သမၼတက ပညာေရးအဆင့္ျမႇင့္ဖို႔ ကမာၻ႔ဘဏ္က ေငြေခ်းမွာကို တပ္မေတာ္ေဝဖန္

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ အမွတ္ ၁ အေျခခံပညာအထက္တန္းေက်ာင္း ေက်ာင္းဆင္းခ်ိန္ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ပညာေရးဝန္ႀကီးဌာနက လူတိုင္းအက်ဳံးဝင္ အရည္အေသြးမီ ပညာေရးလုပ္ငန္းကို အေကာင္အထည္ေဖာ္ဖို႔ ကမာၻ႔ဘဏ္ကေန ကန္ေဒၚလာသန္း ၁၀၀ ေခ်းေငြရယူမယ့္အေပၚ NLD ပါတီ၊ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီနဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ၊ တိုင္းရင္သားပါတီေတြက ေထာက္ျပေဆြးေႏြးခဲ့ပါတယ္။

ၿမိဳ႕နယ္ေပါင္း ၁၁၅ ၿမိဳ႕နယ္၊ အေျခခံပညာေက်ာင္းေပါင္း တစ္ေသာင္းငါးေထာင္ေက်ာ္က ေက်ာင္းသူ၊ ေက်ာင္းသား သုံးသန႔္ခန႔္အတြက္ ေထာက္ပံ့ေပးႏိုင္မွာျဖစ္တယ္လို႔ ပညာေရး ဝန္ႀကီးဌာနက တင္ျပတဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ေဆြးေႏြးတဲ့ ကိုယ္စားလွယ္ အားလုံးက ေခ်းေငြရယူတာကို မကန႔္ကြက္ေပမယ့္ စီမံခန႔္ခြဲတဲ့အပိုင္းမွာ လိုအပ္ခ်က္ေတြရွိမွာကို ဦးစားေပးေထာက္ျပခဲ့ၾကတာပါ။

တပ္မေတာ္သား အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မႉး ႏိုင္ျမင့္က ႏိုင္ငံျခားေခ်းေငြေတြကို ရယူတဲ့အခါ အေႂကြးပင္လယ္မွာ တိုင္းျပည္မနစ္ျမဳပ္ေစဖို႔နဲ႔ ဘုရင္ကအေႂကြးယူ တိုင္းသူျပည္သားေတြက ျပန္ဆပ္လို႔မဆုံးဆိုတဲ့ ပုံစံမ်ိဳးမျဖစ္ေအာင္ သတိျပဳဖို႔ ေျပာပါတယ္။

၁၀ စုႏွစ္တစ္ခုအတြင္း ဆက္တိုက္ ဘတ္ဂ်က္လိုေငြျပေနတဲ့၊ လိုေငြျဖည့္တင္းေရး မူဝါဒခိုင္မာမႈမရွိတဲ့ ႏိုင္ငံအေနနဲ႔ ႏိုင္ငံျခားေခ်းေငြကို သတိထား ရယူသင့္ေၾကာင္း၊ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္မွာ ႏိုင္ငံျခားေခ်းေငြ က်ပ္ ( ၂၂၁၃ ) ဘီလီယံအထိ အမ်ားဆုံး ေခ်းေငြစံခ်ိန္တင္ခဲ့တာကိုလည္း ထည့္သြင္းစဥ္းစားသင့္ေၾကာင္း သတိေပးပါတယ္။

ေခ်းေငြရယူေရးအေပၚ မူအားျဖင့္ သေဘာတူေပမယ့္ လက္ေတြ႕သုံးစြဲတဲ့အခါ သတိျပဳဖို႔ ေဝဖန္ေထာက္ျပတာလို႔ ဗိုလ္မႉး ႏိုင္ျမင့္ က ဆိုပါတယ္။

