ေရခဲဥေတြ ဖင္လန္ကမ္းေျခမွာ ထူးထူးျခားျခား ဖုံးအုပ္သြား

ဖင္လန္က ေဟလူအိုတို ကမ္းေျခမွာ တနဂၤေႏြေန႔က ဥပုံသ႑ာန္ ေရခဲလုံးေတြ ဖုံးသြားတာကို ရစ္စတို မတ္တီလာက ဓာတ္ပုံ႐ိုက္ခဲ့ပါတယ္။
(Zawgyi)⤵⤵⤵
ျဖစ္ေတာင့္ျဖစ္ခဲ ရာသီဥတု အေျခအေနေၾကာင့္ ဖင္လန္ႏိုင္ငံက ကမ္းေျခတစ္ခုမွာ ဥပုံသ႑ာန္ ေရခဲလုံးေတြ ဖုံးအုပ္သြားခဲ့ပါတယ္။

ဖင္လန္နဲ႔ ဆြီဒင္ ၾကားက ပင္လယ္ေကြ႕ ကြၽန္းတစ္ကြၽန္းျဖစ္တဲ့ ေဟလူအိုတိုမွာ ေရခဲဥေတြ ဖုံးေနခဲ့ၿပီး အေပ်ာ္တမ္း ဓာတ္ပုံဆရာ ရစ္စတို မတ္တီလာက ဒါေတြကို ေတြ႕ခဲ့သူေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။

ႏွင္းလုံးေတြကို ေရက ဖုံးလိုက္၊ ေလကတိုက္လိုက္နဲ႔ ထပ္ထပ္လိမ့္သြားရာက အခုလို ပုံစံမ်ိဳး ျဖစ္လာတာလို႔ ပညာရွင္တြက ေျပာပါတယ္။

ဒီလိုမ်ိဳး အျဖစ္အပ်က္မ်ိဳးကို အရင္က တစ္ခါမွ မျမင္ဖူးဘူးလို႔ အဲဒီေနရာနားက အိုလူၿမိဳ႕ခံ မစၥတာ မတ္တီလာက ေျပာပါတယ္။

"ကြၽန္ေတာ္က မိန္းမနဲ႔ မာဂ်န္ႏိုင္မီ ကမ္းေျခကို သြားတာ။ ေနကသာေနတယ္။ အပူခ်ိန္ကေတာ့ အႏုတ္ ၁ ဒီဂရီ။ ေလကေတာ့ ေတာ္ေတာ္တိုက္တဲ့ ေန႔ပဲ" လို႔ ေျပာပါတယ္။

အဲဒီလို ေရခဲလုံးေတြ ဖုံးေနတာ ေပ ၁၀၀ ေလာက္ အရွည္ ရွိတယ္လို႔ မစၥတာ မတ္တီလာက ေျပာပါတယ္။

ဒီႏွင္းလုံးေတြထဲမွာ အေသးဆုံးက ၾကက္ဥ အ႐ြယ္ေလာက္ ရွိၿပီး အႀကီးဆုံးကေတာ့ ေဘာလုံးအ႐ြယ္ထိ ရွိပါတယ္။

"အဲဒါ အင္မတန္ အံ့ၾသဖို႔ေကာင္းတဲ့ ျမင္ကြင္းပါ။ ကြၽန္ေတာ္ ဒီမွာ ၂၅ ႏွစ္ေလာက္ ေနလာတာ တစ္ခါမွ ဒါမ်ိဳး မျမင္ဖူးပါဘူး" လို႔ ေျပာပါတယ္။


ဘီဘီစီက မိုးေလဝသ သုံးသပ္သူ ေဂ်ာ့ခ်္ ဂြတ္ဖဲလိုးကေတာ့ ဒီလိုမ်ိဳး ႏွင္းလုံးေတြ ျဖစ္ဖို႔ ရာသီဥတုက ေအးရမယ္၊ ေလနည္းနည္းတိုက္ရမယ္ လို႔ ေျပာပါတယ္။

ႏွင္းလုံးေတြကို ပင္လယ္ေရက ထပ္ဖုံးၿပီး ခဲသြားတာက ဒီႏွင္းလုံးေတြကို ပိုၿပီး ေခ်ာမြတ္သြားေစတယ္လို႔ သူက ေျပာပါတယ္။

ဒီလို ဥပုံစံ ႏွင္းလုံးေတြ အရင္ကေတာ့ ႐ုရွားနဲ႔ အေမရိကန္ႏိုင္ငံမွာ ျဖစ္ခဲ့ဖူးပါေသးတယ္။

၂၀၁၆ တုန္းက ကမ္းေျခမွာ ၁၁ မိုင္ေလာက္ကို ေဘာလုံးပုံ ႏွင္းလုံးႀကီးေတြ ဖုံးေနတာကို ဆားဘီးယားက ႏိုင္ဒါ ေဒသခံေတြ ေတြ႕ခဲ့ဖူးၾကပါတယ္။

အဲဒီႏွင္းလုံးေတြက အေသးဆုံး တင္းနစ္ေဘာလုံးေလာက္ကေန အႀကီးဆုံး ၃ေပ ေလာက္ထိေတာင္ ရွိပါတယ္။
ဆာဘီးယားႏိုင္ငံ ယာမယ္လ္ ကြၽန္းဆြယ္မွာ ႏွင္းလုံးႀကီးေတြ ဖုံးေနခဲ့လို႔ ႏိုင္ဒါ ႐ြာသားေတြ အံ့ၾသေနၾကပါတယ္။ 

