မိုင္းကိုင္ၿမိဳ႕နယ္တြင္ ေက်ာင္းအုပ္ဆရာမ၏ခင္ပြန္းမွ သက္ငယ္မုဒိမ္းက်ဴးလြန္ရန္ႀကိဳးစား

မိုင္းကိုင္ၿမိဳ႕နယ္ ေခးအုံေအြေက်း႐ြာ မူလလြန္ေက်ာင္း
(Zawgyi)⤵⤵⤵
သွ်မ္းျပည္ ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္ အတြင္း မူလလြန္ေက်ာင္းအုပ္၏ အမ်ိဳးသားသည္ အသက္ ၁၂ ႏွစ္ အ႐ြယ္ ေက်ာင္းသူကို အတင္းအဓမၼျပဳက်င့္ရန္ ႀကိဳးစားခဲ့ေၾကာင္း မိုင္းကိုင္ေဒသခံမ်ားေျပာျပခ်က္အရသိရသည္။

မိုင္းကိုင္ၿမိဳ႕နယ္ ေခးအုံေအြ ေက်း႐ြာတြင္ တာဝန္က် ေက်ာင္းအုပ္ဆရာမႀကီး သည္ ေနမေကာင္းသျဖင့္ ေက်ာင္းသူေက်ာင္းသားမ်ား အားနည္းေနေသးသည့္ သင္ခန္းစာမ်ားအတြက္ ဆရာမ၏ေနအိမ္သို႔အခ်ိန္ပို ေခၚသင္ေပးခဲ့သည္။အခ်ိန္ပိုသင္ၾကားၿပီးေနာက္ ကေလးမ်ားသည္ ဆရာမႀကီးအိမ္တြင္အိပ္ၾကရာ ေအာက္တိုဘာ ၃၀ ရက္ေန႔က အသက္ ၁၂ ႏွစ္ အ႐ြယ္ ေက်ာင္းသူေလးတဦးအား ေက်ာင္းအုပ္ဆရာမႀကီး၏ အမ်ိဳးသားက အတင္းအဓမၼျပဳက်င့္ ရန္ ႀကံ႐ြယ္ခဲ့ ေၾကာင္း ေဒသခံမ်ားက သွ်မ္းသံေတာ္ဆင့္အားေျပာျပသည္။

“ဆရာမအမ်ိဳးသားကဦးေက်ာ္ေဇယ်လို႔ေခၚတယ္။ သူကဆရာမရဲ႕ေယာက္က်ားမို႔ ဆရာမ နဲ႔အတူတူလိုက္လာေနတာ။ သူကဆရာမႀကီးရဲ႕အိပ္ခန္း တခန္းေက်ာ္မွာအိပ္ေနတဲ့ကေလးေတြရဲ႕အိပ္ခန္းထဲကို ၀င္လာၿပီး ကေလးပါးစပ္ကိုပိတ္ ။ ကေလးရင္ေတြကိုႏႈိက္ေနတုန္း ကေလးကေၾကာက္ၿပီးေအာ္ငိုလို႔ မေအာင္ျမင္ခဲ့ဘူး။ ကေလးကအိမ္ျပန္ေရာက္လဲအေဖအေမကိုျပန္မေျပာရဲ။ ၂ ရက္ ၃ ရက္ေနမွ ဆရာမအိမ္သြားမအိပ္ခ်င္ဘူး လို႔ကေလးေတြေျပာလာမွ အေဖအေမေတြကသိတာ ” – ဟု ႐ြာသား လူငယ္တဦးကသွ်မ္းသံေတာ္ဆင့္အားေျပာသည္။

ထိုေက်ာင္းအုပ္ဆရာမႀကီး ႏွင့္ ၄င္း၏အမ်ိဳးသားကို ေက်း႐ြာလူထု ၊ ေက်ာင္းသားမိဘမ်ားက တလလွ်င္ ဆန္၊ ဆီမ်ား ေထာက္ပံ့ေကြၽးေမြးထားေၾကာင္း သိရသည္။

