တပ္ကဖမ္းတဲ့အရပ္သားေတြ ႏွိပ္စက္ခံရတယ္လို႔ မိသားစုဝင္ေတြ ေျပာ

ဦးလွထြန္းေခ် ဇနီးနဲ႔ မိသားစုကို ေတြ႕ရစဥ္  / Photo - Citizen Journalist
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္ ျမတဲေတာင္ေက်း႐ြာက အသက္ ၃၂ ႏွစ္အ႐ြယ္ ဦးလွထြန္းေခ်(ေခၚ)ငလုံးေခ်ဟာ တပ္မေတာ္ရဲ႕စစ္ေၾကာေရးစခန္းကေန ရရွိလာတဲ့ဒဏ္ရာေတြေၾကာင့္ အသက္အႏၲရာယ္စိုးရိမ္ရတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရေၾကာင္း မိသားစုက RFA ကို ဒီေန႔ေျပာပါတယ္။

ဦးလွထြန္းေခ်(ေခၚ)ငလုံးေခ်ဟာ ရဲအေစာင့္အေရွာက္ေတြနဲ႔ အမ္းၿမိဳ႕နယ္ေဆး႐ုံအေရးေပၚဌာနကို ဒီေန႔မနက္က ေဆးလာထည့္ၿပီးေနာက္ သူ႔ကို ရဲစခန္းမွာ ထိန္းသိမ္းထားပါတယ္။

ဇနီးျဖစ္သူ ေဒၚေအးေအးသန္းက သူ႔လက္ႏွစ္ဘက္မွာရရွိထားတဲ့ ဒဏ္ရာေတြကေန အပုပ္နံ႔ေတြ ထြက္ေနတယ္လို႔ ေျပာပါတယ္။

“ဒဏ္ရာေတြနဲ႔ အ႐ူးတစ္ေယာက္လိုျဖစ္ေနပါတယ္။ လူေတြကိုလည္းမမွတ္မိ၊ အိမ္ကသားသမီး သားမယား ကိုေတာင္ မမွတ္မိေတာ့ဘူး။ သူ႔လက္ကိုျဖတ္ရမယ့္ အေျခအေနျဖစ္ေနပါတယ္။ လက္တစ္ဖက္စီဟာ ေပါင္လုံးေလာက္ ျဖစ္ေနတာေတြ႕ရပါတယ္။ ၿပီးေတာ့ အဲဒီလက္ေတြက ပုပ္ေနပါၿပီ။ ပုပ္တဲ့အနံ႔ေတြလည္း ထြက္ေနတယ္။ ရင္ဘတ္ေတြကလည္းေအာင့္ၿပီး မခံစားႏိုင္လို႔ေျပာပါတယ္”

ဦးလွထြန္းေခ်ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၁ ရက္ တန္ေဆာင္မုန္းလျပည့္ေန႔က သူေနထိုင္တဲ့ ေျမပုံၿမိဳ႕နယ္ ျမတဲေတာင္ေက်း႐ြာကေန နာရီဝက္ခရီးရွိတဲ့ အမ္းၿမိဳ႕နယ္ ႐ူးေက်း႐ြာကို သူငယ္ခ်င္းေတြနဲ႔ အေပ်ာ္ထမင္း ခ်က္စားဖို႔သြားရာမွာ ေရဘုတ္ေက်း႐ြာအနီးမွာ ဖမ္းဆီးခံရတာပါ။

သူ႔နဲ႔အတူအေဖာ္လိုက္သြားတဲ့ အသက္ ၂၀ ေက်ာ္အ႐ြယ္ ကိုတင္ေ႐ႊသန္းလည္း ဖမ္းဆီးခံခဲ့ရပါတယ္။

တပ္မေတာ္က စစ္ေဆးတဲ့အခါမွာ ႐ိုက္ႏွက္တာ၊ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ညႇဥ္းပန္းႏွိပ္စက္တာေတြကို ခံခဲ့ရတဲ့အေၾကာင္း ဦးလွထြန္းေခ်က ဇနီးျဖစ္သူကို ေျပာျပခဲ့တယ္လို႔ ေဒၚေအးေအးသန္း က ေျပာပါတယ္။

