရွာခဲ့ပြီး မိုးရွာနေတာ နှစ်ရက်၊ သုံးရက် ဆက်တိုက် ရှိပြီလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အားအလွန်ကောင်းတဲ့ ဒီ ဆိုင်ကလုန်း မုန်တိုင်းဟာ နိုဝင်ဘာလ ၈ ရက် ညနေ ၄ နာရီ ခန့်မှန်းချက်အရ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံဘက်ကို လာနိုင်ခြေ မရှိလို့ ဒီမုန်တိုင်းကို အဝါအရောင် အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသ ဌာနက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊‌ သင်္ဘောတွေ ကြိုတင်သတိပြုနိုင်အောင် မိုးလေဝသ ဌာနက နှိုးဆော်ထားပါတယ်။

BBC Burmese
https://www.bbc.com
ဘာဘ္ဘယ္မုန္တိုင္း အရွိန္ေၾကာင့္ ရန္ကုန္အပါအဝင္ ေဒသတခ်ိဳ႕ ေနရာကြက္ မိုးႀကီးႏိုင္ ဘာဘ္ဘယ္မုန္တိုင္း အရွိန္ေၾကာင့္ ရန္ကုန္အပါအဝင္ ေဒသတခ်ိဳ႕ ေနရာကြက္ မိုးႀကီးႏိုင္ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.