NLD ပါတီဝင္ တနသၤာရီတိုင္းေဒသႀကီးက အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဇာ္ဟိန္းက တခ်ိဳ႕စာသင္ေက်ာင္းေတြမွာ ေက်ာင္းသားလူငယ္ေတြအၾကား မူးယစ္ေဆးဝါး ပ်ံ႕ႏွံ႔ေနတဲ့ အႏၲရာယ္ကို ကာကြယ္ႏိုင္ေရး ပညာေရးက႑မွာ ထည့္သြင္းစဥ္းစားဖို႔ ေျပာပါတယ္။

ဒီေခ်းေငြကို ျပန္ဆပ္ဖို႔ ဆိုင္းငံ့ကာလ ငါးႏွစ္ ျပန္ဆပ္ရမယ့္ကာလက ၂၅ ႏွစ္၊ စုစုေပါင္း ႏွစ္ ၃၀ ျဖစ္ပါတယ္။ အတိုးက တစ္ႏွစ္ကို ၁.၂၅ ရာခိုင္ႏႈန္း၊ ဝန္ေဆာင္ခအေနနဲ႔ ဝ.၇၅ ရာခိုင္ႏႈန္းရွိလို႔ သင့္တင့္မွ်တတယ္လို႔ NLD လႊတ္ေတာ္ ကိုယ္စားလွယ္ တခ်ိဳ႕က ေျပာပါတယ္။

၂၀၁၉ ခုႏွစ္ ပညာေရး မူဝါဒအစီရင္ခံစာအရ အေျခခံပညာေက်ာင္းေတြမွာ ဆရာ၊ ဆရာမ သုံးသိန္း ခုႏွစ္ေသာင္းေက်ာ္ရွိၿပီး၊ ေက်ာင္းဆရာ လစ္လပ္မႈက တစ္သိန္းေလးေသာင္းေက်ာ္ရွိပါတယ္။

အေျခခံပညာမၿပီးဆုံးဘဲ မူလတန္းနဲ႔ အလယ္တန္းအဆင့္နဲ႔ ေက်ာင္းထြက္ရတဲ့ ေက်ာင္းသား အေရအတြက္ဟာ ၂၀၁၈နဲ႔ ၂၀၁၉ မွာ ႏွစ္သန္းခန႔္ရွိတယ္လို႔ ပညာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕နယ္က ANP ပါတီဝင္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးထြန္းေမာင္က တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္မွာ ေက်ာင္းထြက္ရတဲ့ ေက်ာင္းသားအေရအတြက္ ပိုမ်ားလာတယ္လို႔ ေျပာပါတယ္။

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ ေက်ာင္းကုန္းၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသိန္းထြန္းက တစ္ႏိုင္ငံလုံးမွာရွိတဲ့ ေက်ာင္းေပါင္း ေလးေသာင္းခုႏွစ္ေထာင္ေက်ာ္မွာ တစ္ေသာင္းခြဲေက်ာ္သာ ဒီစနစ္ရဲ႕ အက်ိဳးကိုခံစားရမွာျဖစ္လို႔ အားလုံးကို လႊမ္းၿခဳံမႈမရွိဘူးလို႔ ေျပာပါတယ္။

အစိုးရက ေဆာင္႐ြယ္မယ့္ လူတိုင္းအက်ဳံးဝင္ ပညာေရး အစီအစဥ္အရ ေက်ာင္းျပင္ပေရာက္ေနတဲ့ ကေလးေတြကိုလည္း ပညာသင္ၾကားႏိုင္ေအာင္ ေဆာက္႐ြက္မယ္လု႔ိ သိရပါတယ္။

လႊတ္ေတာ္ ကိုယ္စားလွယ္တခ်ိဳ႕ကေတာ့ အဲလိုလုပ္ဖို႔ အစီအစဥ္ရွိရင္ ေက်ာင္းပညာက ကေလးေတြ ပညာေရးအတြက္ ကူညီေဆာင္႐ြက္ေနတဲ့ အရပ္ဖက္အဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ အႀကံျပဳၾကပါတယ္။