သူ႔ရဲ႕ ခႏၶာကိုယ္တစ္ခုလုံးမွာ ရရွိထားတဲ့ ဒဏ္ရာေတြေၾကာင့္ အသက္အႏၲရာယ္ကို စိုးရိမ္ရတဲ့အေျခအေန ျဖစ္ေနတယ္လို႔ ဇနီးျဖစ္သူ ေဒၚေအးေအးသန္းနဲ႔ အကူအညီေပးေနသူေတြကေျပာပါတယ္။

ဖမ္းဆီးခံရသူေတြအေရး အကူအညီေပးေနတဲ့ အမ္းၿမိဳ႕ခံ ကိုမ်ိဳးလြင္က ဦးလွထြန္းေခ် အျမန္ဆုံးေဆးကုသခြင့္ ရရွိေရးအတြက္ ရဲတပ္ဖြဲ႕နဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးထံ တင္ျပထားတယ္လို႔ေျပာပါတယ္။

“ဒီေန႔႐ုံးပိတ္ရက္ဆိုေတာ့ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးမရွိေတာ့ ႐ုံးစာေရးက ဖုန္းနဲ႔လွမ္းအဆက္အသြယ္လုပ္တယ္။ သူက ခ႐ိုင္ကို ေဆးကုသခြင့္ရေရးအတြက္ ၿမိဳ႕နယ္ေဆး႐ုံက ေဆးမွတ္တမ္းေတြနဲ႔ တင္ထားတယ္ဆိုၿပီး အဆက္အသြယ္ လုပ္တယ္ေပါ့။ ျပည္သူ႔ေဆး႐ုံက တာဝန္က်တဲ့ဆရာမ ေျပာတာကေတာ့ ဦးလွထြန္းေခ်မွာ ေသြးခ်ိဳ၊ ဆီးခ်ိဳလည္း ရွိတယ္ေပါ့ေနာ္။ သူ႔လက္ႏွစ္ဖက္ကလည္း အသားေတြျပည္တည္ၿပီး ပုပ္ေနၿပီျဖစ္တဲ့အတြက္ေၾကာင့္ အတြင္း လူနာအျဖစ္မကုသဘဲ ျပင္ပကေနကုသမယ္ဆိုရင္ ေသခ်ာတာကေတာ့ သူႏွစ္ေခ်ာင္းကိုျဖတ္ရမယ္လို႔ေျပာ ပါတယ္”

ဦးလွထြန္းေခ်အပါအဝင္ ေျမပုံၿမိဳ႕နယ္က ခုႏွစ္ဦး၊ အမ္းၿမိဳ႕နယ္က သုံးဦး စုစုေပါင္း ၁၀ ဦးကို ေအေအအဖြဲ႕နဲ႔ ပတ္သက္လို႔ သံသယနဲ႔ တပ္မေတာ္စစ္ေၾကာေရးေဆာင္႐ြက္ၿပီးေနာက္ အမ္းၿမိဳ႕မရဲစခန္းကို ႏိုဝင္ဘာလ ၁၉ ရက္ေန႔က လႊဲေျပာင္းေပးလိုက္တာပါ။

အျခားသူေတြမွာလည္း ဒဏ္ရာေတြ အသီးသီးရရွိထားတာေတြ႕ရတယ္လို႔ မ်က္ျမင္တစ္ဦး ကေျပာပါတယ္။

အမ္းၿမိဳ႕မရဲစခန္းကို RFA က ဆက္သြယ္ေမးျမန္းခဲ့ရာမွာ တာဝန္က်ရဲဝန္ထမ္းတစ္ဦးက အဲဒီ ၁၀ ဦးကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ထားတယ္လို႔ေျပာပါတယ္။