အမႈအခင္းျဖစ္ျဖစ္ခ်င္း မိဘေဆြမ်ိဳးမ်ားႏွင့္႐ြာသားမ်ား က ရဲစခန္းထံသြားေရာက္တိုင္ၾကားေသာ္လည္း
တာဝန္က်ရဲမ်ား၏ ေအာ္ေငါက္ေျပာဆိုျခင္းခံရသျဖင့္ မိဘမ်ားထိတ္လန႔္ကာ မိုင္းကိုင္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလုံ ထံတိုင္ၾကားခဲ့ၾကသည္ဟုဆိုပါသည္။

“ မိဘေတြ က ရဲကို သြားတိုင္ေတာ့ ရဲေတြက သူတို႔ကို အသံက်ယ္နဲ႔ေအာ္လိုက္တယ္တဲ့။ အဲ့ဒါနဲ႔ က်ေနာ္ဆီ ႏိုဝင္ဘာ ၂၀ ရက္မွ ေရာက္လာတာ။ က်ေနာ္လည္း သူတို႔ ဘာျဖစ္ခ်င္လဲဆိုတာေမးၿပီး အမႈဖြင့္ဖို႔ ႀကိဳးစားေနပါတယ္” ဟု ဦးစိုင္းလုံ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

လက္ရွိ အခ်ိန္ထိ ရဲစခန္းတြင္ တိုင္းၾကားခ်က္ အဆင့္ထိသာ ရွိေသးေၾကာင္း၊ က်ဴးလြန္သည့္ ေက်ာင္းအုပ္ဆရာမႀကီး၏ အမ်ိဳးသား ေက်ာ္ေဇယ် ကို အမႈဖြင့္ျခင္းမရွိေသးေၾကာင္းလည္း ဦးစိုင္းလုံ က ေျပာသည္။

“ က်ေနာ္ကေတာ့ ကေလးမိဘေတြ ျဖစ္ခ်င္တဲ့ဆႏၵ အတိုင္း ကူညီသြားမယ္။ လုပ္စရာရွိတာ ရဲရဲတင္းတင္း လုပ္သြားဖို႔လည္းေျပာထားတယ္။ ” ဟုလည္း ဦးစိုင္းလုံ က ဆိုသည္။

ထိုကဲ့သို႔ သက္ငယ္မုဒိမ္း က်ဴးလြန္ရန္ ႀကံ႐ြယ္သည့္သူမ်ားကို ရဲစခန္းမွ အမႈမဖြင့္ေပးျခင္းသည္ ရဲလုပ္ထုံးလုပ္နည္းကို ္ ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း ကေလးသူငယ္ ႏွင့္ အမ်ိဳးသမီး အခြင့္အေရး ကို ေဆာင္႐ြက္ေနသူသည့္ အမ်ိဳးသမီး တဦး ကေျပာသည္။

“ သက္ငယ္မုဒိမ္းမႈ ဆိုတာ ႀကံ႐ြယ္တာနဲ႔တင္ အမႈေျမႇာက္တယ္။ ဥပေဒထဲမွာပါတဲ့အတိုင္း အမ်ိဳးသမီးရဲ႕အဂၤါထဲကို ထိုးသြင္းမွ မုဒိမ္းမႈေျမႇာက္တာမဟုတ္ဘူး။ အခု ကေလးကို ဒီလို မဖြယ္မရာ ျပဳလုပ္တာလည္း ျပစ္မႈေျမႇာက္တယ္” ဟု ၄င္းအမ်ိဳးသမီးက ေျပာသည္။

စက္တင္ဘာ ၁၅ ရက္ကလည္း မိုင္းရယ္ၿမိဳ႕နယ္ရွိ ေက်း႐ြာတြင္ မီးဖြားခြင့္ယူထားသည့္ ေက်ာင္းအုပ္ဆရာမႀကီး၏ အမ်ိဳးသားသည္ အသက္ ၁၄ ႏွစ္ အ႐ြယ္ ေက်ာင္းသူကို အတင္းအဓမၼျပဳက်င့္ခဲ့မႈျဖစ္ပြါးခဲ့ေသးသည္။

ျမန္မာႏိုင္ငံတြင္ သက္ငယ္မုဒိမ္းမႈ တႏွစ္ထက္ တႏွစ္ ရာခိုင္ႏႈန္းမ်ားလာၿပီး ေန႔စဥ္ႏွင့္အမွ် အ႐ြယ္မေရာက္ေသးသည့္ ကေလးငယ္မ်ား လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ခံေနရသည္။