NLD ပါတီက တိုင္းရင္းသား ကိုယ္စားလွယ္ တစ္ဦးကေတာ့ ေဒသအေျခအေနကိုသိတဲ့ တိုင္းရင္းသား အမတ္ေတြနဲ႔ပါ တိုင္ပင္ေဆြးေႏြးဖို႔ ေျပာပါတယ္။

သမၼတက ေပးပို႔ထားတဲ့ လူတိုင္းအက်ဳံးဝင္ အရည္အေသြးမီ ပညာေရးလုပ္ငန္း ေဆာင္႐ြက္ခ်က္ စီမံကိန္းနဲ႔ ပတ္သက္လို႔ ႏိုဝင္ဘာလ ၁၅ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဆက္လက္ေဆြးေႏြးမွာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-----------------
(Unicode)⤵⤵⤵
သမ္မတက ပညာရေးအဆင့်မြှင့်ဖို့ ကမ္ဘာ့ဘဏ်က ငွေချေးမှာကို တပ်မတော်ဝေဖန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆင်းချိန်ကို တွေ့ရစဉ်
Photo: RFA

ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်းကို အကောင်အထည်ဖော်ဖို့ ကမ္ဘာ့ဘဏ်ကနေ ကန်ဒေါ်လာသန်း ၁၀၀ ချေးငွေရယူမယ့်အပေါ် NLD ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ တိုင်းရင်သားပါတီတွေက ထောက်ပြဆွေးနွေးခဲ့ပါတယ်။

မြို့နယ်ပေါင်း ၁၁၅ မြို့နယ်၊ အခြေခံပညာကျောင်းပေါင်း တစ်သောင်းငါးထောင်ကျော်က ကျောင်းသူ၊ ကျောင်းသား သုံးသန့်ခန့်အတွက် ထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ ပညာရေး ဝန်ကြီးဌာနက တင်ပြတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆွေးနွေးတဲ့ ကိုယ်စားလှယ် အားလုံးက ချေးငွေရယူတာကို မကန့်ကွက်ပေမယ့် စီမံခန့်ခွဲတဲ့အပိုင်းမှာ လိုအပ်ချက်တွေရှိမှာကို ဦးစားပေးထောက်ပြခဲ့ကြတာပါ။

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး နိုင်မြင့်က နိုင်ငံခြားချေးငွေတွေကို ရယူတဲ့အခါ အကြွေးပင်လယ်မှာ တိုင်းပြည်မနစ်မြုပ်စေဖို့နဲ့ ဘုရင်ကအကြွေးယူ တိုင်းသူပြည်သားတွေက ပြန်ဆပ်လို့မဆုံးဆိုတဲ့ ပုံစံမျိုးမဖြစ်အောင် သတိပြုဖို့ ပြောပါတယ်။

၁၀ စုနှစ်တစ်ခုအတွင်း ဆက်တိုက် ဘတ်ဂျက်လိုငွေပြနေတဲ့၊ လိုငွေဖြည့်တင်းရေး မူဝါဒခိုင်မာမှုမရှိတဲ့ နိုင်ငံအနေနဲ့ နိုင်ငံခြားချေးငွေကို သတိထား ရယူသင့်ကြောင်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားချေးငွေ ကျပ် ( ၂၂၁၃ ) ဘီလီယံအထိ အများဆုံး ချေးငွေစံချိန်တင်ခဲ့တာကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း သတိပေးပါတယ်။

ချေးငွေရယူရေးအပေါ် မူအားဖြင့် သဘောတူပေမယ့် လက်တွေ့သုံးစွဲတဲ့အခါ သတိပြုဖို့ ဝေဖန်ထောက်ပြတာလို့ ဗိုလ်မှူး နိုင်မြင့် က ဆိုပါတယ်။

