ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း) ၿမိဳ႕နယ္တြင္ ထရန္စေဖာ္မာအတြင္းရွိ ေၾကးကြိဳင္ႏွင့္ ေကဘယ္ႀကိဳးမ်ား ျဖဳတ္ခိုးသူ (၃) ဦးအား ဖမ္းဆီးရမိ

(Zawgyi)⤵⤵⤵
ရန္ကုန္ ၂၂ ႏိုဝင္ဘာ

ေအာက္တိုဘာ ၃၀ ရက္ မြန္းလြဲ ၂ နာရီခန္႔က ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း) ၿမိဳ႕နယ္ရွိ Star Flower Tissue စက္႐ုံတြင္ အလုပ္လုပ္ေနသည့္ ဦး------- သည္ စက္႐ုံအမွတ္ (၁၄၇/၁၄၈)ရွိ ထရန္စေဖာ္မာအနီးတြင္ မသကၤာသူမ်ား ေရာက္ရွိေနေၾကာင္း သိရွိရသျဖင့္ သြားေရာက္ၾကည့္ရႈရာ ထရန္စေဖာ္မာအတြင္းရွိ ေၾကးကြိဳင္ႏွင့္ ေကဘယ္ႀကိဳးမ်ား စုစုေပါင္းတန္ဖိုး (၃၆,၂၁၁,၉၀ဝ)က်ပ္အား ျဖဳတ္ယူခိုးခံရသည္ကို ေတြ႕ရွိရ၍ ရဲစခန္းသို႔ အေၾကာင္းၾကားခဲ့သည္။ ယင္းေနာက္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ လိုက္လံစုံစမ္းရွာ ေဖြရာ အဆိုပါ ေၾကးကြိဳင္ႏွင့္ ေကဘယ္ႀကိဳးမ်ားအား ျဖဳတ္ခိုးသြားသူ စိုးသက္ပိုင္၊ ေဝေဝၿဖိဳးႏွင့္ ေဌးႏိုင္ဦးတို႔ (၃)ဦးအား ကေနာင္မင္းသားလမ္းေဘးတြင္ ပီနံအိတ္(၃)လုံးအတြင္း ထည့္လာသည့္ ေၾကးကြိဳင္မ်ား၊ ေကဘယ္ ေၾကးႀကိဳးမ်ားႏွင့္အတူ ေတြ႕ရွိ ဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူ စိုးသက္ပိုင္၊ ေဝေဝၿဖိဳးႏွင့္ေဌးႏိုင္ဦးတို႔ (၃)ဦးအား အျခားျပစ္မႈမ်ား က်ဴးလြန္ထားျခင္း ရွိ/မရွိ စစ္ေဆးရန္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉးႏွင့္ အေရွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉးတို႔၏ ၫႊန္ၾကားခ်က္ အရ အေရွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံး၊ မႈခင္းႏွိမ္နင္းေရးဌာစုမွ တပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးခဲ့ရာ ၎တို႔(၃)ဦး သည္ ၁၁.၈.၂၀၁၉ ရက္ေန႔ ၁၇၀ဝ အခ်ိန္ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ ပန္းတဥ္းဝန္ ဦးေ႐ႊဘင္လမ္း၊ ေ႐ႊဂႏၶဝင္ပုံႏွိပ္ စက္႐ုံၿခံဝန္းအတြင္း မီးထိန္းပုံး၌ တပ္ဆင္ထားေသာ ေၾကးႀကိဳးဆိုဒ္စုံ (၇၅)ပိႆာခန္႔၊ ေၾကးျပား (၉)ခု၊ မီးအားျမႇင့္စက္အေဟာင္း(၁)လုံး၊ ေမာ္တာအေဟာင္း(၁)လုံးတို႔အား ခိုးယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

