လဲခ်ားၿမိဳ႕နယ္ ေက်ာက္မီးေသြး တူးေဖာ္မႈေၾကာင့္ စိုက္ပ်ိဳးေရ ခက္ခဲေန

(Zawgyi)⤵⤵⤵
ႏုိဝင္ဘာ ၂၁၊၂၀၁၉

သွ်မ္းျပည္ ေတာင္ပိုင္း လဲခ်ားၿမိဳ႕နယ္ အတြင္း တူးေဖာ္ေနသည့္ ေက်ာက္မီးေသြး စီမံကိန္းေၾကာင့္ ေဒသခံမ်ား စိုက္ပ်ိဳးေရ ခက္ခဲမႈ မ်ားရွိေနေၾကာင္း သတင္းရရွိသည္။

လဲခ်ားၿမိဳ႕နယ္ နမ့္လင္းေက်းရြာ တြင္ လြိဳင္ဂ်ယ္နဂါး ကုမၸဏီ မွာ ေက်ာက္မီးေသြး တူးေဖာ္ေနေၾကာင္း၊ ထိုေက်ာက္မီးေသြး ကို ၂၀၁၆ ခုနစ္တြင္ စတင္ တူးေဖာ္ကာ ၂၀၂၆ ခုနစ္အထိ ၁၀ႏွစ္ သက္တမ္းေပးထားေၾကာင္းသိရသည္။

၂၀၁၆ ခုနစ္တြင္စတင္ကာ ေက်ာက္မီးေသြး တူးေဖာ္မႈေၾကာင့္ စိုက္ပ်ိဳးေရး အတြက္ ေရမ်ားခမ္းေျခာက္ျခင္း၊ လယ္ယာေျမမ်ား ထိခုိက္ျခင္းတို႔ ရင္ဆုိင္ႀကံဳေတြ႔ေနရေၾကာင္း အသက္ ၅၀ ေဒသခံ လံုးဝီလွ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ အဓိကေတာ့ ေရေျမာင္းေတြ မွာ ေက်ာက္မီးေသြး က စြန္႔ပစ္ေျမစာေတြ လာပံုတယ္။ ေနာက္ ေရေတြလည္း ခက္ခဲလာေတာ့ လယ္ယာ စိုက္ပ်ိဳးေရး ကို ထိလာတယ္” ဟု လံုးဝီလွ က ဆုိသည္။

ထိုေက်ာက္မီးေသြး ေၾကာင့္လည္း ေဒသခံမ်ား က်န္းမာေရး ထိခိုက္မႈမ်ားရွိေနေၾကာင္း၊ အဓိက အားျဖင့္ မ်က္စိနာျခင္း၊ ေခ်ာင္းဆုိျခင္းကို မၾကာခဏျဖစ္ေနေၾကာင္း လည္း လံုးဝီလွ က ေျပာသည္။

“ က်ေနာ္တုိ႔ေဒသမွာ ေက်ာက္မီးေသြးလာတူးၿပီးေနာက္ပိုင္းတခုၿပီး တခုျဖစ္တယ္။ စိုက္ပ်ိဳးေရး အတြက္ ေရခက္ခဲတာ က်န္းမာေရး ေတြထိခုိက္တာေတြျဖစ္လုိ႔ ဆက္မတူးဖုိ႔ က်ေနာ္ တို႔ ကန္႔ကြက္စာတင္ထားပါတယ္” ဟုလည္း လံုးဝီလွ က ထပ္ေလာင္းေျပာသည္။

ေက်ာက္မီးေသြး စတင္တူးေဖာ္ခ်ိန္မွ စၿပီး ကုမၸဏီ ႏွင့္ သက္ဆုိင္ရာ ဌာနမ်ားသည္ ေဒသခံျပည္သူမ်ားကိုလာေရာက္ ေတြ႔ဆံုကာ ဆိုးက်ိဳး၊ ေကာင္းက်ိဳး ေျပာျပျခင္းမရွိခဲ့ေပ။

“ စတူးကတည္းက ေက်ာက္မီးေသြး ကိစၥ ဘာမွ မေျပာဘဲတူးၾကတယ္။ အခုေတာ့ ေဒသခံေတြပဲ ဆုိးက်ိဳးေတြခံေနရတယ္။ ကုမၸဏီ ေတြ ဆက္မလုပ္ဖုိ႔ ေျပာခ်င္ပါတယ္” ဟု လဲခ်ား ေဒသခံ အမ်ိဳးသား စုိင္းစိုင္း က ေျပာသည္။