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ရေခဲဥတွေ ဖင်လန်ကမ်းခြေမှာ ထူးထူးခြားခြား ဖုံးအုပ်သွား

ဓာတ်ပုံ မူပိုင် Risto Mattila
Image caption ဖင်လန်က ဟေလူအိုတို ကမ်းခြေမှာ တနင်္ဂနွေနေ့က ဥပုံသဏ္ဍာန် ရေခဲလုံးတွေ ဖုံးသွားတာကို ရစ်စတို မတ်တီလာက ဓာတ်ပုံရိုက်ခဲ့ပါတယ်။

ဖြစ်တောင့်ဖြစ်ခဲ ရာသီဥတု အခြေအနေကြောင့် ဖင်လန်နိုင်ငံက ကမ်းခြေတစ်ခုမှာ ဥပုံသဏ္ဍာန် ရေခဲလုံးတွေ ဖုံးအုပ်သွားခဲ့ပါတယ်။

ဖင်လန်နဲ့ ဆွီဒင် ကြားက ပင်လယ်ကွေ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဟေလူအိုတိုမှာ ရေခဲဥတွေ ဖုံးနေခဲ့ပြီး အပျော်တမ်း ဓာတ်ပုံဆရာ ရစ်စတို မတ်တီလာက ဒါတွေကို တွေ့ခဲ့သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

နှင်းလုံးတွေကို ရေက ဖုံးလိုက်၊ လေကတိုက်လိုက်နဲ့ ထပ်ထပ်လိမ့်သွားရာက အခုလို ပုံစံမျိုး ဖြစ်လာတာလို့ ပညာရှင်တွက ပြောပါတယ်။

ဒီလိုမျိုး အဖြစ်အပျက်မျိုးကို အရင်က တစ်ခါမှ မမြင်ဖူးဘူးလို့ အဲဒီနေရာနားက အိုလူမြို့ခံ မစ္စတာ မတ်တီလာက ပြောပါတယ်။

"ကျွန်တော်က မိန်းမနဲ့ မာဂျန်နိုင်မီ ကမ်းခြေကို သွားတာ။ နေကသာနေတယ်။ အပူချိန်ကတော့ အနုတ် ၁ ဒီဂရီ။ လေကတော့ တော်တော်တိုက်တဲ့ နေ့ပဲ" လို့ ပြောပါတယ်။

အဲဒီလို ရေခဲလုံးတွေ ဖုံးနေတာ ပေ ၁၀၀ လောက် အရှည် ရှိတယ်လို့ မစ္စတာ မတ်တီလာက ပြောပါတယ်။

ဒီနှင်းလုံးတွေထဲမှာ အသေးဆုံးက ကြက်ဥ အရွယ်လောက် ရှိပြီး အကြီးဆုံးကတော့ ဘောလုံးအရွယ်ထိ ရှိပါတယ်။

"အဲဒါ အင်မတန် အံ့သြဖို့ကောင်းတဲ့ မြင်ကွင်းပါ။ ကျွန်တော် ဒီမှာ ၂၅ နှစ်လောက် နေလာတာ တစ်ခါမှ ဒါမျိုး မမြင်ဖူးပါဘူး" လို့ ပြောပါတယ်။

ဘီဘီစီက မိုးလေဝသ သုံးသပ်သူ ဂျော့ချ် ဂွတ်ဖဲလိုးကတော့ ဒီလိုမျိုး နှင်းလုံးတွေ ဖြစ်ဖို့ ရာသီဥတုက အေးရမယ်၊ လေနည်းနည်းတိုက်ရမယ် လို့ ပြောပါတယ်။

နှင်းလုံးတွေကို ပင်လယ်ရေက ထပ်ဖုံးပြီး ခဲသွားတာက ဒီနှင်းလုံးတွေကို ပိုပြီး ချောမွတ်သွားစေတယ်လို့ သူက ပြောပါတယ်။

ဒီလို ဥပုံစံ နှင်းလုံးတွေ အရင်ကတော့ ရုရှားနဲ့ အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့ဖူးပါသေးတယ်။

၂၀၁၆ တုန်းက ကမ်းခြေမှာ ၁၁ မိုင်လောက်ကို ဘောလုံးပုံ နှင်းလုံးကြီးတွေ ဖုံးနေတာကို ဆားဘီးယားက နိုင်ဒါ ဒေသခံတွေ တွေ့ခဲ့ဖူးကြပါတယ်။

အဲဒီနှင်းလုံးတွေက အသေးဆုံး တင်းနစ်ဘောလုံးလောက်ကနေ အကြီးဆုံး ၃ပေ လောက်ထိတောင် ရှိပါတယ်။
ဓာတ်ပုံ မူပိုင် Ekaterina Chernykh
Image caption ဆာဘီးယားနိုင်ငံ ယာမယ်လ် ကျွန်းဆွယ်မှာ နှင်းလုံးကြီးတွေ ဖုံးနေခဲ့လို့ နိုင်ဒါ ရွာသားတွေ အံ့သြနေကြပါတယ်။

BBC Burmese
https://www.bbc.com
ေရခဲဥေတြ ဖင္လန္ကမ္းေျခမွာ ထူးထူးျခားျခား ဖုံးအုပ္သြား ေရခဲဥေတြ ဖင္လန္ကမ္းေျခမွာ ထူးထူးျခားျခား ဖုံးအုပ္သြား Reviewed by THITHTOOLWIN on 23:31 Rating: 5
Powered by Blogger.