“ရဲတပ္ဖြဲ႕ကလက္ခံတာက ႏိုဝင္ဘာ ၁၉ ရက္ေန႔ကပါ။ သူတို႔ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ - ၅၀(ည)၊ ၅၂(က)နဲ႔ဖြင့္ထားတာ”

တပ္မေတာ္က ရဲတပ္ဖြဲ႕လက္ထဲကိုလႊဲေျပာင္းစဥ္ ဒဏ္ရာေတြရရွိလာၾကတဲ့ အေျခအေနေတြနဲ႔ပတ္သက္လို႔ RFA ကေမးျမန္းရာမွာ တာဝန္က်ရဲဝန္ထမ္းက ထုတ္ေဖာ္ေျပာဖို႔ ျငင္းဆိုခဲ့ပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက တပ္မေတာ္က စစ္ေၾကာေရးေဆာင္႐ြက္စဥ္ ညႇဥ္းပန္းႏွိပ္စက္တာမရွိဘူးလို႔ ျငင္းဆိုပါတယ္။

“အဲဒါကေတာ့မဟုတ္ပါဘူး။ သူတို႔စြပ္စြဲတဲ့အတိုင္း ကြၽန္ေတာ္တို႔က ျမင္မွမျမင္ရတာ။ အဲဒါေၾကာင့္ မဟုတ္ဘူးလို႔ပဲ ေျပာရလိမ့္မယ္”

အသက္အႏၲရာယ္အထိစိုးရိမ္ရတဲ့ ဦးလွထြန္းေခ်ဟာ ဘာေၾကာင့္ အခုလိုမ်ိဳးဒဏ္ရာေတြရရွိခဲ့တာလဲလို႔ RFA ကေမးျမန္းရာမွာ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက သူကိုယ္တိုင္မျမင္ရတဲ့အတြက္ မေျပာႏိုင္ဘူးလို႔ ျငင္းဆန္ခဲ့ပါတယ္။

ဦးလွထြန္းေခ်ရဲ႕ဇနီး ေဒၚေအးေအးသန္း ကေတာ့ သူ႔အမ်ိဳးသားအတြက္ စနစ္တက်ေဆးကုသခြင့္ရခ်င္ေၾကာင္း ေျပာပါတယ္။

အလားတူ ေက်ာက္ေတာ္ၿမိဳ႕နယ္ သရက္တပင္ေက်း႐ြာအနီးမွာ ႏိုဝင္ဘာ ၁၃ ရက္ေန႔က မိုင္းဆြဲတိုက္ခိုက္ခံရလို႔ တပ္ရင္းမႉးတစ္ဦး က်ဆုံးခဲ့တဲ့ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ အနီးအနား႐ြာေတြက ေဒသခံ ေလးဦးကို တပ္မေတာ္က ဖမ္းဆီးၿပီး စစ္ေၾကာေရးေဆာင္႐ြက္ခဲ့ရာမွာ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ညႇဥ္းပန္းႏွိပ္စက္ခံခဲ့ရတယ္လို႔ မိသားစုဝင္ေတြ က ေျပာပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ဆက္ႏြယ္ၿပီးေတာ့ စပါးဆိပ္႐ြာက အသက္ ၂၀ အ႐ြယ္ ကိုေမာင္ၾကည္လင္း၊ ႐ြာမျပင္ေက်း႐ြာက အသက္ ၃၂ ႏွစ္အ႐ြယ္ ဦးညီညီစိုး၊ သရက္တပင္ေက်း႐ြာက အသက္ ၂၅ ႏွစ္အ႐ြယ္ ကိုေနမ်ိဳးထြန္း၊ အသက္ ၄၀ အ႐ြယ္ ဦးေမာင္ကုလားနဲ႔ ေျမပုံၿမိဳ႕နယ္က အလည္ေရာက္ေနတဲ့ ေမာင္လေရာင္ တို႔ ေလး ဦးကို တပ္မေတာ္က ထိန္းသိမ္းၿပီး စစ္ေၾကာေရးေဆာင္႐ြက္ခဲ့တာပါ။