သက္ငယ္မုဒိမ္းမႈသည္ အနည္းဆုံးေထာင္ဒဏ္ ႏွစ္ ၂၀ ထိ ခ်ရန္ႏွင့္ အျမင့္ဆုံးေထာင္ဒဏ္ တသက္တကြၽန္း လႊတ္ရက္မရွိ က်ေစရန္ အတြက္ အမ်ိဳးသမီး အေရး ေဆာင္႐ြက္ေနသူမ်ားက ေတာင္းဆိုထားသည္။ ေသဒဏ္ေပးရန္ဟု ေတာင္းဆိုသူမ်ားလည္းရွိပါသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
--------------
(Unicode)⤵⤵⤵
မိုင်းကိုင်မြို့နယ်တွင် ကျောင်းအုပ်ဆရာမ၏ခင်ပွန်းမှ သက်ငယ်မုဒိမ်းကျူးလွန်ရန်ကြိုးစား

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း မူလလွန်ကျောင်းအုပ်၏ အမျိုးသားသည် အသက် ၁၂ နှစ် အရွယ် ကျောင်းသူကို အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း မိုင်းကိုင်ဒေသခံများပြောပြချက်အရသိရသည်။

မိုင်းကိုင်မြို့နယ် ခေးအုံအွေ ကျေးရွာတွင် တာဝန်ကျ ကျောင်းအုပ်ဆရာမကြီး သည် နေမကောင်းသဖြင့် ကျောင်းသူကျောင်းသားများ အားနည်းနေသေးသည့် သင်ခန်းစာများအတွက် ဆရာမ၏နေအိမ်သို့အချိန်ပို ခေါ်သင်ပေးခဲ့သည်။အချိန်ပိုသင်ကြားပြီးနောက် ကလေးများသည် ဆရာမကြီးအိမ်တွင်အိပ်ကြရာ အောက်တိုဘာ ၃၀ ရက်နေ့က အသက် ၁၂ နှစ် အရွယ် ကျောင်းသူလေးတဦးအား ကျောင်းအုပ်ဆရာမကြီး၏ အမျိုးသားက အတင်းအဓမ္မပြုကျင့် ရန် ကြံရွယ်ခဲ့ ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“ဆရာမအမျိုးသားကဦးကျော်ဇေယျလို့ခေါ်တယ်။ သူကဆရာမရဲ့ယောက်ကျားမို့ ဆရာမ နဲ့အတူတူလိုက်လာနေတာ။ သူကဆရာမကြီးရဲ့အိပ်ခန်း တခန်းကျော်မှာအိပ်နေတဲ့ကလေးတွေရဲ့အိပ်ခန်းထဲကို ဝင်လာပြီး ကလေးပါးစပ်ကိုပိတ် ။ ကလေးရင်တွေကိုနှိုက်နေတုန်း ကလေးကကြောက်ပြီးအော်ငိုလို့ မအောင်မြင်ခဲ့ဘူး။ ကလေးကအိမ်ပြန်ရောက်လဲအဖေအမေကိုပြန်မပြောရဲ။ ၂ ရက် ၃ ရက်နေမှ ဆရာမအိမ်သွားမအိပ်ချင်ဘူး လို့ကလေးတွေပြောလာမှ အဖေအမေတွေကသိတာ ” – ဟု ရွာသား လူငယ်တဦးကသျှမ်းသံတော်ဆင့်အားပြောသည်။

ထိုကျောင်းအုပ်ဆရာမကြီး နှင့် ၎င်း၏အမျိုးသားကို ကျေးရွာလူထု ၊ ကျောင်းသားမိဘများက တလလျှင် ဆန်၊ ဆီများ ထောက်ပံ့ကျွေးမွေးထားကြောင်း သိရသည်။

အမှုအခင်းဖြစ်ဖြစ်ချင်း မိဘဆွေမျိုးများနှင့်ရွာသားများ က ရဲစခန်းထံသွားရောက်တိုင်ကြားသော်လည်း
တာဝန်ကျရဲများ၏ အော်ငေါက်ပြောဆိုခြင်းခံရသဖြင့် မိဘများထိတ်လန့်ကာ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ ထံတိုင်ကြားခဲ့ကြသည်ဟုဆိုပါသည်။

