အစိုးရအဖြဲ႕နဲ႔ တပ္မေတာ္ ကို ေတြ႕ဆုံၿပီး ICJ ကိစၥ ေဒၚေအာင္ဆန္းစုၾကည္ ရွင္းျပဖို႔ ရွိ

 ICJ က အမႈ အတြက္ တပ္မေတာ္ဟာ အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ေၾကညာထား
(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏိုဝင္ဘာ ၂၃ ရက္ ေန႔လယ္ပိုင္းမွာ ေနျပည္ေတာ္က သမၼတအိမ္ေတာ္ ငုေ႐ႊဝါ ခန္းမ မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးေက်ာ္တင္ တို႔နဲ႔အတူ ကုလသမဂၢရဲ႕ ႏိုင္ငံတကာတရား႐ုံး ICJ မွာ သြားေရာက္ရင္ဆိုင္မယ့္ အေျခအေနနဲ႔ပတ္သက္ၿပီး ရွင္းျပသြားဖို႔ရွိတယ္လို႔ ဒီပြဲကို တက္ေရာက္ဖို႔ ရွိတဲ့ အစိုးရအဖြဲ႕ အဆင့္ျမင့္ အရာရွိႀကီး တစ္ဦးက ဘီဘီစီကို အတည္ျပဳပါတယ္။

ဒီပြဲကို ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္ ဦးေဆာင္တဲ့ ျပည္ေထာင္စု အစိုးရအဖြဲ႕ တက္ေရာက္မွာ ျဖစ္သလို တပ္မေတာ္ဘက္က ေခါင္းေဆာင္ေတြကိုလည္း ဖိတ္ၾကားထားတယ္လို႔ ဆိုပါတယ္။

ႏိုဝင္ဘာ ၂၃ ရက္ေန႔ (မနက္ျဖန္) မွာ ရွင္းျပမယ့္ အခ်က္တခ်ိဳ႕ကိုလည္း အမ်ားျပည္သူ သိရွိႏိုင္ေအာင္ ထုတ္ျပန္သြားဖို႔ ရွိတယ္လို႔ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္က ႏိုဝင္ဘာ ၂၂ ရက္ ဒီကေန႔ မနက္ ကုန္သည္၊စက္မႈ အသင္းခ်ဳပ္ ႏွစ္ ၁၀၀ ျပည့္ အခမ္းအနား မွာ ဘီဘီစီကို ေျပာပါတယ္။

မနက္ျဖန္မွာ ျပဳလုပ္မယ့္ ICJ ကိစၥ ေတြ႕ဆုံပြဲကို ႏိုင္ငံပိုင္ သတင္းမီဒီယာေတြကိုလည္း ဖိတ္ၾကားထားပါတယ္။

ဒီပြဲကို တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ တက္ေရာက္မယ့္ အစီအစဥ္ ရွိ၊ မရွိကိုေတာ့ တပ္မေတာ္ဘက္ကေန တစ္စုံတစ္ရာ အတည္ျပဳေပးတာမ်ိဳးေတာ့ မရွိေသးပါဘူး။

ဒါေပမယ့္ အမႈနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ဟာ အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနၿပီး လိုအပ္တဲ့ အခ်က္ေတြ စုေဆာင္းတာေတြ၊ ေပးအပ္တာေတြလည္း ရွိတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာထားပါတယ္။

ကုလသမဂၢ အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ မွာ ဂမ္ဘီယာ ႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲထားတဲ့ အမႈနဲ႔ ပတ္သက္ၿပီး ICJ ႐ုံးစိုက္ရာ နယ္သာလန္ႏိုင္ငံ သေဟ့ဂ္ၿမိဳ႕ကို ေစလႊတ္မယ့္အဖြဲ႕ကို ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္မယ္လို႔ ေၾကညာထားသလို တပ္မေတာ္ကလည္း လိုအပ္ရင္ တပ္ကိုယ္စားလွယ္ေတြ ပါေကာင္းပါလာႏိုင္တယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။