အဲဒီအထဲကို ကိုေနမ်ိဳးထြန္းကို အာမခံနဲ႔ ျပန္လႊတ္ေပးခဲ့ၿပီး က်န္ ေလးဦးကို ႏိုဝင္ဘာလ ၁၉ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းကို လႊဲေျပာင္းေပးအပ္ခဲ့ပါတယ္။

ဖမ္းဆီးခံထားရတဲ့ ကိုေမာင္ၾကည္လင္းရဲ႕ဖခင္ ဦးေအာင္သန္းမိုးက တပ္မေတာ္စစ္ေၾကာေရးမွာ ညႇဥ္းပန္းႏွိပ္စက္ ခံခဲ့ရေၾကာင္း RFA ကိုေျပာပါတယ္။

“ေျမပုံဘက္က ကေလးဆိုရင္ ရစရာကိုမရွိ စုတ္ၿပဲေနတာပဲ သူ႔ကို႐ိုက္ႏွက္သတ္ျဖတ္ထားတာ။ ႐ြာမျပင္က ကေလးဆိုရင္လည္း ဒီလိုပဲ မ်က္ႏွာေတြမွာ မဲေရာင္ေနတယ္။ ကြၽန္ေတာ့သားေလးလည္း ဒီလိုပဲ လက္ဖ်ံေတြမွာ မ်က္ႏွာမွာလည္း ပြိဳင့္ဖိနပ္နဲ႔ ကန္ထားတာေတြ မဲေရာင္ေနတယ္။ ေက်ာကုန္းေတြမွာ ႐ိုက္ႏွက္ထားတဲ့ဒဏ္ရာေတြ ရွိတယ္ အေဖလို႔ သားကေျပာတယ္။ တပ္မေတာ္လက္ထဲမွာ ရွိတုန္းက မ်က္ႏွာဖုံးနဲ႔ ၅ ရက္လုံးမွထားတာပါ။ ထမင္းလည္း သုံးနပ္ပဲစားခဲ့ရတယ္။ ေရကိုလည္း တစ္ေန႔ကို ခြက္ေလးနဲ႔တစ္ခြက္ပဲ တိုက္တယ္တဲ့။ သားေျပာျပ တာပါ”

ဖမ္းဆီးခံထားရသူေတြအထဲက ကိုေမာင္လေရာင္ ကေတာ့ စစ္ေၾကာေရးမွာ ရရွိခဲ့တဲ့ဒဏ္ရာေတြေၾကာင့္ ေက်ာက္ေတာ္ေဆး႐ုံမွာ ေဆးကုသမႈခံယူရတာေတြရွိတယ္လို႔ မ်က္ျမင္ေတြ ကေျပာပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကေတာ့ ညႇဥ္းပန္းႏွိပ္စက္တာမရွိဘူးလို႔ ျငင္းဆိုပါတယ္။

တပ္ေတာ္အႀကီးအကဲေတြက စစ္ေၾကာေရးမွာ ညႇဥ္းပန္းႏွိပ္စက္တာေတြမလုပ္ဖို႔ ၫႊန္ၾကားထားေပမယ့္ ေအာက္ေျခမွာေတာ့ ဒီလိုက်ဴးလြန္မႈေတြရွိေနတဲ့ သတင္းေတြရွိေနတာဟာ ေအာက္ေျခအဆင့္က အထက္ ၫႊန္ၾကားခ်က္ကို လိုက္နာမႈမရွိလို႔လားလို႔ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို RFA ကေမးျမန္းရာမွာ ေရေရရာရာ တုံ႔ျပန္တာမရွိပါဘူး။