NLD ပါတီဝင် တနင်္သာရီတိုင်းဒေသကြီးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက တချို့စာသင်ကျောင်းတွေမှာ ကျောင်းသားလူငယ်တွေအကြား မူးယစ်ဆေးဝါး ပျံ့နှံ့နေတဲ့ အန္တရာယ်ကို ကာကွယ်နိုင်ရေး ပညာရေးကဏ္ဍမှာ ထည့်သွင်းစဉ်းစားဖို့ ပြောပါတယ်။

ဒီချေးငွေကို ပြန်ဆပ်ဖို့ ဆိုင်းငံ့ကာလ ငါးနှစ် ပြန်ဆပ်ရမယ့်ကာလက ၂၅ နှစ်၊ စုစုပေါင်း နှစ် ၃၀ ဖြစ်ပါတယ်။ အတိုးက တစ်နှစ်ကို ၁.၂၅ ရာခိုင်နှုန်း၊ ဝန်ဆောင်ခအနေနဲ့ ဝ.၇၅ ရာခိုင်နှုန်းရှိလို့ သင့်တင့်မျှတတယ်လို့ NLD လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောပါတယ်။

၂၀၁၉ ခုနှစ် ပညာရေး မူဝါဒအစီရင်ခံစာအရ အခြေခံပညာကျောင်းတွေမှာ ဆရာ၊ ဆရာမ သုံးသိန်း ခုနှစ်သောင်းကျော်ရှိပြီး၊ ကျောင်းဆရာ လစ်လပ်မှုက တစ်သိန်းလေးသောင်းကျော်ရှိပါတယ်။

အခြေခံပညာမပြီးဆုံးဘဲ မူလတန်းနဲ့ အလယ်တန်းအဆင့်နဲ့ ကျောင်းထွက်ရတဲ့ ကျောင်းသား အရေအတွက်ဟာ ၂၀၁၈နဲ့ ၂၀၁၉ မှာ နှစ်သန်းခန့်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ANP ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းမောင်က တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ကျောင်းထွက်ရတဲ့ ကျောင်းသားအရေအတွက် ပိုများလာတယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကျောင်းကုန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းပေါင်း လေးသောင်းခုနှစ်ထောင်ကျော်မှာ တစ်သောင်းခွဲကျော်သာ ဒီစနစ်ရဲ့ အကျိုးကိုခံစားရမှာဖြစ်လို့ အားလုံးကို လွှမ်းခြုံမှုမရှိဘူးလို့ ပြောပါတယ်။

အစိုးရက ဆောင်ရွယ်မယ့် လူတိုင်းအကျုံးဝင် ပညာရေး အစီအစဉ်အရ ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေကိုလည်း ပညာသင်ကြားနိုင်အောင် ဆောက်ရွက်မယ်လု့ိ သိရပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တချို့ကတော့ အဲလိုလုပ်ဖို့ အစီအစဉ်ရှိရင် ကျောင်းပညာက ကလေးတွေ ပညာရေးအတွက် ကူညီဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကြံပြုကြပါတယ်။

NLD ပါတီက တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးကတော့ ဒေသအခြေအနေကိုသိတဲ့ တိုင်းရင်းသား အမတ်တွေနဲ့ပါ တိုင်ပင်ဆွေးနွေးဖို့ ပြောပါတယ်။

သမ္မတက ပေးပို့ထားတဲ့ လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်း ဆောင်ရွက်ချက် စီမံကိန်းနဲ့ ပတ်သက်လို့ နိုဝင်ဘာလ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
သမၼတက ပညာေရးအဆင့္ျမႇင့္ဖို႔ ကမာၻ႔ဘဏ္က ေငြေခ်းမွာကို တပ္မေတာ္ေဝဖန္ သမၼတက ပညာေရးအဆင့္ျမႇင့္ဖို႔ ကမာၻ႔ဘဏ္က ေငြေခ်းမွာကို တပ္မေတာ္ေဝဖန္ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.