အုတ္တံတိုင္းၿပိဳက်၍ လူတစ္ဦးေသဆုံးမႈ ျမင္းၿခံ၌ ျဖစ္ပြား

(Zawgyi)⤵⤵⤵
ျမင္းၿခံ ၂၂ ႏိုဝင္ဘာ

မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕၊ အမွတ္(၁၉)ရပ္ကြက္၊ နယ္ေျမ(၁၂)တြင္ရွိေသာ "ဆင္ဆင္" ေဆး႐ိုးစက္ဝန္းအား ကာရံထားေသာ အေရွ႕ဘက္ျခမ္းအုတ္တံတိုင္းၿပိဳက်ၿပီး၊ အုတ္တံတိုင္း အျပင္ဘက္တြင္ ေနထိုင္သူတစ္ဦး အုတ္တံတိုင္းပိမိ၍ ေသဆုံးခဲ့ေၾကာင္း ယေန႔နံနက္အေစာပိုင္း ၀၀ နာရီ မိနစ္ ၄၀ တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါ "ဆင္ဆင္" ေဆး႐ိုးစက္ဝန္းကို ကာရံထားေသာ အုတ္တံတိုင္း၏ အေရွ႕ဘက္ျခမ္းတြင္ တဲအိမ္ေဆာက္လုပ္ေနထိုင္ေသာ ေဒၚခင္ခင္ေလးအေပၚသို႔ အုတ္တံတိုင္းၿပိဳက်ၿပီး ပိမိကာ ေဒၚခင္ခင္ေလးမွာ ဒဏ္ရာမ်ားရရွိၿပီး ေသဆုံးခဲ့ျခင္းျဖစ္သည္။

အဆိုပါအုတ္တံတိုင္းမွာ အျမင့္(၈)ေပ၊ အလ်ား(၄၀)ေပခန႔္ရွိၿပီး၊ အုတ္တံတိုင္းကာရံ ထားသည္မွာ ႏွစ္ေပါင္းၾကာျမင့္ၿပီျဖစ္ေၾကာင္းလည္း သိရသည္။ ေသဆုံးမႈႏွင့္ပတ္သက္ၿပီး ျမင္းၿခံၿမိဳ႕မ ရဲစခန္းမွ စစ္ေဆးႏိုင္ရန္အတြက္ ေသမႈေသခင္းဖြင့္ ေဆာင္႐ြက္ထားေၾကာင္း သိရွိရသည္။

ေဇာ္မင္းႏိုင္ (ျမင္းၿခံ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
----------------
(Unicode)⤵⤵⤵
အုတ်တံတိုင်းပြိုကျ၍ လူတစ်ဦးသေဆုံးမှု မြင်းခြံ၌ ဖြစ်ပွား

မြင်းခြံ ၂၂ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၁၉)ရပ်ကွက်၊ နယ်မြေ(၁၂)တွင်ရှိသော "ဆင်ဆင်" ဆေးရိုးစက်ဝန်းအား ကာရံထားသော အရှေ့ဘက်ခြမ်းအုတ်တံတိုင်းပြိုကျပြီး၊ အုတ်တံတိုင်း အပြင်ဘက်တွင် နေထိုင်သူတစ်ဦး အုတ်တံတိုင်းပိမိ၍ သေဆုံးခဲ့ကြောင်း ယနေ့နံနက်အစောပိုင်း ၀၀ နာရီ မိနစ် ၄၀ တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ "ဆင်ဆင်" ဆေးရိုးစက်ဝန်းကို ကာရံထားသော အုတ်တံတိုင်း၏ အရှေ့ဘက်ခြမ်းတွင် တဲအိမ်ဆောက်လုပ်နေထိုင်သော ဒေါ်ခင်ခင်လေးအပေါ်သို့ အုတ်တံတိုင်းပြိုကျပြီး ပိမိကာ ဒေါ်ခင်ခင်လေးမှာ ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါအုတ်တံတိုင်းမှာ အမြင့်(၈)ပေ၊ အလျား(၄၀)ပေခန့်ရှိပြီး၊ အုတ်တံတိုင်းကာရံ ထားသည်မှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်ကြောင်းလည်း သိရသည်။ သေဆုံးမှုနှင့်ပတ်သက်ပြီး မြင်းခြံမြို့မ ရဲစခန်းမှ စစ်ဆေးနိုင်ရန်အတွက် သေမှုသေခင်းဖွင့် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ဇော်မင်းနိုင် (မြင်းခြံ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အုတ္တံတိုင္းၿပိဳက်၍ လူတစ္ဦးေသဆုံးမႈ ျမင္းၿခံ၌ ျဖစ္ပြား အုတ္တံတိုင္းၿပိဳက်၍ လူတစ္ဦးေသဆုံးမႈ ျမင္းၿခံ၌ ျဖစ္ပြား Reviewed by THITHTOOLWIN on 01:54 Rating: 5
Powered by Blogger.