ဆက္လက္ၿပီး ၎တို႔(၃)ဦးအနက္ စိုးသက္ပိုင္ႏွင့္ ေဌးႏိုင္ဦးတို႔ (၂)ဦးသည္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လမွ စက္တင္ဘာလမ်ားအတြင္း ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္မြန္အိမ္ရာဝန္း၊ သဇင္လမ္းရွိ လူေနထိုင္ျခင္းမရွိေသာ ေနအိမ္ၿခံဝန္းအတြင္းမွ CAPACITOR STAR တံဆိပ္ပါ ခဲေရာင္ ေရေမာ္တာ အေဟာင္း(၁)လုံး၊ တကၠသိုလ္ရိပ္မြန္အိမ္ရာဝန္း၊ ဧကရာဇ္လမ္းရွိ လူေနထိုင္ျခင္းမရွိေသာ ေနအိမ္ၿခံဝန္း အတြင္းမွ MAROUIS တံဆိပ္ပါ အျပာေရာင္ ေရေမာ္တာအေဟာင္း(၁)လုံး၊ QD တံဆိပ္ပါ ေငြမွင္ေရာင္ ေရေမာ္တာအေဟာင္း(၁)လုံးႏွင့္ တံဆိပ္မပါ အစိမ္းႏုေရာင္ ေရေမာ္တာအေဟာင္း(၁)လုံး၊ (၁၁)ရပ္ကြက္၊ ဧရာဝတီလမ္းႏွင့္ ဆရာတင္လမ္းေထာင့္ရွိ လူေနထိုင္ျခင္းမရွိေသာ ေနအိမ္ၿခံဝန္းအတြင္းမွ ေနအိမ္သို႔ သြယ္တန္းထားေသာ အျဖဴေရာင္ ဆားဗစ္ႀကိဳး (၁)ေခ်ာင္း၊ စက္မႈဇုန္၊ မင္းသိဒၶိေက်ာ္စြာလမ္းရွိ လူေနထိုင္ ျခင္းမရွိေသာ ေနအိမ္ၿခံဝန္းအတြင္း တပ္ဆင္ထားေသာ အသုံးမျပဳရေသးသည့္ ထရန္စေဖာ္မာမွ ေၾကးျပား ႏွင့္ ေၾကးနန္းႀကိဳးဆိုဒ္မ်ိဳးစုံတို႔အားလည္းေကာင္း၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၃၈)ရပ္ကြက္၊ အေနာ္ရထာလမ္းရွိ လူေနထိုင္ျခင္းမရွိေသာ ေနအိမ္ၿခံဝန္းအတြင္းမွ ေနအိမ္သို႔ သြယ္တန္းထားေသာ အျဖဴေရာင္ ဆားဗစ္ႀကိဳး (၁)ေခ်ာင္းတို႔အား ခိုးယူခဲ့ေၾကာင္း ထပ္မံစစ္ေဆးေပၚေပါက္ခဲ့ပါသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ အမႈမွ သက္ေသခံပစၥည္းမ်ားကို ျပန္လည္သိမ္းဆည္းရရွိၿပီး ျဖစ္၍ ျပစ္မႈက်ဴးလြန္သူ စိုးသက္ပိုင္၊ ေဝေဝၿဖိဳးႏွင့္ ေဌးႏိုင္ဦးတို႔ (၃)ဦးအား ဥပေဒႏွင့္အညီအျမန္ တရားစြဲတင္ပို႔ ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(ရဲျပန္ၾကား)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
(Unicode)⤵⤵⤵
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ထရန်စဖော်မာအတွင်းရှိ ကြေးကွိုင်နှင့် ကေဘယ်ကြိုးများ ဖြုတ်ခိုးသူ (၃) ဦးအား ဖမ်းဆီးရမိ