အဆုိပါ ေက်ာက္မီးေသြး တူးေဖာ္သည့္ ကိစၥႏွင့္ ပတ္သက္ၿပီး လဲခ်ားၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ စုိင္းေကာင္ခမ္း က “ ေဒသခံေတြ လာေရာက္ တုိင္ၾကားပါတယ္။ က်ေနာ္တုိ႔လည္း ကူညီေပးေနပါတယ္။ ျပည္သူေတြ သေဘာမတူရင္ ေတာ့ ျပည္သူေတြျဖစ္ခ်င္တဲ့ဆႏၵ က်ေနာ္တုိ႔ကူညီရမယ္” ဟု သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

လက္ရွိမွာ လဲခ်ားၿမိဳ႕နယ္ အတြင္း ေက်ာက္မီးေသြး တူးေဖာ္မႈ ရပ္ဆုိင္းရင္ အတြက္ ေဒသခံမ်ားကန္႔ကြက္ လက္မွတ္ေရးထုိးထားသည့္ လက္မွတ္ကို သွ်မ္းျပည္နယ္ အစိုးရ၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ သယံဇာတ ထိန္းသိမ္းေရး ေကာ္မတီ ထံ တင္ထားေပးေၾကာင္း လည္း စိုင္းေကာင္ခမ္း က ေျပာသည္။

သွ်မ္းျပည္ ေတာင္ပိုင္း လဲခ်ားၿမိဳ႕ နယ္ အတြင္း တူးေဖာ္ေနသည့္ ေက်ာက္မီးေသြး စီမံကိန္းမ်ား ရပ္ဆုိင္းရန္ ယမန္ႏွစ္ ၂၀၁၈ စက္တင္ဘာ တြင္ ေဒသခံ ၇၀၀ ဆႏၵ ထုတ္ေဖာ္ခဲ့သည္။

သွ်မ္းျပည္နယ္ ေတာင္ပိုင္း အတြင္း ေက်ာက္မီးေသြး စီမံကိန္းမ်ားစြာရွိၿပီး ေက်ာက္မီးေသြး တူးေဖာ္ျခင္းရပ္တန္႔ရန္ ေဒသခံ ျပည္သူမ်ား မၾကာခဏ ေျပာဆုိ ေတာင္းဆိုခဲ့ေသာ္လည္း သက္ဆုိင္ရာ တုန္႔ျပန္ျခင္းမရွိေပ။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
---------------
(Unicode)⤵⤵⤵
လဲချားမြို့နယ် ကျောက်မီးသွေး တူးဖော်မှုကြောင့် စိုက်ပျိုးရေ ခက်ခဲနေ

နိုဝင်ဘာ ၂၁၊၂၀၁၉

သျှမ်းပြည် တောင်ပိုင်း လဲချားမြို့နယ် အတွင်း တူးဖော်နေသည့် ကျောက်မီးသွေး စီမံကိန်းကြောင့် ဒေသခံများ စိုက်ပျိုးရေ ခက်ခဲမှု များရှိနေကြောင်း သတင်းရရှိသည်။

လဲချားမြို့နယ် နမ့်လင်းကျေးရွာ တွင် လွိုင်ဂျယ်နဂါး ကုမ္ပဏီ မှာ ကျောက်မီးသွေး တူးဖော်နေကြောင်း၊ ထိုကျောက်မီးသွေး ကို ၂၀၁၆ ခုနစ်တွင် စတင် တူးဖော်ကာ ၂၀၂၆ ခုနစ်အထိ ၁၀နှစ် သက်တမ်းပေးထားကြောင်းသိရသည်။

၂၀၁၆ ခုနစ်တွင်စတင်ကာ ကျောက်မီးသွေး တူးဖော်မှုကြောင့် စိုက်ပျိုးရေး အတွက် ရေများခမ်းခြောက်ခြင်း၊ လယ်ယာမြေများ ထိခိုက်ခြင်းတို့ ရင်ဆိုင်ကြုံတွေ့နေရကြောင်း အသက် ၅၀ ဒေသခံ လုံးဝီလှ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အဓိကတော့ ရေမြောင်းတွေ မှာ ကျောက်မီးသွေး က စွန့်ပစ်မြေစာတွေ လာပုံတယ်။ နောက် ရေတွေလည်း ခက်ခဲလာတော့ လယ်ယာ စိုက်ပျိုးရေး ကို ထိလာတယ်” ဟု လုံးဝီလှ က ဆိုသည်။