“ မိဘတွေ က ရဲကို သွားတိုင်တော့ ရဲတွေက သူတို့ကို အသံကျယ်နဲ့အော်လိုက်တယ်တဲ့။ အဲ့ဒါနဲ့ ကျနော်ဆီ နိုဝင်ဘာ ၂၀ ရက်မှ ရောက်လာတာ။ ကျနော်လည်း သူတို့ ဘာဖြစ်ချင်လဲဆိုတာမေးပြီး အမှုဖွင့်ဖို့ ကြိုးစားနေပါတယ်” ဟု ဦးစိုင်းလုံ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ အချိန်ထိ ရဲစခန်းတွင် တိုင်းကြားချက် အဆင့်ထိသာ ရှိသေးကြောင်း၊ ကျူးလွန်သည့် ကျောင်းအုပ်ဆရာမကြီး၏ အမျိုးသား ကျော်ဇေယျ ကို အမှုဖွင့်ခြင်းမရှိသေးကြောင်းလည်း ဦးစိုင်းလုံ က ပြောသည်။

“ ကျနော်ကတော့ ကလေးမိဘတွေ ဖြစ်ချင်တဲ့ဆန္ဒ အတိုင်း ကူညီသွားမယ်။ လုပ်စရာရှိတာ ရဲရဲတင်းတင်း လုပ်သွားဖို့လည်းပြောထားတယ်။ ” ဟုလည်း ဦးစိုင်းလုံ က ဆိုသည်။

ထိုကဲ့သို့ သက်ငယ်မုဒိမ်း ကျူးလွန်ရန် ကြံရွယ်သည့်သူများကို ရဲစခန်းမှ အမှုမဖွင့်ပေးခြင်းသည် ရဲလုပ်ထုံးလုပ်နည်းကို ် ချိုးဖောက်ရာရောက်ကြောင်း ကလေးသူငယ် နှင့် အမျိုးသမီး အခွင့်အရေး ကို ဆောင်ရွက်နေသူသည့် အမျိုးသမီး တဦး ကပြောသည်။

“ သက်ငယ်မုဒိမ်းမှု ဆိုတာ ကြံရွယ်တာနဲ့တင် အမှုမြှောက်တယ်။ ဥပဒေထဲမှာပါတဲ့အတိုင်း အမျိုးသမီးရဲ့အင်္ဂါထဲကို ထိုးသွင်းမှ မုဒိမ်းမှုမြှောက်တာမဟုတ်ဘူး။ အခု ကလေးကို ဒီလို မဖွယ်မရာ ပြုလုပ်တာလည်း ပြစ်မှုမြှောက်တယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

စက်တင်ဘာ ၁၅ ရက်ကလည်း မိုင်းရယ်မြို့နယ်ရှိ ကျေးရွာတွင် မီးဖွားခွင့်ယူထားသည့် ကျောင်းအုပ်ဆရာမကြီး၏ အမျိုးသားသည် အသက် ၁၄ နှစ် အရွယ် ကျောင်းသူကို အတင်းအဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွါးခဲ့သေးသည်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှု တနှစ်ထက် တနှစ် ရာခိုင်နှုန်းများလာပြီး နေ့စဉ်နှင့်အမျှ အရွယ်မရောက်သေးသည့် ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရသည်။

သက်ငယ်မုဒိမ်းမှုသည် အနည်းဆုံးထောင်ဒဏ် နှစ် ၂၀ ထိ ချရန်နှင့် အမြင့်ဆုံးထောင်ဒဏ် တသက်တကျွန်း လွှတ်ရက်မရှိ ကျစေရန် အတွက် အမျိုးသမီး အရေး ဆောင်ရွက်နေသူများက တောင်းဆိုထားသည်။ သေဒဏ်ပေးရန်ဟု တောင်းဆိုသူများလည်းရှိပါသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
မိုင္းကိုင္ၿမိဳ႕နယ္တြင္ ေက်ာင္းအုပ္ဆရာမ၏ခင္ပြန္းမွ သက္ငယ္မုဒိမ္းက်ဴးလြန္ရန္ႀကိဳးစား မိုင္းကိုင္ၿမိဳ႕နယ္တြင္ ေက်ာင္းအုပ္ဆရာမ၏ခင္ပြန္းမွ သက္ငယ္မုဒိမ္းက်ဴးလြန္ရန္ႀကိဳးစား Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.