“ကြၽန္ေတာ္တို႔ကေတာ့ အဲလိုလုပ္ဖို႔ေျပာမထားဘူးဗ်။ အဲလိုဟာမ်ိဳးေတြကို လုပ္လည္းမလုပ္ဘူးခင္ဗ်။ အဲလိုလည္းလုပ္လို႔မရဘူး။ မလုပ္နဲ႔လို႔လည္း ေျပာထားၿပီးသားပဲ။ အခုဟာေတြက ေျမျပင္မွာ မ်က္ျမင္ ကြၽန္ေတာ္လည္းသိရတာ မဟုတ္ဘူးေလ။ ဟုတ္လား မဟုတ္ဘူးလားဆိုတာကို ေမးၾကည့္တာေတာ့ မဟုတ္ဘူးလို႔ပဲေျပာတယ္။ ကာယကံရွင္ေတြကိုယ္တိုင္ကလည္း ဒါမ်ိဳးမလုပ္ဘူး ဘာညာေျပာတယ္”

RFA က ရရွိခဲ့တဲ့ စာရင္းေတြအရ ရခိုင္ျပည္နယ္မွာ တပ္မေတာ္ကစစ္ေၾကာေရးေဆာင္႐ြက္ေနစဥ္ ေသဆုံးသူဟာ ၁၅ ဦးခန႔္ရွိခဲ့ပါတယ္။

တပ္မေတာ္ကစစ္ေဆးစဥ္ ေသဆုံးတာေတြနဲ႔ပတ္သက္လို႔ ၿပီးခဲ့တဲ့ဇူလိုင္လ ၁၂ ရက္ေန႔မွာ ခုံ႐ုံးဖြဲ႕စုံစမ္းစစ္ေဆး သြားမယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ထားတာေတြ႕ရပါတယ္။

ဒီစုံစမ္းစစ္ေဆးမႈ ေနာက္ဆက္တြဲနဲ႔ ပတ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦး ကို RFA ကေမးျမန္းရာမွာ သူ႔အေနနဲ႔ မသိဘူးလို႔ျပန္ေျပာဆိုခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တပ်ကဖမ်းတဲ့အရပ်သားတွေ နှိပ်စက်ခံရတယ်လို့ မိသားစုဝင်တွေ ပြော

ဦးလှထွန်းချေ ဇနီးနဲ့ မိသားစုကို တွေ့ရစဉ်
Photo - Citizen Journalist

ရခိုင်ပြည်နယ် မြေပုံမြို့နယ် မြတဲတောင်ကျေးရွာက အသက် ၃၂ နှစ်အရွယ် ဦးလှထွန်းချေ(ခေါ်)ငလုံးချေဟာ တပ်မတော်ရဲ့စစ်ကြောရေးစခန်းကနေ ရရှိလာတဲ့ဒဏ်ရာတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း မိသားစုက RFA ကို ဒီနေ့ပြောပါတယ်။

ဦးလှထွန်းချေ(ခေါ်)ငလုံးချေဟာ ရဲအစောင့်အရှောက်တွေနဲ့ အမ်းမြို့နယ်ဆေးရုံအရေးပေါ်ဌာနကို ဒီနေ့မနက်က ဆေးလာထည့်ပြီးနောက် သူ့ကို ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ဇနီးဖြစ်သူ ဒေါ်အေးအေးသန်းက သူ့လက်နှစ်ဘက်မှာရရှိထားတဲ့ ဒဏ်ရာတွေကနေ အပုပ်နံ့တွေ ထွက်နေတယ်လို့ ပြောပါတယ်။

“ဒဏ်ရာတွေနဲ့ အရူးတစ်ယောက်လိုဖြစ်နေပါတယ်။ လူတွေကိုလည်းမမှတ်မိ၊ အိမ်ကသားသမီး သားမယား ကိုတောင် မမှတ်မိတော့ဘူး။ သူ့လက်ကိုဖြတ်ရမယ့် အခြေအနေဖြစ်နေပါတယ်။ လက်တစ်ဖက်စီဟာ ပေါင်လုံးလောက် ဖြစ်နေတာတွေ့ရပါတယ်။ ပြီးတော့ အဲဒီလက်တွေက ပုပ်နေပါပြီ။ ပုပ်တဲ့အနံ့တွေလည်း ထွက်နေတယ်။ ရင်ဘတ်တွေကလည်းအောင့်ပြီး မခံစားနိုင်လို့ပြောပါတယ်”