ထိုကျောက်မီးသွေး ကြောင့်လည်း ဒေသခံများ ကျန်းမာရေး ထိခိုက်မှုများရှိနေကြောင်း၊ အဓိက အားဖြင့် မျက်စိနာခြင်း၊ ချောင်းဆိုခြင်းကို မကြာခဏဖြစ်နေကြောင်း လည်း လုံးဝီလှ က ပြောသည်။

“ ကျနော်တို့ဒေသမှာ ကျောက်မီးသွေးလာတူးပြီးနောက်ပိုင်းတခုပြီး တခုဖြစ်တယ်။ စိုက်ပျိုးရေး အတွက် ရေခက်ခဲတာ ကျန်းမာရေး တွေထိခိုက်တာတွေဖြစ်လို့ ဆက်မတူးဖို့ ကျနော် တို့ ကန့်ကွက်စာတင်ထားပါတယ်” ဟုလည်း လုံးဝီလှ က ထပ်လောင်းပြောသည်။

ကျောက်မီးသွေး စတင်တူးဖော်ချိန်မှ စပြီး ကုမ္ပဏီ နှင့် သက်ဆိုင်ရာ ဌာနများသည် ဒေသခံပြည်သူများကိုလာရောက် တွေ့ဆုံကာ ဆိုးကျိုး၊ ကောင်းကျိုး ပြောပြခြင်းမရှိခဲ့ပေ။

“ စတူးကတည်းက ကျောက်မီးသွေး ကိစ္စ ဘာမှ မပြောဘဲတူးကြတယ်။ အခုတော့ ဒေသခံတွေပဲ ဆိုးကျိုးတွေခံနေရတယ်။ ကုမ္ပဏီ တွေ ဆက်မလုပ်ဖို့ ပြောချင်ပါတယ်” ဟု လဲချား ဒေသခံ အမျိုးသား စိုင်းစိုင်း က ပြောသည်။

အဆိုပါ ကျောက်မီးသွေး တူးဖော်သည့် ကိစ္စနှင့် ပတ်သက်ပြီး လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်ခမ်း က “ ဒေသခံတွေ လာရောက် တိုင်ကြားပါတယ်။ ကျနော်တို့လည်း ကူညီပေးနေပါတယ်။ ပြည်သူတွေ သဘောမတူရင် တော့ ပြည်သူတွေဖြစ်ချင်တဲ့ဆန္ဒ ကျနော်တို့ကူညီရမယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိမှာ လဲချားမြို့နယ် အတွင်း ကျောက်မီးသွေး တူးဖော်မှု ရပ်ဆိုင်းရင် အတွက် ဒေသခံများကန့်ကွက် လက်မှတ်ရေးထိုးထားသည့် လက်မှတ်ကို သျှမ်းပြည်နယ် အစိုးရ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် သယံဇာတ ထိန်းသိမ်းရေး ကော်မတီ ထံ တင်ထားပေးကြောင်း လည်း စိုင်းကောင်ခမ်း က ပြောသည်။

သျှမ်းပြည် တောင်ပိုင်း လဲချားမြို့ နယ် အတွင်း တူးဖော်နေသည့် ကျောက်မီးသွေး စီမံကိန်းများ ရပ်ဆိုင်းရန် ယမန်နှစ် ၂၀၁၈ စက်တင်ဘာ တွင် ဒေသခံ ၇၀၀ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

သျှမ်းပြည်နယ် တောင်ပိုင်း အတွင်း ကျောက်မီးသွေး စီမံကိန်းများစွာရှိပြီး ကျောက်မီးသွေး တူးဖော်ခြင်းရပ်တန့်ရန် ဒေသခံ ပြည်သူများ မကြာခဏ ပြောဆို တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာ တုန့်ပြန်ခြင်းမရှိပေ။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
လဲခ်ားၿမိဳ႕နယ္ ေက်ာက္မီးေသြး တူးေဖာ္မႈေၾကာင့္ စိုက္ပ်ိဳးေရ ခက္ခဲေန လဲခ်ားၿမိဳ႕နယ္ ေက်ာက္မီးေသြး တူးေဖာ္မႈေၾကာင့္ စိုက္ပ်ိဳးေရ ခက္ခဲေန Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.