အေနာက္အာဖရိကထဲက ဂမ္ဘီယာႏိုင္ငံဟာ ႏိုင္ငံေပါင္း ၅၇ ႏိုင္ငံပါတဲ့ အစၥလာမ္မစ္ ပူးေပါင္းေဆာင္႐ြက္ေရး အဖြဲ႕ OIC ကို ကိုယ္စားျပဳၿပီး ဒီအမႈကို ဖြင့္ခဲ့တာျဖစ္ၿပီး ဒီဇင္ဘာ ၁ဝ ရက္ကေန ၁၂ ရက္ထိ ႏွစ္ဘက္ႏိုင္ငံေတြရဲ႕ ေလွ်ာက္ထားခ်က္ေတြကို ၃ ရက္တာ ၾကားနာသြားမယ္လို႔ ICJ ဘက္က ႐ုံးခ်ိန္းရက္ေတြ ထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
အစိုးရအဖွဲ့နဲ့ တပ်မတော် ကို တွေ့ဆုံပြီး ICJ ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ရှင်းပြဖို့ ရှိ

ဓာတ်ပုံ မူပိုင် PHYO HEIN KYAW / AFP / Getty Images
Image caption ICJ က အမှု အတွက် တပ်မတော်ဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကြေညာထား

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ နေပြည်တော်က သမ္မတအိမ်တော် ငုရွှေဝါ ခန်းမ မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် တို့နဲ့အတူ ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ သွားရောက်ရင်ဆိုင်မယ့် အခြေအနေနဲ့ပတ်သက်ပြီး ရှင်းပြသွားဖို့ရှိတယ်လို့ ဒီပွဲကို တက်ရောက်ဖို့ ရှိတဲ့ အစိုးရအဖွဲ့ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

ဒီပွဲကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ တက်ရောက်မှာ ဖြစ်သလို တပ်မတော်ဘက်က ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ (မနက်ဖြန်) မှာ ရှင်းပြမယ့် အချက်တချို့ကိုလည်း အများပြည်သူ သိရှိနိုင်အောင် ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိုဝင်ဘာ ၂၂ ရက် ဒီကနေ့ မနက် ကုန်သည်၊စက်မှု အသင်းချုပ် နှစ် ၁၀၀ ပြည့် အခမ်းအနား မှာ ဘီဘီစီကို ပြောပါတယ်။

မနက်ဖြန်မှာ ပြုလုပ်မယ့် ICJ ကိစ္စ တွေ့ဆုံပွဲကို နိုင်ငံပိုင် သတင်းမီဒီယာတွေကိုလည်း ဖိတ်ကြားထားပါတယ်။

ဒီပွဲကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တက်ရောက်မယ့် အစီအစဉ် ရှိ၊ မရှိကိုတော့ တပ်မတော်ဘက်ကနေ တစ်စုံတစ်ရာ အတည်ပြုပေးတာမျိုးတော့ မရှိသေးပါဘူး။

ဒါပေမယ့် အမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး လိုအပ်တဲ့ အချက်တွေ စုဆောင်းတာတွေ၊ ပေးအပ်တာတွေလည်း ရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောထားပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ICJ ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သဟေ့ဂ်မြို့ကို စေလွှတ်မယ့်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ်လို့ ကြေညာထားသလို တပ်မတော်ကလည်း လိုအပ်ရင် တပ်ကိုယ်စားလှယ်တွေ ပါကောင်းပါလာနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အနောက်အာဖရိကထဲက ဂမ်ဘီယာနိုင်ငံဟာ နိုင်ငံပေါင်း ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကို ကိုယ်စားပြုပြီး ဒီအမှုကို ဖွင့်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်ထိ နှစ်ဘက်နိုင်ငံတွေရဲ့ လျှောက်ထားချက်တွေကို ၃ ရက်တာ ကြားနာသွားမယ်လို့ ICJ ဘက်က ရုံးချိန်းရက်တွေ ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com
အစိုးရအဖြဲ႕နဲ႔ တပ္မေတာ္ ကို ေတြ႕ဆုံၿပီး ICJ ကိစၥ ေဒၚေအာင္ဆန္းစုၾကည္ ရွင္းျပဖို႔ ရွိ အစိုးရအဖြဲ႕နဲ႔ တပ္မေတာ္ ကို ေတြ႕ဆုံၿပီး ICJ ကိစၥ ေဒၚေအာင္ဆန္းစုၾကည္ ရွင္းျပဖို႔ ရွိ Reviewed by THITHTOOLWIN on 02:08 Rating: 5
Powered by Blogger.