ဦးလှထွန်းချေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက် တန်ဆောင်မုန်းလပြည့်နေ့က သူနေထိုင်တဲ့ မြေပုံမြို့နယ် မြတဲတောင်ကျေးရွာကနေ နာရီဝက်ခရီးရှိတဲ့ အမ်းမြို့နယ် ရူးကျေးရွာကို သူငယ်ချင်းတွေနဲ့ အပျော်ထမင်း ချက်စားဖို့သွားရာမှာ ရေဘုတ်ကျေးရွာအနီးမှာ ဖမ်းဆီးခံရတာပါ။

သူ့နဲ့အတူအဖော်လိုက်သွားတဲ့ အသက် ၂၀ ကျော်အရွယ် ကိုတင်ရွှေသန်းလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

တပ်မတော်က စစ်ဆေးတဲ့အခါမှာ ရိုက်နှက်တာ၊ နည်းလမ်းအမျိုးမျိုးနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေကို ခံခဲ့ရတဲ့အကြောင်း ဦးလှထွန်းချေက ဇနီးဖြစ်သူကို ပြောပြခဲ့တယ်လို့ ဒေါ်အေးအေးသန်း က ပြောပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတယ်လို့ ဇနီးဖြစ်သူ ဒေါ်အေးအေးသန်းနဲ့ အကူအညီပေးနေသူတွေကပြောပါတယ်။

ဖမ်းဆီးခံရသူတွေအရေး အကူအညီပေးနေတဲ့ အမ်းမြို့ခံ ကိုမျိုးလွင်က ဦးလှထွန်းချေ အမြန်ဆုံးဆေးကုသခွင့် ရရှိရေးအတွက် ရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြထားတယ်လို့ပြောပါတယ်။

“ဒီနေ့ရုံးပိတ်ရက်ဆိုတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးမရှိတော့ ရုံးစာရေးက ဖုန်းနဲ့လှမ်းအဆက်အသွယ်လုပ်တယ်။ သူက ခရိုင်ကို ဆေးကုသခွင့်ရရေးအတွက် မြို့နယ်ဆေးရုံက ဆေးမှတ်တမ်းတွေနဲ့ တင်ထားတယ်ဆိုပြီး အဆက်အသွယ် လုပ်တယ်ပေါ့။ ပြည်သူ့ဆေးရုံက တာဝန်ကျတဲ့ဆရာမ ပြောတာကတော့ ဦးလှထွန်းချေမှာ သွေးချို၊ ဆီးချိုလည်း ရှိတယ်ပေါ့နော်။ သူ့လက်နှစ်ဖက်ကလည်း အသားတွေပြည်တည်ပြီး ပုပ်နေပြီဖြစ်တဲ့အတွက်ကြောင့် အတွင်း လူနာအဖြစ်မကုသဘဲ ပြင်ပကနေကုသမယ်ဆိုရင် သေချာတာကတော့ သူနှစ်ချောင်းကိုဖြတ်ရမယ်လို့ပြော ပါတယ်”

ဦးလှထွန်းချေအပါအဝင် မြေပုံမြို့နယ်က ခုနှစ်ဦး၊ အမ်းမြို့နယ်က သုံးဦး စုစုပေါင်း ၁၀ ဦးကို အေအေအဖွဲ့နဲ့ ပတ်သက်လို့ သံသယနဲ့ တပ်မတော်စစ်ကြောရေးဆောင်ရွက်ပြီးနောက် အမ်းမြို့မရဲစခန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့က လွှဲပြောင်းပေးလိုက်တာပါ။

အခြားသူတွေမှာလည်း ဒဏ်ရာတွေ အသီးသီးရရှိထားတာတွေ့ရတယ်လို့ မျက်မြင်တစ်ဦး ကပြောပါတယ်။