ရန်ကုန် ၂၂ နိုဝင်ဘာ

အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ Star Flower Tissue စက်ရုံတွင် အလုပ်လုပ်နေသည့် ဦး------- သည် စက်ရုံအမှတ် (၁၄၇/၁၄၈)ရှိ ထရန်စဖော်မာအနီးတွင် မသင်္ကာသူများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ ထရန်စဖော်မာအတွင်းရှိ ကြေးကွိုင်နှင့် ကေဘယ်ကြိုးများ စုစုပေါင်းတန်ဖိုး (၃၆,၂၁၁,၉၀ဝ)ကျပ်အား ဖြုတ်ယူခိုးခံရသည်ကို တွေ့ရှိရ၍ ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ယင်းနောက် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်လံစုံစမ်းရှာ ဖွေရာ အဆိုပါ ကြေးကွိုင်နှင့် ကေဘယ်ကြိုးများအား ဖြုတ်ခိုးသွားသူ စိုးသက်ပိုင်၊ ဝေဝေဖြိုးနှင့် ဌေးနိုင်ဦးတို့ (၃)ဦးအား ကနောင်မင်းသားလမ်းဘေးတွင် ပီနံအိတ်(၃)လုံးအတွင်း ထည့်လာသည့် ကြေးကွိုင်များ၊ ကေဘယ် ကြေးကြိုးများနှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ စိုးသက်ပိုင်၊ ဝေဝေဖြိုးနှင့်ဌေးနိုင်ဦးတို့ (၃)ဦးအား အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ ညွှန်ကြားချက် အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာစုမှ တပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ ၎င်းတို့(၃)ဦး သည် ၁၁.၈.၂၀၁၉ ရက်နေ့ ၁၇၀ဝ အချိန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပန်းတဉ်းဝန် ဦးရွှေဘင်လမ်း၊ ရွှေဂန္ဓဝင်ပုံနှိပ် စက်ရုံခြံဝန်းအတွင်း မီးထိန်းပုံး၌ တပ်ဆင်ထားသော ကြေးကြိုးဆိုဒ်စုံ (၇၅)ပိဿာခန့်၊ ကြေးပြား (၉)ခု၊ မီးအားမြှင့်စက်အဟောင်း(၁)လုံး၊ မော်တာအဟောင်း(၁)လုံးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဆက်လက်ပြီး ၎င်းတို့(၃)ဦးအနက် စိုးသက်ပိုင်နှင့် ဌေးနိုင်ဦးတို့ (၂)ဦးသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလများအတွင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာဝန်း၊ သဇင်လမ်းရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်ခြံဝန်းအတွင်းမှ CAPACITOR STAR တံဆိပ်ပါ ခဲရောင် ရေမော်တာ အဟောင်း(၁)လုံး၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာဝန်း၊ ဧကရာဇ်လမ်းရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်ခြံဝန်း အတွင်းမှ MAROUIS တံဆိပ်ပါ အပြာရောင် ရေမော်တာအဟောင်း(၁)လုံး၊ QD တံဆိပ်ပါ ငွေမှင်ရောင် ရေမော်တာအဟောင်း(၁)လုံးနှင့် တံဆိပ်မပါ အစိမ်းနုရောင် ရေမော်တာအဟောင်း(၁)လုံး၊ (၁၁)ရပ်ကွက်၊ ဧရာဝတီလမ်းနှင့် ဆရာတင်လမ်းထောင့်ရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်ခြံဝန်းအတွင်းမှ နေအိမ်သို့ သွယ်တန်းထားသော အဖြူရောင် ဆားဗစ်ကြိုး (၁)ချောင်း၊ စက်မှုဇုန်၊ မင်းသိဒ္ဓိကျော်စွာလမ်းရှိ လူနေထိုင် ခြင်းမရှိသော နေအိမ်ခြံဝန်းအတွင်း တပ်ဆင်ထားသော အသုံးမပြုရသေးသည့် ထရန်စဖော်မာမှ ကြေးပြား နှင့် ကြေးနန်းကြိုးဆိုဒ်မျိုးစုံတို့အားလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်၊ အနော်ရထာလမ်းရှိ လူနေထိုင်ခြင်းမရှိသော နေအိမ်ခြံဝန်းအတွင်းမှ နေအိမ်သို့ သွယ်တန်းထားသော အဖြူရောင် ဆားဗစ်ကြိုး (၁)ချောင်းတို့အား ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရရှိပြီး ဖြစ်၍ ပြစ်မှုကျူးလွန်သူ စိုးသက်ပိုင်၊ ဝေဝေဖြိုးနှင့် ဌေးနိုင်ဦးတို့ (၃)ဦးအား ဥပဒေနှင့်အညီအမြန် တရားစွဲတင်ပို့ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း) ၿမိဳ႕နယ္တြင္ ထရန္စေဖာ္မာအတြင္းရွိ ေၾကးကြိဳင္ႏွင့္ ေကဘယ္ႀကိဳးမ်ား ျဖဳတ္ခိုးသူ (၃) ဦးအား ဖမ္းဆီးရမိ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း) ၿမိဳ႕နယ္တြင္ ထရန္စေဖာ္မာအတြင္းရွိ ေၾကးကြိဳင္ႏွင့္ ေကဘယ္ႀကိဳးမ်ား ျဖဳတ္ခိုးသူ (၃) ဦးအား ဖမ္းဆီးရမိ Reviewed by THITHTOOLWIN on 01:50 Rating: 5
Powered by Blogger.