အမ်းမြို့မရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက အဲဒီ ၁၀ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ပြောပါတယ်။

“ရဲတပ်ဖွဲ့ကလက်ခံတာက နိုဝင်ဘာ ၁၉ ရက်နေ့ကပါ။ သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(ည)၊ ၅၂(က)နဲ့ဖွင့်ထားတာ”

တပ်မတော်က ရဲတပ်ဖွဲ့လက်ထဲကိုလွှဲပြောင်းစဉ် ဒဏ်ရာတွေရရှိလာကြတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ RFA ကမေးမြန်းရာမှာ တာဝန်ကျရဲဝန်ထမ်းက ထုတ်ဖော်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက တပ်မတော်က စစ်ကြောရေးဆောင်ရွက်စဉ် ညှဉ်းပန်းနှိပ်စက်တာမရှိဘူးလို့ ငြင်းဆိုပါတယ်။

“အဲဒါကတော့မဟုတ်ပါဘူး။ သူတို့စွပ်စွဲတဲ့အတိုင်း ကျွန်တော်တို့က မြင်မှမမြင်ရတာ။ အဲဒါကြောင့် မဟုတ်ဘူးလို့ပဲ ပြောရလိမ့်မယ်”

အသက်အန္တရာယ်အထိစိုးရိမ်ရတဲ့ ဦးလှထွန်းချေဟာ ဘာကြောင့် အခုလိုမျိုးဒဏ်ရာတွေရရှိခဲ့တာလဲလို့ RFA ကမေးမြန်းရာမှာ ဗိုလ်မှူးကြီးဝင်းဇော်ဦးက သူကိုယ်တိုင်မမြင်ရတဲ့အတွက် မပြောနိုင်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

ဦးလှထွန်းချေရဲ့ဇနီး ဒေါ်အေးအေးသန်း ကတော့ သူ့အမျိုးသားအတွက် စနစ်တကျဆေးကုသခွင့်ရချင်ကြောင်း ပြောပါတယ်။

အလားတူ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာအနီးမှာ နိုဝင်ဘာ ၁၃ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရလို့ တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ အနီးအနားရွာတွေက ဒေသခံ လေးဦးကို တပ်မတော်က ဖမ်းဆီးပြီး စစ်ကြောရေးဆောင်ရွက်ခဲ့ရာမှာ နည်းလမ်းအမျိုးမျိုးနဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေ က ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ဆက်နွယ်ပြီးတော့ စပါးဆိပ်ရွာက အသက် ၂၀ အရွယ် ကိုမောင်ကြည်လင်း၊ ရွာမပြင်ကျေးရွာက အသက် ၃၂ နှစ်အရွယ် ဦးညီညီစိုး၊ သရက်တပင်ကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုနေမျိုးထွန်း၊ အသက် ၄၀ အရွယ် ဦးမောင်ကုလားနဲ့ မြေပုံမြို့နယ်က အလည်ရောက်နေတဲ့ မောင်လရောင် တို့ လေး ဦးကို တပ်မတော်က ထိန်းသိမ်းပြီး စစ်ကြောရေးဆောင်ရွက်ခဲ့တာပါ။

အဲဒီအထဲကို ကိုနေမျိုးထွန်းကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး ကျန် လေးဦးကို နိုဝင်ဘာလ ၁၉ ရက်နေ့က ကျောက်တော်မြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုမောင်ကြည်လင်းရဲ့ဖခင် ဦးအောင်သန်းမိုးက တပ်မတော်စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရကြောင်း RFA ကိုပြောပါတယ်။

“မြေပုံဘက်က ကလေးဆိုရင် ရစရာကိုမရှိ စုတ်ပြဲနေတာပဲ သူ့ကိုရိုက်နှက်သတ်ဖြတ်ထားတာ။ ရွာမပြင်က ကလေးဆိုရင်လည်း ဒီလိုပဲ မျက်နှာတွေမှာ မဲရောင်နေတယ်။ ကျွန်တော့သားလေးလည်း ဒီလိုပဲ လက်ဖျံတွေမှာ မျက်နှာမှာလည်း ပွိုင့်ဖိနပ်နဲ့ ကန်ထားတာတွေ မဲရောင်နေတယ်။ ကျောကုန်းတွေမှာ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေ ရှိတယ် အဖေလို့ သားကပြောတယ်။ တပ်မတော်လက်ထဲမှာ ရှိတုန်းက မျက်နှာဖုံးနဲ့ ၅ ရက်လုံးမှထားတာပါ။ ထမင်းလည်း သုံးနပ်ပဲစားခဲ့ရတယ်။ ရေကိုလည်း တစ်နေ့ကို ခွက်လေးနဲ့တစ်ခွက်ပဲ တိုက်တယ်တဲ့။ သားပြောပြ တာပါ”

ဖမ်းဆီးခံထားရသူတွေအထဲက ကိုမောင်လရောင် ကတော့ စစ်ကြောရေးမှာ ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူရတာတွေရှိတယ်လို့ မျက်မြင်တွေ ကပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ညှဉ်းပန်းနှိပ်စက်တာမရှိဘူးလို့ ငြင်းဆိုပါတယ်။

တပ်တော်အကြီးအကဲတွေက စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်တာတွေမလုပ်ဖို့ ညွှန်ကြားထားပေမယ့် အောက်ခြေမှာတော့ ဒီလိုကျူးလွန်မှုတွေရှိနေတဲ့ သတင်းတွေရှိနေတာဟာ အောက်ခြေအဆင့်က အထက် ညွှန်ကြားချက်ကို လိုက်နာမှုမရှိလို့လားလို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို RFA ကမေးမြန်းရာမှာ ရေရေရာရာ တုံ့ပြန်တာမရှိပါဘူး။

“ကျွန်တော်တို့ကတော့ အဲလိုလုပ်ဖို့ပြောမထားဘူးဗျ။ အဲလိုဟာမျိုးတွေကို လုပ်လည်းမလုပ်ဘူးခင်ဗျ။ အဲလိုလည်းလုပ်လို့မရဘူး။ မလုပ်နဲ့လို့လည်း ပြောထားပြီးသားပဲ။ အခုဟာတွေက မြေပြင်မှာ မျက်မြင် ကျွန်တော်လည်းသိရတာ မဟုတ်ဘူးလေ။ ဟုတ်လား မဟုတ်ဘူးလားဆိုတာကို မေးကြည့်တာတော့ မဟုတ်ဘူးလို့ပဲပြောတယ်။ ကာယကံရှင်တွေကိုယ်တိုင်ကလည်း ဒါမျိုးမလုပ်ဘူး ဘာညာပြောတယ်”

RFA က ရရှိခဲ့တဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တပ်မတော်ကစစ်ကြောရေးဆောင်ရွက်နေစဉ် သေဆုံးသူဟာ ၁၅ ဦးခန့်ရှိခဲ့ပါတယ်။

တပ်မတော်ကစစ်ဆေးစဉ် သေဆုံးတာတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ဇူလိုင်လ ၁၂ ရက်နေ့မှာ ခုံရုံးဖွဲ့စုံစမ်းစစ်ဆေး သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒီစုံစမ်းစစ်ဆေးမှု နောက်ဆက်တွဲနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA ကမေးမြန်းရာမှာ သူ့အနေနဲ့ မသိဘူးလို့ပြန်ပြောဆိုခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
တပ္ကဖမ္းတဲ့အရပ္သားေတြ ႏွိပ္စက္ခံရတယ္လို႔ မိသားစုဝင္ေတြ ေျပာ တပ္ကဖမ္းတဲ့အရပ္သားေတြ ႏွိပ္စက္ခံရတယ္လို႔ မိသားစုဝင္ေတြ ေျပာ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.